30/06/2023
MI7 ဆိုတာ ဘာလည်း?
လက်ရှိစျေးကွက်မှ ရှိနေတဲ့
Mini Case နဲ့ လာတဲ့ MI7 နှင့်
Normal PC Case နဲ့ လာတဲ့ MI7
အဲ့ နှစ်မျိုး ရဲ့ အဓိက ကွာခြားချက် က
ပထဆုံး သိသာတာ ကတော့ POWER SUPPLY
ပါ Mini Case ထဲ မှာ Mini (Switching power supply) watt က တော့ 200w နဲ့ လာပါတယ်
Mini Fan အသေးစားလေး တစ်ခု ပါပါတယ်
ဒီ power supply က watt အနေ နဲ့ ပဲ ကြည့်မယ် ဆိုရင်တော့ နည်းသယောင် ထင်ရပါတယ် ဒါပေမဲ့
သူရဲ့ support ပေးနိုင်စွမ်း က Normal Size PC 650 watt နီးနီး ရှိပါတယ်
(အားနည်းချက် အသေးစားလေး ကတော့ fan ပန်ကာ က အရမ်းသေးတော့ နောက်ပိုင်း ဖုန်တေ ကပ်ပီး ညစ်ပေ လာတဲ့ အခါ Fan က လုံလောက်တဲ့ ပမဏ မပေးနိူင်တဲ့ အခါ Computer Heat တက်လာပီး အခြား Motherboard ,HDD ,Memory ကိုထိခိုက်စေနိုင်ပါတယ်) အရမ်းကြီးတော့ စိတ်မပူပါနဲ့
3 လ တစ်ခါလောက် blower လေမှုတ်စက်နဲ့ ရှင်းပေးနိူင်ရင် အဆင်ပြေပါတယ်
ဒုတိယ တစ်ချက် Mini Case သုံးတဲ့ သူတေ ရဲ့
သတိမထားမိတဲ့ တစ်ချက် ကျနော် တို့ MI7 Mini Case ရဲ့ အောက်ခြေမှာ foot pads လို့ခေါ် တဲ့ ထောက် ကလေး လေးခု ပါပါတယ် နောက် ပိုင်း အကြောင်း သူရဲ့ လုပ်ဆောင် မူက Computer က ထွက်လာတဲ့ heat အပူ တွေ ကို လျှော့ချပေးမှာပါ နောက်ပိုင်း Mini power supply ရဲ့ လေထွက်ပေါက် အဓိ က နေရာ ကလည်း အောက်ဘက်မှာ ပဲ ဖစ်တဲ့ အတွက်ကြောင့် foot pads ဒေါက် လေး တွေ ရဲ့ အရေးကြီး ပုံ ကို ရိပ်မိမယ် ထင်ပါတယ်
တတိယ တစ်ခု က Mini power supply တွေမှာ မီးအား 110 Type နဲ့ 220 Type ကို အလွယ် change ပြောင်းလည်း အသုံးပြု နိူင်ပါတယ် ( ကျနော် တို့ ဒီမှာ တော့ 220 Type ကို ပဲ ထားသုံးရပါမယ် )
( မီးအား 220 ကို 110 Type မှာ ထားပီး သုံးမိရင်တော့ Power supply လောင်ပီး ပျက်စီးစေမှာပါ )
အဓိက အားသာချက် က တော့ သယ်ယူပို့ဆောင်ရတာ အရမ်း လွယ်ကူပါတယ်
ဆိုတော့ ကျနော် ပြောတဲ့ အချက် တွေ ကို သတိထားမယ် ဆိုရင်
အိမ်မှာ ပဲ Karaoke ဆိုမယ့် Customer အတွက် ရော, KTV ဆိုင် ဖွင့်မယ် Customer အတွက် ရော ဒီ
MI7 Karaoke Mini Case လေး က အဆင်ပြေမှာပါ
Normal Size Case နဲ့ Power Supply ?
ပထမ ဆုံး အားသာချက် က တော့ သိသိသာသာ လေ၀င်လေထွက် ကောင်းတဲ့ Space အကျယ် ကြီးပါပဲ
အများစု တွေ့ ကျရမယ် Power Supply တွေ ကတော့ 650watt, 550watt, 750watt,
တွေ ပဲဖြစ်ပါတယ် ဒီနေရာမှာ နည်းနည်း ရှင်းပြချင်တာ က Normal Quality Power Supply နဲ့ High Quality Power supply နှစ်မျိုးပါ
အများစုသုံး နေကျ ကျနော် တို့ သုံး နေ ကျ ကတော့ Normal တွေပါ ကျနော် တို့ လည်း High quality ထည့်ပေးချင်ပါတယ် လက်ရှိ ရောင်းနေရတဲ့ ပုံမှန်စျေး နဲ့ အခြား အစိတ်အပိုင်းတွေ ရော Software ဖိုးပါထည့်ပေါင်းထား ပေးရတဲ့ အတွက်ကြောင့် Normal quality ပဲသုံး ရပါတယ် ( အကယ် ၍ စျေးလေးနည်းနည်း ပိုသုံးပေးမယ် ဆိုရင် High quality power နဲ့ တပ်ဆင်ပေးလို့ ရပါတယ် ခင်ဗျာ )
မြင်သာအောင် ပြောရရင် High quality power supply 500watt က Normal quality power supply 650watt ထက် အများကြီး သာနေမှာပါ
ဒုတိယ တစ်ချက် က ဆိုင်သုံး Customer တွေ အတွက် MI7 Server နဲ့ တွဲ ၍ တပ်ဆင် အသုံး ပြုဖို့ အတွက် Network Card Slot ပါရှိပါတယ်
Computer heat တက် ခြင်းကို ကာကွယ် ဖို့ အပို Fan ပန်ကာ လည်း တပ်ဆင် အသုံးပြုနိုင်ပါတယ်
တတိယ တစ်ချက် က အလွယ်တကူ ဆိုင်တိုင်းမှာ ၀ယ်ယူလို့ ရပါတယ်
အဲ့တော့ KTV ဆိုင်လိုမျိုး အကြာ ကြီး ဖွင့်ပီး Run မယ့် Customer အတွက် ကတော့ Normal Size နဲ့ MI7 Karaoke PC တွေ ကလည်း ရွေးချယ်လို့ အကောင်းဆုံး တစ်ခု ပါ
အောက်မှာ MI7 Mini Case လေး တင်ပေးထားပါတယ်
( နောက်ပီး ကျနော် Customer တွေကို အကြံပြုချင်တာ က အစကောင်း မှ အနှောင်းသေချာ ဆိုသလို ပစ္စည်း ကောင်း ထည့်ထား မှ ရေရှည် စိတ်မညစ် ရပဲ စိတ်ချမ်းသာ လက်ချမ်းသာ နဲ့ အသုံး ပြုနိုင်အောင် High quality power supply ကို စျေးနည်းနည်း ပိုသုံး ပီး ရွေးချယ် စေချင်ပါတယ် )
Power Supply ကောင်း တစ်လုံး က Computer ကို တည်တည်ငြိမ်ငြိမ် အကောင်းဆုံး အလုပ်လုပ်နိူင်အောင်ကူညီပေးမှာ ပါ
[နောက်လည်း MI7 Karaoke Computer နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတေ ပုံမှန်တင်နိူင်အောင် ကြိုးစားပါမယ်]