Harmonic - Computer and Electronics

Harmonic - Computer and Electronics Trust the Harmony of Quality and Reliability We sell computer, PC builds, PLC, and electronics components and devices at a fair rate.

Trust the harmony of Quality and Reliability.

Laptop အသစ်ဝယ်မှာမို့ လက်ရှိသုံးနေတဲ့ Laptop လေးအသစ်နီးနီးသန့်တာလေး ပြန်ရောင်းပါမယ်။CPU အနေနဲ့က Ryzen 5 8645HS ဖြစ်ပြီးတ...
02/10/2026

Laptop အသစ်ဝယ်မှာမို့ လက်ရှိသုံးနေတဲ့ Laptop လေးအသစ်နီးနီးသန့်တာလေး ပြန်ရောင်းပါမယ်။

CPU အနေနဲ့က Ryzen 5 8645HS ဖြစ်ပြီးတော့ သူကIntel ရဲ့ Latest CPU Core Ultra 5 125H နဲ့ Performance တူပါတယ်။

လက်ရှိအသစ်ပေါက်ဈေးဆိုရင် 38သိန်းလောက်ရှိတာလေးကို အခု 10သိန်းကျော်လောက် လျှော့ရောင်းပါမယ်။
Lenovo Brand ဖြစ်ပြီးတော့ Official warranty ကို
28.4.2027 အထိ ကျန်ပါဦးမယ်။

Battery Health လည်း 98% အထိရှိပါမယ်။
Body Condition ကလည်း 9.5 / 10 ကျန်ပါဦးမယ်။

အခုLenovo ရဲ့ 2 in 1 Laptop လေးက
ဘာ Feature တွေ ပါလဲဆိုတော့....

✅Laptop လိုရော Tablet လိုရောသုံးလို့ရပါမယ်။
✅Screen size 14" ဖြစ်ပြီးတော့ 360 degree ခေါက်လို့ရပါမယ်။
✅Touch Screen နဲ့လည်းသုံးလို့ရတာမို့ ခေါက်ထားပြီးသုံးမယ်ဆိုရင် Tablet အနေနဲ့ပါအဆင်ပြေပါတယ်။(Android Emulator ထည့်ပြီးတော့ Android App တွေပါသုံးလို့ရ)
✅IPS panel နဲ့ဖြစ်ပြီး Color လည်းအဆင်ပြေတဲ့အထဲပါပါတယ်။
✅Fingerprint ပါတဲ့အတွက် လက်ဗွေနဲ့ပါ အပွင့်အပိတ်ရပါတယ်။
✅ပုံလေးဘာလေးဆွဲချင်တယ်ဆိုလည်း ဆွဲလို့ရအောင် Wireless Stylus Pen လေးရောပါပါမယ်ဗျာ။
✅Battery Charging အနေနဲ့ကလည်း Type C port ကနေသွင်းရတာဆိုတော့ Quality ကောင်းတဲ့ 67W Fast Charging ရတဲ့ ဖုန်းအားသွင်းခေါင်းနဲ့ကို အားသွင်းလို့ရပါတယ်။ ( ခရီးထွက်ရင် Laptop အားသွင်းကြိုး အရှည်ကြီး အကြီးကြီးတွေ သယ်စရာမလိုပဲ ဖုန်းအားသွင်းကြိုးပါရင်ကို အဆင်ပြေပါတယ်။)
✅AMD ရဲ့ AI ပါတဲ့ Ryzen CPU ဖြစ်ပြီးတော့ သူ့မှာပါတဲ့ Graphic နဲ့ကို Dota 2 , CSGO နဲ့ တခြား Game တော်တော်များများပါဆော့လို့ရပါသေးတယ်။ Ram ကလည်း DDR5 နဲ့မို့ Processing တွေကတော့ရှယ်သွက်ပဲဗျာ။

အပြင်မှာ DDR5 Ram 16GB 6400MHz သီးသန့် တစ်ချောင်းဈေးကိုက 10သိန်းနီးနီးပဲ။

Specification တွေက ဘာတွေလည်းဆိုတော့

• Model: Lenovo Ideapad 2 in 1
• Display: 14" FHD 360° Touch Screen
(WUXGA 1920x1200 , IPS, 300nits, Glossy, 45% NTSC, TÜV Low Blue Light)
• Processor: AMD Ryzen™ 5 8645HS
(4.30GHz up to 5.00GHz, 6C/12T, 16MB L3 Cache / AMD Ryzen AI)
• RAM: 16GB LPDDR5 6400MHz
• Storage: 512GB NVMe SSD (PCIE 4.0)
• Graphics: AMD Radeon™ 760M 2GB
• Special Features: NPU and Stylus Pen
• Battery Health: 98% Ports: 2x USB-C3.2 (DP, Power Delivery), 1x USB3.2, Always On, 1x USB3.2, 1x HDMI v1.4b, 1x microSD card reader, 1x Headphone / microphone combo jack (3.5mm)Camera: FHD 1080p with Privacy ShutterConnectivity: Wi-Fi 6E(802.11ax) 2*2 + Bluetooth v5.3

Laptop Specification ထပ်သိချင်သေးတယ်ဆိုရင် ဒီLink ကနေ ဝင်ကြည့်လို့ရပါတယ်။

https://www.bnn.in.th/en/p/lenovo-notebook-ideapad-5-2-in-1-14ahp9-83dr001kta-grey-a-197530020209_r0kg2m

Hello Singapore..!!မင်မင် ဒီရက်ပိုင်း 3-4ရက်လောက် Singapore မှာရှိပါမယ်။Singapore ကနေလိုတာလေးတွေမှာချင်တယ်ဆို ဆက်သွယ်လို...
01/10/2026

Hello Singapore..!!
မင်မင် ဒီရက်ပိုင်း 3-4ရက်လောက် Singapore မှာရှိပါမယ်။
Singapore ကနေလိုတာလေးတွေမှာချင်တယ်ဆို
ဆက်သွယ်လို့ရပါတယ်ဗျာ။
သယ်လို့ရတာ လွယ်တာဆိုရင် ဝယ်ခဲ့ပေးလို့ရပါတယ်။

မန်းလေးကဆိုင်ကနေလိုအပ်တာရှိပါက
09259001287 ကိုဆက်သွယ်လို့မရရင်
ဆိုင်ဖုန်း 09975122225 ကိုဆက်သွယ်လို့ရပါတယ်။
မင်မင်ရဲ့ Viber နဲ့ Telegram ကိုလည်း ဆက်သွယ်နိုင်ပါသေးတယ်ဗျာ။ 🤩

30/09/2026

မင်္ဂလာပါဗျာ။
Monitor တစ်လုံး ဝယ်တော့မယ်ဆိုရင် လူတော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုက "ဘယ် Panel အမျိုးအစားကို ရွေးရမလဲ" ဆိုတဲ့ မေးခွန်းပါပဲ။
ဈေးကွက်ထဲမှာ IPS, VA, TN နဲ့ OLED ဆိုပြီး အမျိုးမျိုးရှိနေတော့ ကိုယ်နဲ့ တကယ်အကိုက်ဆုံးက ဘယ်ဟာလဲ ဝေခွဲရခက်တာ သဘာဝပါပဲ။

ကျွန်တော် ကိုယ်တိုင်လည်း မကြာခဏ ရှင်းပြရလေ့ရှိတဲ့ ဒီ Panel ၄ မျိုးရဲ့ အကောင်း၊ အဆိုးလေးတွေကို ရိုးရိုးရှင်းရှင်းလေး ပြန်ပြောပြပေးမယ်နော်။

၁။ IPS Panel (အရောင်သဘာဝကျကျနဲ့ နေရာစုံကကြည့်ချင်ရင်)
ဒီကောင်ကတော့ လူသုံးအများဆုံးနဲ့ လူကြိုက်အများဆုံးထဲမှာ ပါတယ်။ ဘေးဘီဝဲယာ ဘယ်ဘက်ထောင့်ကကြည့်ကြည့် အရောင်မပြောင်းဘူး၊ အရောင်အသွေးက တကယ့်အတိုင်း စိုစိုပြေပြေလေး ထွက်တယ်။ Graphic Design လုပ်မယ်၊ Video တွေ တည်းဖြတ်မယ်၊ ဒါမှမဟုတ် ရုံးသုံး/အိမ်သုံး သာမန်သုံးမယ်ဆိုရင်တော့ IPS က အမှန်ဆုံးပါပဲ။
⛔အားနည်းချက်ကတော့ အမည်းရောင်စစ်စစ် (True Black) ကိုတော့ နည်းနည်းဖော်ပြရခက်တတ်ပြီး အလင်းအနည်းငယ်စိမ့်တာမျိုး (IPS Glow) ရှိတတ်ပါတယ်။

၂။ VA Panel (အလင်းအမှောင် Contrast ကောင်းတာကြိုက်ရင်)
အမည်းရောင်နဲ့ အဖြူရောင်ကို အထင်းသားလေး မြင်ချင်တယ်၊ အခန်းမီးမှောင်မှောင်နဲ့ ရုပ်ရှင်ထိုင်ကြည့်တတ်တယ်၊ ဒါမှမဟုတ် ညဘက် ဂိမ်းထိုင်ဆော့တတ်တယ်ဆိုရင် VA က အတော်အဆင်ပြေပါတယ်။ Contrast အမြင့်ဆုံးဖြစ်လို့ ရုပ်ရှင်ကြည့်ရတာ အရမ်းအရသာရှိပါတယ်။
⛔အားနည်းချက်ကတော့ အမြန်နှုန်းမြင့် ဂိမ်းတွေမှာ Response Time နည်းနည်းနှေးတာကြောင့် Motion Blur (အရိပ်လိုလိုလေး) ဖြစ်တတ်ပါတယ်။

၃။ TN Panel (ဂိမ်းအမြန်နှုန်းနဲ့ ဘတ်ဂျက်ကို ဦးစားပေးရင်)
ဈေးနှုန်းလည်းသက်သာတယ်၊ Response Time လည်း အမြန်ဆုံးလိုချင်တယ်ဆိုတဲ့ eSports ဂိမ်းသမားတွေအတွက်တော့ ဒီကောင်က နာမည်ကြီးပါတယ်။
⛔အားနည်းချက်ကတော့ Viewing Angle အညံ့ဆုံးပါပဲ။ စောင်းကြည့်လိုက်တာနဲ့ အရောင်တွေ မှိုင်းသွားတာမျိုး ဖြစ်တတ်တာမို့လို့ ဘေးကနေ ဝိုင်းကြည့်ဖို့တော့ အဆင်မပြေလှဘူးဗျ။

၄။ OLED Panel (ထိပ်တန်းအရည်အသွေးနဲ့ အမိုက်စားသုံးချင်ရင်)
ပြောစရာမလိုအောင် တကယ်မိုက်တဲ့ နည်းပညာပါ။ Backlight မပါဘဲ Pixel တစ်ခုချင်းစီ ကိုယ်တိုင်အလင်းပေးတာဆိုတော့ အမည်းရောင်စစ်စစ် (Infinite Contrast) နဲ့ အရောင်စိုစိုလေးတွေကို အပြည့်အဝ ခံစားရပါတယ်။ Speed ရော Color ရော ထိပ်စွန်းပါပဲ။
⛔အားနည်းချက်ကတော့ ဈေးနှုန်းက အတော်လေးကြီးပါတယ်။ နောက်ပြီး အချိန်ကြာလာရင် တစ်နေရာတည်းမှာ ရုပ်ပုံသေကြီး ထင်နေတတ်တဲ့ Burn-in ဖြစ်နိုင်ခြေကိုတော့ သတိထားရပါတယ်။

ကဲ... မိတ်ဆွေတို့ကော လက်ရှိ ဘယ်လို Monitor မျိုးကို သုံးနေကြလဲဗျ။ နောက်ထပ် ဝယ်ဖို့ စဉ်းစားနေတာရှိရင်ရော ဘယ်ဟာကို ရွေးချယ်ဖို့ စိတ်ကူးထားကြလဲ Comment မှာ ဆွေးနွေးသွားကြရအောင်နော်။ 👇💬

✨ PC ပူပူကြီးနဲ့ ဂိမ်းဆော့ရတာ စိတ်ညစ်နေပြီလား? PC Performance ကျမှာ စိုးရိမ်နေသလား? ✨🤩စိတ်မပူပါနဲ့တော့! 🤩သင့်ရဲ့ Desktop...
17/09/2026

✨ PC ပူပူကြီးနဲ့ ဂိမ်းဆော့ရတာ စိတ်ညစ်နေပြီလား? PC Performance ကျမှာ စိုးရိမ်နေသလား? ✨

🤩စိတ်မပူပါနဲ့တော့! 🤩
သင့်ရဲ့ Desktop PC ကို ရေခဲသေတ္တာလို အေးစိမ့်သွားစေမယ့်၊ ကြည့်လိုက်ရင်လည်း Gaming Vibe အပြည့်နဲ့ အရမ်းမိုက်တဲ့ CPU Coolers တွေ ရောက်ရှိလို့လာပါပြီ။ 🌬️🧊

Jonsbo နဲ့ LovingCool အမှတ်တံဆိပ်တွေက တကယ့် Performance ကောင်းပြီး နာမည်ကြီးတဲ့ Series တွေကိုမှ စိတ်ကြိုက်ရွေးချယ်နိုင်အောင် စုံစုံလင်လင် တင်ပေးလိုက်ပါတယ်။ 🤩

📌 ဘာတွေပါမလဲ? ပုံထဲက မော်ဒယ်လ်တွေရဲ့ အားသာချက်တွေကို ကြည့်လိုက်ရအောင် 👇

🛑 Jonsbo Air Coolers (ဘတ်ဂျက်သက်သာပြီး စွမ်းဆောင်ရည်မြင့်):
* 🌬️ Jonsbo CR-1000 EVO: (Silent Series) အသံဆူညံမှုမရှိဘဲ အအေးပေးစနစ် ကောင်းမွန်တယ်။ RGB မီးလေးတွေပါလို့ ကြည့်ရတာ လှပသပ်ရပ်တယ်။ (အဖြူနဲ့ အနက် ၂ ရောင်ရှိပါတယ်)

* 🌬️ Jonsbo CA40: Single Tower design နဲ့ ဘတ်ဂျက်သိပ်မသုံးချင်တဲ့သူတွေနဲ့ Case အသေးသုံးတဲ့သူတွေအတွက် အသင့်တော်ဆုံး Cooler ပါ။

🛑 Jonsbo & LovingCool Liquid Coolers (AIOs) (Advanced Cooling အကောင်းဆုံး လိုချင်သူများအတွက်):
* 💧 Jonsbo TM-360E ARGB: (360mm - Fan ၃ လုံး) တကယ့် High-end PC တွေ၊ Overclock လုပ်မယ့်သူတွေအတွက် အေးစိမ့်သွားစေမယ့် High-performance Liquid Cooler။ ARGB မီးတွေနဲ့ တစ်အိမ်လုံး လင်းထိန်သွားမယ်။😉LCD Screen လေးလည်းပါတယ်ဆိုတော့ PC ရဲ့ Information အစုံကို Live ကြည့်လို့ရပါဦးမယ်။😎

* 💧 Jonsbo TG-360 ARGB (White): (အဖြူရောင်ချစ်သူများအတွက်) 360mm Version အဖြူရောင်စစ်စစ်! White Gaming Build လုပ်မယ့်သူတွေအတွက် မရှိမဖြစ် Cooler။ အရမ်းလှပြီး အရမ်းအေးတယ်။

* 💧 Jonsbo TG-240 ARGB: (240mm - Fan ၂ လုံး) standard case တွေနဲ့ အသင့်တော်ဆုံး အအေးပေးစနစ်။ performance လည်းကောင်း၊ RGB လည်းလှ၊ နေရာလည်း သိပ်မစားဘူး။

* 🔥 LovingCool LC-240-AK: (240mm) ဒီကောင်လေးကတော့ တကယ့် Game Changer ပဲ! သူ့ရဲ့ pump head ပေါ်မှာ CPU Temperature ကို Digital နဲ့ပြပေးမယ့် Display တစ်ခုပါဝင်ပါတယ်။ ဂိမ်းဆော့နေရင်း အပူချိန်ကို အမြဲကြည့်လို့ရလို့ အရမ်းအသုံးဝင်တယ်။

💡 ဘာကြောင့် ဒီ Coolers တွေကို ဝယ်သင့်သလဲဆိုတာ ပြောပြပေးဦးမယ်နော်။😉
✅ Performance တိုးမြှင့်ပေးပြီး CPU ရေရှည်ခံစေတယ်။
✅ Gaming စက်တွေကို ပိုမိုလှပပြီး မိုက်စေတယ်။
✅ အသံဆူညံမှုမရှိဘဲ တိတ်ဆိတ်စွာ အလုပ်လုပ်နိုင်
တယ်။

နယ်မှ မှာယူလိုသော ညီအစ်ကိုတွေအတွက်
Harmonic မှ ယုံကြည်စိတ်ချလို့ရပါကြောင်းနဲ့ အမှန်တကယ်လုပ်ကိုင်နေသော ဆိုင်ဖြစ်ပါကြောင်းကိုလည်း ထပ်မံအသိပေးအပ်ပါတယ်ဗျာ။

Harmonic ကနေ ရုံးသုံး ကျောင်းသုံး Computer Desktop များ ၊ လုပ်ငန်းသုံး Performance Based Desktop PC များ ၊ Gaming Desktop PC များကို အာမခံအပြည့်ဖြင့် မှာယူရရှိနိုင်ပါပြီဗျာ။

Telegram Channel ကို
အောက်ပါ Link ကိုနှိပ်၍ Join ပြီးတော့ အတန်ဆုံး အလန်းဆုံး PC နဲ့ Accessories များကိုမှာယူနိုင်ပါတယ်ဗျာ။

Telegram Channel Link
https://t.me/harmonic_mdy
Telegram Channel ထဲမှာ ကြည့်ပြီးမှာယူချင်တာဖြစ်ဖြစ် သိချင်တာဖြစ်ဖြစ်ရှိပါက Admin အကောင့်ဖြစ်တဲ့
https://t.me/harmonic1995
တွင်လာရောက်ဆက်သွယ်နိုင်ပါတယ်ဗျာ။

Location - https://maps.app.goo.gl/zrp2XZeZWcw9Hva98

ဆိုင် (၁)
𝐇𝐚𝐫𝐦𝐨𝐧𝐢𝐜 - 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐚𝐧𝐝 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 (𝐌𝐃𝐘)
"𝐓𝐫𝐮𝐬𝐭 𝐭𝐡𝐞 𝐡𝐚𝐫𝐦𝐨𝐧𝐲 𝐨𝐟 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐑𝐞𝐥𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲"
ဖုန်း - 𝟎𝟗 𝟐𝟓 𝟗𝟎𝟎 𝟏𝟐𝟖𝟕 (𝐕𝐢𝐛𝐞𝐫)
- 𝟎𝟗 𝟗𝟕𝟓 𝟏 𝟐𝟐𝟐𝟐 𝟓
လိပ်စာ - ၁၉ လမ်း နှင့် ၉၁ လမ်းဒေါင့်၊ ရတနာလမ်းသွယ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

ဆိုင် (၂)
𝐇𝐚𝐫𝐦𝐨𝐧𝐢𝐜 - 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐚𝐧𝐝 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 (𝐊𝐚𝐥𝐚𝐰)
"𝐓𝐫𝐮𝐬𝐭 𝐭𝐡𝐞 𝐡𝐚𝐫𝐦𝐨𝐧𝐲 𝐨𝐟 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐑𝐞𝐥𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲"
ဖုန်း - 𝟎𝟗 𝟐𝟓 𝟗𝟎𝟎 𝟏𝟐𝟖𝟕 (𝐕𝐢𝐛𝐞𝐫)
- 𝟎𝟗 𝟗𝟕𝟓 𝟏 𝟐𝟐𝟐𝟐 𝟓
လိပ်စာ - ရပ်ကွက်(၁) ၊ စော်ဘွားကြီးကုန်း ၊ သိမ်တောင်အတက်လမ်း ၊ ကလောမြို့။

16/09/2026

PC တစ်လုံး ပါဝါခလုတ်နှိပ်လိုက်ပြီဆိုတာနဲ့
ဘာတွေအလုပ်စလုပ်လဲ?.... ✨✨

PC Build List Updated....🤩🤩
14/09/2026

PC Build List Updated....🤩🤩

Desktop Power Supply တွေမှာပါတဲ့ ATX Version များအကြောင်း....Power Supply ဝယ်တဲ့အခါ specification မှာ ATX 2.4 တို့၊ ATX ...
14/09/2026

Desktop Power Supply တွေမှာပါတဲ့ ATX Version များအကြောင်း....

Power Supply ဝယ်တဲ့အခါ specification မှာ ATX 2.4 တို့၊ ATX 3.0, 3.1 တို့ တွေ့ဖူးကြမှာပါ။ အလွယ်ပြောရရင် ATX version ဆိုတာ ကာလပေါ် CPU နဲ့ Graphic card တွေရဲ့ စွမ်းအင်လိုအပ်ချက်၊ ချိတ်ဆက်ရတဲ့ ကြိုးခေါင်းဒီဇိုင်းတွေအပေါ် မူတည်ပြီး Intel က အဆင့်ဆင့် အဆင့်မြှင့်တင်ပေးလာတဲ့ power စံနှုန်းတွေပဲ ဖြစ်ပါတယ်။

ATX 1.x (အစောပိုင်း ကာလ)
ခေတ်ဟောင်း PC တွေတုန်းက သုံးခဲ့တဲ့ standard ပါ။ Motherboard တပ်ဖို့ 20-pin ကြိုးပဲ ပါဝင်ပြီး အဲဒီခေတ်က အစိတ်အပိုင်းတွေဟာ 3.3V နဲ့ 5V ကို အဓိက သုံးကြတာပါ။ နောက်ပိုင်း Pentium 4 ပရိုဆက်ဆာတွေ ထွက်လာပြီး CPU အတွက် 12V သီးသန့် ဓာတ်အား လိုအပ်လာမှ 4-pin ကြိုးလေးတွေ စတင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ATX 2.x (နှစ်ပေါင်းများစွာ သုံးလာတဲ့ စံနှုန်း)
ကျွန်တော်တို့ အခုထိ အသုံးများနေဆဲဖြစ်တဲ့ ကာလရှည် စံနှုန်းဖြစ်ပါတယ်။ Motherboard connector ကို 24-pin ပြောင်းလိုက်ပြီး Graphic Card နဲ့ CPU တွေအတွက် +12V rail ကို အဓိကထား ဓာတ်အားခွဲပေးလာပါတယ်။ GPU တွေအတွက် အရင်ကတည်းက သုံးနေကျ 6-pin, 8-pin (6+2) PCIe ကြိုးတွေ ပါဝင်လာတာဟာ ဒီ ATX 2.x ခေတ်ကတည်းကပါ။ Budget build တွေနဲ့ power သိပ်မစားတဲ့ card တွေအတွက် အခုထိ အဆင်ပြေပြေ သုံးနေကြဆဲ ဖြစ်ပါတယ်။

ATX 3.0 (ခေတ်သစ် High-end GPU တွေအတွက်)
RTX 40 series လို Graphic Card အသစ်တွေ ထွက်လာချိန်မှာ ပါဝါစားတာထက် Transient Power Spike လို့ခေါ်တဲ့ စက္ကန့်ပိုင်းအတွင်း လျှပ်စစ်ကို ၂ ဆ၊ ၃ ဆအထိ ရုတ်တရက် ဆောင့်ဆွဲတာတွေ ဖြစ်လာပါတယ်။ ATX 2.x ပါဝါတွေဆို အဲဒီလို spike ဖြစ်တဲ့အခါ PC ရုတ်တရက် restart ကျတာ၊ power ပိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ATX 3.0 မှာ စုစုပေါင်း wattage ရဲ့ 200% အထိ (GPU ဆို 300% အထိ) ဆောင့်ဆွဲတာကို shutdown မဖြစ်ဘဲ တည်ငြိမ်စွာ ခံနိုင်အောင် standard သတ်မှတ်ပေးလိုက်ပါတယ်။ နောက်ပြီး GPU ဆီကို ကြိုးတစ်ချောင်းတည်းနဲ့ 600W အထိ ပေးနိုင်တဲ့ 16-pin (12VHPWR) ကြိုး အသစ် စတင်ပါဝင်လာတာ ဖြစ်ပါတယ်။

ATX 3.1 (ပိုပြီး စိတ်ချရအောင် ပြင်ဆင်ထားတဲ့ ဗားရှင်း)
ATX 3.0 တုန်းက 16-pin (12VHPWR) ကြိုးဟာ connector သေချာမကျပ်ရင် ကြိုးခေါင်းအပူလွန်ပြီး အရည်ပျော်တဲ့ ပြဿနာတွေ ကြုံခဲ့ရပါတယ်။ ဒါကို ဖြေရှင်းဖို့ Intel က ATX 3.1 မှာ 12V-2x6 ဆိုတဲ့ ခေါင်းဒီဇိုင်းအသစ်နဲ့ ပြင်ဆင်လိုက်ပါတယ်။

Power ပေးတဲ့ pin တွေကို နည်းနည်း ပိုရှည်စေပြီး sense pin (အချက်ပြ pin) တွေကို တိုလိုက်တဲ့အတွက် ကြိုးခေါင်း အဆုံးထိ မကျပ်မချင်း GPU ဘက်ကို လျှပ်စစ်လုံးဝ မရောက်အောင် physical အရ အန္တရာယ်ကင်းအောင် ကာကွယ်ပေးထားပါတယ်။

လက်ရှိမှာ PC အသစ်ဆင်မယ်၊ အထူးသဖြင့် စွမ်းဆောင်ရည်မြင့် Graphic Card တွေ ထည့်သုံးမယ်ဆိုရင်တော့ adapter ကြိုးတွေ ထပ်ခံစရာမလိုဘဲ ရုတ်တရက် လျှပ်စစ်ဆွဲအားကို အကောင်းဆုံး ထိန်းပေးနိုင်တဲ့ ATX 3.0 ဒါမှမဟုတ် ပိုပြီး safe ဖြစ်တဲ့ ATX 3.1 power supply တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

#80+ းး

အဲ့တာ တကယ်နော် 😂😂😂
14/09/2026

အဲ့တာ တကယ်နော် 😂😂😂

PC တစ်လုံးကို အသစ်ဆင်တော့မယ် ဒါမှမဟုတ် အဆင့်မြှင့်တင်တော့မယ်ဆိုရင် အများစုက Graphics Card နဲ့ Processor ကိုပဲ အရင်ဆုံး တ...
04/09/2026

PC တစ်လုံးကို အသစ်ဆင်တော့မယ် ဒါမှမဟုတ် အဆင့်မြှင့်တင်တော့မယ်ဆိုရင် အများစုက Graphics Card နဲ့ Processor ကိုပဲ အရင်ဆုံး တွက်ချက်မိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စက်တစ်ခုလုံး ရေရှည်ငြိမ်ငြိမ်သက်သက်နဲ့ အန္တရာယ်ကင်းကင်း လည်ပတ်နိုင်ဖို့အတွက် အသက်တမျှ အရေးကြီးဆုံးက Power Supply (PSU) ပါပဲ။
မီးအားအတက်အကျဒဏ်၊ အပူဒဏ်တွေကို ခံနိုင်ရည်ရှိပြီး စက်ထဲက တန်ဖိုးကြီး အစိတ်အပိုင်းတွေကို စိတ်ချလက်ချ ထိန်းကျောင်းပေးနိုင်မယ့် Brand စုံ၊ Capacity စုံ PSU အသစ်လေးတွေ ဆိုင်ကို အဆင်သင့် ရောက်ရှိထားပါတယ်။

Cooler Master MWE GOLD 850 V3 (850W): ATX 3.1 နဲ့ PCIe 5.1 standard အသစ်တွေကို အပြည့်အဝ ထောက်ပံ့ပေးထားတဲ့အတွက် နောက်ဆုံးပေါ် High-end Graphics Card တွေနဲ့ စိတ်ချလက်ချ တွဲဖက်သုံးနိုင်ပါတယ်။ 80 PLUS Gold certified ဖြစ်လို့ မီးအားအလေအလွင့် အနည်းဆုံးနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။

ASUS PRIME 750W BRONZE (750W): ASUS ရဲ့ ယုံကြည်စိတ်ချရတဲ့ Build Quality အတိုင်း တည်ဆောက်ထားပြီး 80 PLUS Bronze အဆင့်ရှိပါတယ်။ Mid-to-High Gaming Rig တွေနဲ့ Daily Workstation တွေအတွက် အထူးသင့်လျော်တဲ့ Option တစ်ခု ဖြစ်ပါတယ်။

RUIX GX Series (650W / 750W / 850W): Budget အတိုင်းအတာတစ်ခုအတွင်းကနေ Performance ကောင်းကောင်းလိုချင်သူတွေအတွက် အလွန်တန်တဲ့ Series ပါ။ Flat Cable ဒီဇိုင်းဖြစ်လို့ Case အတွင်းပိုင်း ကြိုးရှင်းရတာ သပ်ရပ်လှပစေပါတယ်။ အထူးသဖြင့် GX 850 မော်ဒယ်မှာဆိုရင် ATX 3.0 နဲ့ PCIe 5.0 ထောက်ပံ့ပေးထားတာကြောင့် Modern GPU တွေအတွက် အဆင်ပြေပြေ ရွေးချယ်နိုင်ပါတယ်။

RUIX TITAN+ Series: Entry Level နဲ့ Standard Gaming Build တွေအတွက် မီးအားတည်ငြိမ်ပြီး စျေးနှုန်းသက်သာစွာနဲ့ စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်မယ့် မော်ဒယ်ဖြစ်ပါတယ်။
မိမိ လက်ရှိအသုံးပြုနေတဲ့ CPU, GPU တွေနဲ့ ဘယ် Watt အမျိုးအစား၊ ဘယ် မော်ဒယ်က အကိုက်ညီဆုံး ဖြစ်မလဲဆိုတာ သေချာ မတွက်ချက်တတ်သေးရင်လည်း ဘာမှ စိတ်ပူစရာမလိုပါဘူး။ မင်မင်တို့ဆီ အချိန်မရွေး လှမ်းမေးလိုက်ပါ၊ လိုအပ်တဲ့ မီးအားပမာဏနဲ့ Budget ပေါ်မူတည်ပြီး အကောင်းဆုံး အကြံဉာဏ်ပေးပါ့မယ်။
စျေးနှုန်းလေးတွေနဲ့ Warranty အသေးစိတ်ကို သိရှိလိုပါက Messenger ကနေ ရင်းရင်းနှီးနှီး ဆက်သွယ်မေးမြန်းနိုင်သလို၊ ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

𝐇𝐚𝐫𝐦𝐨𝐧𝐢𝐜 - 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐚𝐧𝐝 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜𝐬 (𝐌𝐃𝐘)
"𝐓𝐫𝐮𝐬𝐭 𝐭𝐡𝐞 𝐡𝐚𝐫𝐦𝐨𝐧𝐲 𝐨𝐟 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐑𝐞𝐥𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲"
ဖုန်း - 𝟎𝟗 𝟐𝟓 𝟗𝟎𝟎 𝟏𝟐𝟖𝟕 (𝐕𝐢𝐛𝐞𝐫)
- 𝟎𝟗 𝟗𝟕𝟓 𝟏 𝟐𝟐𝟐𝟐 𝟓
လိပ်စာ - ၁၉ လမ်း နှင့် ၉၁ လမ်းဒေါင့်၊ ရတနာလမ်းသွယ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

03/09/2026

Me explaining my friend why PC is better than GF😂

Address

Corner Of 19th Street And 91 Street, Yatanar Street, Aung Myay Thar Zan Township
Mandalay
05011

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+959259001287

Alerts

Be the first to know and let us send you an email when Harmonic - Computer and Electronics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Harmonic - Computer and Electronics:

Shortcuts

Share