Learn For Life -LFL

Learn For Life -LFL learn for life to success

23/12/2025
ယနေ့ အတွက် Message တစ်ခု🌟မနေ့က အမှားတွေကဒီနေ့ကို တားဆီးဖို့ မဟုတ်ဘူးဒီနေ့ကို ပိုမိုကောင်းအောင်သင်ခန်းစာပေးဖို့သာ ဖြစ်တယ်...
22/12/2025

ယနေ့ အတွက် Message တစ်ခု🌟

မနေ့က အမှားတွေက
ဒီနေ့ကို တားဆီးဖို့ မဟုတ်ဘူး
ဒီနေ့ကို ပိုမိုကောင်းအောင်
သင်ခန်းစာပေးဖို့သာ ဖြစ်တယ်။

အောင်မြင်မှုဆိုတာ
တစ်နေ့တည်းနဲ့ ရောက်လာတာ မဟုတ်ပေမယ့်
မလက်လွတ်ဘဲ ဆက်လျှောက်နေသူတွေက
အဆုံးမှာ သေချာပေါက် ရောက်နိုင်တယ်။

အခြေအနေ မကောင်းလို့ မရပ်ပါနဲ့
ယုံကြည်ချက် မပျောက်ပါနဲ့
ဒီနေ့ လုပ်နိုင်တာကို
အကောင်းဆုံး လုပ်လိုက်ပါ

သင့်ဘဝ ကို ပြောင်းလဲချင်လား။WWWH ကိုရောသိထားပြီးပြီလား။သင့်ဘဝကိုပြောင်းလဲဖို့ သင်ကိုယ်တိုင်ပြောင်းလဲမှ ရမှာပါ။ ဘယ်သူကမှ ...
21/12/2025

သင့်ဘဝ ကို ပြောင်းလဲချင်လား။WWWH ကိုရောသိထားပြီးပြီလား။

သင့်ဘဝကိုပြောင်းလဲဖို့ သင်ကိုယ်တိုင်ပြောင်းလဲမှ ရမှာပါ။ ဘယ်သူကမှ ဂရုတစိုက်လာပြီးပြောင်းလဲ ပေးမှာ မဟုတ်ပါဘူး။
ဒီလိုပြောင်းလဲ ဖို့ဆိုရင် (WWWH) ဆိုတဲ့ အရာကို သေချာနားလည်ထားဖို့လိုပါတယ်။

WWWH ဆိုတာဘာလဲ။ WWWH ဆိုတာ
What to - ကိုယ်ကဘာကိုလိုချင်တာလဲ
Why to - ဘာကြောင့်လိုချင်တာလဲ
Want to - လိုချင်စိတ် ဖြစ်ချင်စိတ်
How to - လိုချင်တာကိုရအောင် ဘယ်လိုလုပ်မလဲ

ဒီ (၄ ) ခုက အဓိက ကျပြီး ဘဝ ကိုတိုးတတ်စေနိုင်ပါလိမ့်မယ်။
အဲ့တော့

What to - ကိုယ်ဘာလိုချင်လဲဆိုတာကို အရင်သိအောင်လုပ်ပါ။ (ပစ္စည်းတခုခုလား ၊ ပန်းတိုင်တခုခုလား )

Why to - ဘာကြောင့်လိုချင်ရတာလဲ ဆိုတာသိရပါမယ်။
ဥပမာ-အဲ့ပစ္စည်းကိုဘာကြောင့်လိုချင်တာလဲ ၊ အဲ့ဒီ ပန်းတိုင်ကိုဘာကြောင့်ရောက်ချင်ရဝာာလဲ။

Want to - လိုချင်တဲ့စိတ် လုပ်ချင်တဲ့တွန်းအားတခု ရှိနေရပါမယ်။
ဥပမာ- ဆရာဝန် ဖြစ်ချင်တဲ့ လူကဆေးကျောင်းတတ်နိုင်ဖို့ စာကို တစိုက်မတ်မတ် လုပ်ချင်စိတ်ရှိရပါမယ်

How to - ဘယ်လိုဖြစ်အောင်လုပ်မလဲ ၊ ဘယ်လိုရအောင်လုပ်မလဲ ဆိုတဲ့ နည်းလမ်းရှိ ရပါမယ်။
အပေါ် ကအဆင့်တွေအတိုင်း တခုချင်းလုပ်‌ဆောင်ပြီးမှ လေ့လာထားတဲ့ အရာကိုဘယ်လို
အသုံးချရမယ်၊ ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာသိမှာပါ။

What to သိတဲ့သူက လမ်းမြင်တယ် ။
Why to နားလည်တဲ့သူက မရပ်ဘူး ။
Want to လုပ်ချင်စိတ်ရှိတဲ့သူက မပျက်ဘူး ။
How to လုပ်နိုင်တဲ့သူက အနိုင်ရတယ် ။

*သင်ကိုယ်တိုင်မပြောင်းရင် သင့်ဘဝ က မပြောင်းပါဘူး*

ဒီနေ့ကစပြီးပြောင်းလဲလိုက်ပါ

21/12/2025

ကိုယ့် မှာဆိုးရွားတဲ့ အကျင့်တခုရှိတယ် အဲ့တစ်ခုကို ‌နောက်တခါထပ်မလုပ်တော့ ဘူးလို့ ဆုံးဖြတ်ထားတယ် ဆို ရင်ဘယ်လိုတွေပြင်ဆင်သင့်လဲ ဘယ်လိုမျိုးပြင်ဆင်ရမလဲ။

အဲ့လို “ကိုယ်ဆိုးရွားတယ်ဆိုတာသိပြီး ပြန်မလုပ်တော့ဘူး” လို့ဆုံးဖြတ်တာဟာ တကယ်အရေးကြီးတဲ့ အပြောင်းအလဲအဆင့်ပထမ ပါ။
ဒီအဆင့်ကို မဖြတ်ကျော် နိုင်ဘဲ အဲ့အရာကိုဘဲ သိလျှက် နဲ့ထပ်ခါထပ်ခါလုပ်နေတဲ့ သူတွေရှိ ပါတယ်။
ဒါကို ပြောင်းလဲ ဖို့ ကြိုးစားနေပြီ ဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့သူဖြစ်လာနေပြီ။
ဒါပေမဲ့ “သိတာနဲ့ မပြင်နိုင်တာ” ဆိုတာလည်း လူတိုင်းကြုံဖူးပါတယ်။
အဲ့တော့ ဒီအောက်ကအဆင့်တွေလိုက်လုပ်ရင်း တဖြည်းဖြည်းပြောင်းလဲနိုင်ပါတယ်။

____________________________________________

၁။ ကိုယ့်အကျင့်ကို တိတိကျကျနားလည်ပါ။
ပထမဆုံး လုပ်သင့်တာက ဘာကြောင့် အဲ့အကျင့်ကိုလုပ်မိတာလဲ ဆိုတာကိုယ့်ကိုကိုယ် ပြန် ရှာဖို့ပါ။
ဥပမာ
• စိတ်ဖိစီးတဲ့အချိန်လုပ်မိတာလား?
• ငြီးငွေ့နေတဲ့အခါမျိုးမှာလား?
• တခြားသူလုပ်တာမြင်ပြီးလိုက်လုပ်တာလား?
ဒါတွေကို အရင်စတင်ပြီးအဖြေ ရှာ လိုက်ပါ။
ဒါကို နားလည်သွားမယ် ဆို ရင်ကိုယ်ရဲ့ “အာရုံ ကို ထိန်းချုပ်နိုင်ခြင်း”ဆို တဲ့ ပထမအဆင့်ကို စတင်လိုက်ပါပြီ။

၂။ ကိုယ့်အပြုအမူကို မပြုလုပ်မီခန ပြန်စဉ်းစားကြည့်ပါ။
မလုပ်မီမှာ “ဟုတ်လား ဒီအလုပ်ကိုပြန်လုပ်မယ်ဆိုတာအမှန်လား” လို့
၃ စက္ကန့်အတွင်း သတိရဖို့ လေ့ကျင့်ပါ။
ထို ၃ စက္ကန့် အတွင်းမှာ “Stop – Breathe – Choose” ဆိုတဲ့ အဆင့်သုံးခုသုံးပါ။
• Stop: စဉ်းစားပါ။
• Breathe: အသက်ကို ပုံမှန်ရှု သွင်းပါ။
• Choose: မှန်ကန်တဲ့ရွေးချယ် မှု ကို လုပ်ပါ။

ဒါတွေကို လေ့ကျင့်ရတာ အစောပိုင်းမှာခက်ခဲ ပါလိမ့်မယ် ။
ဒါပေမဲ့ အဲ့ဒီ အချက် ၃ ချက်ဟာ သင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို များစွာအထောက်အကူပြုပါလိမ့်မယ်။
____________________________________________

၃။ အဲ့ဒီမကောင်းတဲ့ အကျင့်ကို အစားထိုးဖို့ တစ်ခုရွေးပါ။
ကောင်းမွန်တဲ့အကျင့်တစ်ခုပြင်ဆင်ဖို့ “အစားထိုးသုံးနိုင်တဲ့အပြုအမူ” လိုပါတယ်။
တခြားအရာအပေါ်မှာအာရုံလွှဲ နိုင်ရပါမယ်။
ဥပမာများ
• အပြစ်ခံစားရတဲ့အခါ မုန့်စားတာ → ပြေးထွက်လှည့်ခြင်း
• တစ်ဖက်ကပြောလာတဲ့ ဝေဖန်ပြော ဆိုမှု ကို တုန့်ပြန်တဲ့ အခါ → အသက်ကို ပုံမှန် ရှူရှိုက်ပြီး
၁၀ စက္ကန့်စောင့်ပြီးမှ စကားပြန်ပြောခြင်း
• ဆေးလိပ်သောက်ချင်လာတဲ့အခါ‌၊ မကောင်းတဲ့ အကျင့်ကို လုပ်မိခါနီး အချိန် → ဖုန်းကိုအဝေးထားပြီး သီချင်းနားထောင်ခြင်း ၊ စာအုပ်ဖတ်ခြင်း
____________________________________________

၄။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ (Self-compassion)
အကျင့်ဆိုးက‌ တော်ရုံ နဲ့ မပျောက်ဘဲ ပြန်လုပ်မိတာဖြစ်နိုင်တယ်။
ဒါဆို “အို…ပြန်လုပ်မိပြန်ပြီ” လို့မပြောပါနဲ့။
အစား “ဒီတစ်ခါတော့ သိပြီးပြန်လုပ်မိတာ” လို့ သိမြင်ပြီး ကိုယ့်် ကိုယ် ပြန်ထိန်းကျောင်းပါ ။
ဒါဆို ကိုယ့် အမှားကို ပြန်ပြီး သုံးသပ်နိုင်သွားမှာ ပါ ။
____________________________________________

၅။ “ပြောင်းချင်တဲ့အကြောင်းအရင်း” ကို နေ့တိုင်းသတိရပါ
အကျင့်တစ်ခုကို မလုပ်တော့ဖို့အကြောင်းအရင်းဟာ မင်းရဲ့အားအင်ဖြစ်တယ်။
နေရောင်လိုမျိုး — တစ်ခါတစ်ခါမမြင်လည်း ရှိနေတဲ့အရာ။
“ဒီအကျင့်မရှိတော့ရင် ဘယ်လောက်အေးချမ်းမယ်ဆိုတာ” ကို စဉ်းစားပါ။

ဒီ အရာတွေကိုအဆင့်ဆင့် လုပ်ဆောင်နိုင်သွားပြီဆိုရင် သင့်နေစဉ် ဘဝ ကို အမှားနည်းစွာနဲ့ ပျော်ရွင်စွာ ဖြတ်သန်းနိုင်သွား ပါလိမ့်မယ်။

Address

78&35 Streets
Mandalay

Telephone

+959797304285

Website

Alerts

Be the first to know and let us send you an email when Learn For Life -LFL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learn For Life -LFL:

Share