26/09/2026
ဒီနေ့လေ့လာမယ့် English Word — LIFT 💙💛
“Lift” ဆိုတဲ့စကားလုံးကို “မြှောက်သည်” လို့ပဲ သိထားရင် မလုံလောက်သေးပါဘူး။
နေ့စဉ် English စကားပြောရာမှာ အခြေအနေအလိုက် အဓိပ္ပါယ်အမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ 👇
🔹 1. Lift = မြှောက်သည်
👉 She lifted the box onto the table.
➡️ သူမက သေတ္တာကို စားပွဲပေါ် မြှောက်တင်လိုက်တယ်။
🔹 2. Lift = ကောက်ယူသည်
👉 She lifted the book from the floor.
➡️ သူမက ကြမ်းပြင်ပေါ်က စာအုပ်ကို ကောက်ယူလိုက်တယ်။
🔹 3. Lift = ကိုင်ပြီး သယ်သည် / မြှောက်သယ်သည်
👉 He lifted her into the car.
➡️ သူက သူမကို ကားထဲကို ချီပြီး ထည့်ပေးလိုက်တယ်။
🔹 4. Lift = တိုးတက်ကောင်းမွန်စေသည်
👉 Exercise can lift your mood.
➡️ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားချက်ကို ပိုကောင်းလာစေနိုင်တယ်။
🔹 5. Give someone a lift = ကားနဲ့ လိုက်ပို့ပေးသည် 🚗
👉 Can you give me a lift to the station?
➡️ ဘူတာရုံအထိ ကားနဲ့ လိုက်ပို့ပေးနိုင်မလား။
🔹 6. Lift (noun) = ဓာတ်လှေကား 🛗
👉 Take the lift to the fifth floor.
➡️ ပဉ္စမထပ်ကို ဓာတ်လှေကားနဲ့ တက်ပါ။
💡 မှတ်ထားရမှာက — စကားလုံးတစ်လုံးတည်းဖြစ်ပေမယ့် Context အလိုက် အဓိပ္ပါယ်ကွာနိုင်ပါတယ်။
Lift = မြှောက်သည် / ကောက်ယူသည် / ချီသယ်သည် / တိုးတက်စေသည် / ကားနဲ့လိုက်ပို့သည် / ဓာတ်လှေကား ✨
📌 English ကို စကားလုံးတစ်လုံးချင်း အလွတ်ကျက်တာထက် Sentence ထဲမှာ ဘယ်လိုအသုံးပြုလဲ ဆိုတာနဲ့ တွဲပြီး လေ့လာကြရအောင်။
The First English Language & Computer Center
💙 Better English, Brighter Future. 💛