11/04/2026
🌿 သင်္ကြန်ပိတ်ရက်နှင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ💦
"အတာရေသဘင်နဲ့အတူ စိတ်သစ်၊ လူသစ်ဖြင့် အေးချမ်းကြပါစေ"🌿
ချစ်ခင်ရတဲ့ Customer များခင်ဗျာ...
မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ အပူအပင်တွေကင်းဝေးပြီး ပျော်ရွှင်စရာ ပိတ်ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့JM Distribution & Black Panther မိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🫶
နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့အတူ ဆေးကြောသန့်စင်သွားပြီး၊ နှစ်သစ်မှာ ကြည်လင်တောက်ပတဲ့ နေ့ရက်သစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်🌿💦
သင်္ကြန်ရုံးပိတ်ရက်အတွင်း ကျွန်တော်/ကျွန်မတို့ ဆိုင်ပိတ်မည့်ရက်လေးကို အသိပေးပါရစေ။
ဆိုင်ပိတ်မည့်ရက်: ဧပြီလ (၁၂) ရက်နေ့ မှ (၁၈) ရက်နေ့အထိ
ပြန်လည်ဖွင့်လှစ်မည့်ရက်: ဧပြီလ (၁၉) ရက်နေ့ (တနင်္ဂနွေနေ့)
📌 မှတ်ချက်:
ပိတ်ရက်ကာလအတွင်း Page Messenger မှတစ်ဆင့် မေးမြန်းထားသည်များကို ဆိုင်ပြန်လည်ဖွင့်လှစ်သည့် ဧပြီလ (၁၉) ရက်နေ့တွင် အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားပါမည်။
အားလုံးပဲ ဘေးကင်းပျော်ရွှင်သော သင်္ကြန်ပိတ်ရက်လေး ဖြစ်ပါစေရှင်💦💦
နှစ်သစ်မှာ စိတ်ရောကိုယ်ပါ လလန်းဆန်းတောက်ပကြပါစေ🙏🏻🙏🏻