Z.K-Dota 2 Item Shop

Z.K-Dota 2 Item Shop Selling Dota2 Items | since 2019
Fast trades • Fair prices • 100% trusted

09/10/2026

ညီကိုတို့ အချိန်မရရင် တခြား Seller တွေဆီ ဝယ်/ရောင်းကြနော် ကျနော်လည်း မအားလို့ မပြန်တာမလို့ စိတ်မဆိုးပါဘူးဗျ၊ စိတ်လည်းမကောက်တက်ဘူး။ ကျနော့်ကိုပဲ ဖုန်းဆက်ပြီး ဝယ်/ရောင်းပေးဖို့ပြောတာထက် တခြားသူဆီသွား ဝယ်/ရောင်းတာက သူတို့လည်းအဆင်ပြေတယ် ကျနော်လည်း ပိုအဆင်ပြေတယ်ဗျ။

08/10/2026

Hello ညီကိုတို့

Treasure လား CC လားထွက်လာတော့ ထုံစံတိုင်း seller တစ်ယောက်ကြုံရတဲ့ ပြဿနာအမြဲလာပါပြီဗျ။

Market Price တွေအရမ်းထိုးကျသွားတာပါ။ သူ့ဘာသာထိုးကျသွားတာက အကြောင်းမဟုတ်ဘူးဗျ၊ အဲ့ Price ကိုဗျပြီး 3300 rate နဲ့မဟုတ်ဘူးလား လာလာမေးကြတာက ပြဿနာဗျ။

ပုံမှန် Market Price မှာဆိုရင်လည်း ကျနော် Big Item တွေရောင်းရင် Market Price ထက်ကို သက်သာတဲ့စျေးနဲ့ရောင်းပေးတာပါ၊ ဘာလို့ဆို Market price ထက် သက်သာတဲ့ Buff စျေးကိုအခြေခံတွက်ပေးလို့ပဲဗျ။ Buff မှာကိုယ်တိုင် ငွေဖြညိ့တာထက်ကို သက်သာတဲ့စျေးနဲ့ ရောင်းပေးတာပါဗျ။

ခုက Market Price က buff ထက် အများကြီးစျေးထိုးကျပြီး Big Item တွေဆို 2-5 သိန်းထိစျေးနညိးနေတာပါ။ အဲ့ကျတော့ ကျနော့်ကို 2-5 သိန်း အရှုံးခံပြီး ရောင်းပေးရမယ်လို့တော့ လာလာမပြောကြပါနဲ့ဗျ။ ဘာလို့ဆို ကျနော့်ကိုလည်း အဲ့လိုစျေးနဲ့လာရောင်းတဲ့သူမရှိသလို ကျနော်လည်းမရောင်းပေးနိုင်ဘူးလေဗျ။

ကျနော်တို့လို seller တွေက Item စျေးကွက်ကြောင်းကို ပိုနားလည်ပြီး Customer လူလည်ကျတမျှကိုလည်း တန်းသိပါတယ်ဗျ။

Buff မှာစျေးမကျပဲ ခုလို steam sale နဲ့ Ingame Arcana အသစ်ထွက်တဲ့ချိန်မှကျတာက ခနပဲမလိုဗျ။ နောက်တစ်ပတ်ဆို စျေးတက်လိမ့်မယ်။

ကျရင်ကျစျေးနဲ့ရောင်းပေးရမယ်ဆိုတာလည်း မှန်ပါတယ်။ seller တွေကတော့ ကျရင် ကျစျေးနဲ့ရောင်းဆိုရင် ခုကျစျေးနဲ့ itemလာရောင်းတဲ့ customer ကတစ်ယောက်မှ မရှိဘူးဗျ။

ညီကိုတို့ Item စျေးကျကျတက်တက် ဝယ်ချင်တာဖြစ်ဖြစ် ရောင်းချင်တာဖြစ်ဖြစ် ညီကိုတို့သဘောတိုင်း လုပ်တာပါဗျ။ အဲ့လိုပဲ ကျနော့်ကိုလည်း item စျေးဖွင့်ပေးရင် market မှာဒီစျေးပဲရှိတယ် ဒီ rate နဲ့ပဲ 2-5 သိန်း အရှုံးခံရောင်းပေးဖို့ ပြောနေတာက ညီကိုတို့လွန်တယ်လို့ မထင်ဘူးလားဗျ🤧

Market price ကျလို့အဲ့စျေးနဲ့ဝယ်ချင်ရင် wallet ဖြည့်ပြီးလည်း ဝယ်လို့ရပါတယ်ဗျာ၊ ဗိုက်နာစျေးနဲ့ရောင်းနေတာ market ကလူတွေဗျ၊ ကျနော့်ဆီကပဲ အတင်း ဗိုက်နာစျေးနဲ့လိုချင်တာ၊ ကျနော်က ဗိုက်မှမနာတာဗျာ။

ဒီလောက်ပဲဗျာ

07/10/2026

စိတ်မကောင်းစွာနဲ့ပဲ ကျနော်ပြောပါရစေဗျ။

အားလုံးပဲ ရှေ့ရက်တွေမှာ reply နောက်ကျသွားခဲ့ရင် တောင်းပန်ပါတယ်ဗျ။ ခုလောလောဆယ်တော့ ကျနော် reply တွေမပြန်နိုင်တဲ့အချိန်ရှိနေပါတယ်ဗျ။

အကြောင်းရင်းကတော့ မင်မင်က ဆေးရုံကြီးတစ်ခုမှာ တာဝန်ကျလို့ပါဗျ။ day duty, night duty တွေအလှည့်ကျရှိတာမို့ ကိုယ့် duty ချိန်မှာ လူနာတွေရဲ့အသက်ကပိုအရေးကြီးတာမို့ ဖုန်းသုံးချိန်လည်းမရသလို reply ပြန်ပေးဖို့ အချိန်မပေးနိုင်တာမို့ပါဗျ။ reply ပြန်ဖို့မပြောနဲ့ဗျာ ထမင်းစားချိန်တောင်မရလို့ duty ပြီးမှ ၂နပ်စာပေါင်းစားရတာပါ။

ဒါကြောင့် ကျနော် duty ကျနေတဲ့ချိန်ဆို Note မှာ “No service” လို့ရေးထားပေးပါမယ်ဗျ။ Duty ချိန်ပြီးရင် Note မှာ “Service” လို့ရေးထားပေးပါမယ်ဗျ။ Service လို့ရေးထားတဲ့ချိန်မှသာ ညီကိုတို့ကို reply ပြန်ပေးနိုင်မှာဖြစ်ပါတယ်။

တဖက်မှာ လူနာအသက်ကိုကယ်နေချိန် တချို့ page မှာ reply မလာလို့ “Service ကစုတ်ပြတ်နေတာပဲ၊ စျေးမရောင်းတော့ဘူးလား” ပြောခံရတာတွေလည်းရှိပါတယ်ဗျ။ ပြောတဲ့သူတွေကိုလည်းစိတ်မဆိုးပါဘူး၊ မင်မင်တစ်ဖက်မှာ ဘာလုပ်နေလို့စာမပြန်လဲ သူတို့မသိလို့ပါဗျ။

စိတ်မပူပါနဲ့ဗျ။ ကျနော်နောက်တစ်လလောက်ကျရင် Admin အသစ်ခန့်ပြီး Service ပေးနိုင်အောင် စီစဉ်ပေးသွားပါမယ်။ ဒီတစ်လကတော့ service ရတဲ့ချိန်ရှိမယ် မရတဲ့ချိန်ရှိမယ် ဒီလိုပဲဖြစ်မှာမလို့ ကြိုအသိပေးတာပါဗျ။ ဒါလည်း reply ကြာလို့ဆဲချင် ပြောချင်လည်း လွှတ်လပ်စွာပြောလို့ရပါတယ်ဗျ။

အားလုံး စိတ်ရှည်စွာစောင့်ပြီး ကျနော်နဲ့ပဲ ဝယ်/ရောင်းကြတဲ့သူတွေကိုလည်း အားနာစွာတောင်းပန်ပါတယ်။ အတိုင်းထက်အလွန်လည်း ကျေးဇူးတင်ပါတယ်ဗျ။

💰Trade Items 💰Sell Rate $1- 3,300 Buy Rate $1 - 2,800 $0.4 ထက်နည်းနဲ့ Items တွေက အကုန်ရှိလို့ ပုံရိုက်မပြတော့တာဗျ။ DM မှ...
06/10/2026

💰Trade Items 💰

Sell Rate $1- 3,300
Buy Rate $1 - 2,800

$0.4 ထက်နည်းနဲ့ Items တွေက အကုန်ရှိလို့ ပုံရိုက်မပြတော့တာဗျ။ DM မှာလာမေးလို့ရပါတယ်။

✅ပုံမှာပါတဲ့ Items အကုန် ချက်ချင်းရပါတယ်။
(ပုံမှာမပါတဲ့ Item ရှိရင်လည်း ရှာဝယ်ပေးပါတယ် Rate တော့များပါတယ်)
✅Steam Market Price တိုင်းရောင်းပေးတာပါ။

🔁Trade-in လုပ်လို့ရပါတယ်။

💵ပြန်ရောင်းမယ်ဆိုလည်းဝယ်ပါတယ်။ (Inventory အပြတ်ရောင်းရင် ပိစိလေးတွေကအစ ယူပေးပါတယ်)

💲Steam Wallet Code လည်းရပါတယ်။

☑️Dota plus subscription (only for VIP Customer)

FtF or P2P Service is live now!

BUY 💵 SELL 🔁 TRADE ဘာပဲလိုလိုလာခဲ့ပါဗျ။

🚫Acc ဝယ်/ရောင်း လုံးဝမလုပ်ပါ။⛔️

Payment - KPay, Wave, AyaPay, CBPay, AYA, KBZ, CB, Thai QR scan

Gw winner က Arcana မယူပဲ အလိုက်ပေးပြီး Pa shoulder + Set ယူသွားပါပြီဗျ။ နောက်နောင် Van ရဲ့ Champion ကာကွယ်မဲ့ပွဲတိုင်း တ...
02/10/2026

Gw winner က Arcana မယူပဲ အလိုက်ပေးပြီး Pa shoulder + Set ယူသွားပါပြီဗျ။

နောက်နောင် Van ရဲ့ Champion ကာကွယ်မဲ့ပွဲတိုင်း တစ်ပွဲနိုင်ရင် Arcana 1 ကောင် အမှတ်တရ GW လုပ်ပါမယ်ဗျ။

ကျနော်တို့ရဲ့ချင်းလေး ဘယ်လောက်ထိ win streak နိုင်မလဲ စောင့်ကြည့်ရင်း ရင်ခုန်ကြတာပေါ့ဗျာ။ ✌🏻

02/10/2026

GW winner 🏆

10:50 ကြရင်ရွေးမယ်လို့ Note ကြိုရေးပြီး ရွေးပေးထားပါတယ်။

ပေါက်တဲ့သူက Ogre Magi Arcana တစ်ကောင် လာယူလို့ရပါပြီဗျ။

Van တွက် cmt ရေးပြီးမပေါက်တဲ့သူတွေ cmt SS နဲ့ trade Link ပို့ထားပေးရင် random bundle & Loading screen တွေ courier & ward တွေ drop ထားပေးပါမယ်ဗျ။

Post မတင်လိုက်ရတဲ့ Wr နဲ့ MOA sold လေးMOA 2 လုံးကျန်
27/09/2026

Post မတင်လိုက်ရတဲ့ Wr နဲ့ MOA sold လေး

MOA 2 လုံးကျန်

Unusual Effect ထဲက instock ရှိတာလေးတွေလိုချင်ရင် လာဆွဲလို့ရပြီဗျို့။
27/09/2026

Unusual Effect ထဲက instock ရှိတာလေးတွေလိုချင်ရင် လာဆွဲလို့ရပြီဗျို့။

26/09/2026

New Customer မှာတွေရဲ့အမေးများဆုံးမေးခွန်း

“Item ကချက်ချင်းရလား၊ စောင့်ဖို့လိုသေးလား?”

အဖြေ - ဟုတ်ကဲ့ချက်ချင်းရပါတယ်ဗျ။

Trade Item လို့ ခေါင်းစဉ်တပ်ပေးထားတဲ့ Post တွေက Item တွေအကုန်တန်းရပါတယ်ဗျ။ စောင့်ရတာမရောင်းပါဘူးဗျ။

Collector Cache လို့ရေးထားတာတွေကတော့ Fri 1 လဖြစ်မှာ gift ရတာဗျ။

အဲ့၂ခုကို ကွဲကွဲပြားပြားမသိကြလို့လား ဘာလားတော့မသိဘူးဗျာ တန်းရလား အမြဲမေးကြတယ်။ တန်းမရပဲ မရောင်းဘူးဗျ။ ရော့ပတ္တမြား ရော့နဂါးပဲ။

Address

Mandalay
05012

Opening Hours

Monday 07:00 - 22:30
Tuesday 07:00 - 22:30
Wednesday 07:00 - 22:30
Thursday 07:00 - 22:30
Friday 07:00 - 22:30
Saturday 07:00 - 22:30
Sunday 07:00 - 22:30

Telephone

+959768861806

Website

Alerts

Be the first to know and let us send you an email when Z.K-Dota 2 Item Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z.K-Dota 2 Item Shop:

Shortcuts

Share