U aung zaw lin

U aung zaw lin ်အိ​ြု

17/01/2023

လူဆိုတာ
သွေးနားထင်ရောက်လာရင်
ကျရှုံးခြင်းနဲ့ ကြုံလာရတတ်လေတယ်...။

#စစ်ငြိမ်းမင်း

12/01/2023
06/01/2023

အခက်အခဲဆိုတာ လူတိုင်းမှာရှိကြတယ် လူတိုင်းမှာ မရှိတာက ကိုယ်ချင်းစာတရားပါ။

ကိုယ်တိုင် မခံစားဖူးသရွေ့တော့
လူတစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်မှာမဟုတ်ဘူး။

ကိုယ်ပြောခဲ့၊ကိုယ်ပြုခဲ့တဲ့အပြုအမူအတိုင်း ကိုယ်တိုင်မကြုံဖူးတဲ့အခါ အဲ့ဒီစကားလုံးတိုင်း အပြုအမူတိုင်းက တစ်ဖက်လူဘယ်လောက်ထိခံစားရမလဲဆိုတာ သ်ိမှာမဟုတ်ဘူး။

နာကျင်ရတဲ့ ဒဏ်ကိုခံစားဖူးတော့ နည်းနည်းလေးထိခိုက်မိတာနဲ့ ကိုယ်ချင်းစာပေးတတ်တယ်။

ဆုံးရှုံးရတဲ့ ခံစားချက်ကို နားလည်တော့ ဘယ်အရာမဆိုတန်ဖိုးထားတတ်လာတယ်။

စကားလုံးတိုင်းကို နှလုံးသားနဲ့ခံစားတတ်လာတော့ တစ်ဖက်သားကိုပြောတဲ့အခါတိုင်း အမှားမပါအောင် ဂရုစိုက်တတ်လာတယ်။

ဒီလိုပဲ...ဘဝမှာ ဒါလေးပြောလိုက်တာကို"ဒီလောက်ခံစားရလား?
ဒီလောက်လေးကို ဒီလိုနာကျင်ရလားဆိုတဲ့သူတွေကို အံ့သြမိတယ် ကိုယ်တိုင်အပြောမခံရ၊ကိုယ်တိုင်မကြုံရတော့ တစ်ဖက်လူရဲ့ခံစားချက်ကို ကိုယ်ချင်းမစာနာတတ်ကြတာပါ။

ဒါကြောင့် တစ်ခုခုပြောမယ်ဆိုရင်သတိလေးထားပါ သူများကိုမှိုချိုး၊မျှစ်ချိုးပြောခဲ့သလို ကိုယ်ကိုယ်တိုင်မှန်ထဲကြည့်ပြီး ခံစားနိူင်သလားလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

ဘယ်အရာပဲ ဖြစ်ဖြစ်
အစွန်းရောက်တိုင်း မကောင်းသလို တယူသန်တိုင်းလည်းမကောင်းဘူး သူ့ဘက် ကိုယ့်ဘက်မျှကြည့်တတ်မှ လူပီသတဲ့စိတ်ရှိတာပါ။

လေးစားစွာဖြင့်
(ရာမညမြေ)30.10.2022
#မေဆုရာမညမြေအတွေးစာစုလေးများ

28/12/2022

#မေမေဟာ_မိန်းကလေးပဲ
ဒီနေ့ ဖေဖေနဲ့မေမေ ရန်ဖြစ်ကြပါတယ် ။
လူအတော်များများက ပြောကြတယ် ၊
ဖေဖေနဲ့မေမေ ရန်ဖြစ်တဲ့အခါ သနားစရာ
အကောင်းဆုံးက ကလေးတွေပါတဲ့ ။
အမှန်တော့ မဟုတ်ပါဘူး ။
သနားစရာအကောင်းဆုံးက
မမေပေါ.. ။

ဖေဖေက အပြင်သွားပြီး အပေါင်းအသင်းတွေနဲ့
အချိန်သွားဖြုန်းတယ် ။

မေမေ တစ်ယောက်တည်းကသာလျှင်
တစ်ဖက်ကမျက်ရည်ကျရင်း တစ်ဖက်က
သားတို့သမီးတို့ကို ထမင်းဟင်း ချက်ကျွေး ၊
အဝတ်အစားလျှော်ပေး..
သန့်ရှင်းရေးလုပ်ပေးပါတယ် ။

မေမေဟာ Superman မဟုတ်ပါဘူး ။
လူတိုင်းမှာ ထွက်ပေါက်ရှိပေမယ့် မေမေ့မှာ
နောက်ဆုတ်စရာ လမ်းမရှိတာပါ ။
လောကမှာရှိတဲ့ မေမေတွေ အကုန်လုံး
လောကကြီးရဲ့ နွေးထွေးမှုကို ရရှိကြပါစေ ။
သူတို့ဟာလည်း
တစ်ချိန်က မင်းသမီးလေး တစ်ယောက်ပါပဲ ။

Superwoman
စိတ်သန်မာရတယ်
မျက်ရည်ခိုင်ရတယ်...
လွတ်ရာပြေးမရ
သွားချင်ရာ / လုပ်ချင်ရာလုပ်မရ
ပေးဆပ်မှုများစွာပေးနိုင်တာ မေမေပါ...

𝐼 𝐿𝑜𝑣𝑒 𝑌𝑜𝑢, 𝑀𝑂𝑀 😢😥

Crd

27/12/2022
20/12/2022

ထင်တစ်လုံးနဲ့ သင်မရှုံးပါစေနဲ့
************************
ဖတ်ကြည့်နော်…

အထင်သေးခံရလို့လည်း
မကြောက်နဲ့။
အထင်ကြီးခံရလို့လည်း
မမြောက်နဲ့။

အထင်ဆိုတာ အထင်ပါပဲ။
တကယ်မှ မဟုတ်တာ။

တကယ် ဟုတ် မဟုတ်က
ကိုယ်ပဲ သိတာ။
သူများက ထင်ရုံပဲ ထင်တာ။

သူများအထင်တွေမှာ
ကိုယ့်စိတ်ခံစားမှုတွေ မများစေနဲ့ပေါ့…

သူတို့ရဲ့ လွတ်လပ်ခွင့်အနေနဲ့…
သူတို့ ထင်ချင်သလို
ထင်ခွင့်ရှိတယ်။
သူတို့ မြင်ချင်သလိုလည်း
မြင်ခွင့်ရှိတယ်။
သူတို့ ပြောချင်သလို
ပြောခွင့်ရှိတယ်။
ကိုယ်တားလို့ မရဘူး။

ဟုတ်တာ မဟုတ်တာ သူတို့အပိုင်းပဲ။

ကိုယ့်အပိုင်းကတော့…
ကိုယ့်လိပ်ပြာ ကိုယ်သန့်နေရင်
ပြီးတာပါပဲ။

အဓိက က တော့…
သူများက ကိုယ့်အပေါ်
ထင်နေတဲ့ အထင်
မြင်နေတဲ့ အမြင်
ပြောနေတဲ့ အပြောတွေနောက်
လိုက်ပြီး
ကိုယ့်စိတ်ကလေး ပြောင်းမသွားဖို့ပါပဲ။

သူတို့ထင်တာ သူတို့အထင်ပါပဲ။
သူတို့မြင်တာ သူတို့အမြင်ပါပဲ။
သူတို့ပြောတာ သူတို့အပြောပါပဲ။

ကိုယ့်သဘော ဘယ်လိုရှိတယ်ဆိုတာ
ကိုယ်ပဲ အသိဆုံးပဲလေ…

အမှန်တရား ဆိုတာ
တစ်ခါတစ်ခါ
အချိန်လေးတော့ စောင့်ရတယ်။

အချိန်မတန်သေးရင်…
အမှန်တရားက မပေါ်နိုင်သေးဘူး။

အချိန်တန်တော့လည်း
အထင်ကင်းပြီး
အမြင်ရှင်းသွားမှာပဲပေါ့။

လောကရဲ့ သဘော
လူတွေရဲ့ သဘော က
ထင်ကြေးတွေအပေါ်မှာ…
ကိုယ့်ရဲ့ခံစားချက်တွေ
လိုက်ပြီး
ပုံဖော်နေကြတာ များတယ်။

မသိစိတ်ကိုက…
ဟုတ်တာ မဟုတ်တာ
အသာထား။

ကိုယ့်ကို အထင်ကြီးရင်…
ကျေနပ်တတ်တယ်။
ကိုယ့်ကို အထင်သေးရင်လည်း…
နေမထိ ထိုင်မထိ
စိတ်က
ကလိ ကလိကို ဖြစ်နေတော့တာပေါ့...

စိတ်ခံစားချက်က…
စကားလုံးတွေ အောက်ကကို
ရုန်းမထွက်နိုင်ကြတာ များတယ်ပေါ့…

ဒီတော့ကား…
ဘယ်သူ ဘယ်လိုပဲထင်ထင်
ကိုယ်အဆင်ပြေဖို့ အရေးကြီးတယ်။

အထင်တွေအောက်မှာ
သင် မမှောက်စေနဲ့။

သင်ဖျောက်နိုင်ရင်…
သင်ကြောက်စရာ မလိုဘူးပေါ့…

သူများရဲ့ ထင်ကြေးတွေအပေါ်မှာ
သင်အတွေးတွေ မချော်စေနဲ့ပေါ့…

အထင်ကြီးခံရလို့လည်း
စိတ်ကြီး မဝင်စေနဲ့။
အထင်သေးခံရလို့လည်း
စိတ်ကလေး မလေးစေနဲ့။

အထင်ကို
အထင်လို့သာ သိထားရင်
ဘာနဲ့မှ
ညိစရာအကြောင်း မရှိပါဘူး။

တကယ်တမ်းကျတော့
အထင်ဆိုတာ…အထင်ပါပဲလေ။

တကယ်မှ မဟုတ်တာ။

20/12/2022

ငါကောင်းသလို သူမကောင်းဘူးလို့
ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

ငါစေတနာထားသလောက်
သူရက်စက်တယ်လို့
ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

ငါ ဒီလောက်အထိ
လိုက်လျော ပေးနေတာတောင်
သူလုပ်ရက်တယ်လို့
ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

အဲဒါမျိုးတွေ
မလုပ်သင့် မပြောသင့်ပါဘူးကွာလို့
ဘယ်သူ့ကိုမှ မထင်လိုက်ပါနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

အရာအားလုံးကို
နာလည်ပေးနိုင်အောင်
ကိုယ့်စိတ်ကို ကြိုးစားကျင့်သုံးခြင်းကသာ ချမ်းသာစွာ နေထိုင်နည်းပါပဲ။

ဘယ်သူ့ကိုမှ
အချစ်မဝင်တော့သလို
အပြစ်တွေလည်း မတင်ဖြစ်တော့ဘူးလေ။

သူဆိုတာ ငါမဟုတ်တဲ့အတွက်
အရာအားလုံးကို အလိုက်သင့်ရုံပဲ
ရွေ့လျားတတ်ပြီး ပေါ့ပေါ့ပါးပါး
နေထိုင်တတ်ကြပါစေ။ ။

Crd

20/12/2022

မိမိကိုယ်ကိုယ် တာဝန်ယူတက်တဲ့စိတ်

တာဝန်ယူတက်တဲ့စိတ်ဟာ ကိုယ့်ဘဝကို ကိုယ်ကျေနပ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်တယ်။
တာဝန်ယူခြင်းမှာ ကိုယ်ကျင့်တရားတွေ၊
မိမိကိုယ်ကိုယ် လေးစားခြင်းတွေနဲ့
တခြားသူတွေအပေါ် ထားတဲ့ မေတ္တာစိတ်တွေ
ပါဝင်နေတယ်။ဒါပေမယ့်
တာဝန်ယူမှုဟာ ဘယ်တော့မှ မျက်ကန်းတောတိုး
မဖြစ်သင့်ဘူး။

ကိုယ်လုပ်တာ၊ ကိုယ်ပြောတာတွေနဲ့ ကိုယ့်ခံစားချက်တွေဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်၊ ကိုယ်သာ
ကိုင်တွယ်ရမယ်လို့ ဆုံးဖြတ်လိုက်တာက
ဖြောင့်မတ်မှန်ကန်တဲ့ အရည်အချင်းပါ။
သို့ပေမယ့် သူများအမှားကို ကိုယ့်အမှားလုပ်၊
သူတစ်ပါး အပြစ်ကို ကိုယ့်အပြစ်လို့ သတ်မှတ်နေတာကျတော့ ဒါဟာ တာဝန်ယူတာ မဟုတ်တော့ဘူး။
တုံးအတာ ဖြစ်သွားပြီ။

လောကမှာ တုံးအတဲ့ သူတွေက လူတွေသိပ်ကြိုက်
ကြတယ်။ရိုးရိုးအအ ဆိုသူတွေ၊မသိနားမလည်မှု များတဲ့သူတွေ၊စဥ်းစားဥာဏ်နည်းတဲ့သူတွေကို အသုံးချဖို့
စောင့်နေတဲ့သူတွေဆိုတာ သပ်သပ်ကို ရှိတယ်။
သူတို့ကလည်း သူတို့လုပ်သမျှကို
လွဲချလို့ရမယ့်သူတွေကိုပဲ ရှာနေတာ၊ သူတို့ပြောတာကို
ဟုတ်ကဲ့ လုပ်မယ့်သူတွေကို အမြဲလိုချင်နေတာ၊
အဲ့ဒါကို ကိုယ်က သူတို့အပြစ်တွေကို
အားနာနာနဲ့ အတင်းတွေတာဝန်ဝင်ယူနေရင်
အချီကြီး ခံသွားရမှာ ကိုယ်ပဲ။

သူများအမှားကို ကိုယ့်အမှားပါလို့
လုံးဝတာဝန်ယူပစ်လိုက်တာ အသိဥာဏ်နည်းရာ
ရောက်တယ်။ သူများအမှားကို ထောကျပွရမယျ။
သူနားလည်အောင် ရှင်းပြရမယ်။
ကိုယ်ကူညီနိုင်တာကို ကူညီပြီး
တက်နိုင်သလောက် ပူးပေါင်းဆောင်ရွှက်ပေးတာမျိုး
လုပ်ပေးတာက ဆက်ဆံရေးကို တိုးတက်စေနိုင်ပေမယ့်
ကိုယ်ချစ်တဲ့ သူတွေအပြစ်လုပ်ထားရင်တောင်
ကိုယ့်အနေနဲ့ သူတို့ကို မထိခိုက်စေချင်လို့
သူတို့အစား တာဝန်ဝင်ယူပေးနေရင် အဲ့လိုလုပ်တာက
ကြာရင် ဘယ်သူ့အတွက်မှ မကောင်းတာကို
သိလာလိမ့်မယ်။

လူတစ်ယောက်က သူ့တာဝန်သူယူလိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစိတ်ကို ခံစားရတယ်။
သူတစ်ပါးကို အပြစ်ပုံချတာ၊
ကံကြမ္မာနဲ့ အခြေအနေတွေကို မကောင်းပြောနေတာ
တွေက ခနတော့ စိတ်သက်သာသွားသလို
ရှိကောင်းရှိမယ်။ဒါပေမယ့် ကိုယ်စိုက်ပျိုးတာကို
ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားလိုပဲ။
နောက်ဆုံးကျတော့ ပြဿနာတွေကို
တကယ်ပြေလည်သွားစေမယ့် ရေရှည်ဖြေရှင်းနည်းက
ကိုယ့်ကိုယ်ကိုယ် ဘာမှားနေလဲ ပြန်ကြည့်၊
ဘာတွေကို သင်ယူဖို့လိုနေပြီလဲ၊ ဘာတွေပြောင်းလဲရမလဲ၊ အဲ့ဒီအပြောင်းအလဲတွေ တကယ်ဖြစ်ဖို့
ဘယ်လို အလေ့အကျင့်တွေကို ကျင့်ရမလဲ
ဒါတွေကို စဥ်းစားတာကသာ အဖြေမှန်ကို ပေးနိုင်လိမ့်မယ်။

ကိုယ်အလုပ်မဖြစ်တာတွေ အတွက် ဘဝကို
ဆင်ခြေပေးလို့ရတယ်။ လက်ရှိအခြေအနေတွေက
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို
နှေးကွေးစေကြောင်းကို အကြောင်းပြဖို့က
ကျွန်တော်တို့ အတွက် သိပ်မခက်ဘူး။
ဒါပေမယ့် ဒီလိုလုပ်တာက နောက်ဆုံး
ကိုယ့်ကိုပဲ ကိုယ်လုပ်ချင်တာတွေကနေ
နောက်ကျကျနေစေခဲ့တာ မဟုတ်လား၊
ဆင်ခြေဆင်လက်ပေးခြင်းကနေ ဘာတွေများ
ကောင်းတာ ရလာနိုင်လို့လဲ။

အရင်တုန်းက ကိုယ်ကြောင့် အခုရှိနေတဲ့ ကိုယ်
ဖြစ်လာရတာပဲ။ Albert Einstein ကပြောဖူးတယ်။
"ပြဿနာတွေကို အဖြေရှာရာမှာ အဲ့ဒီပြဿနာတွေ
စဖြစ်တုန်းက အခြေအနေအနေတွေ အတိုင်းစဥ်းစား
လို့ မရတော့ဘူး"တဲ့။ ဆိုလိုတာက
လက်ရှိကိုယ့်အကျင့်တွေ၊ ကိုယ်ရဲ့ စီးပွားရေးအခြေအနေတွေ၊ ကိုယ့်ပတ်ဝန်းကျင် ဒါတွေကို
လုံးဝချက်ချင်းပြောင်းဖို့ဆိုတာ မလွယ်ဘူး။ဒါပေမယ့်
အကြောင်းပြချက်တွေပေးနေရုံနဲ့လည်း
ဘာမှ ထူးသွားမှာ မဟုတ်ဘူး။ ပိုပြီး ဒုက္ခရောက်လာဖို့ပဲ ရှိမယ်။ အရေးကြီးတာ ကျွန်တော်တို့ ကိုယ်ကိုယ်
အပြည့်အဝ တာဝန်ယူပြီး ကိုယ်လုပ်နိုင်တာကို
မပျက်မပျက် လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။
ဒီလိုလုပ်နိုင်ခြင်းသည်ပင် လူတစ်ယောက်ရဲ့
ကြီးမားတဲ့ အရည်အချင်းလို့ ပြောနိုင်ပါတယ်။


Address

Mandalay
02

Telephone

+959450067529

Website

Alerts

Be the first to know and let us send you an email when U aung zaw lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U aung zaw lin:

Share