Audiophile Matrix

Audiophile Matrix Store for Portable Music Playback Hobbyist to shop products and accessories with reasonable price. P

အားလုံးပဲ မဂ်လာပါ။Earhook မပါတဲ့ 2pin connector upgrade cable တွေကို polarity မှန်အောင် ဘယ်လို တပ်မလဲ?( စာမဖတ်ချင်ရင်လည်...
27/01/2022

အားလုံးပဲ မဂ်လာပါ။

Earhook မပါတဲ့ 2pin connector upgrade cable တွေကို polarity မှန်အောင် ဘယ်လို တပ်မလဲ?

( စာမဖတ်ချင်ရင်လည်း ပုံလေးတွေကြည့်ပြီး နားလည် နိုင်ပါတယ်)

ကျွန်တော် တို့အားလုံး IEM တွေ သုံးကြတယ် ဆိုတာ ပိုကောင်းတဲ့ / ပိုမှန်ကန်တဲ့ အသံကိုလိုချင်လို့ သုံးကြတာ အသေအချာ ပါပဲ။
အဲဒီတော့ IEM တွေကို cable နဲ့ join တဲ့အခါ

- Left/Right မှန်ရပါမယ်
- Polarity +/- မှန်ရပါမယ်

Earhook ( နားကုတ်) ပါတဲ့ cable တွေမှာတော့ နားနဲ့ ကိုက်အောင် left right မှန်အောင်တပ်ရုံနဲ့ polarity က မှန်သွားပါတယ်။

Earhook မပါတဲ့ cable တွေမှာတော့ ဘယ်လို တပ်တပ် တပ်လို့ရပြီး အသံလည်းထွက်နေမှာပါ။ ဒါပေမဲ့ အသံတွေမမှန်တာတော့ ဖြစ်ပါတယ်။

အဲဒီတော့ earhook မပါတဲ့ cable တွေကို မှန်အောင်ဘယ်လိုတပ်မလဲ။

၁။ Left or Right အတွက် IEM ပေါ်မှာရော cable connector ပေါ်မှာပါ L or R ဆိုပြီး ရေးပေးထားတတ်ပါတယ်။ L or R ဆိုပြီးမပါရင် color code နဲ့ ဖြစ်ပါလိမ့်မယ်။ Red color for Right ပါ။ R for R ဆိုပြီး အလွယ်မှတ်ထားလိုက်ပါ။

၂။ Polarity မှန်အောင်တပ်ပါမယ်။

အောက်က ပုံတွေထဲက Fig:1 နဲ့ 2 ကိုကြည့်ပါ။ 2pin ရဲ့ pin 2ခု ထဲက တစ်ခုရဲ့ အခြေမှာ အပြာရောင် dot လေး မှတ်ထားပေးပါတယ်။ အဲတာက negative pin/terminal ပါ။

Fig 3 နဲ့ 5 ကိုကြည့်ပါ။ red line လေးက ear tube or nozzel ကို ပြထားတာပါ။ Blue Dot ပါတဲ့ -ve pin ကို ear nozzel နဲ့ အနီးဆုံး အပေါက်ကိုတပ်ပေးပါ။ ပုံလေးတွေ ကြည့်ကြည့်ရင် ပိုနားလည်သွားပါလိမ့်မယ်။

Fig 6 က လိုမျိုး Rt & Lt iem ကို position ထားပြီး ပုံထဲမှာ ပြထားသလိုမျိုး pin ကို မှန်အောင်တပ်လည်းရပါတယ်။

ကျွန်တော် ပြောတာတွေကြောင့် ပိုခေါင်းရှုပ်သွားရင်လည်း sorry ပါ။ 😁😁

ပိုပြီး ရှင်းလင်းလွယ်ကူတဲ့ နည်း ရှိရင်လည်း ပြောပြပေးကြပါဦး။

မှားတာပါရင်လည်း ပြောပြပေးကြပါ။

သေချာ မရှင်းရင်လည်း မေးလို့ရပါတယ်။

HAPPY LISTENING

P.S တချို့ iem တွေမှာ reverse polarity အနေနဲ့ သုံးထားတဲ့ iem တွေလည်းရှိပါတယ်. ... ဥပမာ. . . Tanchjim oxygen and some other iems.

🦅 Eagle Has Landed 🦅အားလုံးပဲ မဂ်လာပါ။Eagle 16 လို့ လူသိများတဲ့ cable လေးပါ။ NiceHCK ရဲ့ 16 Core High Purity Copper Cabl...
23/01/2022

🦅 Eagle Has Landed 🦅

အားလုံးပဲ မဂ်လာပါ။

Eagle 16 လို့ လူသိများတဲ့ cable လေးပါ။ NiceHCK ရဲ့ 16 Core High Purity Copper Cable ပါ။ In-Stock ရှိပါတယ်။

- 3.5mm plug with 2Pin / MMCX - 22500
- 4.4mm plug with 2Pin - 25000

International Review တွေ ဖတ်နေတဲ့ သူတွေအတွက်တော့ ဒီ cable လေးနဲ့တော်တော် ရင်းနှီးပြီးဖြစ်မှာပါ။

မသိသေးတဲ့ သူတွေ အတွက်တော့ ဒီ cable လေးက pure copper cable ဖြစ်ပါတယ်။ Built Quality တော်တော် ကောင်းပါတယ်။ Uppermids နဲ့ treble စူးတဲ့ iem တော်တော် များများကို tame down လုပ်ပေးပါတယ်။ V-shape tune ထားပြီး mid bass boomy ဖြစ်နေတာတွေကို လည်း လျော့ပေးပြီး Subbass ကို အားပေးပါတယ်။ Soundstage ကိုလည်း နည်းနည်းပိုကောင်းစေပါတယ်။

Terms တွေမပါဘဲ ရှင်းရှင်းပြောရရင်တော့ သီချင်းကို အသံ ကျယ်ကျယ်နားထောင်တဲ့အခါမှာ အမျိုးသမီး အဆိုသံတွေ၊ ချွင်ချွင်သံတွေ နားစူးရင် ဒီ cable လေးနဲ့ အသံ ယဥ်အောင် အတိုင်းအတာတစ်ခု ထိလုပ်လို့ရပါတယ်။

Cable ပြောင်းခြင်းဖြင့် iem ရဲ့ sound signature ကို 60 or 70‰ ပြောင်းမသွားနိုင်ပါဘူး။ မူလ iem ရဲ့ signature ကိုပဲ polish လုပ်ပေးပြီး

အားလုံးပဲ မင်္ဂလာပါ ကြိုးပျက်ပြီး သုံးမရ ဖြစ်နေတဲ့ IEM လေးတွေကို ပြန်အသက်သွင်းကြရအောင်ပါ။IEM လေးတွေ သုံးနေကြတာ အချိန်အတိ...
04/01/2022

အားလုံးပဲ မင်္ဂလာပါ

ကြိုးပျက်ပြီး သုံးမရ ဖြစ်နေတဲ့ IEM လေးတွေကို ပြန်အသက်သွင်းကြရအောင်ပါ။

IEM လေးတွေ သုံးနေကြတာ အချိန်အတိုင်းအတာ တစ်ခုရောက်လာပြီဆိုတော့ တချို့တွေလည်း cable လေးတွေ ပျက်တာ ဖြစ်ကြမယ် ထင်ပါတယ်။

IEM လေးတွေရဲ့ အားသာချက် တစ်ခုဖြစ်တဲ့ ကြိုးလဲလို့ရတဲ့ အချက်ကြောင့် ပျက်သွားတဲ့ ကြိုးလေးတွေကို လဲချင်တဲ့ ညီအစ်ကိုတွေအတွက် ကြိုးလေးတွေ ရနိုင်ပါဗျ။

အခု ကြိုးကတော့ KZ ရဲ့ original ကြိုးပါ ( upgrade cable မဟုတ်ပါ) . . . နားကြပ်ပေါ်မှာ လိုက်ပြီး ခေါင်းနှစ်မျိုးရှိပါတယ်၊ mic တော့မပါပါဘူး ( mic ပါတာ လိုချင်တဲ့သူအတွက်နောက် post တင်ပေးပါ့မယ်)

အခု ကြိုးလေးကတော့ 7000 ကျပ်ပါ ( instock ရှိပါတယ် )။ KZ ရဲ့ iem တော်တော်များများနဲ့ အဆင်ပြေပါတယ်။

တခြား upgrade cable များ လိုအပ်လျှင်လည်း page messenger ကို ဆက်သွယ်နိုင်ပါတယ်။

မန်းလေး က ဆိုလျှင် လာရောက် ကြည့်ရှု စမ်းသပ်ပြီး ဝယ်ယူနိုင်ပါတယ်။ တခြားမြို့များကို delivery အပ်ပေးပါတယ်။

Payment အတွက် က Kpay, KBZ, AYA, Yoma mobile banking နဲ့ ရပါတယ်။ ( % ပေးရန်မလိုပါ)

တခြား cable နဲ့ accessories တွေအတွက် လည်း page ကို like and follow လေးလုပ်ထားပေးကြပါဦး။

လာရောက် ကြည့်ရှု စမ်းသပ်ပြီးမှ ဝယ်ချင်ရင်တော့ 63A, 15 & 16 ကြား, အောင်မြေသာစံ, မန်းလေးပါ။ ဖုန်းလေးတော့ကြိုဆက်ပြီး အချိန်လေး date ပေးပါ။ ဖုန်း 09974108848 ပါ။

ကျေးဇူးတင်ပါတယ်။

Address

Mandalay
05011

Telephone

+959974108848

Website

Alerts

Be the first to know and let us send you an email when Audiophile Matrix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Audiophile Matrix:

Share