24/03/2024
ဒီနေ့ဖစ်သွားတဲ့ပြဿနာ
မနေ့ကredmi note 7တစ်လုံးလာပြင်တယ်၊
မှန်တုန်တာမှန်လဲချင်တာနဲ့ phcallရင်စက်ပိတ်တဲ့error ဖစ်နေလိူ့ပြင်ပေးပါအမြန်ရချင်တယ်ဆိုလို့
မှန်လဲတာက၊ (မှန်ဈေး78,000)
စက်ပိတ်တာကကျ batteryပိုင်းကဆိုပြီး (battery 25,000)
ခလုက်က 5,000ဆိုပီးပြောတော့အဆင်ပြေတယ်လဲမယ်ဆိုလို့
သာမန်ဖစ်နေကျ errorဆိုပီး မှန်၊batteryလဲပြီးသေချာ
စမ်းပေးလိုက်တယ်။ chargingပိုင်းမှာ လျော့ကျနေတော့ မှန်အလင်းအဆုံးတင်ရင်တုန်တယ် ပြောတော့အဆင်ပြေတယ်တဲ့
အဲ့နဲ့မှန်အပိုင်းကော၊batteryပိုင်းကော 3နာရီကျော်စစ်ပြီးအဆင်ပြေတာနဲ့ phဆက်ပီးလာယူခိုင်းလိုက်တယ်။
ဒီမနက်ကျ သုံးရတာအဆင်မပြေဘူးဆိုပီးရောက်လာတယ်၊ ဖစ်ချင်တော့ကျနော်လဲအလုပ်ကိစ္စရှိလို့အပြင်ထွက်သွားတာ ဆိုင်မှာလဲမရှိဘူး။
အဲ့နဲ့phလှမ်းဆက်ပီး အကျိုးအကြောင်းပြောတော့ ဟုတ်ပီ ကျနော်အပြင်ရောက်နေလို့ထားခဲ့လိုက် စစ်ပေးထားမယ်၊ ဘုတ်ပိုင်းကဖစ်တာဆိုရင်တော့ 50/50ဘဲ အာမခံပေးလို့မရဘူး ဆိုပီးပြောတော့ အစကတည်းက50/50ဆိုတာ ပြောလေ၊ပြောရင်မပြင်ဘူး ဘာညာဆိုပီးပြောရော၊ အဲ့နဲ့သေချာရှင်းပြတယ် ပထမလဲတာ မှန်၊batteryပိုင်း၊ မှန်batteryလဲပီးစမ်းတာ အဆင်ပြေတော့ ပေးလိုက်တာ၊ခုအဆင်မပြေဘူးဆိုတော့ ဘုတ်ပိုင်းကိုစစ်ပေးမှာ၊ ဘုတ်ပိုင်းစစ်ရင် ကျနော်တိူ့က50/50ဘဲ၊ကြာချိန်ကတော့ အနည်းဆုံး3 ရက်ကနေ 5ရက်ကြာမယ်ပြောတော့ လာအပ်တဲ့သူကphချသွားပီး phပိုင်ရှင်အမျိုးသမီးက ပြောဆိုလာပြန်ရော၊ အဲ့နဲ့သူ့ရှင်းပြ သူ့ရှင်းပြီး မပီးသေးဘူး သူ့အဖေရှင်းပြ၊ သူ့အဖေရှင်းပြနေတုန်း လာအပ်တဲ့ကောင်က အိမ်ကအမေ့ကို ဆိုင်လဲနာမည်ဖျက်မယ်၊ခင်ဗျားသားလဲသတ်မယ်ပြောရော (ဆိုင်ဓာတ်ပုံလဲရိုက်ယူသွားတယ်)၊ အဲ့နဲ့အိမ်မှာကပွဲဖစ်(အမphဆက်မှသိတာ)၊ ရုံးမှာရှင်းမယ်လိုက်ခဲ့ဆိုတော့ တန်းပြန်ရော။
လမ်းမှာလဲပြန်နေတုန်း ပိုင်ရှင်အမျိုးသမီးက လိုသ်းပေါ်တင်နာမည်ဖျက်မှာကော၊ အိမ်ရှေ့လာဆဲမှာတွေကော ပြောဆိုနေတာ၊ ပီးတော့ဘာပါလိမ့် တာဝန်မယူဘူးဆိုတာတွေကော၊ phလဲပေးမှာတွေကော ပြောဆိုနေတာ (ကျနော်ဘက်ကတာဝန်ယူမယ်၊လုပ်ပေးမယ်၊ကျသင့်ငွေကိုလဲ လျော့ယူပေးမယ်ပြောထားပီးသားကို မရဘူး ကြက်တွန့်ကတက်)
စိတ်မရှည်တာနဲ့ ကျနော်ခုဆိုင်ပြန်ရောက်ပီ ရုံးမှာရှင်းမလား၊စခန်းမှာရှင်းမလားခင်ဗျားကောင်တွေပြောလိုက် ဆိုပီးပြောတော့ အိမ်ကအမေကခနတားပီး အကျိုးသင့်အကြောင်းသင့် phဆက်ပြောအုန်းမယ်ဆိုတော့ အိမ်ကအမေကိုဆဲတာများမိုးမွှန်ချက် (အဲ့ခွေးမက) ငါ့အမေကိုဆဲလို့ပြန်ဆဲတာ
ခနကြာတော့သူအဖေကလှမ်းဆက်တော့ အမေကအကျိုးအကြောင်းရှင်းမယ်လို့ပြောတော့မှ သိတာ
လာအပ်တဲ့ကောင်က ပြောတာ ပိုက်ဆံကမပြင်ခင်ကြိုရှင်းရတာတဲ့ (ဖွင့်လာတာတစ်နှစ်ကျော်ပီ ပြင်ပြီးစိတ်ကြိုက်စစ် အဆင်ပြေပီဆိုမှ ရှင်းခိုင်းတာ)
ခုတော့ရပ်ကွက်လူကြီးကြားကပြောထားလို့တော့ နောက်ဆက်တွဲဘယ်လိုဖစ်မလဲမသိသေး၊ တကယ့်အာရုံတွေ
ဆိုင်မှာက phပြင်ပြင်၊ကွန်ပြူတာပြင်ပြင် ငွေကြိုမရှင်းရဘူး၊
စစ်ပေးပါဆိုစစ်ခယူတယ် ကြိုမရှင်းရဘူး
မှန်ပိုင်းမှာ အာမခံမပါဘူးဆိုပေမယ့် အဆင်မပြေဖစ်ခဲ့
င် တက်နိုင်သမျှ ညှိပီးအဆင်ပြေအောင်လုပ်ပေးတယ်
ဘုတ်ပိုင်းပြင်ရင် 50/50ဘဲ (စက်ပိုင်းဆိုင်ရာအခြေအနေ၊လျပ်စစ်မီးအခြေအနေကြောင့်မို့ပါ)
အခြေခံbaseကနေ တစ်ဆင့်ပီးတစဆင့်ပြင်ပေးတာမို့ အချိန်ယူပါတယ်။