25/07/2025
Analog Vs IP System နှစ်ခုဘာကွာခြားလဲ ❓
IT Industry ကိုစိတ်ဝင်စားတဲ့လူငယ်တွေနဲ့ အိမ်သုံး၊ရုံးသုံးအတွက် CCTV System အကြောင်းသိထားချင်တဲ့မိတ်ဆွေတွေအတွက် Analog System , IP System ဟာဘာတွေလဲ၊ ဘယ်လိုကွာခြားချက်တွေရှိလဲဆိုတာကိုဒီနေ့မှာ ဆွေးနွေးပေးသွားပါမယ်ဗျ 🤗
CCTV System မှာ Analog System နဲ့ IP System ( Internet Protocol)ဆိုပြီး နှစ်မျိုးခွဲခြားထားတာရှိပါတယ်။
What is an Analog CCTV System?
Analog CCTV SystemဆိုAnalog CCTV Systemတာ Traditional CCTV Setups တစ်ခုအဖြစ် IT Industry မှလက်ခံထားကြပါတယ်။အကျဥ်းချုံးပြီး Analog CCTV Systemအကြောင်းကိုရှင်းပြရမယ်ဆိုရင် Coaxial Cables ကနေတဆင့် Raw video File တွေကို DVR ( Digital Video Recorder)ပေါ်ကနေတဆင့် Digital Format အဖြစ်ပြောင်းလဲပြီး Hard Drive ပေါ်မှာ သိမ်းဆည်းပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
📌 Analog CCTV Systemမှာဘယ်လိုစွမ်းဆောင်ရည်တွေရှိလဲ ❓
• Lower resolution (typically 720p to 1080p)
• Uses separate cables for video, power, and sometimes audio
• Stored on a DVR
• Limited remote access options
• Affordable and easy to set up for small-scale needs
Analog CCTV System ကို အိမ်သုံးအသေးစား CCTV တွေ၊ Budget friendly ဖြစ်ဖို့ CCTV ရွေးချယ်တော့မယ်ဆိုရင် အသင့်တော်ဆုံး CCTV System တစ်ခုဆိုရင်မမှားပါဘူး။ နောက်ထပ် IP System ဘက်ကို ကျွန်တော်တို့လေ့လာလိုက်ရအောင် 🤗
What is an IP CCTV System ❓
အပေါ်ကပြေထားတဲ့ Analog System ထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတွေနဲ့ပြည့်စုံတဲ့ System တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့် modern, digital surveillance system ဖြစ်ပြီး (LAN Or Wi-Fi) ကနေတဆင့် Smart Features နဲ့အတူ ကြည်လင်ပြတ်သားရှင်းလင်းတဲ့ Video တွေကို ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။
📌 Internet Protocol CCTV System မှာဘယ်လိုစွမ်းဆောင်ရည်တွေရှိလဲ ❓
• HD to Ultra HD video quality (2MP to 4K and more)
• Power over Ethernet (PoE) – one Ethernet cable carries video, power, and data
• Footage is stored on an NVR or cloud
• Remote access via apps or web browsers
• Supports AI features: motion detection, facial recognition, people counting
Internet Protocol (IP System ) ကို Office, Factories, Shopping Mall နဲ့ Public Area တွေအပြင် လုံခြုံရေးအတွက် အထူးလိုအပ်တဲ့နေရာတွေမှာ အများဆုံးအသုံးပြုတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ကိုယ့်အတွက် အသုံးဝင်ပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ CCTV System ကိုရွေးချယ်အသံးပြုဖို့ ကျွန်တော်တို့ကအကြံပေးချင်ပါတယ်ဗျ 🤗
နောက်ရက်တွေမှာလည်း ကျွန်တော်တို့ Star Matrix Technology အနေနဲ့ IT နဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်၊ဗဟုသုတတွေကို ထပ်ပြီး Sharing ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုန်းဗျ 😎