Kyaw Kyar Offset

Kyaw Kyar Offset ကျော်ကြားပုံနှိပ်တိုက်မှ စက္ကူတံဆိပ် ဂျပ်ဘူး ဘောက်ချာ စတေကာတံဆိပ် များကို ဝန်ဆောင်မှု့ ပေးပါသည်

08/09/2024

သစ်တံခါးဆရာတော် ဒေါနထေရ်ရှင် ၏
“ကမ္ဘာ့‌မေတ္တာကမ္မဋ္ဌာန်းကျင့်စဉ် ပို့လွှတ်လွှမ်းခြုံပုံ”ကို ပူဇော်ချင်တာကြာပါပြီ သူငယ်ချင်းတစ်ယောက်ဆီက မိတ္တူကို ရတော့ သူတကာလဲ ကိုယ်လို ပူဇော်ချင်တဲ့သူ ရှိမှာပဲ ဓမ္မဒါနကုသိုလ်အဖြစ် လှူမယ်စိတ်ကူးပြီး ရေးသားပေးရခြင်းဖြစ်ပါတယ် ဟိန်းထက်စာပေ မှ ထွက်ရှိသော စာအုပ်မှ ကူးယူတင်ပြပါတယ်
com; တင်ထားပါတယ် အားလုံးကျမ်းမာ ချမ်းသာကြပါစေ

08/09/2024

သစ်တံခါးဆရာတော် ဒေါနထေရ်ရှင်
သီတင်းသုံးရာနေရာမှ စတင်၍
“ကမ္ဘာ့‌မေတ္တာကမ္မဋ္ဌာန်းကျင့်စဉ် ပို့လွှတ်လွှမ်းခြုံပုံ”

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သက္ကတေကျေးရွာ ဒေါန တောင် တောင်ထန်း တောင်တန်းပေါ်၌ သီတင်းသုံး ကာ အဓိဋ္ဌာန် ဆောင်ရွက်နေသော အဓိဋ္ဌာန်အောင် စကြာရတနာယန္တရားဂူ ကျောင်းတော်မြတ်ကြီး အ တွင်း မှ အဓိဋ္ဌာန်ဝင် ကာ အားထုတ်နေသော သစ်တံ ခါး ဆရာတော်ဘုရားမှ ကရင်ပြည်နယ် အတွင်း ရှိကြကုန်သော မုလအိတောင်ဆံတော်ရှင် စေတီ တော်မြတ်၊ ဒေါန ဆံတော်ရှင် ရွှေတိဂုံစေတီ၊ ဒေါန ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ၊ ဒေါန မဟာမုနိ ရုပ်ရှင် တော်မြတ်ကြီး၊ ဇွဲကပင်ဆံတော်ရှင်စေတီ၊ ဆဒ္ဒန်ဂူ၊ မဏိရတနာ ဆံတော်ရှင်စေတီ၊ ရွှေရင်မျှော်ဘုရား၊ လွန်းညစေတီ၊ ကျောက်ကလာပ်စေတီတော်၊ ဘုရင့် ညီဂူ ၊ ရသေ့ပြန်ဂူ၊ ရွှေမြင်းဝန်စေတီ၊ ကျောက်လုံး ကြီး၊အလိုတော်ပြည့် ရွှေတိဂုံ ရွှေဘုန်းပွင့်စေတီမြတ် တို့အား သောက်တော် ရေချမ်း၊ ဆီမီး၊ ပန်းတို့ ကပ်လှူပူ ဇော်ကာ ဗုဒ္ဓဓါတ်ကို အရယူ၍ ကရင်ပြည် နယ် အတွင်းရှိကြကုန်သော ရဟန္တာပုဂ္ဂိုလ် အရှင် မြတ်များ၊ ပရိယတ္တိ ပဋိပတ္တိ ထေရ်ရှင် သံဃာပေါင်း တို့၏ မေတ္တာဓါတ်ကို အရယူကာ မေတ္တာကမ္မဋ္ဌာန်း ဂုဏ်တော်ကျင့်စဉ်လမ်းဖြင့်ပေါက်ရောက်အောင်မြင်ကြကုန်သောဆရာတော် ဘုရားကြီးများ ဝိဇ္ဇာ ဇော်ဂျီ၊ တပသီ နှင့် ရသေ့ရှစ်သောင်း ဆရာပေါင်း တို့၏ မေတ္တာ ဓါတ် ကိုခံယူ၍ ကရင်ပြည်နယ်အတွင်း ရှိကြ ကုန်သော ဗုဒ္ဓရုပ်ပွား စေတီ ဘုရားများ၊ သာသနိက အဆောက်အဦးများ မြို့တော်၊ ရွာတော်၊ နယ်တော် တို့အား စောင့်ရှောက်ကြကုန် သော မြို့တော်ရှင်၊ ရွာတော်ရှင်၊ နယ်တော်ရှင် အပေါင်းတို့၏ မေတ္တာ စွမ်းပကား မြတ်တရားတို့ကြောင့် . . . .
ကရင်ပြည်နယ်အတွင်း ရှိကြကုန်သော ဆရာတော် ဘုရားကြီးများ ဘာသာအသီးသီး၊ လူမျိုးအသီးသီး၊ ယောက်ျား,မိန်းမ ပုဂ္ဂိုလ်,သတ္တဝါ မှန်သမျှ အနန္တ တို့ သည် အေးချမ်းကြပါစေ။ သာယာကြပါစေ။ ဘေးရန် အန္တရာယ် ကင်းကြပါစေ။ ကိုယ်စိတ်နှလုံး ရွှင်ပြုံး သာယာကြပါစေ။ ရောဂါကပ်ဆိုး ဘေးအမျိုးမျိုးနှင့် စစ်ဘေးရန် အန္တရာယ် ရန်စွယ် မှန်သမျှ လက်နက် ဘေး ငတ်မွတ်ခေါင်းပါး အစာရှားမှု ဘေးအမျိုးမျိုးမှ လွတ်ကင်း ကြပါစေ။ အေးချမ်း သာယာ ကြပါစေ။ “သတ္တန္တရကပ်၊ရောဂန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်” ဟုဆို အပ်သော ကပ်ကြီးသုံးပါးမှ လွတ်ကင်းကြပါစေ။ ဘေးပေါင်းရန်အသွယ် အန္တရာယ်မှန်သမျှ ကင်းဝေး ကြပါစေ။
မေတ္တာမိုးတွေ ရွာသွန်းဖြိုး၍ မေတ္တာတည်း ဟူ သော အခိုးအငွေ့၊ မေတ္တာတည်းဟူသော ရေဇလာ ၊ မေတ္တာတည်းဟူသော လျှပ်စစ်ရောင်ခြည်တွေ ကူး စက်ပြန့်နှံ့ကာ အေးချမ်း ခြင်းသို့ ရောက်ကြပါစေ ။ ကရင်ပြည်နယ် တစ်ပြည်နယ်လုံး မေတ္တာဓါတ်တွေ လွှမ်းခြုံပို့လွှတ်ပါ၏။အေးချမ်းကြပါစေ။ သာယာကြ ပါစေ။ ကရင်ပြည်နယ် တစ်ပြည်နယ်လုံး ဘေးမသီ ရန်မခ အေးကြည်မြ၍ အေးချမ်းသာယာရှိကြပါစေ။ မေတ္တာဓါတ်တွေ ပို့လွှတ်လွှမ်းခြုံပါ၏။ အေးချမ်း သာယာကြပါစေ။ မေတ္တာမိုးတွေ ရွာသွန်းဖြိုးပါ၏။
စိတ်မှာရွှင်လန်း ဘေးမသန်းပါဘဲ အေးချမ်းသာယာရှိကြပါစေ။

* ဤကဲ့သို့ မေတ္တာဓါတ်တွေ ပို့လွှတ်လွှမ်းခြုံပါက ပီတိဖြစ်၍ အေးချမ်းလှပါ သည်။ စိတ်ရွှင်လန်း၍ အေးချမ်းရပါသည်။ *
မေတ္တာစေတနာဖြင့် သစ်တံခါး ဒေါနထေရ်ရှင်

08/09/2024

“ကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်း ကျင့်စဉ်ပို့လွှတ် လွှမ်းခြုံပုံကား”
*********************************************************************************************************
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၃ ကြိမ်ရွတ်ဆိုပါ)
ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။ (သရဏဂုံဆောက်တည်ပါ)

ငါးပါးသီလခံယူပါ (အတိုနည်းသီလခံယူပုံ) “
ဣမံ ပဉ္စသီလ သိက္ခာပဒံ သမာဒိယာမိ “အာမဘန္တေပါ အရှင်ဘုရား”
(အလုပ်များမှ အတိုခံယူပါ)

“ဘုရားဂုဏ်တော်ရှိခိုးပါ”
ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသ ဓမ္မသာရထိ သတ္ထာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ တိ။
“တရားဂုဏ်တော်ရှိခိုးပါ”
သွာက္ခာတော ဘဂဝတာဓမ္မော၊ သန္နိဋ္ဌိကော အကာလိကော ဧဟိပဿိကော၊ ဩပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။
“သံဃာဂုဏ်တော်ရှိခိုးပါ”
သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိ ပန္နော ဘဂ၀တော သာဝကသံဃော၊ ဥာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊ ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝက သံဃော၊ အာဟုနေယျော ပါဟုနေယျော ဒက္ခိနေယျော အဉ္ဇလီ-ကရဏီယော
အနုတ္တရံ ပုည က္ခေတ္တံ လောကဿာတိ။

“ပဋ္ဌာန်း ၂၄ ပစ္စည်းပါဠိတော် ရှိခိုးပူဇော်ပါ”
ဟေတုပစ္စဟော၊အာရမ္မဏပစ္စယော၊
အဓိပတိပစ္စယောၑ၊အနန္တရပစ္စယော၊
သမနန္တရပစ္စယော၊သဟဇာတပစ္စယော၊ အညမညပစ္စယော၊နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော
အာဟာရပစ္စယော ၊ဣန္ဒြိယပစ္စယော၊
ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊
သမ္ပယုတ္တပစ္စယော၊ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော
ဝိဂတပစ္စယော၊ အဝိဂတပစ္စယော - တိ။ အစရှိသဖြင့် ရှိခိုးပူဇော်ပြီးပါက မေတ္တာပို့လွှတ် လွှမ်းခြုံလို့ရပါပြီ။

08/09/2024

* သတိပြုရန် *
“ကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်းကျင့်စဉ် ပို့လွှတ်လွှမ်းခြုံ” မည့်သူတော်စင် သူတော် ကောင်း၊ မေတ္တာပို့ကြမည့် သူများသည် မိမိတို့နေထိုင်ရာ တိုင်း၊ မြို့၊ ရွာမှ စတင် ကာ ပို့လွှတ်ကြပါက ပို၍ထိရောက်လှပြီး အားရှိ အား ကောင်းကာ ထိရောက်လှပါ ၏။ဒါမှ အဆင်ပြေ ၍ ညီညွတ်အား စုစည်းအားက ပိုမိုကောင်း မွန်လှပါ သည်။ ဆရာတော်ဘုရား စ,ပို့မည့်နည်းကို ယူကြပါ ။စနစ်ကျ၍ အောင်ကြပါစေ။

08/09/2024

“မေတ္တာဂုဏ်ရည် (၁၁) လီကား”
ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း ၊
ချစ်ခြင်းလူနတ်၊နတ်စောင့်တတ်လျက် ၊လက်နက်ဆိပ်မီး မရောက်ပြီးခဲ့ ၊
စိတ်လည်းတည်စွာ၊မျက်နှာကြည်လင် ၊သေလျှင်မတွေ၊ သေသောအခါ
ဗြဟ္မာ့ရွာ လားရောက်ရာ
မေတ္တာအကျိုး (၁၁)မျိုးတည်း . . . .
ရှေးမှာဆိုရိုး ရှိပြီးသား ဖြစ်ပါသည်။ တစ်ကယ်လုပ် ပါ အဟုတ်အေးချမ်းရပြီး ပူပင်သောက ကင်းပျောက် ၍ အောင် မြင်မှုပေါင်း သရဖူဆောင်းကာ ဝမ်းသာ ပီတိ ဂွမ်းဆီထိသလို ဖြစ်ကြရပါမည် ချစ်မိတ်ဆွေ သူတော်ကောင်း ပေါင်း မေတ္တာ ဓါတ်ရှင်တို့ ....
မေတ္တာစေတနာဖြင့် သစ်တံခါး ဒေါနဧထရ်ရှင်
*ဒေါနတောင်အဓိဋ္ဌာန်ဝင်စဉ်* အဓိဋ္ဌာန်အောင် စကြာရတနာ ယန္တရား လှိုဏ်ဂူ တော် ကြီး”အတွင်းမှ ရေးသား မှတ်တမ်း တင်အပ်ပါသည်။

08/09/2024

ဤကျင့်စဉ်ကြီး၏ ထူးခြားသော ဂုဏ်သတ္တိများကား”
သစ်တံခါးထေရ်ရှင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ သက္ကတေကျေးရွာမင်္ဂလာအေးစေတီ *ဒေါန* တောင် ထိပ် အဓိဋ္ဌာန်ဝင်စဉ်နှင့် မြဝတီမြို့ ပွင့်လင်းအေးမြိုင် ရွာထိပ် အဓိဋ္ဌာန်အောင် ဓမ္မလှိုဏ်ဂူတော်ကြီးတွင် အဓိဋ္ဌာန်ဆောင်ရွက်စဉ် ရဟန္တာပုဂ္ဂိုလ်အရှင်မြတ်ကြီး များ အရိယာဝိဇ္ဇာ၊ဓမ္မဝိဇ္ဇာ၊ ဆရာတော်ကြီးများ နှင့် ရသေ့၊ ယောဂီ၊ ဇော်ဂျီ ၊သိကြား ၊ဗြဟ္မာ ၊နတ်ဒေဝါ များ မှ ဤ ကျင့်စဉ်လမ်း ကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်း အား လာရောက်လျှောက်ထားကာ ဗုဒ္ဓဓါတ်အား၊ ဓမ္မဓါတ် အား၊ သံဃာဓါတ်အား နှင့် ရဟန္တာ ပုဂ္ဂိုလ်များ၊ ပရိယတ္တိ ပဋိပတ္တိထေရ်ရှင် သံဃာတွေ ရဲ့ အား တို့နှင့် မေတ္တာဓါတ်တွေကို အရယူ၍ မေတ္တာကမ္မဋ္ဌာန်း ဂုဏ် တော် ကျင့်စဉ်လမ်းဖြင့် ပေါက်ရောက် အောင်မြင်ကြ ကုန် သော ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီနှင့် ရသေ့ ရှစ်သောင်း ဆရာ ပေါင်းတို့ရဲ့ မေတ္တာဓါတ်စွမ်းအားကို အရယူပြီး တိုင်းနိုင်ငံ အတွင်း ဗုဒ္ဓရုပ်ပွား၊ စေတီဘုရားများ သာသနိက အဆောက်အဦး၊ မြို့တော်ရွာတော် တို့ အား စောင့်ရှောက်ကြသော အစောင့်ရှောက်တို့၏ စွမ်းအားနှင့် ဘာသာ အသီးသီး၊ လူမျိုးအသီးသီး တို့ တွင် ချစ်သူမုန်းသူ မထားကြပါဘဲ ဗုဒ္ဓဓါတ်၊ ဓမ္မဓါတ်၊ သံဃာ့ဓါတ်၊ မိဘဆရာသမားများ၊ ရဟန္တာများ၊ ပရိယတ္တိ ပဋိပတ္တိထေရ်ရှင် သံဃာများ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ၊ ရသေ့၊ ယောဂီ၊ မြို့တော်ရှင်၊ ရွာတော်ရှင် တို့ ၏ ဓါတ်တွေကို အရယူ၍ ပို့လွှတ်လွှမ်းခြုံ ဖြန့်ဝေ ခြင်း ဖြစ်ပါသည်။

(က) ယခုပြဆိုအပ်သော ကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်း ကျင့်စဉ် လမ်းအား နေ့စဉ် မပြတ် ဆောင်ရွက် ကာ ပို့လွှတ် လွှမ်းခြုံပါက ဘေးရန်အန္တရာယ် ရန်စွယ်ဟူ သမျှ မြူမျှ မကျရောက်ရဘဲ ကင်း စင် လွတ်မြောက်ရခြင်း။
(ခ) အခက်အခဲ အကြပ်အတည်း မရှိပါဘဲ ဆောင် ရွက်သမျှ အောင်မြင်မှု ရရှိခြင်း၊ လာဘ်ပွင့် ကံမြင့် ခြင်း။
(ဂ) လူတကာမှ မျက်နှာမြင် ချစ်ခင်ခြင်း၊ ကူညီခြင်း။
(ဃ) ကောင်းမွန်စွာ အိပ်ရပြီး ကောင်းမွန်စွာ နိုးထရ ၍ ကြည်လင်ခြင်း။
(င) တွေဝေငေးမောမှု မရှိခြင်း၊ ကြည်လင်ခြင်း၊ ကြောက်လန့် ကင်းခြင်း၊ အခက်ခဲဟူသမျှ ချော မောအောင်မြင် မှုရခြင်း။
(စ) စိတ်မှာ တောင်းတ ကြံစည်သမျှတွေ ဖြစ်ပေါ် စေကာ ရောက်ရာအရပ်၌ ရုက္ခစိုးနတ်၊ ဘုမ္မစိုး နတ်တွေ ချစ်ခင်၍ အရိယာဝိဇ္ဇာ၊ ဓမ္မဝိဇ္ဇာ၊ ရသေ့၊ ယောဂီ သူတော်ကောင်းတွေ စောင့် ရှောက်မှုကို ခံရပြီး စိတ်မှာ တောင်းတ ကြံစည် သမျှ ပြီးစီး၍ အောင်မြင်မှုတွေ ရရှိနိုင်ပါသည်။
(ဆ) သေသောအခါ နတ်ရွာ၊ ဗြဟ္မာပြည် လားရခြင်း စသော ကောင်းကျိုး တွေ ရရှိနိုင်ပါသည်။
စိတ်မှာရွှင်လန်း ဘေးမသန်းပါဘဲအေးချမ်းသာယာရှိကြပါစေ၊
မေတ္တာစေတနာဖြင့် သစ်တံခါး ဒေါနထေရ်ရှင်

08/09/2024

နမောတဿ ဘဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်းကျင့်စဉ်လမ်း အားထုတ်ပုံ
ဩဒိဿ မေတ္တာပို့လွှတ်ပုံ
ကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်းကျင့်စဉ်လမ်း အားထုတ်
လိုပါက ပုဗ္ဗကိစ္စ ဆောင်ရွက်ရန်ကား...
၁။ အားထုတ်သော ပုဂ္ဂိုလ်သည် ရှေးဦးစွာ
သောက်တော်ရေ (၁ဝ)ခွက်၊ ဆီမီး (၁ဝ)တိုင်၊
ခုနှစ်နေ့ ခုနှစ်နံပန်း (သို့)ပန်း (၁ဝ)ပွင့်၊
အောင်သပြေ၊ စံပါယ်ပန်း ပါ,ပါစေ၊
အမွှေးတိုင် (၁ဝ)တိုင်၊ ရေမွှေးဖြန်းလဲရပါ၏။ ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊ သံဃာဂုဏ်တော်၊ ပဋ္ဌာန်း(၂၄)ပစ္စည်းအတို ရွတ်ဖတ် ပူဇော်ပါ။
၂။ ငါးပါးသီလ ခံယူဆောက်တည်ပါ။
၃။ ကိုယ်နေထိုင်ရာ မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံ
မှ အစ ပြု ပို့လွှတ်ပါ။
၄။ တစ်ဦး တစ်ယောက်စီဖြစ်စေ၊ အဖွဲ့လိုက် အုပ်စု လိုက် ဖြစ်စေ၊ စုပေါင်းဖြစ်စေ ပို့လွှတ်၍ရပါ၏။
၅။ ယခုချိန်ကာလ သမယတွင် များများပို့လွှတ် လွှမ်းခြုံနိုင်ပါက အထူး ကောင်းမွန်လှပါ၏။ကိုယ့်အိမ် ၊ဇရပ်၊တန်ဆောင်း ဗောဓိပင်အောက် တွင် စုပေါင်း ပို့ လွှတ် လွှမ်းခြုံကြပါ။

08/09/2024

သစ်တံခါး ဆရာတော်ကြီး၏ ကမ္ဘာမေတ္တာပို့
စာရေးသူ၏အမှာ
ယနေ့ ကမ္ဘာကြီးတွင် မေတ္တာတရားနှင့် သစ္စာ တရားတို့ ခေါင်းပါးနေကြ၏ ဤကဲ့သို့ ခေါင်းပါးမှု တွေကြောင့် ကမ္ဘာ လောကကြီး သည် အကျည်းတန် နေပေ၏ မေတ္တာသည် ကမ္ဘာကို အလှဆုံးခြယ်နိုင် သောတရား လူတစ်ဦး၏ဘဝကို အစိုပြေဆုံးဖန်တီး ပေးနိုင်သော တရား၊ လူသားအပေါင်းတို့အား အချင်း ချင်း ခင်မင်ချစ်ကြည့် စည်းလုံးစေသော တရား...။
မေတ္တာတရား ခေါင်းပါး လေသောအခါ လူ
အချင်းချင်း မယုံကြည်နိုင် ကြတော့ ချစ်ကြည်စွာ မ ပေါင်းနိုင်တော့၊ တစ်ဦး၏ အမှားကို တစ်ဦးက ခွင့် မလွှတ်နိုင်တော့ချေ။ “မေတ္တာ”ခြုံမှ လုံသည် ဟူသော စကားအတိုင်း မေတ္တာ မထုံသောအခါ မပွားများ ကြ သောအခါ မိမိလုံခြုံရေးကိုလည်း စိတ်မချရတော့ ...။
မယုံကြည်နိုင် စိတ်မချနိုင်သည့်အတွက် လက်ဦးမှု မခံရရန် တစ်ဦး၏ နိုင်ငံ နေရပ် ကို ကျန်တစ်ဦးက အဏုမြူ ထိပ်ဖူးများ လက်နက်ပစ္စည်းများ စသော သေကြေစေနိုင်သော စစ်မီးများ တပ်ဆင်ထား ကြ သည်။ တိုက်ချင်းပစ် ဒုံးပျံများဖြင့် ချိန်ရွယ်ထားကြ ၏။ကမ္ဘာကြီးသည် အဏုမြူစစ်ပွဲကြီးသို့ပင် ဦးတည် နေချေပြီ၊ “သစ္စာ” တရား ခေါင်းပါးသည့်အတွက် ကြောင့် လူအချင်းချင်း လိမ်ညာလှည့်စား နေကြ၏ ။ မတရားမှုများကို ကျူးလွန်ဝံ့ကြ၏။ကတိသစ္စာ များ ကို ချိုးဖောက်ဝံ့ကြ၏။ ကံ,ကံ၏ အကျိုးတရားကို မျက်ကွယ်ပြုကြ၏။ ကိုယ်ကျင့်တရားများ ပျက်ပြား လာကြ၏။ တာဝန်ဝတ္တရားများ လစ်ဟင်းလာကြ၏။
“သစ္စာ”ကို မစောင့်ထိန်းကြပါလျှင် ရာသီဥတု ဖောက်ပြန်၍ ရေဘေး၊ လေဘေး၊ မီးဘေး၊ ငတ်မွတ် ခေါင်းပါး အစာရှား မှုဘေး၊ လက်နက်ဘေး၊ ရောဂါ ကပ်ဆိုးဘေး အမျိုးမျိုးတွေ ကျရောက်လာကြတတ် ၏။“မေတ္တာ”နှင့် “သစ္စာ”တရားတို့ကို မျက်ကွယ်ပြု သော သူအား သဘာဝတရား၊ ကံတရားတို့က လျစ် လျူရှုထားမည် မဟုတ်ချေ။ သက်သာခွင့်လည်း ပေး မည် မဟုတ်၊ဖြစ်ရိုးဖြစ်စဉ်သဘာဝအတိုင်းထိုက်တန် သည့် အပါယ်ဘုံသို့ တွန်းပို့လိုက် မည်သာဖြစ်သည်။ သို့အတွက် ယနေ့လူငယ်လူရွယ်များသည် “မေတ္တာ တရား ”နှင့် “သစ္စာတရား” တို့ကို သိထားကြရန်လို၏ ချစ်မြတ်နိုး တတ်ရန်လို၏။ လက်တွေ့အသုံးချတတ် ရန်လို၏။ “မေတ္တာတရား”နှင့်“သစ္စာတရား” တို့သည် လူတစ်ဦး၏ သဘာဝကို အတိုင်းမသိ လှပ ပြည့်စုံ လာစေမည်ဖြစ်၏။ ဘေးရန်ကွာ၍ အေးချမ်းသာယာ မည်ဖြစ်၏။ တန်ဖိုး မဖြတ်နိုင်အောင် တန်ဖိုးမြင့်မြတ် လာစေမည်ဖြစ်၏။ထိုအလှဆုံး မေတ္တာတရား နှင့် အမြတ်ဆုံး သစ္စာတရားတို့ကို လူငယ်လူရွယ်များ အလွယ်တကူ လက်လှမ်းဆွတ်ယူ၍ ရင်ဝယ် ပိုက် ထွေး ယုယနိုင်ကြရန် ရည်သန်လျက် လူတိုင်း နေ့စဉ်, ညစဉ် ပွားများအားထုတ်နိုင်ကြပါစေ။ ပွားများ အား ထုတ်ကြ၍ ဤကမ္ဘာ့မေတ္တာ ကမ္မဋ္ဌာန်း ကျင့်စဉ် လမ်း အား ပေါက်ရောက် အောင်မြင်ကြကာ “သစ္စာ” ဆိုနိုင်ကြပြီး လူတိုင်းလူတိုင်းရဲ့ နှလုံးသားမှာ မေတ္တာ” နှင့် “သစ္စာ”တရားကို ရှင်သန် ဖူးပွင့်နိုင်ကြပြီး ပူပင် သောက ကြောင့်ကြမှုတွေမှ ကင်းဝေးကြစေရန် ဟူ သော ရည်ရွယ်ချက်, ဆောင်ရွက်ချက်ဖြင့် ဤကမ္ဘာ့ မေတ္တာကမ္မဋ္ဌာန်း ကျင့်စဉ် လမ်းစဉ်ကြီးအား ဆရာ တော်ဘုရားကြီးများ ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ နှင့် ရသေ့ ရှစ်သောင်း ဆရာပေါင်းတို့မှ တိုက်တွန်း နှိုးဆော် ၍ ရေးသားစေခြင်း ဖြစ်ပါသည်။ မြို့ ၊ ရွာ၊ ဒေသ တိုင်း၊ နိုင်ငံတိုင်း ၊ ရပ်ကွက်တွေတိုင်း စုပေါင်း ရွတ်ပွား ကြကာ တိုင်းပြည် နှင့် ကမ္ဘာကြီး အအေးဓါတ် မေတ္တာ ဖုံးလွှမ်း၍ ဘေးမသန်းဘဲ ကြောင့်ကြမှု မရှိ ကြပါဘဲ အငတ်ဘေး၊ ရောဂါဘေး၊ လက်နက်ဘေး သေကြေ ပျက်စီးမှုတွေမှ ကင်းဝေးကြပါစေ လို့ မေတ္တာပို့ လွှတ် ကာ “မေတ္တာ” ဓါတ်လွှမ်းခြုံ၍ အောင်မြင်ကြ ပြီး “သစ္စာ”ပြု ကာ အောင်မြင်မှုတွေ ရနိုင်ကြ ပါစေ. . . ။
မေတ္တာတရားကို လက်ကိုင်ထားပြီး
သစ္စာပန္နက်ဖြင့် သတ္တဝါအပေါင်း
အေးစေကြောင်းကို ဆုတောင်းပို့လွှတ်
ကောင်းဒြပ်တို့ဖြင့် ပို့လွှတ်လွှမ်းခြုံ
အထုံတည်ကာ ဆောင်ရွက်ပါမှ
လောက,ကမ္ဘာ အေးချမ်းသာ၏
မေတ္တာ ကမ္မဋ္ဌာန်းသာ လွှမ်းခြုံပါလော့....
စိတ်မှာရွှင်လန်း ဘေးမသန်းပါဘဲ
အေးချမ်းသာယာ ရှိကြပါစေ။
မေတ္တာစေတနာဖြင့် သစ်တံခါးဆရာတော် ဒေါနထေရ်ရှင်

29/05/2024

Address

11လမ်း 86*87ကြား
Mandalay

Telephone

+959782018321

Website

Alerts

Be the first to know and let us send you an email when Kyaw Kyar Offset posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Kyar Offset:

Share