GOALS International Company Limited

GOALS International Company Limited Design Your Goals

🌟Self-Motivation တိုးတက်စေဖို့ နည်းလမ်းများ🔑 Positive Affirmationsကိုယ့်ကိုယ်ကို ခွန်အားဖြစ်စေသောစကားများ ပြောပါ။ ခွန်အာ...
28/11/2024

🌟Self-Motivation တိုးတက်စေဖို့ နည်းလမ်းများ

🔑 Positive Affirmations
ကိုယ့်ကိုယ်ကို ခွန်အားဖြစ်စေသောစကားများ ပြောပါ။ ခွန်အားဖြစ်စေမည့် စကားများကို နေ့စဉ် ရွတ်ဆိုပါ။

🔑 Visualize Your Success
ရည်ရွယ်ထားတဲ့ အောင်မြင်မှုကို စိတ်ကူးထဲတွင် ပြန်လည်မြင်ယောင် ပုံဖော်ပါ။

🔑 Stay Focused
ရည်မှန်းချက်ကို အာရုံစိုက်ပြီး အဆက်မပြတ် လုပ်ဆောင်ပါ။

Self-Motivation သည် အောင်မြင်ရန် အဓိကကဏ္ဍတစ်ခုဖြစ်ပြီး ရည်မှန်းချက်များကို ဆက်လက်လုပ်ဆောင်နိုင်စေရန် တွန်းအားတစ်ခု ဖြစ်စေပါသည်။

သင့်အနေနဲ့ အရည်အချင်းတိုးတက်ရေးအတွက် Self-Motivation ကိုဘယ်လို အသုံးပြုချင်ပါသလဲ comment မှာ ရေးခဲ့ပါအုံး …





#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

Work Ethic ဆိုတာ လူတစ်ဦးရဲ့ အလုပ်လုပ်ပုံ စိတ်ထားနဲ့စနစ်ကျမှုကို ဆုံးဖြတ်ပေးတဲ့ အရေးကြီး အရည်အချင်းတစ်ခုဖြစ်ပါတယ်။ဒီအကျင့...
27/11/2024

Work Ethic ဆိုတာ လူတစ်ဦးရဲ့ အလုပ်လုပ်ပုံ စိတ်ထားနဲ့စနစ်ကျမှုကို ဆုံးဖြတ်ပေးတဲ့ အရေးကြီး အရည်အချင်းတစ်ခုဖြစ်ပါတယ်။

ဒီအကျင့်စရိုက်က ကြိုးစားမှု၊ ယုံကြည်မှု၊ တာဝန်ယူမှုနဲ့ စည်းကမ်းရှိမှုတို့ကို ပေါင်းစပ်ထားတာပါ။

Work Ethic ရဲ့ အဓိပ္ပါယ်ကတော့…

Work Ethic ဆိုတာ သင်ရဲ့အလုပ်အပေါ် မှာ

1. တာဝန်ယူမှု
2. ကြိုးစားမှု
3. တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်လုပ်ဆောင်မှု
4. စည်းကမ်းနဲ့ ယုံကြည်မှု …အစရှိတာတွေ ပါပဲ။

Work Ethic ကို နားလည်တန်ဖိုးထားသူတို့ရဲ့ အချက် (၅) ချက်ကတော့..

1. အချိန်တိကျမှုရှိခြင်း (Punctuality)
• အချိန်ကိုစနစ်တကျ စီမံပြီး အလုပ်တွေကို အချိန်မီ ပြီးမြောက်စေခြင်း။
2. တာဝန်ယူမှု (Responsibility)
• အလုပ်တစ်ခုရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ် ကိုယ်တိုင်တာဝန်ယူခြင်း။
3. ယုံကြည်စိတ်ချမှု (Reliability)
• မိမိအပေါ် အခြားသူများယုံကြည်မှုရရှိအောင် အလုပ်ကို တိတိကျကျ လုပ်ခြင်း။
4. အကောင်းဆုံးလုပ်ဆောင်စိတ် (Dedication)
• လုပ်ရမယ့် အလုပ်ကို 100% ကြိုးစားမှုနဲ့ လုပ်ဆောင်ခြင်း။
5. ကိုယ်ကျင့်တရားနဲ့ အရည်အသွေး (Integrity and Quality)
• အလုပ်ကို ပိုတိုးတက်ကောင်းမွန်စေဖို့ ရိုးသားမှုနဲ့ အရည်အသွေးကို ထိန်းသိမ်းခြင်း …တို့ ဖြစ်ပါတယ်။

Work Ethic ကောင်းသူတစ်ဦးဟာ အလုပ်အောင်မြင်မှုနဲ့ လူအများရဲ့ ယုံကြည်လေးစားမှုကို ရရှိစေပါကြောင်း ဝေမျှလိုက်ရပါတယ်။





#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

🌱 အလေ့အကျင့်များကို စွဲမြဲခိုင်မာအောင် တည်ဆောက်ခြင်းအလေ့အကျင့်တစ်ခုဖြစ်လာအောင် တည်ဆောက်တာကအောင်မြင်မှုရရှိဖို့အတွက် အလွန...
26/11/2024

🌱 အလေ့အကျင့်များကို စွဲမြဲခိုင်မာအောင် တည်ဆောက်ခြင်း

အလေ့အကျင့်တစ်ခုဖြစ်လာအောင် တည်ဆောက်တာကအောင်မြင်မှုရရှိဖို့အတွက် အလွန် အရေးကြီးပါတယ်။ အလေ့အကျင့်တွေကို လေးလေးစားစားစတင်လုပ်ဆောင်ခြင်းက အနာဂတ်မှာ အောင်မြင်သူတစ်ယောက် ဖြစ်လာစေမှာပါ။

🔹 အသေးအဖွဲလေးတစ်ခုကနေ စတင်ပါ။
သေးသေးလေးကနေစတင်ပြီး တစ်နေ့ချင်း တိုးတက်ပြောင်းလဲမှုကို နေ့စဉ်စောင့်ကြည့်ပါ။

🔹 အဆက်မပြတ် လုပ်ပါ
နေ့စဉ် လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဆုံးဖြတ်ထားတဲ့ အလေ့အကျင့်ကို မပျက်မကွက် ဆက်တိုက်လုပ်ဆောင်ပါ။

🔹 အောင်မြင်မှုကို မှတ်တမ်းထားပါ။
တစ်ပါတ်ပြည့်လို့ ပြီးစီးခဲ့မှု မှတ်တမ်းလေးကို ပြန်ကြည့်တဲ့အခါ တိုးတက်မှုကို တွေ့ရပါလိမ့်မယ်။😇

🎯 ကဲ…အလေ့အကျင့်အသစ်တစ်ခုကို ဒီနေ့ပဲ စတင်လိုက်ပါ!



#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

“အမျိုးသားနေ့”၁၃၈၆ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲🇲🇲🇲🇲🇲🇲 🇲🇲 🇲🇲 🇲🇲🔸 (၂၅ . ၁၁ . ၂၀၂၄) တနင်္လာနေ...
25/11/2024

“အမျိုးသားနေ့”

၁၃၈၆ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်

🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲🇲🇲🇲🇲🇲🇲 🇲🇲 🇲🇲 🇲🇲

🔸 (၂၅ . ၁၁ . ၂၀၂၄) တနင်္လာနေ့တွင် ကျရောက်သည့် (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့ကို GOALS International Company Limited မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#အမျိုးသားနေ့

#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

အရိပ်အယောင် ကမ္ဘာထဲ  အကြိမ်ကြိမ်သွားနေတာကို Trauma လို့ခေါ်တယ်။ဖြစ်ပြီးကဲ့သမျှ အရာတွေဟာတကယ်တမ်းတော့ ပြန်ပြဖို့တောင် သက်သ...
23/11/2024

အရိပ်အယောင် ကမ္ဘာထဲ အကြိမ်ကြိမ်သွားနေတာကို Trauma လို့ခေါ်တယ်။

ဖြစ်ပြီးကဲ့သမျှ အရာတွေဟာတကယ်တမ်းတော့ ပြန်ပြဖို့တောင် သက်သေမရှိတဲ့ ပုံပြင်တစ်ပုဒ်လိုပဲ။

ဒါကိုသင့်အနေနဲ့ ဘယ်အချိန်ကငါ့ကဘယ်လိုကြုံခဲ့ရတာ ဘယ်လိုခံစားခဲ့ရတာဆိုပြီး သင် ကိုယ်တိုင် က ဆုတ်ကိုင်ထား ပြီး ခဏခဏ ပြန်ဖော်နေတဲ့ အရိပ်အယောင် ကမ္ဘာတစ်ခုပါပဲ။

ကျွန်တော်တို့အနေနဲ့ အညစ်အကြေးတစ်ခု လာထိတဲ့အခါ၊နင်းမိတဲ့အခါမျိုးကြရင် ချက်ချင်းရေဆေးကြ၊သုတ်လိုက်ကြပါတယ် ငါတော့ အညစ်အကြေးပေခဲ့တာပါလို့ ခဏခဏ တမ်းတပြောပြလေ့မရှိကြပါဘူး ဒီလိုပါပဲ Trauma ဆိုတဲ့ စိတ် မှာလာပေတဲ့ အညစ်အကြေးကိုလဲ Story တစ်ခုအနေနဲ့မသိမ်းထားပဲ ချက်ချင်းလွှတ်ချဖို့လိုအပ်ပါတယ်။

အကောင်အထည် တောင် ပြစရာမရှိတဲ့ စိတ်ဒဏ်ရာ( Trauma ) တွေဟာ သင်ကိုယ်တိုင် အကြိမ်ကြိမ်သွားဖို့ အတွက် ဖန်တီးယူထား တဲ့ အရိပ်အယောင်ကမ္ဘာတစ်ခုပါ တကယ်မရှိပါဘူး။




#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

"မဖြစ်နိုင်ပါဘူး" ပြောနေတဲ့သူတွေအောင်မြင်မှုရမည်မဟုတ်ပါ။▶️ ယုံကြည်မှုနဲ့ စတင်ပါဘာမှမလုပ်ရသေးခင်ကတည်းက “မဖြစ်နိုင်ဘူးလို့...
21/11/2024

"မဖြစ်နိုင်ပါဘူး" ပြောနေတဲ့သူတွေအောင်မြင်မှုရမည်မဟုတ်ပါ။

▶️ ယုံကြည်မှုနဲ့ စတင်ပါ

ဘာမှမလုပ်ရသေးခင်ကတည်းက “မဖြစ်နိုင်ဘူးလို့ “ ပြောပြီး ယုံကြည်မှုမရှိသူတွေဟာ ကြိုးစားမှုမရှိပဲ လွယ်လွယ်နဲ့ အရှုံးပေးတတ်ကြပါတယ်။
ဖြစ်ကိုဖြစ်ရမယ်လို့ တထစ်ချယုံကြည်ပြီး လုပ်ဆောင်သူတွေသာလျင် အခက်အခဲ၊ အတားအဆီးတွေကို ကျော်လွှားနိုင်ကြပါတယ်။

🎯 အောင်မြင်သူတွေရဲ့စိတ်ဓာတ်

"ဖြစ်နိုင်တယ်" ဆိုတဲ့ စိတ်နဲ့ အစစအရာရာကို ကြိုးစားတဲ့အခါ
အခက်အခဲတွေကို အခွင့်အလမ်း အဖြစ်မြင်ပါတယ်။
မအောင်မြင်သေးတဲ့အခါမှာတောင် ဒါဟာ လေ့လာမှုအခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ မှတ်ယူပါတယ်။

*️⃣ မဖြစ်နိုင်ဘူးလို့ထင်ရင်ဘာလုပ်မလဲ?

🔄 စိတ်ဓာတ်ပြောင်းပါ။
-“မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့အစား ဘယ်လိုဖြစ်အောင်လုပ်ရမလဲ" လို့ ပြောင်းတွေးပါ။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါတယ်။ (တကယ်မဖြစ်ချင်လို့ မလုပ်တာ ၊ တကယ်မလုပ်လို့ မဖြစ်သေးတာပါ)

⏩️ အလေ့အကျင့် တည်ဆောက်ပါ။
-တိုးတက်အောင်မြင်မှုရဖို့ ကြိုးစားလေ့လာမှုကို နေ့စဉ် မပျက်မကွက်လုပ်ဆောင်ပါ။

⏭️ အောင်မြင်သူတွေဆီက သင်ယူပါ။
-သူတို့ဘယ်လို စိတ်ဓာတ်နဲ့ အောင်မြင်အောင်လုပ်လဲ လေ့လာပါ။
အောင်မြင်မှုက မဖြစ်နိုင်ဘူးလို့ ယုံကြည်နေတဲ့သူတွေအတွက် နေရာမရှိပါဘူး။ ဒါကြောင့် “မဖြစ်နိုင်ဘူး”ဆိုတဲ့ စိတ်ကို ပြောင်းပြီး "ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့ စိတ်ဓာတ်နဲ့ အကောင်းဆုံးလုပ်လိုက်ပါ။

🔑“မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောနဲ့၊ ဖြစ်အောင်ဘယ်လိုလုပ်မလဲလို့တွေး၊ တွေးပြီး ဖြစ်အောင်လုပ်၊ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမယ်”





#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

“လူငယ်ဘဝရဲ့ အနှစ်သာရ”လူငယ်ဘဝဟာ လူတစ်ယောက်အတွက် သတိအရဆုံး အချိန်အပိုင်းအခြားတစ်ခုပါ။ အိပ်မက်တွေကို အများကြီးမက်နိုင်တယ်၊ ...
19/11/2024

“လူငယ်ဘဝရဲ့ အနှစ်သာရ”

လူငယ်ဘဝဟာ လူတစ်ယောက်အတွက် သတိအရဆုံး အချိန်အပိုင်းအခြားတစ်ခုပါ။ အိပ်မက်တွေကို အများကြီးမက်နိုင်တယ်၊ အခွင့်အလမ်းတွေကို ရှာဖွေနိုင်တယ်၊ အမှားတွေထဲက သင်ခန်းစာတွေယူနိုင်တယ်။

လူငယ်ဘဝမှာ လုပ်သင့်တဲ့အရာတွေကို ပြောပြသွားပါမယ်။

1️⃣ ရည်မှန်းချက် သတ်မှတ်ပါ
လူငယ်ဘဝက ရည်မှန်းချက်တွေကိုစတင်ဖန်တီးဖို့ အကောင်းဆုံးအချိန်ပါ။ ဘာလုပ်ချင်တာလဲ၊ ဘယ်လိုလူ ဖြစ်ချင်တာလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိရှိအောင် (Self- awareness ) ဖြစ်အောင် လုပ်ပါ။ သိပြီးရင် အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပါ။

2️⃣ စိတ်ဓါတ်ကို ခိုင်ခိုင်မာမာ ထားပါ
အိပ်မက်တွေကို သွားတဲ့လမ်းမှာ ပင်ပန်းမှုတွေ၊ အခက်အခဲတွေကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်“လူငယ်ဘဝဆိုတာ ပြိုင်ပွဲတစ်ခုမဟုတ်ပေမယ့် မိမိကိုယ်ကို စံချိန်ချိုးဖို့အကောင်းဆုံးအချိန်ကာလ” ဖြစ်ပါတယ်။

3️⃣ လေ့လာသင်ယူပါ
လူငယ်ဘဝက အသိပညာ၊ အတတ်ပညာတွေ စုဆောင်းဖို့အကောင်းဆုံးအချိန်ပါ။ သင့်ရဲ့ဝါသနာပါတာ၊ စိတ်ဝင်စားတာကို လေ့လာသင်ယူပါ။ အားလုံးကိုတော့ လေ့လာသင်ယူပါ သို့ပေမယ့် အများကြီးလေ့လာတဲ့အထဲကမှ ကိုယ်ပိုင် အထူးကျွမ်းကျင်မှုတစ်ခုကို မိမိနေရာမှာ ဘယ်သူ့ကိုမှ အစားထိုးမရသည်အထိ ကြိုးစားတည်ဆောက်ပါ။

4️⃣ အချိန်ကို အကျိုးရှိရှိအသုံးချပါ
“လူငယ်ဘဝဟာ အနာဂတ်အောင်မြင်မှုရဲ့ အရေးအကြီးဆုံး Foundation တစ်ခုပါ။ အချိန်ကို စနစ်ကျကျ အသုံးချပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။”

5️⃣ မိမိကိုယ်ကို ယုံကြည်ပါ
အခက်အခဲတွေကြုံတဲ့အခါမှာလည်း မိမိကိုယ်ကို ယုံကြည်မှုနဲ့ ဆက်လက်လုပ်ဆောင်ပါ။”အောင်မြင်မှုဟာ မိမိကိုယ်ကို ယုံကြည်မှုကနေ စတင်တာဖြစ်လို့ ယုံကြည်မှုရှိပါ။”

လူငယ်ဘဝဟာ အခွင့်အရေးတွေနဲ့ဆုံတွေ့ခွင့်ရတဲ့ အကောင်းဆုံးအချိန်တစ်ခုပါပဲ။ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ စတင်လိုက်ပါ။ “ကျွန်မတို့ရဲ့ လူငယ်ဘဝကို အောင်မြင်မှု​တွေနဲ့ ဖြန်သန်းသွားကြပါစို့။”


#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

🌕တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🪷သာသနာတော်၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ယနေ့သည် ဗုဒ္ဓဘာသာဝင်များအလေးအမြတ်...
15/11/2024

🌕တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🪷

သာသနာတော်၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ယနေ့သည် ဗုဒ္ဓဘာသာဝင်များအလေးအမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်နှင့်အညီ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေကြောင်း GOALS International Company Limited မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

Happy Full Moon Day of Tazaungmone, and may your hearts be as full as the moon tonight!

We hope this Tazaungmone brings you new hope, success, and many special moments with loved ones. May this month be filled with peace, clarity, and positivity for each of us.



#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

14/11/2024

အစွမ်းဆုံး Energy ဖြင့် စွမ်းအင်ဖြည့်ခြင်း
(Charging with Supreme Energy)

Energizing to Your Body & Mind

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ စွမ်းအင်ခန္ဓာကိုယ်ကြီး ဖြစ်တဲ့အတွက် စွမ်းအင်နဲ့ Healing ပြုလုပ်လိုက်တဲ့အခါ

ယခု ကိုယ့်ရဲ့ Body & Mind အားကို သုံးပြီး သွားနေတဲ့ခရီးအတွက် အဆပေါင်းများစွာ ပိုခရီးရောက်ပါတယ်

ကျန်းမာရေးလား၊ချမ်းသာရေးလား၊ပျော်ရွှင်ရေးလား ဘာရေးနေနေ Energy Healing ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ Goal ကို ရောက်အောင် သွားလို့ ရပါတယ်

ဒါကြောင့် ဆေးဖက်ဝင်တဲ့ည တန်ဆောင်တိုင် လပြည့်ညမှာ စကြဝဠာကြီးထဲက အစွမ်းဆုံး Energy နဲ့ သင့်ရဲ့ ခန္ဓာနဲ့ စိတ်ကို အားဖြည့်ပေးသွားမှာပါ

ဒီ Energy ဟာ စကြဝဠာကြီးထဲက တစ်မျိုးတည်းသာရှိသော Forever Permanent Energy ကို အသုံးပြုမှာ ဖြစ်လို့ ဒီစွမ်းအင်တွေဟာ သင့်ဆီမှာ အချိန်ကြာမြင့်စွာ စွမ်းအားကောင်းနေမှာ ဖြစ်ပြီး သင့်အကျိုးများစွာ ဖြစ်ထွန်းစေမှာပါ

ဒီလပြည့် Healing join တဲ့ သူတွေကတော့ စိတ်ကြည်လင်ခြင်း၊စွမ်းအားပြည့်ဝခြင်း၊စိတ်ငြိမ်းချမ်းခြင်း၊Concentration အား‌ကောင်းလာခြင်း၊ဉာဏ်များပွင့်လာခြင်း၊အခွင့်အလမ်းများရောက်ရှိလာခြင်း၊အေးချမ်းသည့် စိတ်နှင့်ခန္ဓာကို ပိုင်ဆိုင်ရခြင်း၊Body & Mind အနားရခြင်း စသည့်အကျိုးကျေးဇူးများစွာ ချက်ချင်းလက်ငင်း ပိုင်ဆိုင်ရရှိသွားမှာ ဖြစ်ပါတယ်

ခင်နဲ့အတူ
Charging with Supreme IAE Energy join လိုသူတွေ အနေနဲ့

09450013500
Aye Phyo Thwe ( Kpay acc ) ကို
Happy Money 11000 ကျပ် ပြည့်ပြည့်ဝဝ ပေးသွင်းပြီး
စွမ်းအင်များနဲ့ ပြည့်ပြည့်ဝဝ အားဖြည့်လိုက်ပါ

#စိတ်ရင်းစေတနာအရင်းခံဖြင့်ခင်
#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်


Energy က အခု ရောက်နေတဲ့ဘဝထက် Power ပိုမြင့်တယ် ကျွန်မတို့တွေဟာ ဒီကာလမှာဆိုရင် အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့နေ...
13/11/2024

Energy က အခု ရောက်နေတဲ့ဘဝထက် Power ပိုမြင့်တယ်

ကျွန်မတို့တွေဟာ ဒီကာလမှာဆိုရင် အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့နေရတယ်
အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်မဲ့လောက်အောင် ပြိုလဲနေကြတယ်
အဲ့ဒီအခက်အခဲတွေကို လိုက်ခံစားပြီး ပြိုလဲနေတာက ကိုယ်ပါ

အဲ့တော့
ဒီ အခက်အခဲကို ငါ ဘယ်လိုကျော်လွှားရမလဲ မသိဘူးဆိုရင် အဖြေရှာရခက်နေရင် မဖြေရှင်းတတ်တော့ရင်

You can ask to your soul✨
တစ်နည်းအားဖြင့် Soul ဆိုတာ ကိုယ့်ရဲ့ Energy ပါပဲ
ကိုယ့်ရဲ့ soul ကိုယ့်ရဲ့ energy ဟာ ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးပြီ
သူ့မှာ ဘယ်လိုအခက်အခဲမဆို ကျော်ဖြတ်နိုင်ခဲ့တဲ့ စွမ်းအားတွေ ရှိပါတယ်

အဲ့တော့ ကိုယ့်ရဲ့ Soul ကို သူ လုပ်နိုင်တယ်လို့ 100% ယုံကြည်ပြီး သူနဲ့ connect ရအောင် လုပ်ပါ
သူ့ကိုပဲ ပုံအပ်လိုက်ပါ
သူ ရအောင် ဖြေရှင်းပေးနိုင်ပါလိမ့်မယ်
အခုကြုံတွေ့နေရတဲ့ အရာတွေက ဘာမို့လဲ
သူကျော်လွှားနိုင်ခဲ့တဲ့ အရာတွေက အခုထက် အဆပေါင်းများစွာ ကြီးမားတဲ့ အခက်အခဲတွေမို့

ကိုယ့်မှာ ဘာပြဿနာတက်နေလဲ
ငါ့ရဲ့ Soul ငါ့ရဲ့ Energy ရေ
ငါတော့ ဒီပြဿနာတက်နေပြီ
ငါ ဘယ်လိုဖြေရှင်းရမလဲလို့သာ မေးပြီး
သူနဲ့ အတူ ဖြေရှင်းလိုက်ပါ
သူ မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာမရှိပါဘူး

ဒါက အခုရှိနေတဲ့ ဒီခန္ဓာနဲ့ သွားတာထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်

ဒါကြောင့် Energy လောကကို လူတိုင်းလေ့လာသင်ယူသင့်တဲ့ အကြောင်းတရားတစ်ခုပေါ့

#စိတ်ရင်းစေတနာအရင်းခံဖြင့်ခင်
#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်


🔔ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းကို သင် သိပါသလား🔺 ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းကို ဒီလို ဆောင်ရွက်နိုင်ပါတယ် ။ ➡️(၁)...
12/11/2024

🔔ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းကို သင် သိပါသလား

🔺 ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းကို ဒီလို ဆောင်ရွက်နိုင်ပါတယ် ။

➡️(၁) ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ မလုပ်နဲ့။
Don’t Act Based on Likes or Dislikes.

ပြဿနာကို ရင်ဆိုင်ကြည့်ပြီး ကိုယ့်ရဲ့ ခံစားချက် emotion ၊ ကြိုက်နှစ်သက်မှုကိစ္စတွေနဲ့ မဖြေရှင်းပါနဲ့။ (အကောင်းဆုံးဖြေရှင်းချက်ကို ရှာဖွေနိုင်ဖို့ အာရုံစိုက်ပါ။)

➡️(၂) အကျိုးရှိခြင်း ၊ မရှိခြင်းနဲ့ လုပ်ပါ။
Act Based on Effectiveness, Not Emotion .
ပြဿနာဖြေရှင်းရာမှာ အကျိုးရှိမှု၊ အကျိုးဆုံးရှုံးမှုကိုသာ အခြေပြု လုပ်ဆောင်ပါ။ (စိတ်ကူးတွေ၊ အထင်နဲ့ ဖြေရှင်းတာတ္ထထက် ရည်မှန်းချက်နဲ့ ထိစပ်မှုရှိတဲ့ နည်းလမ်းတွေကိုသာ ဆောင်ရွက်ပါ။)

➡️(၃) အကျိုးရှိအောင်လုပ်ဖို့ အနှိုင်းမဲ့ အောင်မြင်ရေး မဟာဗျူဟာ (၈) ရပ်နဲ့ လုပ်ပါ။
Apply the Eight Strategic Steps for Success .
ဒီ နည်းလမ်းတွေက အောင်မြင်တိုးတက်စေမှာဖြစ်ပြီး၊ မဟာဗျူဟာ (၈) ရပ်ကို နောက်နေ့မှာ ဆက်လက်ဖော်ပြပေးပါ့မယ်။



#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်


ကံ ကို ပြင်လို့မရဘူးပြောကြပေမယ့် ကံ ကို တည်ဆောက်လို့ရတယ်ကံ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက အတိတ်ကံကိုပဲ သွားပြေး...
11/11/2024

ကံ ကို ပြင်လို့မရဘူးပြောကြပေမယ့်
ကံ ကို တည်ဆောက်လို့ရတယ်

ကံ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက အတိတ်ကံကိုပဲ သွားပြေးမြင်ကြတယ်

ကံမှာ အတိတ်ကံ၊ပစ္စုပ္ပန်ကံ၊အနာဂတ်ကံ ဆိုပြီး ၃ မျိုးရှိတယ်

ယခု ကိုယ့်ရဲ့ဘဝမှာ ဘယ်မိသားစုကနေ မွေးဖွားချင်တာ၊ ဘယ်နိုင်ငံမှာ မွေးဖွားချင်တာ စတဲ့အရာတွေက အတိတ်ကံကြောင့် ဖြစ်လာတာမို့ ပြောင်းလဲလို့ မရဘူး

ဒါပေမယ့် အနာဂတ်ကံကိုတော့
ကိုယ်တည်ဆောက်လို့ ရသလို
အတိတ်ကံကိုလည်း တည်ဆောက်လို့ရပါတယ်

အခု ပစ္စုပ္ပန်ကနေ စပြီးတော့ တွေးလိုက်တဲ့ အတွေးဟာ အနာဂတ်ကံတွေ တည်ဆောက်နေတာဖြစ်ပြီး နောက်တစ်ခုကို ထပ်တွေးလိုက်တဲ့အခါ ရှေ့အတွေးက အတိတ်ကံတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်

ကံ ဆိုတာက ကိုယ်‌တွေးတဲ့ အတွေး
ကိုယ်ပြောတဲ့ အပြော
ကိုယ့်ရဲ့ စိတ်နေစိတ်ထား
ကိုယ့်ရဲ့ ခံယူချက်၊ယုံကြည်ချက်တွေ
ကိုယ့်ရဲ့ အစွဲတွေ
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေပါပဲ

တကယ်တော့ ကျွန်မတို့ နေ့စဉ်တွေး၊ပြော၊လုပ်နေတဲ့ အရာတွေက ကျွန်မတို့တွေရဲ့ အနာဂတ်ကံကို တည်ဆောက်နေတာ ဖြစ်သလို
အတိတ်ကံကို တည်ဆောက်ပြီးသား ဖြစ်နေပါပြီ

ဒါ့ကြောင့် ကောင်းတာတွေးရင် ကောင်းတာဖြစ်မယ်
ကောင်းတာပြောရင် ကောင်းတာရမယ်
ကောင်းတာလုပ်ရင် ကောင်းတာတွေ ခံစား၊စံစားရမယ်

ငါကောင်းတာတွေ လုပ်နေရဲ့သားနဲ့ ဘာလို့ မကောင်းနေလဲဆိုရင်တော့ အဲ့ဒါ့ကမှ အတိတ်ကံ(သံသရာက ကိုယ့်ပြုခဲ့တဲ့ကံ)တွေ အချိန်ကျနေလို့ပါပဲ

ဒါပေမယ့်လည်း ယခု ပစ္စုပ္ပန်မှာ ကောင်းတာလုပ်နေခြင်းအားဖြင့် အတိတ်ဘဝက ကံမကောင်းမှုကို အရှိန်လျော့လို့ရသလို၊အချိန်လည်း ရွှေ့လို့ရပါတယ် အဲ့ဒါ့ကတော့ ပစ္စုပ္ပန်ကံကို မှန်ကန်တဲ့စိတ်ထားနဲ့ ကုသိုလ်တွေ၊သီလတွေ‌တည်ဆောက်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းပါပဲ

နောက်ရက်မှာတော့ ဘာကြောင့် ဒီလိုလုပ်လို့ရတာလဲဆိုတာ မျှဝေပေးသွားပါဦးမယ်
#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

#စိတ်ရင်းစေတနာအရင်းခံဖြင့်ခင်



You are real success creator .
#စိတ်ရင်းစေတနာအရင်းခံဖြင့်ခင်

Address

May May Win Store, Opposite To B. E. H. S(1), Moe Kaung Quarter, Shwe Kyat Yat, Amarapura
Mandalay
05061

Alerts

Be the first to know and let us send you an email when GOALS International Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GOALS International Company Limited:

Share