Update Mobile Second n Service

Update Mobile Second n Service Enjoy life today . Yesterday is gone and tomorrow may never come …

မိတ်ဆွေ... သင့် iPhone မှာ မှားဖျက်မိတဲ့ ပုံတွေကို ဒီနည်း နှစ်နည်းနဲ့ ပြန်ယူကြည့်လို့ ရပါတယ်။ Recently Deleted__________...
31/03/2023

မိတ်ဆွေ... သင့် iPhone မှာ မှားဖျက်မိတဲ့ ပုံတွေကို ဒီနည်း နှစ်နည်းနဲ့ ပြန်ယူကြည့်လို့ ရပါတယ်။

Recently Deleted
_______________
Photo ထဲကနေ မှားဖျက်မိတဲ့ ပုံလေးတွေကို Recently Deleted ကနေ ပြန်ယူလို့ ရပါတယ်။ သတိထားရမှာ တစ်ခုကတော့ Recently Deleted ထဲက ပုံတွေဟာ ရက် (၃၀) အတွင်းဘဲ ပြန်ယူလို့ ရမှာဖြစ်ပြီး ရက် (၃၀) ကျော်သွားတယ် ဆိုရင်တော့ Recently Deleted ထဲမှာလည်း ပျက်သွားမှာ​ ဖြစ်ပါတယ်။ Recently Deleted ကိုကြည့်ချင်တယ် ဆိုရင်တော့ Photo - Album ထဲကနေ အောက်ဆုံးကို ဆွဲပြီး ကြည့်လို့ ရပါတယ်။

iCloud
_____
အကယ်လို့ ကိုယ်ဖျက်လိုက်မိတဲ့ ပုံတွေက Recently Deleted ထဲမှာလည်း မရှိတော့ဘူး ဆိုရင်တော့ Photo ကို iCloud မှာ Backup လုပ်ထားတဲ့အခါ iCloud ကနေ ပြန်လည် ရယူနိုင်ပါတယ်။

iCloud ကနေ Download ပြန်လုပ်မယ် ဆိုရင်တော့ Safari ကနေ တစ်ဆင့် www.iCloud.com ကို ဝင်ပေးလိုက်ပါ။ ပြီးရင်တော့ ကိုယ့် Account ကို Sign In ဝင်ပြီး Photo ထဲမှာ ကိုယ်ဖျက်လိုက်မိတဲ့ ပုံလေးတွေ ရှိမရှိ ပြန်ကြည့်နိုင်ပါတယ်။ ရှိတယ် ဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံကို နှိပ်ပေးပြီး ညာဘက်အောက်မှာရှိတဲ့ အစက်သုံးစက်ထဲကနေ Download ပြုလုပ်နိုင်မှာပါတယ်။ Download ပြုလုပ်ပြီးသား ပုံတွေကို File ထဲကနေ တစ်ဆင့် Photo ထဲကို ပြန်ရွေ့ပေးဖို့ လိုပါမယ်။

credit to original uploader

Sign in to iCloud to access your photos, videos, documents, notes, contacts, and more. Use your Apple ID or create a new account to start using Apple services.

30/03/2023

❝ 𝗶𝗣𝗵𝗼𝗻𝗲 နဲ့ နွေရာသီ ❞

ထုံးစံအတိုင်း နွေရာသီရောက်လာပြန်ပါပြီ။ နွေနဲ့ iPhone ဆိုတာ ကမ္ဘာအဆက်ဆက်က ရန်သူတွေလိုပဲ ဘယ်တုန်းကမှကီးမကိုက်ခဲ့တဲ့အတွက် တစ်နေ့ထက်တစ်နေ့ မြင့်လာတဲ့ temperature ကြောင့်မကြာခင် iPhone user တွေကြား complain များစွာကြားရပါဦးမည်။ ဒါ့ကြောင့် ဒီနွေကိုစိတ်ချမ်းချမ်းသာသာဖြတ်သန်းနိုင်စေဖို့ iPhone user တွေအတွက်ဆောင်ရန်ရှောင်ရန်လေးတွေကိုပြောပြပေးလိုက်ပါတယ်။

(၁) သင့်ဖုန်းကိုညင်ညင်သာသာဆက်ဆံပါ
အပြင် temperature မြင့်လာတဲ့အတွက် ဖုန်းလဲအရင်ကထက် heat တက်တာပိုမြန်လာပါမယ်။ Cellular data နဲ့သုံးရင်ပိုဆိုးပါတယ်။ ဖုန်းအရမ်းပူနေတဲ့အချိန် game ဆော့တာ heavy task တွေသုံးတာကိုသတိထားပေးပါ။ အပူဆိုတာ battery health ကျစေတဲ့အဓိကတရားခံပါ။ ဖုန်းအရမ်းပူနေတဲ့အချိန်အနားမပေးပဲ ဆက်သုံးနေရင် ထစ်တာ၊ app တွေထဲကပြန်ပြန်ထွက်တာ၊ နောက်ဆုံးသူဟာသူ shut down ကျတာတွေအထိဖြစ်နိုင်ပါတယ်။ ရေရှည်မှာ battery health ကိုပိုအကျမြန်စေပါတယ်။

(၂) Outdoor မှာဖုန်းအရမ်းမသုံးသင့်ပါ
အပြင်သွားတဲ့အခါ ဖုန်းကိုမလိုရင်မသုံးတာကောင်းပါတယ်။ ဒီလိုပြောလို့ အပြင်မှာဖုန်းလုံးဝ မသုံးရဘူးဖို့ပြောတာမဟုတ်ဘူးနော် လမ်းမှာလမ်းလျှောက်နေရင်း ဖုန်းပေါ်ကို နေရောင်တိုက်ရိုက်ကျတဲ့အချိန်တွေမှာဖုန်းမသုံးဖို့ပါ။ နေရောင်လဲတိုက်ရိုက်ကျနေတယ် ပူလဲပူနေတဲ့အချိန်သုံးရင် ဖုန်းမှာ heat တက်တာအရမ်းမြန်ပြီး ပူခြစ်လာပါလိမ့်မယ်။ တစ်ခြား အန္တရာယ်တွေလဲရှိတော့ အပြင်မှာ လမ်းလျောက်နေရင်းဖုန်းသုံးတာကိုရှောင်သင့်ပါတယ်။

(၃) အားသွင်းရင် Battery 80% မှာရပ်နေတာ
ဒီပြသနာကတော့ သိပ်မစိမ်းတော့ဘူးထင်ပါတယ်။ နေ့လည်ဖက်နေပူတဲ့အချိန်အားသွင်းရင် ဖြစ်တတ်ပါတယ်။ iOS 13 ကစပြီး Optimized battery charging ဆိုတဲ့ function တစ်ခုပါဝင်လာပါတယ်။ သူကဖုန်း temperature မြင့်နေတဲ့အချိန်မှာ battery charging ကို 80% မှာရပ်ထားပေးတာပါ။ Battery healthy အတွက်ပိုကောင်းစေတယ်လို့သိရပါတယ်။ အားသွင်းတာ 80% ကမတက်လို့ဆိုပြီး စိတ်မပူပါနဲ့ temperature ကျသွားတဲ့အချိန် ညနေဖက်/ညဖက် မှာပြန်သွင်းရင်ပုံမှန်အတိုင်း 100% အထိအပြည့်သွင်းလို့ရပါတယ်။ ဒါမှမဟုတ်သင်က ဘယ်အချိန်ချိန်ဖြစ်ဖြစ် 100% အထိသွင်းချင်တာဆိုရင် Settings > Battery ထဲက Optimized battery charging ကိုပိတ်ထားလို့ရပေမယ့် admin ကတော့ recommend မပေးပါဘူး။

(၄) Charging on hold လို့ပေါ်နေရင်
ဒါလဲအပေါ်က case နဲ့ခပ်ဆင်ဆင်ပါပဲ။ ဖုန်း temperature မြင့်နေလို့ system က charging ကိုခနရပ်ထားတာပါ။ ဘာမှစိတ်ပူစရာမရှိပါဘူး။ ဖုန်းကိုခဏအနားပေးပြီး အေးသွားမှပြန်သွင်းပါ။

credit to original uploader

မိသားစုနဲ့ စကားတွေပြောမလား? သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီးစကားတွေပြောမလား?iPhone ရဲ့ ရိုးရှင်းပြီး အရမ်းလည်းအသုံးဝင်တဲ့...
27/03/2023

မိသားစုနဲ့ စကားတွေပြောမလား? သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီးစကားတွေပြောမလား?

iPhone ရဲ့ ရိုးရှင်းပြီး အရမ်းလည်းအသုံးဝင်တဲ့ Add Call Feature လေးနဲ့ဆိုရင် Phone Calls (5) ခုထိ တစ်ချိန်တည်းမှာပဲ ခေါ်ဆိုလို့ရတယ်နော်။

ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ အခြားသူတစ်ယောက်ကိုပါ ထပ်မံခေါ်ဆိုပြီး Group လိုက် စကားပြောချင်တယ်ဆိုရင် Screen မှာပေါ်နေတဲ့ Add Call လေးကိုနှိပ်လိုက်ရုံပါပဲ။

ပြီးရင် ကိုယ်နောက်ထပ်ခေါ်ဆိုချင်တဲ့ ဖုန်းနံပါတ်တစ်ခုကို Contacts ထဲမှာရှာပြီး Add လုပ်လိုက်ရုံနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားတွေဝိုင်းဖွဲ့ပြောလို့ရပါပြီ။ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ဦးနော်။

credit to original uploader

ဖုန်းဝင်လာတဲ့ပုံစံလေးတွေ ဘာလို့မတူတာလဲ?ကိုယ့်ရဲ့ iPhone လေးမှာ ဖုန်းဝင်လာတဲ့အခါ အခုလိုပုံစံလေး နှစ်မျိုးကွဲနေတာကို သတိထာ...
26/03/2023

ဖုန်းဝင်လာတဲ့ပုံစံလေးတွေ ဘာလို့မတူတာလဲ?

ကိုယ့်ရဲ့ iPhone လေးမှာ ဖုန်းဝင်လာတဲ့အခါ အခုလိုပုံစံလေး နှစ်မျိုးကွဲနေတာကို သတိထားမိကြတယ်ဟုတ်!

ဒါကတော့ ဖုန်းအသုံးပြုနေတဲ့အချိန်တွေမှာဆိုရင် Decline နဲ့ Accept ဆိုပြီး Screen မှာ ပေါ်လာမှာဖြစ်ပြီး၊ ဖုန်းကိုအသုံးမပြုဘဲ Lock လုပ်ထားတဲ့ အချိန်မှာတော့ Slide to Answer ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်။

Lock လုပ်ထားတဲ့အချိန်တွေမှာ ဖုန်းချလိုက်ချင်တယ်ဆိုရင်လည်း Power Button လေးကို နှစ်ချက်နှိပ်လိုက်ရုံပဲနော်။ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါဦး။

credit to original uploader

25/03/2023

Apple iD

Credit to original uploader

24/03/2023

မိတ်ဆွေ...သင့် iPhone ထဲက Message တွေက +95 နဲ့ပဲပြနေတယ်ဆိုရင် ဒီလိုလုပ်ထားလို့ ရပါတယ်။

App Store ကနေ Prefix Plus ဆိုတဲ့ App ကို Down
လိုက်ပါ။ ပြီးရင်တော့ App ထဲကို ဝင်ပြီး အပေါ်ထောင့်လေးက + ကိုနှိပ်ပေးလိုက် - Name မှာ ကိုယ်အဆင်ပြေတာထည့်ပေးလိုက်ပါ။ Label မှာလည်း အဆင်ပြေတာထည့်ပေးလ်ိုက်ပါ။

ပြီးရင် Number မှာ +95 ထည့်ပေးလိုက်၊ Removing initial '0' ကိုလည်း On ပေးလိုက်ပြီး Save လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Update Contacts လုပ်ပေးပြီး ကြော်ငြာ ပြီးသည်အထိ ကြည့်ပေးလိုက်ရင် ရပါပြီ။

အဆင်ပြေကြပါစေ ❤️

credit to original uploader

23/03/2023

မိတ်ဆွေ...သင့် iPhone က iOS Version မြှင့်လို့မရတော့လို့ App တွေ Down လို့ မရတော့ရင် ဒီနည်းလမ်းအတိုင်း လုပ်လို့ရပါတယ်။

ကိုယ့်ရဲ့ Apple ID ကို အခြား iOS Version Update ရတဲ့ ဖုန်းထဲက App Store မှာ ထည့်ပေးလိုက်ပါ။ ပြီးရင် ကိုယ်လိုချင်တဲ့ App ကို Download လုပ်ပေးလိုက်ပါ ( iOS Version Update ရတဲ့ ဖုန်းမှာ App က Down ထားပြီးသား ဖြစ်နေရင် ဖျက်ပြီး ပြန် Down လိုက်ပါ )။

ဒါဆိုရင်တော့ ခဏအကြာမှာ ကိုယ့်ဖုန်းမှာပါ Application ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ အချိန်ကြာတဲ့အထိ မပေါ်သေးဘူးဆိုရင်တော့ App Store ထဲက All Purchases ထဲမှာရှိတဲ့ Not on this iPhone ထဲမှာ ဝင်ရှာလို့ ရပါတယ်။

အဆင်ပြေကြပါစေ

credit to original uploader

17/03/2023

ဆိုင်က ထားပေးလိုက်တဲ့ Apple ID Password က အရမ်းလွ​ယ်နေရင် Password ကို တခြားသူတွေ အလွယ်တကူ မှတ်မိကုန်တော့မှာပေါ့!

ဒါ့ကြောင့် Strong ဖြစ်တဲ့ Apple ID Password ကို ပြောင်းလဲ အသုံးပြုဖို့အတွက် Settings ထဲက Apple ID Profile မှာ Password & Security ထဲကို ဝင်ပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Change Password ထဲဝင်ရမှာဖြစ်ပြီး iPhone ရဲ့ Passcode ကို ပြန်ထည့်ပေးရမှာပါ။ Old Password တောင်းရင်တော့ Password အဟောင်းကို ထည့်ပေးရမှာဖြစ်ပါတယ်။

တကယ်လို့ Old Password မတောင်းရင်လည်း New နဲ့ Verify နေရာမှာ Strong ဖြစ်တဲ့ Password တွေကို ထည့်ပေးရမှာပါ။

Strong ဖြစ်တဲ့ Password ဖြစ်ဖို့ဆိုရင် Character 8 ခုနဲ့ Password အရှေ့ကို စာလုံးအကြီးနဲ့ထားပြီး နောက်ဆုံးမှာ ဂဏန်းထားမယ်ဆိုရင် လုံခြုံတဲ့ Password တစ်ခုကို ရရှိမှာပါ။

Password ထားပြီးရင်လည်း အလွယ်တကူနဲ့ မမေ့အောင် စာရွက် ဒါမှမဟုတ် Notes App တို့မှာ မှတ်သားထားဖို့လည်း လိုအပ်ပါတယ်။

ဒါဆိုရင်တော့ Strong ဖြစ်တဲ့ Password တွေကို အလွယ်တကူ ပြောင်းလဲ အသုံးပြုလို့ရနိုင်မှာဖြစ်လို့ စမ်းကြည့်ကြည့်ဖို့ မမေ့နဲ့နော်။

credit to original uploader

16/03/2023

ဖုန်းနံပါတ်တွေ ဘာကြောင့် Auto ပျောက်သွားတာလဲ?

ဒီလိုပြောထားဖူးတဲ့ ဖုန်းနံပါတ်တွေ ပြန်ရှာမတွေ့တော့တာက Call Recents တွေဟာ (၁၀၀) အထိပဲ လက်ခံတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Call History ပေါင်းက (၁၀၀) ကျော်သွားပြီဆိုရင်တော့ ၁၀၀ အောက်မှာရှိတဲ့ ဖုန်းနံပါတ်တွေက Auto ပျက်သွားမှာပဲဖြစ်ပြီး (၁၀၀) အထိပဲရှိအောင် ထားထားပေးမှာပါ။

ဒါ့အပြင် Call History က Online Call တွေဖြစ်တဲ့ Messenger, FaceTime Call တွေကိုပါ မှတ်သားပေးတာဖြစ်လို့ Call Recent မှာ အရေးကြီးတဲ့ ဖုန်းနံပါတ်တွေနဲ့ ရောနေတက်ပါတယ်။

ဒါ့ကြောင့် ပျက်တဲ့ ထည်းလည်း မပါသွားအောင် Call တွေလည်း ရှုပ်မနေတော့အောင် အရေးကြီးတဲ့ ဖုန်းနံပါတ်တွေကို မှတ်ထားသင့်ပါတယ်။

credit to original uploader

11/03/2023

🙋ဖုန်းကအရမ်းပူတာပဲ ဘာလို့ပူနေရတာလဲ?
ဟုတ်ကဲ့ ဒီအချိန်မှာ ဖုန်းတင်မဟုတ်ပါဘူး
လူလည်းပူနေပါတယ်။
ရာသီဉတုပူရင်တော့ ဖုန်းလည်းပူမှာပါ။

🙋iPhone တွေ အားသွင်းနေရင်း
80% မှာဘာလို့ရပ်သွားလဲ?
ရာသီဉတုအရမ်းပူလို့ပါ
Weather App ကနေ
ဒီနေ့ အပူချိန်ဘယ်လောက်ရှိလဲ
အရင်ကြည့်ပါ
iPhone ရဲ့ခံနိုင်တဲ့ ပြင်ပရာသီဉတုအပူချိန်က
0 and 35 C (32 to 95 F) အထိရှိပါတယ်
တကယ်လို့ ကိုအားသွင်းနေတဲ့အချိန်မှာ
ရာသီဉတုအပူချိန်က အဲ့ဒီအပူချိန်ထပ်
ပိုနေရင် ဖုန်းကစပူလာပြီးတော့
80% အထိသာဆက်သွင်းပေးမှာဖြစ်ပါတယ်။
80% မှာပဲရပ်နေရင် ဆက်မသွင်းပါနဲ့
အပူချိန်နည်းတဲ့အချိန် မနက်အစောပိုင်း
ဒါမှမဟုတ် ညနေပိုင်း
ညပိုင်းလောက်မှ အားပြန်သွင်းပါ။

🙋အဲ့ဒါဆို 100% အပြည့်ရချင်တယ်
ဘယ်လိုသွင်းမလဲ?
အပေါ်မှာပြောခဲ့သလို အပူချိန်နည်းတဲ့အချိန်
မနက်အစောပိုင်း ဒါမှမဟုတ် ညနေပိုင်း ညပိုင်းလောက်မှာ အားသွင်းနေရင်း ဖုန်းကိုမသုံးပဲနဲ့
အားသွင်းပါ။

🙋ရာသီဉတုပူပြီး ဖုန်းအရမ်းပူလာရင်
ဘာတွေဖြစ်မလဲ?
ဖုန်းအားသွင်းတာ နှေးသွားမယ်
Display Brightness မှိန်သွားမယ်
(Game ဆော့နေရင်း Brightness
မှိန်သွားတာဖုန်းပူနေလို့ပါ)
Connection တွေနှေးသွားမယ်
Camera Flash မီးတွေ ခဏတဖြုတ်
မလင်းတာတွေဖြစ်မယ်
Performance တွေနှေးသွားမယ်။

🙋ဒီလိုရာသီဉတုအရမ်းပူနေတော့
ဖုန်းမပူအောင်ဘယ်လိုသုံးမလဲ?
အပူချိန်မြင့်မားတဲ့ မွန်းတည့်ချိန်တွေမှာ
Performance မြင့်တဲ့ Game
ဆော့တာတွေအားသွင်းတာတွေ
ရှောင်ရမယ်။
အဲ့ဒီအချိန်မှာ Cellular Data အစား Wifi သုံးပါ။
ဖုန်းကို အပူချိန်များတဲ့ နေရာတွေမှာ(နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာ)တွေမှာမထားပါနဲ့။

credit to original uploader

03/03/2023

Download ဆွဲထားတဲ့ Video လေးတွေ ကြည့်မရဖြစ်နေလား ?

ဒါမှမဟုတ် Video ကြည့်နေရင်း တစ်ဝက်ရောက်လို့ ထစ်သွားတာ၊ ရပ်သွားတာ၊ အသံမလာတော့တာ စတဲ့ Error များအတွက် ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတစ်ခုရှိတယ်နော်။

ဘယ်လိုဖြေရှင်းရမလဲဆိုတော့ Video လေးတွေကို VLC Media Player နဲ့ အထစ်အငေါ့မရှိပဲ ကြည့်လို့ရနိုင်ပါတယ်။

VLC Media Player ကိုတော့ App Store ကနေ အလွယ်တကူ Download ပြုလုပ်ပြီး အသုံးပြုလို့ရနိုင်ပါတယ်။

VLC Player ကို အသုံးပြုဖို့အတွက်ဆိုရင် ကိုယ် Download ဆွဲထားတဲ့ Video က File App ထဲမှာ ရောက်နေပါက Video ထဲက Share Buttons လေးကို နှိပ်ပြီး VLC ကို ရွေးပေးလိုက်တာနဲ့ စတင်အသုံးပြုလို့ရနိုင်ပါပြီ။

Video တွေက Photo App ထဲရောက်နေမယ်ဆိုရင်လည်း Video လေးထဲဝင်ပြီး Share Buttons လေးကို နှိပ်ကာ Save to file ကိုရွေးပြီး File App ကနေ တစ်ဆင့် Share Button ကို နှိပ်ပြီး ကြည့်ရှု့လို့ရနိုင်ပါတယ်။

တကယ်လို့ VLC Player ထဲမှာမှ သင်ထည့်ထားတဲ့ Video က ထစ်နေတုန်းဆိုရင်တော့ Download ဆွဲထားတဲ့ Video မှာ Bugs တစ်ခုခုဖြစ်နေတဲ့အတွက် Video File ကို အသစ်ပြန်လည် Download ဆွဲပေးရမှာဖြစ်ပါတယ်။

တကယ်တော့ VLC Player က iPhone တွေနဲ့ တော်တော်လေး Compatible ဖြစ်တဲ့အတွက် ကြောင့် Video လေးတွေကို iPhone ရဲ့ Built-in ပါတဲ့ Media Player ထက် VLC Player နဲ့ စမ်းပြီး ကြည့်ကြည့်ဖို့ အကြံပေးလိုက်ပါရစေ။

credit to original uploader

02/03/2023

iPhone တွေမှာ Storage ပြည့်နေခဲ့မယ်ဆိုရင် ဘာတွေ ပြုလုပ်သင့်သလဲ ?

Storage နည်းတဲ့ iPhone တစ်လုံးကို သင့်အနေနဲ့ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် Storage မပြည့်စေပဲ အချိန်ကြာကြာ အသုံးပြုနိုင်မယ့် နည်းလမ်းလေးရှိတယ်နော်။

• မလိုအပ်တဲ့ Application တွေကို ဖျက်ထားပေးပါ

မလိုအပ်ပဲ Application တွေကို ကိုယ့် iPhone ထဲမှာ ထားထားခြင်းကလည်း Storage ကို ခဏလေးအတွင်းပြည့်စေတက်ပါတယ်။

ဘာကြောင့်လဲဆိုရင် Application တွေက Auto Update ဖြစ်နေတဲ့အခါမျိုးမှာ မလိုအပ်ပဲ File Size တွေကြီးပြီး MB တွေကနေ GB အဖြစ်ကို ပြောင်းလဲသွားသည်အထိ ကြီးမားလာနိုင်ပါတယ်။

ဒါ့ကြောင့် အသုံးမလိုတဲ့ Application တွေကို ဖျက်ထားခြင်းက Storage အမြန်ပြည့်ခြင်းကို သက်သာစေပါလိမ့်မယ်။

• Photo တွေ Video တွေကို ဖျက်ထားခြင်း

တစ်ခါတစ်လေ Photo တွေ တစ်ခုနဲ့ တစ်ခု ထပ်နေတာမျိုးနဲ့ ဆင်တူ Video တွေများနေတာမျိုးဆိုရင်လည်း Storage ပြည့်စေတာကို မြန်စေတက်ပါတယ်။

ဒါ့အပြင် Recent ထဲမှာ Delete လုပ်ပြီးသား ပုံတွေကို မဖျက်မိတဲ့အခါမျိုးတွေမှာလည်း Storage မှာပြည့်နေတက်ပါတယ်။

မလိုအပ်တဲ့ Photo တွေကို Delete လုပ်တာဖြစ်စေ၊ ဒါမှမဟုတ် iCloud ပေါ်မှာတင်ထားတာဖြစ်စေ စသဖြင့် ပြုလုပ်ပြီး iPhone Storage ကို ရှင်းရှင်းလင်းလင်းထားလို့ရနိုင်ပါတယ်။

• iPhone Settings ထဲက Storage မှာ စီစစ်နိုင်ခြင်း

အရမ်း MB များနေတဲ့ App တွေ၊ File ထဲမှာရောက်နေတဲ့ Document File တွေရယ်နဲ့ Recently Deleted တွေကို တစ်ခါထဲနဲ့ ရှင်းလင်းနိုင်ဖို့အတွက် iPhone Settings ထဲက General မှာရှိတဲ့ iPhone Storage မှာ ဝင်ရောက်ပြီး ရှင်းလင်းနိုင်ပါတယ်။

• Safari Cache တွေကို ရှင်းလင်းပေးပါ

Safari မှာ အသုံးပြုထားတဲ့ page တစ်ခုချင်းစီရဲ့ Data တွေကလည်း iPhone ရဲ့ Main Storage မှာ လာရောက် Save လုပ်တာဖြစ်လို့ Cache တွေကို ရှင်းလင်းသင့်ပါတယ်။

Cache တွေကို ရှင်းလင်းဖို့အတွက်ဆိုရင်တော့ Settings ထဲမှာရှိတဲ့ Safari ကနေ Clear History and Website Data မှာ ဝင်ရောက်ပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ အပေါ်က အချက်တွေအတိုင်းပြုလုပ်ပြီးတဲ့အခါ Reset All Settings ကို ချလိုက်ပါ။

ဒါဆိုရင်တော့ Other နဲ့ တခြားမလိုအပ်တဲ့ File တွေကို အလိုအလျောက်နဲ့ ပျက်သွားမှာဖြစ်တဲ့အပြင် Storage ကိုလည်း ပိုရလာတက်ပါတယ်။

ကိုယ့် iPhone က Storage ပြည့်နေခဲ့မယ်ဆိုရင် အခုပြောပေးခဲ့တဲ့အချက်လေးတွေအတိုင်းဖြေရှင်းကြည့်ပါနော်။

credit to original uploader

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959789990970

Website

Alerts

Be the first to know and let us send you an email when Update Mobile Second n Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Update Mobile Second n Service:

Share