evotag

evotag Just Tap It!!!!!!!!

ဖုန်းနောက်မှာ ကပ်ထားတဲ့ evotag လေးက... Battery လည်း မလို၊ အားလည်း သွင်းစရာမလိုဘဲ ဘယ်လို အလုပ်လုပ်နေတာလဲ?evotags သုံးနေတဲ...
15/08/2026

ဖုန်းနောက်မှာ ကပ်ထားတဲ့ evotag လေးက... Battery လည်း မလို၊ အားလည်း
သွင်းစရာမလိုဘဲ ဘယ်လို အလုပ်လုပ်နေတာလဲ?

evotags သုံးနေတဲ့သူတွေ ခဏခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိတယ်... "ဒီ Tag လေးက Battery ပါလား?"၊ "အကြာကြီး သုံးရင် အားကုန်မသွားဘူးလား?" ဆိုပြီးတော့ပေါ့ ။

အဖြေကို ဒုန်းတိ ပြောရရင် "Battery လုံးဝ မပါပါဘူး၊ အားလည်း ဘယ်တော့မှ သွင်းစရာ မလိုပါဘူး" ။

ဒါဆို Battery မပါဘဲ ဒေတာတွေကို ဘယ်လို ပို့ပေးနေတာလဲ?

နည်းပညာလောကမှာ Tag တွေကို (၂) မျိုး ခွဲခြားထားပါတယ်

1️⃣ Active Tag: ကိုယ်ပိုင် Battery ပါဝင်ပြီး လှိုင်းတွေကို အဝေးကြီးအထိ အမြဲ ထုတ်လွှင့်နေတဲ့ စနစ် (ဥပမာ - ကားလမ်း ဖြတ်သန်းခ Toll Gate စက်တွေ) ။

2️⃣ Passive Tag (evotag သုံးထားသည့် စနစ်): ကိုယ်ပိုင် Battery လုံးဝ မပါဝင်တဲ့ စနစ် ။
ဒါဆို evotag က အသက် ဘယ်လို ဝင်လာတာလဲ?

သင့်ဖုန်းမှာ NFC ဖွင့်ပြီး evotag နားကို ထိလိုက်တဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ... ဖုန်းဆီကနေ သေးငယ်တဲ့ လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Field) လေးတစ်ခု ထွက်လာပါတယ် ။ အဲ့ဒီ လှိုင်းလေးက evotag ထဲမှာ ပါတဲ့ သေးငယ်လှတဲ့ Micro-antenna လေးကို ခဏတာ စွမ်းအင် ပေးလိုက်တာပါ။
အဲ့ဒီ အချိန်ကြမှ evotag ထဲက NTAG 213 Chip လေးက နိုးလာပြီး ကိုယ့်ရဲ့ Link လေးကို ဖုန်းဆီ ချက်ချင်း ပို့ပေးလိုက်တာ ဖြစ်ပါတယ်!
ဖုန်းနဲ့ ခွာလိုက်တာနဲ့ Tag လေးက အလိုလို ပြန်အိပ်ပျော်သွားတာမို့လို့... နှစ်ပေါင်းများစွာ သုံးလည်း အားကုန်သွားတာမျိုး လုံးဝ မရှိတော့ဘူးပေါ့ ။
Battery မလို၊ အားသွင်းစရာ မလိုဘဲ အမြဲ အသင့်ဖြစ်နေတဲ့ နည်းပညာရဲ့ လှပမှုဆိုတာ ဒါပါပဲ ✨။

"Battery ပါဘဲ ဘယ်လို အလုပ်လုပ်လဲ" ဆိုတဲ့ လျှို့ဝှက်ချက်ကို အခုမှ သေချာ သဘောပေါက်သွားတယ်ဆိုရင် Save ထားဖို့ မမေ့နဲ့ဦးနော်!

ဒါနဲ့ မိတ်ဆွေတို့ကော အရင်က ဒီ Tag လေးထဲမှာ battery ပါတယ်လို့ ထင်ခဲ့ကြလား?

Comment မှာ ပြောပြသွားကြပါဦး ။

ဖုန်းထဲက Setting တွေကို Tap တစ်ချက်တည်းနဲ့ အလိုအလျောက် အလုပ်လုပ်ခိုင်းလို့ရတယ်ဆိုတာ သိလား? 📱NFC ဆိုတာ Contact တွေ Share ...
02/08/2026

ဖုန်းထဲက Setting တွေကို Tap တစ်ချက်တည်းနဲ့ အလိုအလျောက် အလုပ်လုပ်ခိုင်းလို့ရတယ်ဆိုတာ သိလား? 📱

NFC ဆိုတာ Contact တွေ Share ဖို့ သက်သက်တင် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို Iron Man လို Smart ကျကျ ဖြတ်သန်းဖို့ ဖုန်းက Automation (အလိုအလျောက်စနစ်) တွေနဲ့ တွဲသုံးလို့ ရပါတယ်။

iPhone မှာဆိုရင် "Shortcuts" App၊ Android မှာဆိုရင် "NFC Tasks" လို App တွေနဲ့ evotag ကို ချိတ်ဆက်ထားလို့ ရပါတယ်။ ဥပမာ -
🛏️ အိပ်ရာဘေးမှာ: evotag ကို Tap လိုက်တာနဲ့ ဖုန်းက Silent Mode အလိုလိုပြောင်းသွားမယ်၊ မနက်အတွက် Alarm ပေးမယ်။
🚗 ကားပေါ်မှာ: ကားထဲက evotag ကို Tap လိုက်တာနဲ့ Spotify က သီချင်းတွေ အလိုလို ပွင့်လာမယ်၊ Google Maps တန်းပွင့်လာမယ်။ဖုန်းထဲက Setting တွေကို Tap တစ်ချက်တည်းနဲ့ အလိုအလျောက် အလုပ်လုပ်ခိုင်းလို့ရတယ်ဆိုတာ သိလား? 🪄📱
💻 အလုပ်စားပွဲမှာ: Tap လိုက်တာနဲ့ Wi-Fi တန်းချိတ်ပေးမယ်။

Contact Share ဖို့အပြင် ဒီလို အမိုက်စား Automation တွေအတွက်ပါ evotag ကို သုံးလို့ရတယ်ဆိုတာ Tech-savvy လူငယ်တွေ သိထားဖို့ လိုမယ်နော်!

ကော်ဖီတစ်ခွက်စာ စရိတ်လေးနဲ့ ... သင့်ရဲ့ Professional Image ကို Level Up လုပ်ပေးမယ့်  Tech Product 💡 စီးပွားရေးလုပ်ငန်းရှ...
25/07/2026

ကော်ဖီတစ်ခွက်စာ စရိတ်လေးနဲ့ ... သင့်ရဲ့ Professional Image ကို Level Up လုပ်ပေးမယ့် Tech Product 💡

စီးပွားရေးလုပ်ငန်းရှင်တွေ၊ Freelancer တွေနဲ့ တက်ကြွတဲ့ လူငယ်တွေအတွက်... တွေ့ဆုံမှုတိုင်းမှာ
First Impression က အရေးအကြီးဆုံးပါပဲ။

စက္ကူ Business Card တွေ ပုံနှိပ်ရတဲ့ ကုန်ကျစရိတ်နဲ့ ကတ်ကုန်သွားလို့ စိတ်ညစ်ရတဲ့ ဒုက္ခတွေကို... ကော်ဖီတစ်ခွက်စာ တန်ဖိုးရှိတဲ့ evotags NFC Tag လေးနဲ့ အပြီးတိုင် ဖြေရှင်းလိုက်ပါ။

ဘာကြောင့် တန်တာလဲ?
- ဖုန်းနဲ့ တစ်ချက်ထိရုံနဲ့ သင့်ရဲ့ Contact Details၊ Portfolio၊ Social Links နဲ့ Address တွေကို တစ်ဖက်လူဆီ ချက်ချင်း ပေးပို့နိုင်တယ်။
-�Cost Effective: ၂၀၂၂ ကတည်းက စျေးနှုန်း မပြောင်းလဲဘဲ ၁၅,၀၀၀ ကျပ် တည်းနဲ့ တစ်ခါဝယ်ထားရုံနဲ့ နှစ်ရှည်လများ အသုံးပြုနိုင်တယ် ။
- အကောင့်နာမည် ဒါမှမဟုတ် ဖုန်းနံပါတ် ပြောင်းသွားရင်လည်း Tag အသစ် လဲစရာမလိုဘဲ evotags App ထဲကနေ အချိန်မရွေး ပြန်ပြင်လို့ရတယ်။
- ရေစိုခံ၊ အကြမ်းခံပြီး စက္ကူ Business Card တွေလို ခဏခဏ ရိုက်စရာမလိုတော့လို့ ရေရှည်မှာ ငွေကုန်ကြေးကျ လုံးဝ သက်သာစေတယ် ။

ကော်ဖီတစ်ခွက်စာ တန်ဖိုးလေးနဲ့ ဒီခေတ်ရဲ့ အစွမ်းထက်ဆုံး Tech Gadget ကို ကိုယ့်ဖုန်းမှာ တပ်ဆင်ပြီး Smart ကျကျ နေလိုက်ပါ။

အခုပဲ evotag Messenger သို့ စာပို့ပြီး စိတ်ကြိုက်အရောင်ကို မှာယူလိုက်ပါ! 💬✨

၁၉၉၀ ပြည့်နှစ်က ဓာတ်ပြားအဝိုင်းကြီးတွေနဲ့ လက်မဝက်ကျော်ကျော်ရှိတဲ့ evotag NFC Chip ... ဘယ်သူက ဒေတာပိုဆံ့မလဲ? 💾💿 "Memory တ...
18/07/2026

၁၉၉၀ ပြည့်နှစ်က ဓာတ်ပြားအဝိုင်းကြီးတွေနဲ့

လက်မဝက်ကျော်ကျော်ရှိတဲ့ evotag NFC Chip ...

ဘယ်သူက ဒေတာပိုဆံ့မလဲ? 💾💿

"Memory တိုးချင်လို့ သီချင်းတွေ၊ ပုံတွေ အကုန်ပြန်ဖျက်ပစ်လိုက်ရတယ်" ဆိုတဲ့ ဖုန်းသိုလှောင်မှု ပြည့်ကျပ်နေတဲ့ ခေတ်ထဲမှာ... evotags ရဲ့ NFC Tag လေးကို ဖုန်းနောက်မှာ တစ်ချက် Tap (ထိ) လိုက်ရုံနဲ့ ကိုယ့်ရဲ့ Social Links တွေ၊ Contacts တွေအပြင် လုပ်ငန်းလိပ်စာတွေပါ စက္ကန့်ပိုင်းအတွင်း ဖုန်း Screen ပေါ် ဝုန်းခနဲ ပွင့်လာတာ အားလုံးအသိပဲလေ။ 😉⚡
ဒါပေမဲ့ တကယ့် မယုံနိုင်စရာ Fact တစ်ခုကို ချပြရရင်... အချင်း ၂၅ မီလီမီတာ (လက်မဝက်ကျော်ကျော်) ပဲရှိတဲ့ ဒီ evotag NFC Chip ရဲ့ Memory Size ဟာ တကယ်တမ်း 144 Bytes ပဲ ရှိတာပါ။

ဟုတ်တယ်... မိတ်ဆွေတို့ ဖတ်လိုက်တာ မှန်ပါတယ်။ Megabytes (MB) တွေ၊ Kilobytes (KB) တွေတောင် မဟုတ်ဘူး၊ ဘိုက် (Bytes) အနည်းငယ်လေးပဲ ရှိတာ! 🤯

ဒါဆို မေးစရာရှိတာက... "ဒီလောက် သေးသန့်နေတဲ့ Space လေးနဲ့ အကောင့်ပေါင်းစုံ၊ အချက်အလက်အများကြီးကို ဘယ်လို Share ပေးနေတာလဲ?"

…..အဖြေကတော့ နည်းပညာရဲ့ အထာကျတဲ့ ဖြတ်လမ်းနည်းပါပဲ။ ကျနော်တို့ evotags ဟာ သင့်ရဲ့ Personal Data တွေအကုန်လုံးကို Chip သေးသေးလေးထဲ အတင်းရိုက်ထည့်ပြီး လိုက်သိမ်းမထားပါဘူး။

သင့် Tag ထဲမှာ evotags App ကနေ ဖန်တီးပေးလိုက်တဲ့ သီးသန့် Digital Profile Link (URL) လေး တစ်ကြောင်းတည်းကိုပဲ မှတ်သားထားတာပါ။
ဖုန်းနဲ့ တစ်ချက် ကပ်လိုက်တဲ့အခါ ဖုန်းက အဲဒီ Link ကိုပဲ ဖတ်ယူပြီး Cloud ပေါ်မှာ ရှိတဲ့ သင့်ရဲ့ လှပစုံလင်လှတဲ့ Profile Page ဆီ ချက်ချင်း လမ်းညွှန်ခေါ်သွားပေးတာ ဖြစ်ပါတယ်။ ဒေတာတွေကို အပွေ့အပိုက် သယ်မနေဘဲ အိုင်ဒီယာတစ်ခုတည်းနဲ့ Smart ကျကျ ဖြတ်လမ်းနည်း သုံးထားတာပေါ့ဗျာ။ 😎💡

ဒါနဲ့ မိတ်ဆွေတို့ကော အရင်က evotags ထဲမှာ ဒေတာတွေအများကြီး အပြည့်ထည့်ထားတယ်လို့ ထင်ခဲ့ကြလား? Comment မှာ ပြောခဲ့ဦးဦး။

အကောင့် Name က ဂျပန်စာ၊ ကိုရီးယားစာမို့... ရှာရခက်နေသူများ ဖတ်ရန်! 🚨📱အပြင်မှာ တွေ့လို့ "မင်း Acc ပေးဦး" ဆိုရင် ရှာရတာ တက...
05/07/2026

အကောင့် Name က ဂျပန်စာ၊ ကိုရီးယားစာမို့...

ရှာရခက်နေသူများ ဖတ်ရန်! 🚨📱

အပြင်မှာ တွေ့လို့ "မင်း Acc ပေးဦး" ဆိုရင် ရှာရတာ တကယ်ကို Mission Impossible ဖြစ်နေပြီမလား?

ရိုးရိုးရှင်းရှင်း ရှာလို့မရဘဲ အကောင့် Name ကို ကာတာကန (カタカナ) (Katakana) တွေ၊ ဟန်းဂုလ် (한글) (Hangul) Fonts အဆန်းတွေနဲ့မို့ "ဘယ်လိုရိုက်ရမှာလဲ" မေးရင်လည်း "အဆင်ပြေမှ ရှာတော့" ဆိုပြီး အထာကို ကိုင်လို့။

ကဲ... ဝန်ခံလိုက်တော့ဗျာ 👀။ သင်တန်းတွေသာ နေ့တိုင်းတက်ပြီး တိုကျိုနဲ့ ဆိုးလ်မြို့ကြီးတွေဆီ ခြေမချရသေးလို့ အကောင့် Name မချိန်းချင်သေးရင်တောင်... evotag တော့ ဖုန်းနောက်မှာ အမြန်ဆုံး ဝယ်ကပ်ထားဖို့ လိုပြီနော်။

နာမည်က ဘယ်လောက်ပဲ ရိုက်ရှာရခက်ခက်... "ရော့... Tap လိုက်" ဆိုပြီး တစ်ချက်ပဲ ထိပြလိုက်ရုံပဲ။ ကိုယ့်ရဲ့ Social Media Profile အကုန်လုံး တစ်ဖက်လူဖုန်းထဲမှာ စက္ကန့်ပိုင်းအတွင်း တန်းပွင့်လာမှာမို့လို့... စကားအပိုပြောစရာမလို၊ Screenshot တွေ လိုက်ပြစရာမလိုဘဲ အထာအကျဆုံး ဖြတ်လမ်းနည်းနဲ့ အလုပ်တွင်သွားမှာပါ။
အကောင့် Name ကြောင့် သူများတွေ လမ်းမပျောက်စေချင်တော့ဘူးဆိုရင်... အခုပဲ Smart ကျကျ ချပြနိုင်ဖို့ evotag လေး တစ်ခုတော့ အမြန်ဆုံး ဝယ်ထားလိုက်တော့နော်!

မိမိကြိုက်နှစ်သက်ရာ ကာလာလေးကို evotags Messenger ကနေ အခုပဲ တိုက်ရိုက် လှမ်းပြီး Order တင်လိုက်ရုံပါပဲဗျာ! 🛒⚡

ဓာတ်လှေကားထဲမှာ ကတ်မဖြတ်ရင် ခလုတ်နှိပ်မရတဲ့အထာ... ဘယ်လိုနည်းပညာလဲ သိလား? 🏢🔒ခေတ်မီ Condo တွေ ဒါမှမဟုတ် Office Tower တွေမှ...
27/06/2026

ဓာတ်လှေကားထဲမှာ ကတ်မဖြတ်ရင် ခလုတ်နှိပ်မရတဲ့အထာ...

ဘယ်လိုနည်းပညာလဲ သိလား? 🏢🔒

ခေတ်မီ Condo တွေ ဒါမှမဟုတ် Office Tower တွေမှာ ဓာတ်လှေကားစီးတဲ့အခါ ကိုယ်သွားမယ့် အလွှာ (Floor) ခလုတ်ကို ဒီတိုင်းနှိပ်လို့မရဘဲ... ကိုယ့်ရဲ့ Access Card လေးကို စက်နားမှာ (Tap) လိုက်တော့မှ ခလုတ်နှိပ်လို့ ရသွားတာမျိုး (ဒါမှမဟုတ် သွားမယ့်အလွှာက အလိုအလျောက် မီးလင်းသွားတာမျိုး) ကြုံဖူးကြမှာပါ။

အပြင်ပန်းကြည့်ရင် ဖုန်းချင်းထိသလိုမျိုး ကတ် (card) လေးကို “ထိ/ကပ်" ပြီး သုံးရတာချင်း တူလို့ ဒါကို NFC လို့ ထင်တတ်ကြပေမယ့် တကယ်တမ်း ဒါဟာ RFID (Radio-Frequency Identification) နည်းပညာပဲ ဖြစ်ပါတယ်။

ဒါက ဘယ်လိုအလုပ်လုပ်တာလဲ? 🤔
ဓာတ်လှေကားထဲက စက် (Reader) ကနေ ရေဒီယိုလှိုင်းတွေ အမြဲထုတ်လွှင့်နေပါတယ်။ ကိုယ့်ကတ်ပြားလေးကို သွားကပ်လိုက်တဲ့အခါ ကတ်ပြားထဲမှာရှိတဲ့ သေးငယ်တဲ့ microchip နဲ့ antenna လေးက အလုပ်လုပ်သွားပြီး သူ့ရဲ့ သီးသန့် ID နံပါတ်ကို စက်ဆီ ပို့ပေးလိုက်တာပါ။

အဲဒီအချိန်မှာ ဓာတ်လှေကားရဲ့ Control System က "အော်... ဒီ ID ပိုင်ရှင်က ၁၂ လွှာမှာ နေတဲ့သူပဲ။ ၁၂ လွှာခလုတ်ကို နှိပ်ခွင့်ပြု (Access Grant) လိုက်" ဆိုပြီး စက္ကန့်ပိုင်းအတွင်း ခလုတ်ကို အသက်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကတ်မဖြတ်ရင် ဘာခလုတ်မှ နှိပ်လို့မရဘဲ လုံခြုံရေးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာပေါ့။

ဒါဆို ကျနော်တို့ ဖုန်းချင်းထိပြီး သုံးတဲ့ NFC နဲ့ ဘာကွာလဲ? 🔄
NFC (Near Field Communication) ဆိုတာ တကယ်တော့ RFID ထဲကမှ လုံခြုံရေးအတွက် သီးသန့် Upgrade လုပ်ထားတဲ့ မျိုးဆက်သစ်နည်းပညာတစ်ခု ဖြစ်ပါတယ်။
ဓာတ်လှေကားကတ်တွေလို RFID စနစ်က ကတ်ထဲက ID ကို စက်က လှမ်းဖတ်တဲ့ (One-Way) တစ်ဖက်သတ်စနစ် ဖြစ်တာများပြီး၊ NFC ကတော့ စမတ်ဖုန်းချင်းဖြစ်ဖြစ်၊ စက်ချင်းဖြစ်ဖြစ် ဒေတာတွေကို အပြန်အလှန် စကားပြော/ရေးသားနိုင်တဲ့ (Two-Way) စနစ် ဖြစ်ပါတယ်။

ဒါ့အပြင် NFC က လုံခြုံရေး ပိုစိတ်ချရအောင် စင်တီမီတာ အနည်းငယ်အတွင်း (လုံးဝနီးကပ်မှ) သာ အလုပ်လုပ်တာဖြစ်လို့ ကျနော်တို့ evotags မှာလည်း ဒီလို လုံခြုံစိတ်ချရမှုအပြည့်ရှိတဲ့ အဆင့်မြင့် NTAG 213 Chip (NFC နည်းပညာ) ကိုပဲ အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ ဖုန်းနောက်မှာ ကပ်ထားရုံ၊ တစ်ချက်ထိလိုက်ရုံ (Just Tap It) နဲ့ ကိုယ့်ရဲ့ ဒေတာ Profile ကို စက္ကန့်ပိုင်းအတွင်း လုံလုံခြုံခြုံ မျှဝေနိုင်တာပေါ့။

Condo နဲ့ ရုံးဓာတ်လှေကားတွေက ကတ် (card) စနစ်အကြောင်း အခုလို ကွဲကွဲပြားပြား ဗဟုသုတရသွားပြီဆိုရင် နောက်ခါ ပြန်ဖတ်ရအောင် Save ထားဖို့ မမေ့နဲ့ဦးနော်!

ဒါနဲ့ မိတ်ဆွေတို့အမြင်မှာကော... ကတ်ဖြတ်မှ ခလုတ်နှိပ်လို့ရတဲ့ ဓာတ်လှေကားစနစ်က တကယ်ပဲ အပြင်လူတွေ မလာနိုင်အောင် စိတ်ချရတဲ့ လုံခြုံရေးစနစ်လို့ ထင်ကြလား? Comment မှာ အမြင်ချင်း ဆွေးနွေးသွားကြရအောင်ဗျာ။

evotag — just tap it!

သီချင်းတစ်ပုဒ်ကို နားထောင်ရင်း... တစ်စုံတစ်ယောက်ကို သတိရသွားဖူးလား? 💿......................................................
20/06/2026

သီချင်းတစ်ပုဒ်ကို နားထောင်ရင်း...
တစ်စုံတစ်ယောက်ကို သတိရသွားဖူးလား? 💿..............................................................................

သမိုင်းကြောင်းလေး နည်းနည်း ပြန်သွားရအောင်... ၂၀၀၂ ခုနှစ်တုန်းက Sony (Japan) ကနေ ဂီတလောက (J-Pop) ထဲကို NFC နည်းပညာ စတင်မိတ်ဆက်ပေးခဲ့ရာကနေ “Physical Album ကို ဝယ်ယူပြီး ဖုန်းနဲ့ Tap တစ်ချက်ထိရုံနဲ့ သီချင်းနားဆင်နိုင်တဲ့ Hybrid Album Format” ဆိုတဲ့ Trend ဟာ ကမ္ဘာတစ်ဝန်းမှာ ယနေ့အထိ အရမ်းကို ရေပန်းစားနေဆဲပါပဲ။

အခုခေတ်မှာ CD စက်ကြီးတွေ မလိုတော့ဘဲ ကတ်ပြားလေးတစ်ခု ဒါမှမဟုတ် Tag လေးတစ်ခုကို စမတ်ဖုန်းနဲ့ တစ်ချက်ပဲ Tap လိုက်တာနဲ့ ကိုယ်နားထောင်ချင်တဲ့ သီချင်း Playlist တွေ၊ ရင်ဘတ်တွေ ထိရှကြွေကွဲရမယ့် အသည်းကွဲသီချင်းတွေတင်မကဘဲ ရင်ခုန်ကြည်နူးစရာ အချစ်သီချင်းလေးတွေဆီပါ ချက်ချင်း ရောက်ရှိသွားစေတာကပဲ ဒီနည်းပညာရဲ့ လှပတဲ့ ဖမ်းစားနိုင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကျနော်တို့ evotags အနေနဲ့လည်း ဒီလိုမျိုး NFC နည်းပညာကို အနုပညာနဲ့ အမိအရပေါင်းစပ်ပြီး နေ့စဉ်ဘဝရဲ့ ခံစားချက်တွေကို Digital စနစ်နဲ့ ပိုမိုနီးကပ်သွားအောင် ပုံဖော်ပေးထားတဲ့ NFC CD Music Albums တွေ ဖန်တီးပေးထားပါတယ်။ ဒါက နည်းပညာတစ်ခုတည်းတင် မဟုတ်ပါဘူး... ကိုယ့်ရင်ဘတ်ထဲက ခံစားချက်တွေကို တစ်ဖက်လူဆီ စကားလုံးတွေမလိုဘဲ အနုပညာချင်း ချိတ်ဆက်ပေးလိုက်တဲ့ တံတားတစ်စင်းပေါ့။

တစ်ခါတလေကျရင် ကျနော်တို့တွေဟာ စကားလုံးတွေနဲ့ ဖော်ပြရခက်တဲ့ ရင်ဘတ်ထဲက အလွမ်းတွေ၊ ခံစားချက်တွေကို သီချင်းတွေထဲမှာပဲ ပုံချပစ်လိုက်ကြတယ်မဟုတ်လား?

evotags ရဲ့ NFC CD လေးကို Tap လုပ်ပြီး သီချင်းတွေ နားထောင်နေရင်း... "သူနဲ့ အတူတူ နားထောင်ခဲ့ဖူးတဲ့ သီချင်းလေးတွေကြောင့်" ရည်းစားဟောင်းကို အခုထိ ရင်ထဲကထုတ်မရဘဲ လွမ်းနေမိတုန်းပဲလား?

Timeline ပေါ်မှာ လူသိရှင်ကြား ချပြပြီး အထာပျက်မခံပါနဲ့တော့... ကိုယ့်ရဲ့ မပြောင်းလဲသေးတဲ့ ဒီလိုခံစားချက်မျိုးကို သိစေချင်တဲ့သူဆီ (ဒါမှမဟုတ် ကိုယ့်အခြေအနေကို နားလည်ပေးမယ့် Group ထဲဆီ) Messenger ကနေပဲ တိတ်တိတ်လေး လှမ်းပြီး Share ပြီး ရင်ဖွင့်လိုက်တော့နော်။ 👀

evotag — just tap it!

ကမ္ဘာကြီးကို ကယ်တင်ဖို့... ကိုယ့်အိတ်ကတ်ထဲကနေ စတင်လို့ရတယ်ဆိုရင်?ကုမ္ပဏီတွေ၊ Brand တွေမှာ ခဏခဏ တွေ့ရလေ့ရှိတဲ့ SDGs သို့မ...
13/06/2026

ကမ္ဘာကြီးကို ကယ်တင်ဖို့... ကိုယ့်အိတ်ကတ်ထဲကနေ စတင်လို့ရတယ်ဆိုရင်?

ကုမ္ပဏီတွေ၊ Brand တွေမှာ ခဏခဏ တွေ့ရလေ့ရှိတဲ့ SDGs သို့မဟုတ် Sustainable Development Goals ဆိုတာကို ကြားဖူးကြမှာပါ ။ ဒါဟာ ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ့် ရည်မှန်းချက်တွေပေါ့ ။

"ဒါဆို ကျနော်တို့လို လူငယ်တွေက ဘာလုပ်လို့ရမှာလဲ?" လို့ မေးစရာရှိပါတယ် ။

ရိုးရှင်းပါတယ်။ လူမှုကွန်ရက်ချိတ်ဆက်တဲ့အခါ၊ Business Card ပေးတဲ့အခါ စက္ကူကတ်ပြားတွေ ခဏခဏ ရိုက်စရာမလိုတော့ဘဲ evotag nfc tag တစ်ခုပဲ သုံးခြင်းက စက္ကူအလဟဿဖြစ်တာကို လျှော့ချရာရောက်ပြီး ကမ္ဘာမြေကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးတာပါ ။ evotag ကို ဒါကြောင့်ပဲ SDGs ကို ထောက်ပံ့ပေးတဲ့ ခေတ်မီထုတ်ကုန်လို့ ပြောတာပေါ့ ။

နည်းပညာလည်း သုံး၊ Environment ကိုလည်း ကာကွယ်ရင်း Smart ကျကျ ဖြတ်သန်းဖို့... Pink, Grey, Navy, Brown, Red, Midnight, Snow ထဲက ကိုယ်ကြိုက်တဲ့ အရောင်ကို ရွေးချယ်ပြီး အတူတူ Go Green လုပ်လိုက်ရအောင်။

🛒 Order တင်ဖို့: evotag Messenger ကနေ အခုပဲ လှမ်းပြီး စုံစမ်းမှာယူနိုင်ပါပြီ။
evotag — just tap it!

လူတွေနဲ့ စကားပြောရတာ အားနာတတ်တဲ့ (Introvert) သမားတွေအတွက် အဆင်ပြေဆုံးအရာက ဘာလဲသိလား?အပြင်သွားလို့ မိတ်ဆွေအသစ်တွေနဲ့တွေ့ရ...
06/06/2026

လူတွေနဲ့ စကားပြောရတာ အားနာတတ်တဲ့ (Introvert) သမားတွေအတွက် အဆင်ပြေဆုံးအရာက ဘာလဲသိလား?

အပြင်သွားလို့ မိတ်ဆွေအသစ်တွေနဲ့တွေ့ရင် ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေ၊ Social Media Acc တွေကို တစ်ယောက်ချင်းစီ လိုက်ရိုက်ပေးနေရတာ တစ်ခါတလေကျ စိတ်ညစ်ဖို့ကောင်းတယ်လေ ။

အခုတော့ evotags NFC Tag လေးကို ဖုန်းနောက်မှာ ကပ်ထားရုံပဲ ။ "မင်း Acc လေး ပေးပါလား" ဆိုရင် စကားအရှည်ကြီး ပြောမနေရပဲ... NFC Tag ကို ဖုန်းနဲ့တစ်ချက်ပဲ Tap လိုက် ။ ကိုယ့် Profile က တစ်ဖက်လူဖုန်းထဲမှာ တန်းပေါ်လာမှာပါ ။

စက္ကူ Business Card တွေ ခဏခဏ ပေးစရာမလိုတော့လို့ အမြဲတမ်း Ready ဖြစ်နေမယ့်အပြင် ကိုယ့် Personality အလိုက် ကြိုက်နှစ်သက်ရာ အရောင်တွေကိုလည်း ရွေးချယ်လို့ရသေးတယ်နော် -
* Pink
* Grey
* Navy
* Brown
* Red
* Midnight
* Snow
အထာကျကျ ချိတ်ဆက်နိုင်ဖို့ ကိုယ့်အတွက် evotag တစ်ခုတော့ ဆောင်ထားသင့်ပြီနော် ။

🛒 မှာယူချင်တယ်ဆိုရင်တော့... evotag Messenger ကနေ အခုပဲ လှမ်းပြီး Order တင်လိုက်ရုံပါပဲဗျာ!
evotag — just tap it! ✨

ရွေးချယ်စရာတွေ များတဲ့ ကမ္ဘာကြီးမှာ... ကိုယ့် Identity နဲ့ အကိုက်ညီဆုံးကိုပဲ ရွေးချယ်ပါ။ 🌟လူတွေက ကိုယ့်အကြိုက်ကို နားမလည...
22/05/2026

ရွေးချယ်စရာတွေ များတဲ့ ကမ္ဘာကြီးမှာ... ကိုယ့် Identity နဲ့ အကိုက်ညီဆုံးကိုပဲ ရွေးချယ်ပါ။ 🌟

လူတွေက ကိုယ့်အကြိုက်ကို နားမလည်ပေးနိုင်ရင်တောင် evotags ကတော့ သင့် Personality နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် အရောင်(၆) မျိုးနဲ့ စောင့်ကြိုနေမှာပါ ။
နည်းပညာနဲ့ ဖက်ရှင်ကို တစ်ပြိုင်တည်း ပေါင်းစပ်ပေးထားလို့ ကိုယ့် Mood အတိုင်း စိတ်ကြိုက်ရွေးချယ်လိုက်ရုံပါပဲ -
* Navy * Cherry * Snow * Ruby * Flame * Midnight

အဆင့်မြင့် NTAG 213 Chip နဲ့မို့လို့ ဖုန်းနဲ့ တစ်ချက်ထိလိုက်ရုံ (Just Tap It) နဲ့ ကိုယ့်အချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း Smart ကျကျ Share နိုင်သလို ၊ ရေစိုလည်း ခံနိုင်စွမ်းရှိလို့ စိတ်ချလက်ချ သယ်ဆောင်သွားလို့ရတယ်နော် ။

လူအများကြားထဲမှာ ထင်ပေါ်ပြီး အထာကျနေဖို့ ကိုယ်နဲ့အကိုက်ညီဆုံးအရောင်ကို ရွေးချယ်ချင်တယ်ဆိုရင်တော့... evotag Messenger ကနေ အခုပဲ လှမ်းပြီး Order တင်လိုက်ရုံပါပဲဗျာ!

evotag — just tap it!

Address

67 (B) Street, Between 39 & 40 Streets, Maharaungmyae Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959792102009

Alerts

Be the first to know and let us send you an email when evotag posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to evotag:

Shortcuts

Share