24/03/2022
ကျွန်ပညာရေးစနစ်နှင့်သခင်ပညာရေးစနစ်..........................
သတင်းစာရှင်းလင်းပွဲနေ့မှာ သတင်းထောက်တစ်ဦးပြောတာကြားဖူးပေမဲ့ မနေ့က news feedမှာပြန်တက်လာတာလေးတွေ့တာရယ် ဆယ်တန်းတွေဖြေဖို့နီးလာတာရယ်ကြောင့်ဒီပို့စ်လေး ရေးဖို့စိတ်ကူးပေါက်လာတယ်၊
ကျွန်တော်တို့ကစနစ်တစ်ခုကိုဝေဖန်မယ်ဆိုလူကိုကြည့်လို့မရပါဘူး မူကိုကြည့်မှရမယ်ဗျ၊ ဒီလိုပိုစ့်ရေးရတာ အခန့်မသင့် လူမုန်းများနိုင်ပါတယ်
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ပညာရေးစနစ်ကောင်းလားလို့မေးရင် ကျွန်တော့အနေနဲ့မကောင်းပါ ညံ့ပါတယ်လို့မှတ်ချက်ပြုလိုတယ်ဗျ ။ လူတိုင်းကလဲမကောင်းဘူးလို့ယုံကြည်နေကျမှာပဲမလား။
ဒါပေမဲ့ အခုပညာရေးစနစ်ကဘာမကောင်းတာလဲဆိုတာ နှစ်ရှည်လများမကောင်းဘူးပြောလာတဲ့သူတွေက analysis ကိုသေချာမလုပ် မထောက်ပြခဲ့ကြပါဘူး။နေသာသလိုမှေးနေခဲ့ကြတာလား သိပေမဲ့မပြောချင်ခဲ့ဝာလားတော့မပြောတတ်ဘူးဗျ။ ဘာမကောင်းတာလဲခုထိ ပြောဖူးတဲ့သူလိုက်ရှာလို့မတွေ့ဘူး ။
ဒါနဲ့ပတ်သက်ပြီးလူအများယုံကြည်နေတဲ့ကျွန်ပညာရေးစနစ်အကြောင်းနဲနဲပြောချင်ပါတယ် ၊ ကျွန်တော့်ညီဝမ်းကွဲထဲကပါ nld အစိုးရခေတ်ကဆယ်တန်းဖြေတာကျခဲ့သူပါ၊ ခုပြန်ဖြေမလားမေးကြည့်တယ် ကျွန်ပညာရေးစနစ်မို့မဖြေတော့ဘူးတဲ့၊ မဖြေတော့တာလက်ခံပေမဲ့ ကျွန်ပညာရေးစနစ်လို့သူကပြောတော့ ဟ ဟုတ်လှပါလားဟ ဘယ်လိုကျွန်ပညာရေးစနစ်ပြောင်းသွားတာလဲ လုပ်ပါအုန်းကွ
👉မင်းကိုသင်ပေးတဲ့ဆရာမပြောင်းသွားတာလားဆိုတော့ မဟုတ်ဘူးတဲ့
👉မင်းသင်ခဲ့ရတဲ့ သင်ရိုးပြောင်းသွားတာလားဆိုတော့ မဟုဝ်ဘူးတဲ့
အဲ့တာဆိုဘာလို့လဲဆိုတော့ တပ်ကအာဏာသိမ်းသွားလို့တဲ့
ကျွန်တော်ဆိုလိုချင်တာကဒီမှာပါပဲ မြန်မာတွေဟာ မြန်မာစကားကိုသေချာမသိကြဘူး သခင်ပညာရေးစနစ် နဲ့ကျွန်ပညာရေးစနစ်ဆိုတာ စနစ်အချိန်းအပြောင်းဖြစ်ခဲ့ရင်တောင်ဟုတ်ပေအုန်းမယ် ခုတော့ ဒီဆရာ ဒီစာ ဒီကျောင်းသားပဲကို အယူလွဲနေကြတယ်။
တချို့က ကျွန်ပညာရေးမို့ကျောင်းမထားဘူးဆိုပြီး အသံကောင်းဟစ်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာသွားထားတယ်
တချို့ကျ စီးပွားရေးလဲအစဉ်မပြေတော့တာနဲ့ ရောရောင်ပြီး ခလေးကိုကျောင်းမထားတော့ပဲနေတယ်
တချို့ကျ ကိုကိုယ်တိုင်ကျောင်းမတက်ချင်တာကို မိဘကိုအကြောင်းပြတယ်
တချို့ကျ သားသမီးလဲမရှိပဲ ကျွန်ပညာရေးစနစ်ဆိုပြီး ကျောင်းမတက်ဖို့လှုံ့ဆော်တယ်
တကယ်တန်း နစ်နာတာက ကျောင်းသားကိုယ်တိုင်ပါပဲ
၊ဒါကအခုကျောင်းသားကလေးတွေအတွက်ပေါ့။
နောက်တစ်ခုကပညာရေးစနစ်မကောင်းဘူးဆိုတာဘာကြောင့်လဲဆိုတာပါ၊ ကျွန်တော်တို့ပညာရေးစနစ်မှာမကောင်းဆုံးကအပိုင်းကိုပြောပါဆ်ုရင် အလယ်တန်းကျော်လာတဲ့အထိ ပါလာတဲ့ ကြက်တူရွေးနှုတ်တိုက်စနစ်ပါပဲ။
ကြက်တူရွေးနှုတ်တိုက်စနစ်ဟာမလိုအပ်တာတော့မဟုတ်ပါဘူး ၊ငယ်တုန်းအရွယ် စာဖတ်နိုင်စွမ်းကိုသင်ချိန်မှာ ပါးစပ်နဲ့ လျှာအလုပ်ကောင်းကောင်းလုပ်အောင်သင်တဲ့ကာလမှာအကောင်းဆုံးပညာရေးစနစ်ပါ။
ဒါပေမဲ့အထက်တန်းအဆင့်ရောက်တဲ့အချိန်မှာတော့ ကြက်တူရွေးတစ်ဝက် ဇီးကွပ်တစ်ဝက်ဖြစ်သင့်တာပါ၊ ဇီးကွပ်ဆိုတာက တွေးတောနိုင်စွမ်းရှိတာကိုတင်စားပြောတာနော် ပြူးကြောင်ကြောင်ကြည့်တာကိုမဟုတ် 😁
တက္ကသိုလ်တန်းရောက်တဲ့အချိန်မှာ တွေးတောနိုင်စွမ်းကို 80% လောက်ထိခေါ်သွားသင့်ပြီး မာစတာတန်းနဲ့အထက်မှာတော့ တွေးတောမှု100% ဖြစ်သင့်တာပါ။
ဒါဆိုခုလိုစနစ်ကိုဘယ်လိုကုစားမလဲပေါ့၊ ကျွန်တော့ကိုယ့်တွေ့အရပြောရရင်တော့ နိုင်ငံခြားကျောင်းတွေရဲ့ပညာရေးစနစ်ကိုလေ့လာသင့်ပါတယ်၊ ကျွန်တော်နိုင်ငံခြားကျောင်းတွေမှာကြုံခဲ့သမျှ စာမေးပွဲဖြေတဲ့အခါ မေးခွန်းအများကြီးမဖြေရဘူး၊ နဲနဲလေးကိုခေါင်းစဉ်လေးတွေပဲပါတယ်၊ မဲပေါက်တာနဲ့ဆရာကိုခေါင်းစဉ်ပြ ပြီးရင်ကြိုက်တဲ့နေရာကနေ မှီငြမ်း ကူးချပြီးရေးလာလို့ရတယ်၊
ရမှတ်(၁)👉ပထမဆုံးအနေနဲ့ဆရာက ကူးလာတဲ့စာမှန်လားစစ်တယ် မှားနေရင်ကျတယ်၊
ရမှတ်(၂)👉တကယ်လို့ကူးလာတဲ့စာမှန်ခဲ့ရင် မအောင်သေးပါဘူး ဆရာကအဲ့တော့မှ စာကိုရှင်းပြခိုင်းတယ်၊ အဲ့တော့ကူးချလာပြီးရှင်းမပြနိုင်ရင်မအောင်ပါဘူး
ရမှတ်(၃)👉ကူးလာတဲ့စာလဲမှန်တယ် ရှင်းပြတာလဲအစဉ်ပြေတယ်ဆို အောင်မှတ်ရပါတယ် ဒါပေမဲ့အောင်မှတ်ပါပဲ pass ဖြစ်ပါတယ်
ရမှတ်(၄)👉ကူးလာတဲ့စာလဲမှန် ရှင်းပြတာလဲအစဉ်ပြေ ပြီး စာထဲပါတာနဲ့ပတ်သက်ပြီးမေးခွန်း နှစ်ခုလောက်ဖြေနိုင်ရင် good ရပါတယ်
ရမှတ်(၅)👉ကူးလာတဲ့စာလဲမှန် ရှင်းပြတာလဲအစဉ်ပြေ မေးခွန်းလဲဖြေနိုင်ပြီး သူစာသင်ချိန်စိတ်ပါဝသ်စားတယ်လို့ဆရာကခံယူရင် excellent ပေးပါတယ်
ဒီလိုစနစ်ကြောင့်ဘာဖြစ်သလဲ ခိုးချတာမရှိဘူး၊ နားလည်ဖို့အဓိကဆိုတာသိလာတယ် ၊ တခြားအားနည်းတဲ့စနစ်တွေအများကြီးရှိသေးပေမဲ့ အဓိက ပြသနာကဒါပါပဲ နားလည်မလည်အဓိကပါပဲ
ခုတော့ မြန်မာနိုင်ငံမှာ ကလေးတွေတက္ကသိုလ်ရောက်တဲ့အထိ ကြက်တူရွေးလေးတွေများလာတာနဲ့အမျှ ကျောင်းပြီးသင်တန်းပြီးတာနဲ့ ခေါင်းထဲဘာမှမကျန်၊ စာတွေလဲအကုန်ကျက်ရတော့ နိုင်ငံခြားကကျောင်းသားတွေထက်ပိုပင်ပန်းပြီး အသိတော့ဘာမှကျန်ဖြစ်တာပါ။
ဒီပညာေရးစနစ်က နှစ်ကြာလေ သူတပါးနိုင်ငံထက်ပိုနောက်ကျလေဖြစ်မှာပါ မိုးနဲ့မြေလိုကွာသွားနိုင်ပါတယ်။
ကျက်လို့ရတာကအလွန်ဆုံးတနှစ်ပေါ့ နားလည်ရင်အနဲဆုံးငါးနှစ်လောက်ထိမှတ်မိနိုင်ပါတယ်။ဆယ်တန်းပြန်ဖြေကလေးတွေမအောင်တညလဲဒါကြောင့်ပါပဲ။နားမလည်တော့ အကုန်အသစ်ပြန်ဖြစ်ဖြစ်နေလို့ပါ။
စာလဲရှည်ပြီဆိုတော့ ကျွန်တော့ဒီပို့စ်လေးကို ဆရာ ဆရာမတွေမြင်ခဲ့ရင် ဒီစနစ်လေးပေါ်လာအောင်ဆောင်ရွက်ပေးကြပါ စေတနာထားကြပါ၊ ကျောင်းသား ကျောင်းသူတွေကလဲ စနစ်နဲ့ဆရာတွေကိုအပစ်ပုံချမနေပဲ နားလည်အောင်အတတ်နိုင်ဆုံးကြိုးစားကြပါ လိန်မာကြပါ ကြိုးစားကြပါလို့ စေတနာဖြင့်
Aung San _Myan Share