ITAS

ITAS IT & ELV & Smart Automation Solutions Provider

26/10/2025

📢 CCTV Technician အလိုရှိပါသည်။

ရာထူး: CCTV Technician
အလုပ်တည်နေရာ: မန္တလေးမြို့
လုပ်ငန်းအမျိုးအစား: IT & ELV (CCTV, Network, PABX, PA,Fire Alarm,Access Control and Smart System Installation)
အလုပ်ချိန်: တနင်္လာမှ စနေ (နံနက် ၈:၃၀ မှ ညနေ ၅:၃၀)
လစာ: လုပ်သက်နှင့် အတွေ့အကြုံပေါ်မူတည်၍ (မြန်မာကျပ် ၅၀၀,၀၀၀ – ၈၀၀,၀၀၀)

အလုပ်တာဝန်များ
• CCTV camera များတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်း
• NVR/DVR system များကို setup လုပ်ခြင်း
• Cable wiring, laying and installation လုပ်ဆောင်ခြင်း
• Site တွင် installation team နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း
• Client site များတွင် တပ်ဆင်မှု quality ကို စစ်ဆေးခြင်း

⸝

လိုအပ်သော အရည်အချင်းများ
• CCTV Installation / Electrical / Network ပိုင်းအတွေ့အကြုံ (အနည်းဆုံး ၁နှစ်)
• DVR, NVR, IP Camera, Analog Camera များ အသုံးပြုပြီး Setup လုပ်တတ်သူ
• Cable Laying,Splicing, Termination, Crimping လုပ်တတ်သူ
• Basic IT/Network Knowledge ရှိသူ (Router, Switch configuration အခြေခံနားလည်သူ)
• တာဝန်ယူဆောင်နိုင်သူ၊ အဖွဲ့လိုက်လုပ်နိုင်သူ

⸝

အကျိုးခံစားခွင့်များ
• လစာတိုးမှု့ အခွင့်အလမ်း
• လေ့ကျင့်ရေးနှင့် အတတ်ပညာမြှင့်သင်တန်းများ
• အလုပ်အပန်းဖြေခရီး (Team Trip)
• အချိန်မီလစာပေးခြင်း

⸝

လျှောက်ထားနည်း

စိတ်ဝင်စားပါက –
📧 Email: [email protected]
📞 ဖုန်း: 0943165919
📍 လာရောက်လျှောက်ထားရန် လိပ်စာ – No.151/1, Tagontaing Zaytan Ward, Pyigyitagon Township, Mandalay

📌 Odoo ERP System ဆိုတာ ဘာလဲ? ဘာကြောင့် စီးပွားရေးလုပ်ငန်းတိုင်း အသုံးပြုသင့်တာလဲ?Odoo ERP ဆိုတာက သင့်လုပ်ငန်းအတွက် လိုအ...
20/07/2025

📌 Odoo ERP System ဆိုတာ ဘာလဲ? ဘာကြောင့် စီးပွားရေးလုပ်ငန်းတိုင်း အသုံးပြုသင့်တာလဲ?
Odoo ERP ဆိုတာက သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Tool တွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ စမတ်ကျတဲ့ Business Management Software တစ်ခုပါ။ လုပ်ငန်းအရွယ်အစား မရွေး အခမဲ့ (နှင့် Paid Version) အသုံးပြုနိုင်ပြီး Accounting, Inventory, Sales, HR, CRM စတဲ့ လုပ်ငန်းတွင်း လုပ်ဆောင်ချက်တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်မယ့် All-in-One Solution တစ်ခုဖြစ်ပါတယ်။
💡 Odoo ကို ဘာကြောင့် အသုံးပြုသင့်လဲ?
✅ Module System – သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Module တွေကိုသာ ရွေးချယ်အသုံးပြုနိုင်တယ် (ဥပမာ – Sale, Inventory,POS,E-commerce Website, Manufacturing, HR)။
✅ Cloud & On-Premise – Cloud/Online ကနေရော၊ ကိုယ်ပိုင် Server မှာပါ တင်ပြီး အသုံးပြုနိုင်ပါတယ်။
✅ Mobile-Friendly – Android/iOS App နဲ့ ဘယ်နေရာကနေမဆို Access လုပ်နိုင်တယ်။
✅ မြန်မာဘာသာ ပါဝင်ခြင်း – Localization Support ရှိပြီး မြန်မာငွေ၊ အခွန်စနစ်တွေနဲ့လည်း ကိုက်ညီအောင် အသုံးပြုနိုင်ပါတယ်။
✅ ဈေးနှုန်းချိုသာပြီး အသေးစားလုပ်ငန်း ကနေ လုပ်ငန်းကြီးတွေအထိ ချဲ့ထွင်အသုံးပြုနိုင်တယ်။
📊 Odoo မှာ ဘာတွေလုပ်လို့ရလဲ?
ငွေကြေးစီမံခန့်ခွဲမှု (Accounting & Invoicing)
ပစ္စည်းစာရင်း (Inventory Management)
အရောင်းနဲ့ CRM (Sales & Customer Management)
ဝန်ထမ်းစီမံခန့်ခွဲမှု (HR & Payroll)
အွန်လိုင်းစတိုး (E-commerce Website)
POS System (ဆိုင်ခွဲများအတွက်)
ထုတ်လုပ်မှုစနစ် (Manufacturing)
🔍 Odoo ERP System က ဘယ်သူတွေအတွက် သင့်တော်လဲ?
Odoo ERP က လုပ်ငန်းအရွယ်အစား မရွေး အသုံးပြုနိုင်ပေမယ့်၊ အထူးသဖြင့် ဒီလိုလုပ်ငန်းရှင်တွေနဲ့ အထူးကိုက်ညီပါတယ် 👇
1️⃣ အသေးစား/အလတ်စား လုပ်ငန်းရှင်များ (SMEs)
✔ ဘတ်ဂျက်အကန့်အသတ်ရှိပြီး ERP System စနစ်တစ်ခု လိုအပ်နေသူများ
✔ Excel/မှတ်စုစာအုပ်နဲ့ Manual Tracking လုပ်နေရတာ ပြဿနာရှိသူများ
✔ လုပ်ငန်းကို Digital ပြောင်းချင်ပေမယ့် ဘယ်ကစရမှန်းမသိသူများ
ဥပမာ - ကုန်ပစ္စည်းရောင်းချသူများ၊ လက်လီ/လက်ကားဆိုင်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ
2️⃣ ထုတ်လုပ်ရေးနဲ့ ကုန်စည်စီမံခန့်ခွဲမှု လုပ်ငန်းများ
✔ ပစ္စည်းစာရင်း (Inventory)၊ ထုတ်လုပ်မှု (Manufacturing) ကို System နဲ့ တိကျစွာ Track လုပ်ချင်သူများ
✔ ကုန်ပစ္စည်း အဝင်/အထွက် များပြီး Stock ထိမ်းချုပ်ရတာ အဆင်မပြေနေသူများ
ဥပမာ - စက်ရုံများ၊ ကုန်သည်ကြီးများ၊ ဖြန့်ဖြူးရေးလုပ်ငန်းများ
3️⃣ ဝန်ဆောင်မှုလုပ်ငန်းများ (Service Businesses)
✔ Project Management (ဥပမာ - IT Company,ELV Company, M&E Company, Marketing Agency)
✔ အချိန်နဲ့တပြေးညီ Quotation/Invoice/ငွေစာရင်း ပြုလုပ်လိုသူများ
4️⃣ ဆိုင်ခွဲများစွာ ဖွင့်ထားသူများ (Multi-Branch Businesses)
✔ POS System နဲ့ ဆိုင်ခွဲတွေရဲ့ အရောင်းစာရင်းများကို ဗဟိုစနစ် တစ်ခုတည်းမှ စီမံလိုသူများ
✔ Head Office က ဘတ်ဂျက်/အရောင်းစာရင်းများကို Real-Time မြင်ချင်သူများ
ဥပမာ - စူပါမားကတ်များ၊ ဆိုင်ခွဲအများကြီးရှိသော လုပ်ငန်းများ
5️⃣ အွန်လိုင်းရောင်းချသူများ (E-Commerce Businesses)
✔ Website (သို့) page ကနေ အရောင်းစီမံခန့်ခွဲချင်သူများ
✔ အော်ဒါ၊ အချက်အလက်၊ ငွေစာရင်းများကို Auto Sync လုပ်ချင်သူများ
📌 စိတ်ဝင်စားပါသလား?
သင့်လုပ်ငန်းအတွက် Odoo ERP System Demo လေးကို Free of Charge အနေနဲ့ စီစဉ်ပေးနိုင်ပါသည်!
ဒီ Comment or Page Messenger မှာ လာရောက် ဆက်သွယ်နိုင်ပါတယ်။

🚀 သင့်လုပ်ငန်း၏ HR လုပ်ငန်းစဉ်များကို Odoo ERP System ဖြင့် စတင်လိုက်ပါ!  🚀Odoo HR Management System သည် ဝန်ထမ်းများ၏ အခ...
19/07/2025

🚀 သင့်လုပ်ငန်း၏ HR လုပ်ငန်းစဉ်များကို Odoo ERP System ဖြင့် စတင်လိုက်ပါ! 🚀

Odoo HR Management System သည် ဝန်ထမ်းများ၏ အချက်အလက်များ၊ အလုပ်ချိန်စီမံခန့်ခွဲမှု၊ လစာနှင့် ခရီးစရိတ်များကို တစ်နေရာတည်းမှ လွယ်ကူစွာ စီမံနိုင်မည့် စနစ်တစ်ခုဖြစ်ပါသည်။

✨ Odoo HR ၏ အဓိက Feature များ
✔ Human Resource Management – ဝန်ထမ်းများ၏ Profile, စာချုပ်များ, အားလပ်ရက်များကို တစနေရာထဲမှ စီမံခန့်ခွဲနိုင်ခြင်း
✔ Attendance and Leave Management – ဝန်ထမ်းများ၏ အလုပ်ချိန်၊ ခွင့်ယူမှုများကို အလိုအလျောက် Tracking လုပ်နိုင်ခြင်း
✔ လစာနှင့် ငွေကြေးစီမံခန့်ခွဲမှု – လစာတွက်ချက်မှု၊ ဘဏ်ငွေလွှဲမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း
✔ အကဲဖြတ်ခြင်းနှင့် Performance Management – ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ခြင်း
✔ Recruitment Process Automation – အလုပ်ခန့်ခြင်းလုပ်ငန်းစဉ်များကို အလိုအလျောက်စီမံနိုင်ခြင်း

💼 သင့်လုပ်ငန်းအတွက် ဘယ်လို အထောက်အကူဖြစ်မလဲ?
HR လုပ်ငန်းစဉ်များကို လျှော့ချခြင်း – စာရွက်စာတမ်းများနှင့် Manual Process များကို လျှော့ချနိုင်ပါသည်။

တိကျမှန်ကန်သော အချက်အလက်များ – ဝန်ထမ်းဆိုင်ရာ အချက်အလက်များကို Real-Time တွင် Update လုပ်နိုင်ပါသည်။

အချိန်နှင့် ငွေကြေးချွေတာမှု – HR လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ပါသည်။

📌 စိတ်ဝင်စားပါသလား?
သင့်လုပ်ငန်းအတွက် Odoo HR Demo လေးကို Free of Charge အနေနဲ့ စီစဉ်ပေးနိုင်ပါသည်!
ဒီ Post comment or Page Messenger မှာ လာရောက် ဆက်သွယ်နိုင်ပါတယ်။
Odoo HR Management System ကို ကိုယ်တိုင် လက်တွေ့ အခမဲ့ စမ်းသပ်ကြည့်ရှုနိုင်ပါပြီ!

✨ Demo တွင် ဘာတွေကြည့်ရှုနိုင်မလဲ?
✔ ဝန်ထမ်း အချက်အလက် စီမံခန့်ခွဲမှု
✔ အချိန်နှင့် ခွင့်ယူမှု စနစ် (Attendance & Leave Management)
✔ Recruitment လုပ်ငန်းစဉ် အလိုအလျောက် စီမံခန့်ခွဲမှု

🚀 လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်လိုသူများအတွက်  1️⃣ Sales System  အလုပ်စားပွဲပေါ်မှာ စ...
16/07/2025

🚀 လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်လိုသူများအတွက်

1️⃣ Sales System

အလုပ်စားပွဲပေါ်မှာ စာရွက်စာတမ်းတွေနဲ့ ရှုပ်နေပီလား?
✔ ဘယ်နေရာရောက်ရောက် မိမိလုပ်ငန်းရဲ့ Invoice/Quotation တွေကို ကြည့်ရှု လုပ်ဆောင်နိုင်မယ်
✔ ဖောက်သည်တွေကို Auto Reminder ပို့ပေးနိင်မယ် (ငွေမရသေးတဲ့ Bill တွေကို အလိုအလျောက် သတိပေးစေနိင်မယ်)
✔ ရောင်းအားတွေကို နေ့စဉ်/လစဉ် Report ထုတ်ကြည့်လို့ရမယ်

2️⃣ POS System

ဆိုင်မှာ ဝယ်ယူသူတွေကို ကြာမြင့်စွာ စောင့်ခိုင်းထားနေရတာလား?
✔ Barcode Scan ဖတ်ပြီး ၁ စက္ကန့်အတွင်း Bill ထုတ်နိုင်
✔ မြန်မာဘာသာဖြင့် Receipt ထုတ်နိုင်
✔ Internet မရှိရင်လည်း အလုပ်လုပ်နိုင် (နောက်မှ Auto Update ဖြစ်ပါမယ်)

3️⃣ Inventory System
ကုန်ပစ္စည်းတွေ Warehouse မှာ ဘယ်နှစ်ခုကျန်မှန်းမသိတော့ဘူးလား?
✔ Stock ဝင်ထွက်တိုင်း Real-Time Update ဖြစ်နေမယ်
✔ Stock နည်း လာရင် အလိုအလျောက်သတိပေးနိုင်မယ်
✔ ကုန်ပစ္စည်းတွေရဲ့ တည်နေရာကို တိကျစွာသိရှိနိုင်ပါမယ်

🎁 Special Offers!
ပထမဆုံး ဆက်သွယ်သူ 3 ဦးအတွက်
✔ Free Demostration for Your Business
✔ Setup & Configuration Free
✔ 1 Hours Online Training & 1 Month Free Support

📲💬Contact Us Today ! 📧🌐

Golden ITAS Company
Email : [email protected]
Website : www.itasmdy.com
No (151/1), Tagontaine Zaytan Ward, PyiGyiTagon Township, Mandalay Region.
Contact No : 0943165919, 095197468

🔍 Understanding CCTV System Design | Secure Your Property with the Right Setup!📌 Here’s a schematic diagram showcasing a...
19/03/2025

🔍 Understanding CCTV System Design | Secure Your Property with the Right Setup!

📌 Here’s a schematic diagram showcasing a standard CCTV system setup, designed for optimal security and surveillance. A well-planned CCTV system ensures better coverage, remote monitoring, and enhanced safety for homes, offices, and businesses.

✅ Key Components in a CCTV System:
🔹 High-quality IP/Analog Cameras
🔹 NVR/DVR for Recording & Storage
🔹 Power Supply & Network Configuration
🔹 Remote Access & Mobile Monitoring

🛠️ At our Gold ITAS Company, we specialize in designing, installing, and optimizing CCTV solutions tailored to your needs. Whether it's a home, office, or commercial space, we ensure seamless integration and top-tier security.
📞 Need expert advice on your CCTV setup? Contact us today!

📍 Location: No.151/1, Tagontain Zaytan Ward, Pyigyitagon Township, Mandalay, Myanmar

📲 Call/Message us: 0943165919

🌐 Website: www.itasmdy.com

31/12/2024

ကိုယ်တွေ ကျောင်းတော်ကြီးမှာတုန်းက သင်္ချာတွက်တော့ Fortran နဲ့ သင်ရတယ်။ တွက်ရတာတွေက Control Engineering ပုစ္ဆာတွေ။ ထုံးစံအတိုင်းပဲ ကျောင်းပြီးသွားတော့ ကျောင်းစာတွေကို စာသင်ခန်းထဲမှာပဲ ထားခဲ့ရပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ထဲမှာ နေ့စဥ်လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နိုင်အောင် သင်ယူကြရတယ်ပေါ့။ စာတွေသင်ခဲ့လို့ လုပ်ငန်းခွင်မှာ အဆင်ပြေပြေလုပ်ကိုင်နိုင်ကြတယ်ဆိုတာ အမှန်တရားဖြစ်ပေမယ့် သင်ခဲ့ရတဲ့စာတွေအတိုင်း သင်္ချာတွေ ချတွက်နေရတာလည်း မဟုတ်ပြန်ဘူး။

ကျောင်းတော်ကြီးမှာ ထောင်းလမောင်းကြေအောင်တွက်ခဲ့ရတဲ့ Control အပိုင်းတွေကို Robotics အပိုင်းကို မြည်းစမ်းကြည့်တော့ တွေ့လာရပါတယ်။ Python နဲ့ coding ရေးရတာက မခက်လှပေမယ့် နောက်ကွယ်က သင်္ချာသဘောတရားတွေက လွယ်လွယ်ကူကူ နားမလည်ပါဘူး။ Robotics မှာ Control အပိုင်းကို AI တွေ Machine Learning တွေနဲ့ လုပ်ကြတယ်လို့ပဲ အများနားလည်ထားကြပေမယ့် အဲ့ဒီ ML Algorithm ဘာတွေကို train သွားတာလဲ။

ဥပမာမယ် humanoid robot တွေမှာ လူတွေလမ်းလျှောက်သလို စက်ရုပ်ကလျှောက်နိုင်အောင်လို့ train လုပ်မယ်ဆိုပါစို့။ လူတွေလမ်းလျှောက်တဲ့ mechanism မှာ ဟန်ချက်ဘယ်လိုထိန်းရမယ်ဆိုတာကို လူတွေက လူသားကလေးငယ်ဘဝကထဲက သင်ယူတတ်မြောက်ခဲ့ကြတာပါ။ အဲ့ဒီ လမ်းလျှောက်တဲ့ Control mechanism ကို physical body control engineering အနေနဲ့ နည်းပညာတွေ ရှိထားပြီးသားပါ။

အဲဒီ Control Engineering မှာ လိုအပ်တဲ့ control parameters အများကြီးကို တပြိုင်နက်ချိန်ညှိနိုင်ဖို့အတွက် Machine Learning နည်းပညာတွေကို ထည့်သွင်းသုံးစွဲသွားနိုင်လို့ ဒီနေ့ခေတ် humanoid robot တွေ လမ်းလျှောက်တာ ပြေးတာ ခုန်တာ ဂျွမ်းထိုးတာတွေ လုပ်လာနိုင်ကြတာပါ။

Knowledge Sharing ပြုလုပ်ပေးခဲ့တဲ့ Python Code လေးတွေ နဲ့ Installation & Configuration Guides လေးတွေကို  အောက်ဖော်ပြပါ က...
13/12/2024

Knowledge Sharing ပြုလုပ်ပေးခဲ့တဲ့ Python Code လေးတွေ နဲ့ Installation & Configuration Guides လေးတွေကို အောက်ဖော်ပြပါ ကျွန်တော်တို့ရဲ့ GitHub Account မှာ တင်ထားပေးပါတယ်....
စိတ်ဝင်စားရင် ဝင်ရောက် ကြည့်ရှု အကြံပေး ဆွေးနွေး နိုင်ပါတယ် ခင်ဗျာ....

Contribute to ITASMDY/ITAS development by creating an account on GitHub.

Knowledge Sharing: Creating Web API Server for Myanmar Village Information By Using Python ဒီ Script လေးကတော့ Python ကို...
28/11/2024

Knowledge Sharing: Creating Web API Server for Myanmar Village Information By Using Python

ဒီ Script လေးကတော့ Python ကို အသုံးပြုပြီး Web API server တစ်လုံး တည်ဆောက်ထားတဲ့ Script လေးပါ
Myanmar Village Information တွေကို ထုတ်ပေးတဲ့ Web API တစ်ခုပါ…
Data ကတော့ Myanmar Information Management Unit(themimu.info) ကနေ Free ပေးထားတဲ့ Dataset လေးကို အသုံးပြုထားတာပါ…
States name ပေါ်မူတည်ပြီး အဲဒီ့ States အောက်မှာ ရှိတဲ့ Village Information တွေကိုလဲ ပြပေးနိုင်ပါတယ်…..
စိတ်ဝင်စားရင် စမ်းသပ်ကြည့်လို့လဲ ရပါတယ်….လိုအပ်သလို ချဲ့ထွင် စဉ်းစားပြီးလဲ အသုံးပြုနိုင်ပါတယ်….
Knowledge Sharing မှာ တင်ထားတဲ့ Python codes တွေကိုလဲ ကျွန်တော်တို့ရဲ့ အောက်ဖော်ပြ github account မှာလဲ တင်ထားပေးပါတယ်…
https://github.com/ITASMDY/ITAS

Knowledge Sharing: Connecting and Retrieving Data From MySQL Database ဒီ Python Script လေးကတော့ MySQL Database ကို Pytho...
25/11/2024

Knowledge Sharing: Connecting and Retrieving Data From MySQL Database

ဒီ Python Script လေးကတော့ MySQL Database ကို Python ကနေ connect လုပ်ပြီးတော့ Databases တွေထဲမှာ ရှိတဲ့ Databases Name တွေ Tables Name တွေကို ကြည့်ရှုနိုင်ပါတယ်…ကိုယ် Run ချင်တဲ့ SQL query တွေကို Run ပေးပြီးတော့ ထွက်လာတဲ့ Result တွေကို ထုတ်ပြ ပေးနိုင်ပါတယ်….
စိတ်ဝင်စားရင် စမ်းသပ်ကြည့်လို့လဲ ရပါတယ်….လိုအပ်သလို ချဲ့ထွင် စဉ်းစားပြီးလဲ အသုံးပြုနိုင်ပါတယ်….

ဒီ Code လေးကို Run ဖို့အတွက် Python 3.0 နှင့် အထက်ရယ်.. mysql-connector-python ဆိုတဲ့ Module ကို Install လုပ်ဖို့ လိုအပ်ပါမယ်…
Module Install Command : pip install mysql-connector-python

MySQL Server/VM/Docker Container တစ်လုံးရယ် သူ့ရဲ့ Information တွေလဲ လိုအပ်ပါတယ်....

Knowledge Sharing မှာ တင်ထားတဲ့ Python codes တွေကိုလဲ ကျွန်တော်တို့ရဲ့ အောက်ဖော်ပြ github account မှာလဲ တင်ထားပေးပါတယ်…

https://github.com/ITASMDY/ITAS

13/11/2024

Our Project Reference...

Address

No (151/1), Tagon Tine Zay Tan Ward, Pyi Gyi Tagon Township
Mandalay
05051

Alerts

Be the first to know and let us send you an email when ITAS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ITAS:

Share