AKS Computer School

AKS Computer School မင်္ဂလာပါ

06/07/2024

❝ ငွေကိုမရှာနဲ့ ငွေရမဲ့နည်းလမ်းကိုပဲရှာ… ❞

လူတိုင်းလူတိုင်း ကျွန်တော်လဲအတူတူပဲ… ငွေကိုပဲ သည်းကြီးမည်းကြီး ရှာကြတယ်။ ကြည့်လိုက်… ဘဝရဲ့ သုံးပုံပုံ နှစ်ပုံက ငွေရှာနေရတာနဲ့ပဲ ကုန်နေတာ…။

မရှာလို့လဲ မရဘူးလေ။ အခြေခံအကျဆုံး စား၊ ဝတ်၊ နေရေးအတွက် ငွေနဲ့ပဲဖြေရှင်းရတယ်။ အဲဒီကနေတစ်ဆင့်တက်ပြီး လူတန်းစေ့ စားသောက်နေထိုင်နိုင်ဖို့လဲ ငွေကိုပဲ အသည်းအသန်ရှာရတယ်။
ငွေရဖို့ကို နေ့တိုင်းသွားလာလှုပ်ရှားရုန်းကန်ပြီး အလုပ်တွေလုပ်ကြရတယ်မလား။

အခုခေတ်မှာက ဝင်ငွေလမ်းကြောင်းတစ်ခုထဲရှိလို့ မလုံလောက်တော့ဘူး။ ကိုယ်အမြဲတမ်းပုံမှန်ဝင်ငွေရနေတဲ့ လမ်းကြောင်းက အခြေအနေတစ်ခုခုကြောင့် ရပ်တန့်သွားရင်တောင် နေ့စဉ်ဘဝကို ဟန်မပျက်နေနိုင်ဖို့ဆိုတာ ကိုယ့်မှာနောက်ထပ်နောက်ထပ် ငွေဝင်လမ်းကြောင်းတွေ ရှိမှဖြစ်မှာပါ။

ဒီတော့ကျွန်တော်တို့က ငွေကိုမက်မက်စက်စက် ရှာနေသလိုပဲ၊ ငွေရမဲ့နည်းလမ်းတွေကိုလဲ အားသွန်ခွန်စိုက် ရှာဖွေလေ့လာသင့်တဲ့အချိန်ကို ရောက်နေပါပြီ။
ဘယ်ကနေငွေရမလဲ? ဘာလုပ်ရင် ငွေပိုဝင်မလဲ? အမြဲတမ်းနားစွင့် မျက်စိဖွင့်ပြီးတော့ ‘နည်းလမ်း’ ကို ရှာနေရပါတော့မယ်။ ‘နည်းလမ်း’ ကသာ အဓိကပဲမဟုတ်လား။

လူ့ဘဝက တိုပါတယ်ဗျာ။ တိုတောင်းတဲ့ဘဝမှာ အဖိုးတန်အချိန်တွေကို ငွေနောက်လိုက်ရင်းနဲ့ပဲ ကုန်ဆုံးသွားတာမျိုးမဖြစ်ဖို့ ငွေလဲရှာ၊ အမြဲငွေဝင်မဲ့နည်းလမ်းတွေလဲ လေ့လာ၊ ကြိုးကြိုးစားစား အလုပ်လုပ်၊ စုစရာရှိတာ စု၊ စားစရာရှိတာ စား၊ ကိုယ်ချင်းစာစိတ်နဲ့နေထိုင်…
ဒါဆိုရင် ရှင်သန်ရကျိုးနပ်တဲ့လူ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 App မှာလဲ ငွေကြေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်ကောင်းတွေနဲ့ နည်းလမ်းကောင်းတွေနဲ့ ပတ်သက်ပြီး လေ့လာလို့ရတဲ့ အနှစ်ချုပ်စာအုပ်ကောင်းတွေ အများကြီးရှိလို့
အခုပဲ 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 App ကို download ချပြီး သွားဖတ်လိုက်ပါဗျ။.....…..............
မနက်ဖြန်မှာ ကျင်းပပြုလုပ်မဲ့ "ဝါသနာကို အရင်းတည် ဝင်ငွေရအောင် ဖန်တီးမည်" ဟောပြောပွဲကို တက်ဖို့ လက်မှတ်ဝယ်ပြီးပြီလား?
မဝယ်ရသေးရင် လက်မှတ်မကုန်ခင် ဒီ link မှာ https://tinyurl.com/pjjc7bxx
မြန်မြန်လေး သွားဝယ်လိုက်ပါ။

09 94008 4444 ကိုလဲ ဆက်သွယ်မေးမြန်းလို့ ရပါတယ်။


#၃၀မိနစ်တက္ကသိုလ်

06/07/2024

❝ ငွေရဖို့ပဲ အလုပ်လုပ်တဲ့လူလား ❞

ဘယ်တော့မှ ငွေရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်ပါနဲ့။ အလုပ်ကို စရွေးကတည်းက ပိုက်ဆံရ ပြီးရော လုပ်လို့မရဘူး။

✔️အဲဒီအလုပ်က ကိုယ့်စိတ်ကို ကျန်းမာစေတဲ့ အလုပ်လား?
✔️ဒီအလုပ်မှာလုပ်လို့ ကိုယ့်အတွက် တိုးတက်မှုရှိနိုင်လား?
✔️နောက်ဆုံး အဲဒီအလုပ်ကနေ ထွက်သွားပြီဆိုရင် တိုးတက်ပြောင်းလဲသွားတဲ့ လူတစ်ယောက်အနေနဲ့ တခြားအလုပ်တစ်ခုကို ရှာလို့လွယ်စေလား?
ဆိုတဲ့ အချက် (၃)ချက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လုပ်ပါ။

ကိုယ်တိုင်ကလဲ ဒီလိုရွေးချယ်နိုင်တဲ့ အရည်အချင်းရှိထားဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။

ဆိုတော့… ဘာဖြစ်လို့ အပေါ်ကအချက် (၃)ချက်နဲ့ အလုပ်ကိုရွေးရတာလဲ?
ကျွန်တော်တို့က တစ်နေ့မှာ ၈ နာရီ အလုပ်လုပ်ရတယ်၊ အလုပ်ထဲမှာ အချိန်ပေးရတယ်။ ဒါကြောင့် အလုပ်က ကျွန်တော်တို့ကို လှောင်ပိတ်ထားတဲ့နေရာ ဖြစ်လို့မရဘူး။

အလုပ်ဆိုတာ ကိုယ့်အရည်အချင်းတွေ တိုးတက်အောင် လုပ်တဲ့နေရာ၊ ကိုယ်ရည်ကိုယ်သွေးတွေ ပြောင်လက်အောင် ပွတ်တိုက်ပေးတဲ့နေရာတစ်ခုဖြစ်အောင်ပဲ လုပ်ရမယ်။

အဲဒီစိတ်ခံယူချက်နဲ့သာ အလုပ်လုပ်...
လုပ်ငန်းခွင်ထဲမှာ အထူးချွန်ဆုံး အအောင်မြင်ဆုံးသူတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်ဗျ။

ဒါနဲ့စကားမစပ် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ကြိုးစားတဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ “ဝန်ထမ်းတွေအတွက် အထူးအစီအစဉ်” တစ်ခုကို ရွှေနုတ်က လုပ်ပေးနေပါတယ်။

အသေးစိတ်ကို comment က link မှာ သွားဖတ်ပါ။
📞𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်လို့လဲ ရပါတယ်ဗျ။


#၃၀မိနစ်တက္ကသိုလ်

မြန်မာပြည်ကြီး မင်းစိုးမင်းညစ် ရောဂါစိုးများမှ အမြန်ဆုံး လွတ်မြောက်ပါစေ----------------------------−--ကွန်ပျူတာ မှာ ဖိုင...
14/07/2021

မြန်မာပြည်ကြီး မင်းစိုးမင်းညစ် ရောဂါစိုးများမှ အမြန်ဆုံး လွတ်မြောက်ပါစေ
----------------------------−--
ကွန်ပျူတာ မှာ
ဖိုင်များဖွင့်ရာ နှစ်သက်သလို တစ်ချက်နှိပ်ထားရှိခြင်း သို့ နှစ်ချက်နှိပ်ထားရှိခြင်း



#ကွန်ပျူတာနည်းပညား

ကွန်ပျူတာအခြေခံ အွန်လိုင်းသင်တန်း တက်လို့ရပါတယ်ခင်ဗျာသင်ခန်းစာ ဖိုင်ပေါင်း ( ၁၀၀ )ကျော် ရှိပါတယ် သင်ခန်းစာအားလုံးကိုလေ့လ...
27/01/2021

ကွန်ပျူတာအခြေခံ အွန်လိုင်းသင်တန်း တက်လို့ရပါတယ်ခင်ဗျာ

သင်ခန်းစာ ဖိုင်ပေါင်း ( ၁၀၀ )ကျော် ရှိပါတယ် သင်ခန်းစာအားလုံးကိုလေ့လာပြီးရင်
ကွန်ပျူတာကို ကောင်းမွန်ပိုင်နိုင်သွားမယ်လို့ အာမခံပါတယ် သင်တန်းကြေးဆိုတာလဲ မုန့်ဖိုးလောက်သာယူထားပါတယ်

သင်ရိုးသင်ခန်းစာများ
--------------−
👉 Introduction to Computer
ကွန်ပျူတာကို စတင်လေ့လာခြင်း

👉 Using Desktop Screen
Desktop Screen ပေါ်မှာ လုပ်ငန်းဆောင်တာ အားလုံး အသေးစိတ်ကို ပြင်ဆင်ပြီး Pro ဆန်ဆန် အသုံးပြုနည်း

👉 English &Myanmar Typing
အင်္ဂလိပ် မြန်မာစာ ကို ကျွမ်းကျင်စွာ ရိုက်နည်း

👉 Using Windows 10 in Explorer
Windows 10 တွင် Files &Folders များအသုံးပြုနည်း

👉 Software Install &Uninstall
Software တင်နည်း ဖြုတ်နည်း

👉 Windows Security ကိုပိတ်ပြီး Crack Software တွေ ထည့်သွင့်နည်း
လိုအပ်တဲ့ Software တွေလဲ အလွယ်ဒေါင်းယူနိုင်အောင်တင်ပေးထားပါတယ်

👉 Microsoft Paint သင်ခန်းစာများ

👉 Microsoft Office Word 2019 သင်ခန်းစာများ

👉 Microsoft Office Excel 2019 သင်ခန်းစာများ

👉 Microsoft Office PowerPoint 2019 သင်ခန်းစာများ

👉 Using Format Factory
Format Factory Software ကိုအသုံးပြုပြီး Mp3 Mp4 Format ချိန်းနည်းမျိုးစုံနဲ့ Srt ဖိုင်ကို Video ဖိုင်နဲ့ တပါထဲ ထည့်သွင်းနည်း စာတန်းထိုးတွေ ထည့်သွင်းနည်း အင်္ဂလိပ်မြန်မာစာတန်းထိုးတွေ နှစ်သက်သလို ချိန်းထည့်နည်း

👉 Using Internet အသုံးပြုနည်း Internet အသုံးပြုနည်း

👉 Online Storage
အင်တာနက်ပေါ်မှာ Data အချက်အလက်များ သိမ်းဆည်းအသုံးပြုနည်း

👉 အလုပ်လျှောက်လွှာရေးနည်း နှင့် အလုပ်လျှောက်နည်း

+A ပိုင်းမှာသာပါဝင်တဲ့
👉 Windows Burn နည်း

👉 Windows Install တင်နည်း

👉Partition ပိုင်းနည်း ပြန်ပေါင်းနည်းများကိုပါ ထည့်သွင်းပေးထားပါတယ်ခင်ဗျာ

Windowsက အကြောင်းအမျိုးမျိုးကြောင့်ကျသွားတဲ့ အခါ ဆိုင်သွားပြီး ၁သောင်း ၂သောင်းလောက် အကုန်ခံစရာမလိုပဲ မိမိကိုယ်တိုင် Windows Burn ယူထားပြီး ကိုယ်တိုင်တင်ပြီး အသုံးပြုနိုင်အောင် ထည်သွင်းပေးထားပါတယ် လိုအပ်တဲ့ Software နဲ့ Windows 10 Pro ( ISO File ) ကိုလဲ တင်ပေးထားပါတယ်

သင်ကြားမည့်ပုံစံ
------------
Facebook Group ထဲမှာ Recorded Videos များကို တစ်ခန်းစီအလိုက် လေ့လာရပါမှာဖြစ်ပါတယ်

သင်တန်းကာလ
-----------
သင်တန်းကာလ မကန့်သက်ထားပါဘူး
မိမိအားတဲ့ အချိန်မ၍ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်
Videos သင်ခန်းစာတွေကိုလဲ ‌ဒေါင်းယူပြီးသိမ်းထားလို့လဲရပါတယ်

👉Download ယူထားနည်းလဲထည့်သွင်းသင်ကြားပေးထားပါသေးတယ်

သင်တန်းအပ်မယ်ဆိုရင်
Chat Box ကနေ CBO လို့ရေးပို့ပြီး အပ်နိုင်ပါတယ်
👇
m.me/akscomputerschool

Page ကိုလဲ Like & Follows လုပ်ပေးခဲ့ပါအုန်းနော်
👇
https://www.facebook.com/akscomputertechnology

ကျေးဇူးတင်ပါတယ်
Computer

ဘာကြောင့် Partition ခွဲရတာလဲ==================ကွန်ပျူတာမှာတက်ဆင်ထားတဲ့ Hard Disk Drive ကို အပိုင်းခွဲသတ်မှတ်တာကိုပြောတာပ...
22/01/2021

ဘာကြောင့် Partition ခွဲရတာလဲ
==================
ကွန်ပျူတာမှာတက်ဆင်ထားတဲ့ Hard Disk Drive ကို အပိုင်းခွဲသတ်မှတ်တာကိုပြောတာပါ ဘာကြောင့်သတ်မှတ်ရသလဲဆိုရင်
windows တင်ချိန်မှာ partition ခွဲခဲ့တယ်ဆိုပါစို့ Windows တင်ပြီး This PCထဲမှာ မြင်တွေ့ရမှာက Local disk (C) (D) ဆိုပြီးအပိုင်းနှစ်ပိုင်းမြင်တွေ့ရမှာပါ
Disk (C)မှာ ရှိနေတဲ့အချက်အလက်တွေအားလုံးက Windows ISO File ထဲမှာ Windows ကို ဘမ်းယူထဲက ပါတဲ့ အချက်အလက်တွေပါ
အခြား Install ပြုလုပ်ထားသည့် Software တွေဟာလဲ (C)ခန်းထဲမှာပဲ ရောက်ရှိလာတာဖြစ်ပါတယ်
Local Disk (D)
(D) Partition ပိုင်းသည် Data တွေသိမ်းဆည်းဖို့အတွက် (D)Partition ပိုင်းကိုခွဲထားရခြင်းဖြစ်ပါတယ်
(C)Partition ပိုင်းထဲမှာလဲ အချက်အလက်များက သိမ်းဆည်းထားလို့ရတယ်နော်
C/D ဆိုပြီး နှစ်ပိုင်းခွဲထားခြင်းက သက်ရပ်မူ့လဲရှိသလို
အကြောင်းအမျိုးမျိုးကြောင့် Windows က Boot ပြန်မတက်နိုင်ပါက Windows ပြန်တင်ရမည့်အခါ (C)ခန်းကို Format ချပြီးမှသာ Windowsတင်ရမှာဖြစ်လို့ (C)ခန်းမှာရှိနေတဲ့ ဖိုင်အားလုံးဟာ ပျက်သွားရမှာဖြစ်လို့ (C)ခန်းထဲမှာ Data တွေသိမ်းဆည်းထားမိရင် ပြန်မရတော့ပါဘူး (D)ခန်းကျတော့
(C)ခန်းကိုပဲ ဖျက်လိုက်တာဖြစ်လို့ (D)ခန်းမပျက်ပါဘူး (D)ခန်းမှာရှိနေတဲ့ Data တွေလဲမပျက်တော့ဘူးပေါ့
====================
Beginners တွေအတွက်ရည်ရွယ်ပါသည်
ကွန်ပျူတာပညာရပ်ကို ကျွမ်းကျင်စွာတက်မြောက်ဖို့
အထူးသင်တန်းကြေး ၅၀၀၀(ငါးထောင်)သာပေးသွင်းရပြီး
အွန်လိုင်းသင်တန်းတက်ရောက်နိုင်ပါတယ်
သင်ရိုးသင်ခန်းစာများကို Lesson-1 သင်ခန်းစာမှာတင်ပေးထားပါတယ်ခင်ဗျာ
အခြားသင်ခန်းစာများလဲ လေ့လာနိုင်အောင်ပါ
Lesson-1
Windows Auto Update ပိတ်နည်း မသိသေးရင် အောက်မှလင့်ခ်က ဝင်ရောက်လေ့လာနိုင်ပါတယ် 👇
https://www.facebook.com/100030627963625/videos/437339740630288/
Lesson-2
OTG USB Systemကို ဖုန်းမှာချိတ်ဆက်အသုံးပြုနည်း
👇
https://m.facebook.com/story.php?story_fbid=437959070568355&id=100030627963625
Lesson-3
မှားဖျက်မိတဲ့ ဖိုင်တွေပြန်ယူနည်း 👇
https://www.facebook.com/100030627963625/videos/438760823821513/
နည်းပညာများ နေ့စဥ်တင်ပေးနေတဲ့ကျွန်တော့်ရဲ့ Page ကို Like & Follows လုပ်ထားပေးပါအုန်း 👇
https://www.facebook.com/akscomputertechnology/
နည်းပညာများ နေ့စဥ်တင်ပေးနေတဲ့ကျွန်တော့်ရဲ့ Page ကို Like & Follows လုပ်ထားပေးပါအုန်းနော် 👇
https://www.facebook.com/akscomputertechnology/
အွန်လိုင်းသင်တန်းတက်လိုပါက အောက်က Link မှလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 👇
m.me/akscomputerschool
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကြိုးစားလျှက်ပါ



#နည်းပညာခရီးသွား

Computer မှာ Data (C) တို့ Data (D) တို့ပျောက်နေတာကို ပြန်ယူနည်းComputer မှာ Data (C) တို့ Data (D) တို့လို Partition Vo...
21/01/2021

Computer မှာ Data (C) တို့ Data (D) တို့ပျောက်နေတာကို ပြန်ယူနည်း

Computer မှာ Data (C) တို့ Data (D) တို့လို Partition Volume တွေကို မှားပြီးဖျက်မိရင် ပြန်ယူနည်းလေးပါ။
ဥပမာ- Data (D) လိုမျိုး Volume ကို Delete Volume နဲ့ မှားဖျက်မိလိုက်တဲ့အခါ Computer ထဲမှာ Data (D) မပေါ်တော့ပါဘူး၊ အခြား Volume နာမည်တေပဲ ကျန်ရှိပါတော့မယ်။
အောက်မှာပြထားတဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ကြည့်ပါ အလွယ်တကူပြန်လည်ရယူနိုင်ပါပြီ။

အရင်ဆုံး ကိုယ့် computer ထဲမှာ Data(D) or Data(C) or ..... တစ်ခုခုပျောက်သွားပါက
1. Computer File ထဲဝင်ပါ၊ This PC အပေါ်ကို Right Click တစ်ချက်နှိပ်ပါ၊ Dialog Box ကျလာပါက Manage မှာ Click တစ်ချက်နှိပ်ပေးပါ၊ Dialog Box အကြီး တစ်ခု ထပ်ကျလာပါက Storage အောက်နားက Disk Management မှာ Click နှိပ်ပါ။
2. Box အလယ်လောက်မှာ C, D, E အစရှိသဖြင့် အရောင်နဲ့ Partition Volume တေကိုတွေ့ရပါလိမ့်မည်။
3. ကိုယ် မှားဖျက်ထားမိတဲ့ Data (D) or Data (C) အစရှိသဖြင့် ရှာကြည့်ပါ၊ ကိုယ်ဖျက်မိထားတဲ့ Partition မပိုင်းအပေါ်မှာ “Unallocated” ဆိုတာ ပြနေပါလိမ့်မည်။
4. “Unallocated” လို့ပြနေပြီး ဖျက်မိထားတဲ့ Partition အပိုင်းအပေါ်ကို Right Click နှိပ်ပါ၊ Dialog Box တစ်ခုကျလာပါက "Restore Partition" ကို Click နှိပ်ပါ၊
5. ထိုအခါ Volume အသစ်ဖြစ်သွားပါလိမ့်မည်၊ ထို့အတွက် Volume ကိုနာမည်တောင်းရင် G, E, D, F, ... အစရှိသဖြင့် ကိုယ်ကြိုက်တာ ပေးလိုက်ပါ၊ နောက်ဆုံး အောက်နားမှာ OK (သို့မဟုတ်) Restore ကို နှိပ်ပေးလိုက်ပါ။ Computer File ထဲမှာ မိမိ မှားဖျက်မိလို့ ပျောက်နေသည့် Volume အပိုင်း ပြန်ပေါ်လာပါလိမ့်မည်။
Credit…..Myo Min Aung
Google မှ ဘာသာပြန်သည်။

Beginner တွေအတွက် ရည်ရွယ်ပါသည်

Lesson-1
Windows Auto Update ပိတ်နည်း မသိသေးရင် အောက်မှလင့်ခ်က ဝင်ရောက်လေ့လာနိုင်ပါတယ် 👇

https://www.facebook.com/100030627963625/videos/437339740630288/

Lesson-2
OTG USB Systemကို ဖုန်းမှာချိတ်ဆက်အသုံးပြုနည်း
👇
https://m.facebook.com/story.php?story_fbid=437959070568355&id=100030627963625

Lesson-3
မှားဖျက်မိတဲ့ ဖိုင်တွေပြန်ယူနည်း 👇
https://www.facebook.com/100030627963625/videos/438760823821513/

အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကြိုးစားလျှက်ပါ



Computer မှာ Virus ရှိနေပြီဆိုတာကို CMD နေအလွယ်လေးစစ်နည်းRunbox ကိုဖွင့် .. cmd လို့ရိုက်ထည့်ပြီး Enter ခေါက်Box အမဲလေးတ...
19/01/2021

Computer မှာ Virus ရှိနေပြီဆိုတာကို CMD နေအလွယ်လေးစစ်နည်း
Runbox ကိုဖွင့် .. cmd လို့ရိုက်ထည့်ပြီး Enter ခေါက်
Box အမဲလေးတစ်ခုပွင့်လာမယ်....
4cd\ ... လို့ရိုက်ထည့်ပြိး Enter ခေါက်
Setup ... လို့ရိုက်ထည့်ပြီး Enter ခေါက်
It is not recognized ဆိုတာနဲ့စပြီးပြလာရင် .. ဗိုင်းရပ်စ်ရှိနေပြီ ..
Please Go To The Install ဆိုပြီးပြလာရင် .. Virus မရှိဘူး ...
အဲ့ဒါအလွယ်ဆုံးနည်းလေးပဲ ...
Credit….
အခြားသင်ခန်းစာများ 👇
https://m.facebook.com/story.php?story_fbid=437340523963543&id=100030627963625ရ

👇
https://m.facebook.com/story.php?story_fbid=444083906622538&id=100030627963625

အွန်လိုင်းသင်တန်းတက်ချင်ရင် Chat Box မှာ CBO လို့ရေးပို့ပေးပါ 👇
https://m.me/akscomputerschool

18/01/2021

Excel မှာနံပတ်တွေကို ဆုံသက်သက် မသက်သက်ခွဲနည်း
=======================================
(Lesson-4)
Auto Fill အသုံးပြုနည်း ပါတပါထဲ ပြောပြထားပါတယ်
Beginner တွေအတွက် ရည်ရွယ်ပါသည်
Lesson-1
Windows Auto Update ပိတ်နည်း မသိသေးရင် အောက်မှလင့်ခ်က ဝင်ရောက်လေ့လာနိုင်ပါတယ် 👇
https://www.facebook.com/100030627963625/videos/437339740630288/
Lesson-2
OTG USB Systemကို ဖုန်းမှာချိတ်ဆက်အသုံးပြုနည်း
👇
https://m.facebook.com/story.php?story_fbid=437959070568355&id=100030627963625
Lesson-3
မှားဖျက်မိတဲ့ ဖိုင်တွေပြန်ယူနည်း 👇
https://www.facebook.com/100030627963625/videos/438760823821513/
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကြိုးစားလျှက်ပါ



#နည်းပညာခရီးသွား
#လိုရင်းတိုရှင်းနည်းပညာ

RAM နဲ့ CPU အကြောင်း  ဆိုတာ ဘာလဲအခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလ...
17/01/2021

RAM နဲ့ CPU အကြောင်း

ဆိုတာ ဘာလဲ
အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။

RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -

RAM ဆိုတာ

Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။

RAM ကျတော့ ကျော်တာ၊ခွတာလုပ်လို့ရပါတယ်။ ဆိုလိုရင်းက လုပ်ဆောင်ချက်ကို ကိုယ်လိုတဲ့ နေရာကနေ ဆွဲယူလို့ ရပါတယ်။ ဒါကြောင့် Random လို့ခေါ်တာပါ။ Data တွေကို သိမ်းတဲ့အခါ C file ထဲသိမ်းရင် RAM ဖြစ်ပြီး ကွန်ပြူတာ Error အကြောင်းတစ်ခုခုရှိတဲ့အခါ အလွယ်တကူ ပျက်နိုင်ပါတယ်။ RAM မှာသိမ်းဆည်းထားလို့ပါ။ ပြီးတော့ RAM မှာသိမ်းဆည်း ထားတဲ့ ပရိုဂရမ်တွေက အသုံးပြုရ၊ Save လုပ်ရ မြန်ဆန် ပါတယ်။ ပြီးတော့ ဘယ်နေရာက ဘယ်လို ပရိုဂရမ်တွေကိုပဲ Run Run . RAM ပေါ်မှာ အလုပ်လုပ်ပြီး နောက်ဆုံးမှ ဒါကို ROM မှာသိမ်းမှာလား RAM မှာ သိမ်းမှာလား ရွေးချယ်နိုင်ပါတယ်။ လွယ်လွယ်မှတ်ရင် ကွန်ပြူတာဖွင့်ပြီး အင်တာနက်သုံးပြီ၊ ဂိမ်းဆော့ပြီ၊ အလုပ်လုပ်ပြီဆိုရင် RAM က မိမိလုပ်ဆောင်ချက်များ အတွက် အလုပ်လုပ်ပေးနေရ ပြီ ဖြစ်ပါတယ်။

RAM ရည်ရွယ်ချက်

RAM နဲ့ ROM ရှိရာမှာ RAM ထားရတဲ့ ရည်ရွယ်ချက် သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်တွေဆီကို အလွယ်တကူ ဝင်ရောက်နိုင်ရန်၊ အလွယ်တကူ နှင့် ယာယီ သိမ်းဆည်းနိုင်ရန်၊ ပရိုဂရမ်များကို မြန်မြန် Run နိုင်ရန်၊ အသုံးပြုနိုင်ရန် လို့အလွယ်မှတ်ယူထားနိုင်ပါတယ်။

RAM အမျိုးအစား

DRAM ခေါ် Dynamic RAM နဲ့ Static RAM (SRAM) ဆိုပြီး ၂ မျိုး ရှိပါတယ်။ SRAM အတွေ့နည်းပြီး DRAM အတွေ့များပါတယ်။ ဘာလို့လဲဆို SRAM က ပိုကောင်းပြီး စျေးကြီးလို့ပါ။ သူ့ပါသူ အလိုအလျောက် Refresh ဖြစ်နေတဲ့ SRAM က တစ်စက္ကန့်မှာ အကြိမ် တစ်ထောင်မက Refresh လုပ်ပေးနေရတဲ့ DRAM ထက် လုပ်ဆောင်ချက်လည်း မြန်ဆန်ပါတယ်။ ကျနော်တို့ Windows မှာ F5 နှိပ်ပြီး Refresh ခဏခဏ လုပ်နေတယ်ဆိုတာ RAM အတွက်ပါ။ CPU utilize များတာနဲ့အမျှ RAM အလုပ်များပြီး Error ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ဒီတော့ အကြမ်းဖျင်းအားဖြင့် RAM မှာ DRAM နဲ့ SRAM ဆိုပြီး ၂ မျိုးရှိတယ်လို့ အကြမ်းဖျဉ်းမှတ်သား နိုင်ပါတယ်။

အနှစ်ချုပ်

ကွန်ပြူတာတင်မက မိုဘိုင်းနှင့် အခြား ကွန်ပြူတာမှတ်ဥာဏ်ပါဝင် ပစ္စည်းတွေအများစုမှာ RAM က ပါကိုပါပါတယ်။ ဖုန်းမှာလဲ RAM ပါပါတယ်။ RAM များလေလေ လုပ်ဆောင်ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် RAM 2G က RAM 1GB ထက် ဂိမ်းဆိုဒ်ကြီးကြီးကို ဆော့နိုင်ခြင်း ဖြစ် ပါတယ်။ RAM 1GB ထက် RAM 2G ကတစ်ပြိုင်နက်တည်းမှာပဲ အလုပ်များများ လုပ်ပေးနိုင်ပါတယ်။ 2GB ထက် 3GB, 3GB ထက် 4GB အစရှိသဖြင့် သိမ်းဆည်းနိုင်မှုများလေလေ၊ လုပ်ဆောင် ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပြူတာ တွေမှာ ROM နည်းပေမယ့် RAM များတဲ့အခါ Performance ကောင်းရခြင်း ဖြစ်ပါတယ်။ သူက ROM က အသေသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်နဲ့ ပရိုဂရမ်တွေကို ဝန်မျှထမ်းပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်။

သူကိုယ်တိုင်ကလည်းရှိတဲ့ ဝန်ကိုထမ်းပြီး ROM က အချို့ဝန်တွေကိုလည်း ခွဲထမ်းပေးတတ်ပါတယ်။ ဥပမာ Networking Devices တွေမှာဆိုရင် Command တွေကို RAM (Running Configuration) ကနေ ROM ထဲကို သိမ်းဆည်းလိုက်တာမျိုးဖြစ်ပါတယ်။ ပြီးတော့ Device ကိုပြန်စတဲ့အခါ ယင်းမှတ်ဥာဏ်က မပျောက်ပဲရှိနေပါတယ်။ RAM ရဲ့ မှတ်ဥာဏ်ဟာ ကွန်ပြူတာပိတ်လိုက်တာနဲ့ ပျောက်ပါတယ်။ ဒါကြောင့် RAM နဲ့ သုံးပြီး နောက်ဆုံးမှာ ROM ထဲကို ပြန် Save လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့် တာဝန်ယူခွဲယူတဲ့ သဘောကိုဆိုခြင်း ဖြစ်ပါတယ်။ RAM က volatine memory, ROM က non volatine memory လို့လည်း အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။

ဒီလောက်ဆိုရင် RAM ကဘာကိုခေါ်သလဲဆိုတာတင်မက ROM အကြောင်းကိုပါ အကြမ်းဖျင်း သိပြီလို့ မျှော်လင့် ပါတယ်။

By Tech Space

CPU အကြောင်းသိကောင်းစရာ
**********************

Computer ရဲ့ဦးနှောက်လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့်ပြုလုပ်ထားပြီး
motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့်အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။

(၁၉၇၁) ခုနှစ်တွင် Intel company မှ
4004 processor ကိုပထမဦးဆုံးစီးပွားဖြစ် တီထွင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ခန့်ဖြင့်တည်ဆောက်ထားပြီး 60 kHz ဖြင့်
အလုပ်လုပ်ဆောင်ပါတယ်။ 60 kHz ဆိုတာကတော့
တစ်စက္ကန့်မှာတွက်ချက်မှုပေါင်း(၆)သန်းခန့်ကို
လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်။
ယနေ့ခေတ်ပေါ် processor များကိုတော့
သန်းနှင့်ချီသော transistor များဖြင့်
တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ
တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး !။

Microprocessor ရဲ့ပါတ်လည်အနားတစ်လျှောက်မှာ
ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။
ထို pin များထဲမှ အချို့ဟာ
Bus (data carrier) များမှလာသော
Signal Line များနှင့်ချိတ်ဆက်ရန်ဖြစ်ပြီး
အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။
CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင်
Component တစ်ခုတည်းအဖြစ်သာမြင်ရမှာဖြစ်ပြီး
အတွင်းပိုင်းမှာတော့ ALU (Arithmetic Logic Unit) ၊ Register ၊ CU (Control Unit) အစရှိသောအစိတ်အပိုင်းများကိုစုပေါင်းပြီး
ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံများသည် CUP အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်းအခြေံကျသော
သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။
CPU သည် Calculation နှင့် Data များကို
Program မှညွှန်ကြားသော Instruction များအတိုင်း
process လုပ်ရသောတာဝန်များကိုဆောင်ရွက်ရပါတယ်။
Instruction များဆိုတာကတော့ရောက်ရှိလာတဲ့
data များကို CPU မှဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲဖြစ်ပါတယ်။
ဥပမာ 2 + 7 ရဲ့အဖြေကိုတွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။
2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ
ခုနကပြောခဲ့တဲ့ Register ဆိုတဲ့အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။

အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နေရာမှာဆို
ထို file အတွင်းပါစာသားများ ၊ ရုပ်ပုံများ ဟာ
data များပင်ဖြစ်ပါတယ်။
အဲ့ဒီ file ကိုသိမ်းဆည်းရန် (သို့)
printer ထုတ်ရန်အတွက် Print (သို့)
Save တွင် click နှိပ်ပြီး command ပေးရပါမယ်။
ထို Print (သို့) Save သည် CPU အား
data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကို
ညွှန်ကြားသော Program (သို့ )
series of instructions များပဲဖြစ်ပါတယ်။
CPU ဟာ Instruction တစ်ခုလာတဲ့အခါ
ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန်
ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။
CPU အပါအဝင်
computer အစိတ်အပိုင်းအားလုံးအသီးသီးတို့သည်
Lowest-level programming language
ဖြစ်သော machine language ကိုသာလျှင်
နားလည်ပါတယ်။ ထို machine language ကို
CPU မှအလွယ်တကူနားလည်လက်ခံနိုင်သော်လည်း
လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။

ဘာဖြစ်လို့လဲဆိုတော့ machine language တွင်
number (1 & 0) များသာ
ပါဝင်သောကြောင့်ဖြစ်ပါတယ်။

ဥပမာ - 0000 0001 0010
1000 0101 1100 00111
ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့)
high level programming language
လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး
software များကိုရေးသားရပါတယ်။
ဟိုးယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင်
Program အားလုံးတို့ကို Assembly language ဖြင့်သာရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်။

သို့သော် number များအစား name များဖြင့်
ရေးသားနိုင်ပါတယ်။
ဥပမာ - add $r2, $r3, $r4
ယနေ့အချိန်မှာတော့ Assembly language အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပြီး
high level language များဖြစ်ကြသော
C ၊ Fortran ၊ Pascal တို့ကိုသာ
အဓိကထားအသုံးပြုပြီး program များကို
ရေးသားလျက်ရှိပါတယ်။
ထို high level language များသည်
human language နှင့်ဆင်တူသည့်အတွက်ကြောင့်
Program များကို အလွယ်တကူရေးနိုင် ဖတ်နိုင် ပြုပြင်ထိန်းသိမ်းနိုင်ကြပါတယ်။
သို့သော်ငြားလည်း speed သည် အရေးကြီးပြီး
high level language နှင့်ရေးသားဖို့ရန်မဖြစ်နိုင်သော
operation များအတွက် assembly language ကို ယနေ့တိုင်အသုံးပြုရဆဲဖြစ်ပါတယ်။

Program တစ်ခုကို မည်သည့် language နဲ့ရေးဖွဲ့စေကာမူ နောက်ဆုံးတစ်ချိန်မှာ CPU နားလည်လက်ခံနိုင်သော
machine language အဖြစ်သို့
translate လုပ်ပေးရပါတယ်။
ထိုသို့ translate လုပ်နိုင်ရန်အတွက်
high level language မှ
machine language သို့ပြောင်းလဲပေးသော
compiler ၊ interpreter ၊ assembly မှ
machine language သို့ပြောင်းလဲပေးနိုင်သော
assembler တို့ဖြင့် translate လုပ်ပေးရပါတယ်။ Microprocessor စျေးကွက်ကို လွှမ်းမိုးထားပြီး ယနေ့ computerအများစုတို့အတွင် အသုံးပြုလျက်ရှိသော Microprocessor များကို အဓိကထုတ်လုပ်သူ
company ကြီး၂ခုသာရှိပါတယ်။
Intel နဲ့ AMD (Advanced Micro Device)
တို့ပဲဖြစ်ပါတယ်။

Intel သည် processor စျေးကွက်ကိုလွှမ်းမိုးထားပြီး စျေးကွက်ဝေစုအများဆုံးပိုင်ဆိုင်ထားသော
CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။
အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ပေးသားခဲ့ပါတယ်။

8080 ၊ 286 ၊ 486 အစရှိတဲ့အမည်များနဲ့ဖြစ်ပါတယ်။
486 နောက်ပိုင်းအမည်ပေးတဲ့နေရာမှာ
Pentium ၊ Celeron ၊ အစရှိတဲ့
Pentium မျိုးဆက်ပဲဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ Pentium မဟုတ်ပဲ
Core အမည်များနဲ့လာပါတယ်။
Core 2 Duo ၊ Core 2 Quad ကနေစပြီး
ယနေ့နောက်ဆုံးပေါ် Core i3 ၊ Core i5 ၊ Core i7 တို့ထိအောင်ဖြစ်ပါတယ်။
CPU အလုပ်လုပ်ပုံ Computer ပေါ်မှာ
software တစ်ခုကို install လုပ်ခြင်းသည်
series of instruction များပါဝင်သော
program code များနှင့် ဆက်စပ်လျက်ရှိသော
file များကို hard disk ပေါ်တွင် သိုလှောင်သိမ်းဆည်းထားခြင်းပင်ဖြစ်ပါတယ်။
အလားတူပင် image များ document များအစရှိသော
data များသည်လည်း storage device လို့ခေါ်သည့်
hard disk များ CD ROM များပေါ်တွင်
သိမ်းဆည်းထားပါတယ်။
Program ကို run တဲ့အခါမှာသော်လည်းကောင်း
data များ storage device ထဲမှနေပြီး
RAM (Random Access Memory) ပေါ်သို့ copy ကူးယူလိုက်ပါတယ်။ ထို RAM မှတစ်ဆင့် data များကို
Bus များမှတစ်ဆင့် ယူငင်အသုံးပြုပြီး
CPU မှစတင် process လုပ်ပါလိမ့်မယ်။
အလားတူပင် process လုပ်ပြီံးသွားသော data များကို
CPU မှ RAM ပေါ်သို့ RAM မှ
storage device (Hard Disk) ပေါ်သို့အဆင့်ဆင့်ပြန်ရေးရပါတယ်။
ဒီလိုနဲ့ data တွေကို memory ပေါ်ခဏတင်ထားပြီး
CPU မှ process လုပ်ကာ
အသုံးပြုသူက save လိုက်တာနဲ့တစ်ပြိုင်နက်
hard disk ထဲကိုပြန်သိမ်းပေးပါတယ်။

ကဲ…ဒါဆိုရင်စာဖတ်သူတို့လည်း
Microprocessor (သို့) CPU ဘယ်လိုအလုပ်လုပ်တယ် ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို သိသွားပြီဖြစ်ပါတယ်။
အစဉ်လေးစားစွာဖြင့်….

Credit:မူရင်းရေးသားသူ

Windows Password ကို Command Line မှ ကျော်တဲ့နည်းလေးပါ။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကိုယ့် Windows ရဲ့ Password မေ့သ...
13/01/2021

Windows Password ကို Command Line မှ ကျော်တဲ့နည်းလေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့် Windows ရဲ့ Password မေ့သွားတာဘဲဖြစ်ဖြစ်Password ဝင်လို့မရတော့ဘူးဆိုရင် Command Line မှ Password ကျော်တဲ့နည်းလေးက လွယ်ကူပြီး လုပ်ရလွယ်တာမို့ ဒီနည်းလေးနဲ့ ဖြေရှင်းပါ။ (နောက်ထပ်နည်းတွေလည်းရှိပါတယ်။ မိတ်ဆွေတို့ရဲ့ နည်းလေးတွေကို Comments မှာ ဖော်ပြပေးပါ။ အပြန်အလှန် Sharing လေးပေါ့။ 😊😊😊)
လိုအပ်တဲ့ ပစ္စည်းကတော့ Windows DVD အခွေတစ်ခုဘဲလိုအပ်ပါတယ်။ Windows 7,8,8.1,10,Sever.... ကြိုက်တဲ့ Windows ခွေသုံးလို့ရပါတယ်။
ကိုယ့် Windows user account login လုပ်တဲ့ နေရာရဲ့ ညာဘက်အောက်မှာ Ease of Access ဆိုတဲ့ Key ကို နှိပ်ပါ။ အဲ့မှာ On Screen Keyboard ဆိုတဲ့ နေရာမှာ Command Prompt ကို အစားထိုးရမှာပါ။ ဒါဆိုရင် Command Prompt ကို ဘယ်လို အစားထိုးရမလဲပြောပြပေးမယ်။ computer ထဲကို windows ခွေထည့်ပြီး restart ချပါ။ Boot Option ထဲကို F key များ နှိပ်ပြီး ဝင်ပါ။ First boot မှာ ခုနက ထည့်ထားတဲ့ Windows ခွေထားလိုက်ပါ။ Save and Exit နဲ့ထွက်ပါ။ Windows တင်ခြင်း လုပ်ငန်းစဉ် စပါလိမ့်မယ်။ ဘာကို မှ မနှိပ်ဘဲ Shift နဲ့ F10 ကို တွဲနှိပ်ပါ။ Command Prompt ကျလာပါလိမ့်မယ်။ ရိုက်ရမယ့် Command တွေကတော့
E: နှိပ် Enter ခေါက်ပါ။
dir နှိပ် Enter ခေါက်ပါ။
cd System32 နှိပ် Enter ခေါက်ပါ။
copy cmd. exe osk. exe နှိပ် Enter ခေါက်ပါ။
Yes or No မေးရင် y နှိပ် Enter ခေါက်ပါ။
Ok ဒါဆိုရင် On screen Keyboard နေရာမှာ Command Prompt အစားထိုးပြီးပါပြီ။
ပြီးလျှင် Windows မတင်ဘဲ ပြန်ထွက်ပါ။ Windows ခွေ ထုတ်လိုက်ပါ။ Windows ပြန်တက်လာရင် ကိုယ့် အရင် password ကျနေတဲ့ Windows တက်လာပါလိမ့်မယ်။ Windows user account login လုပ်တဲ့ နေရာရဲ့ ညာဘက်အောက်မှာ Ease of Access ဆိုတဲ့ Key ကို နှိပ်ပါ။ အဲ့မှာ On Screen Keyboard ကို အမှန်ခြစ်တပ်ပြီး Ok နှိပ်ပါ။ Command Prompt ကျလာပါလိမ့်မယ်။ Command Prompt မှာ Windows Password ကျော်ဖို့ Command ရိုက်ရပါမယ်။ ရိုက်ရမယ့် Command တွေကတော့
net user Administrator နှိပ် Enter ခေါက်ပါ။ အဲ့မှာ password အသစ်တစ်ခု ထည့်ပေးလိုက်ပါ။ ဒါဆို Ok ပါပြီ။ အဲ့အသစ်ထည့်လိုက်တဲ့ Password နဲ့ ဝင်လို့ရပါပြီ။
***Administrator ဆိုတဲ့နေရာမှာ ကိုယ် Lock ကျနေတဲ့ user account ရဲ့နာမည်ကို ရိုက်ထည့်ရမှာပါနော်***
Credit;

Windows Auto Update ပိတ်နည်း 👇👇
https://web.facebook.com/100030627963625/videos/437339740630288/

Address

37th Street 73 X 74th Bet, Mahaaungmyay
Mandalay
05032

Opening Hours

Monday 10:00 - 12:00
Tuesday 10:00 - 12:00
Wednesday 10:00 - 12:00
Thursday 10:00 - 12:00
Friday 10:00 - 12:00
Saturday 10:00 - 12:00
Sunday 10:00 - 12:00

Website

Alerts

Be the first to know and let us send you an email when AKS Computer School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share