11/11/2021
Websiteတစ်ခုရဖို့ Programmingတတ်စရာလိုလား?
ဒီမေးခွန်းကို ဖြေရမှာကတော့ နည်းနည်းတော့ အန္တရာယ်များသလို ခံစားရပါတယ်။ တကယ်တော့ နွားနို့သောက်ချင်ယုံနဲ့ နွားမွေးစရာ မလိုပါဘူး။ ဒီလိုပါပဲ Websiteရချင်ယုံနဲ့ Programmingကို လေ့လာစရာမလိုပါဘူး။ Web Developmentကို စိတ်ဝင်စားတယ်ဆိုရင်တော့ Programmingကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါဆို ဘယ်လိုလုပ်မလဲ? မိမိကိုယ်တိုင် Websiteကို စိတ်ကြိုက်တည်ဆောက်မယ်။ ကြိုက်သလို Customizeလုပ်မယ်။ Companyအတွက် Websiteတည်ဆောက်မယ်။ E-commerceအတွက် Shopping Websiteလေး တည်ဆောက်မယ်။ တင်ချင်တာ တင်ဖို့ Blogတစ်ခု တည်ဆောက်မယ်။ ဒါမျိုးတွေကို မိမိကိုယ်တိုင်တည်ဆောက်ဖို့ Programming Languageတွေ လေ့လာစရာမလိုပါဘူး။ CMSတွေ Frameworkတွေနဲ့ တည်ဆောက်လို့ ရပါတယ်။ အဲဒါတွေကို အသုံးပြုပြီး Websiteတစ်ခုတည်ဆောက်ဖို့ codeရေးတတ်စရာမလိုပါဘူး။ သဘောအကျဆုံးကတော့ WordPress CMS ပါပဲ။ WordPressက သုံးရလွယ်တယ်။ အသုံးများတယ်။ Stableဖြစ်တယ်။ WordPressပေါ်မှာ runနေတဲ့ websiteတွေကလည်း များပြားပါတယ်။ကိုယ်တိုင်တည်ဆောက်ရင် အကုန်အကျ သက်သာတယ်။ Web Developmentလုပ်မယ့်သူတွေအနေနဲ့လည်း WordPressကို လေ့လာသင့်ပါတယ်။ ဒီတော့ ကျွန်တော်ကWordPressနဲ့ Websiteတည်ဆောက်ပြမယ်။ လေ့လာချင်သူတွေက နောက်က လိုက်လုပ်ကြည့်ပေါ့။ Hostingနဲ့ Domainဝယ်စရာမလိုဘူး။ Freeတွေလည်း စိတ်အဆင်းရဲခံပြီး သုံးစရာမလိုဘူး။ Localမှာလည်း Offlineသုံးစရာမလိုဘူး။ ကျွန်တော်က သင်တန်းသားတွေကို subdomainတစ်ခုစီပေးပြီး ကျွန်တော့ရဲ့ Hostingမှာ Shareပြီး WordPressကို သုံးခိုင်းမယ်။ လိုချင်တဲ့ Websiteတစ်ခု ရအောင်ထိ သင်ပေးမယ်။ သင်တန်းကြေးကတော့ ထိုက်သင့်သလောက်ရှိမယ်ဗျာ့။ ဒီကာလမို့ အနည်းဆုံးဖြစ်အောင်တော့လုပ်ပေးထားပါတယ်။ ကြာချိန်ကတော့ ၁၀ရက် ဖြစ်ပါမယ်။ သင်တာကတော့ Liveနဲ့သင်ခန်းစာတွေပါသလို Record Videoတွေလည်း လုပ်ပေးပါမယ်။အချိန်ကတော့ ညပိုင်း 8:00pm to 9:00pm ဖြစ်ပါမယ်။ တစ်ခြားသင်တန်းချိန်နဲ့ တိုက်နေသူတွေအတွက် Screen Recordလုပ်ပေးထားပါမယ်။ လူဦးရေတော့ ကန့်သတ်ထားပါတယ်။ပထမဆုံး လာအပ်တဲ့သင်တန်းသား5ယောက်ကို 20%discountပေးပါမယ်။ ကျွန်တော့ဆီမှာ လက်ရှိ Basicအတန်းတတ်နေတဲ့ သင်တန်းသားတွေဆို discountထပ်လျော့ပေးပါမယ်။ စာရင်းပေးမယ်ဆို Page Messengerမှာ နာမည် နဲ့ ဖုန်းနံပါတ်ပေးပြီး စာရင်းပေးပါ။ သင်ခန်းစာတွေလိုက်လုပ်ရင် Websiteတစ်ခုတည်ဆောက်တတ်ဖို့တော့ အာမခံပါတယ်။