28/03/2022
☀️ Solar System အကြောင်း သိကောင်းစရာများ (အပိုင်း 1: Solar Cells အကြောင်း) ☀️
Solar System က အလင်းရောင်ခြည် (နေေရာင်ခြည် သို့မဟုတ် အခြားအလင်း) ကို အသုံးပြုပြီး လျှပ်စစ်ထုတ်တဲ့ system ကိုခေါ်တယ်။
Solar system တွေကို အပိုင်းသုံးမျိုး ခွဲခြားနိုင်တယ်။
1️⃣ Solar panels ဆိုတဲ့ အလင်းကနေ လျှပ်စစ် DC ထုတ်တဲ့ စနစ်။
2️⃣ DC လျှပ်စစ်ကို Battery ထဲသိုလှောင်တဲ့ စနစ်။
3️⃣ DC ကနေ AC ကိုပြန်ပြောင်းတဲ့ စနစ်။
Solar panels ဆိုတာက Solar Cells တွေကို ပေါင်းပြီး Busbars နဲ့ wiring ဆက်ပြီး အပေါ်ကနေ မှန်နဲ့အုပ် သို့မဟုတ် ETFE or PTE limination လောင်းပြီး Housing အခွံတပ်လိုက်တာပါ။
Solar panels အကြောင်းပြောရင် Solar cells အကြောင်းက စပြောမှ ပြည့်စုံမှာပါ။
Solar cells က အလင်းရောင်ခြည်မှ လျှပ်စစ် DC ကို ပြောင်းလဲအောင် photovoltaic effect နဲ့လုပ်တဲ့ cells ကိုခေါ်တယ်။ Solar cells ကို photovoltaic cells လို့လဲ ခေါ်တယ်။ အဲ့ဒါကြောင့် solar panel ကို PV system လို့လဲခေါ်တယ်။
Solar cells effiency: Efficiency တွေထဲမှာ သိထားသင့်တာက Power Conversation Efficiency ပါ။ Power ကနေ လျှပ်စစ် (DC) ကို ပြောင်းလှဲနှုန်းကို ခေါ်တယ်။ Efficiency မြင့်လေ လျှပ်စစ်အား ပိုထွက်လေ ဈေးပိုကြီးလေပေါ့။
Solar cells တွေကို အရှင်းဆုံး အလင်းစုပ်ယူတဲ့ တစ်လွာ (Single-Junction) ကနေ အခြားအရာများနဲ့ ထပ်ပြီး အလွှာများစွာ ( Multi-Junctions) ထုပ်လုပ်ပါတယ်။ Multi-Junctions တွေက အလင်းစုပ်ယူမှု မတူခြင်း၊ energy ပြောင်းလဲမှု ပိုကောင်းခြင်း တို့ကြောင့် Efficiency ပိုကောင်းအောင် လုပ်ပေးပါတယ်။
Solar cells ကို ထုတ်လုပ်မှုပုံစံ မတူတဲ့အတွက် generation သုံးမျိုးခွဲထားတယ်။ Generation မြင့်တိုင်း ပိုကောင်းတယ် လို့မဆိုလိုပါဘူး။
1️⃣st Generation: Crystalline Silicon (c-Si)
2️⃣nd Generation: Thin Flim Solar
3️⃣rd Generation: Thin Flim Technology ရဲ့အခွဲတွေနဲ့ organic နဲ့လုပ်ထားတဲ့ cells တွေပါ။
ေစျးကွက်ထဲမှာ 1️⃣st Generation ပစ္စည်းတွေကိုဘဲ အများဆုံး တွေ့နိုင်တာကြောင့် c-Si အကြောင်းကို အဓိကရေးပါ့မယ်။
2️⃣nd Generation Thin Film Solar က efficiency မကောင်းလို့ ဈေးသက်သာသော်လဲ လျှပ်စစ်အများကြီး ထုတ်တဲ့ solar system တွေမှာ မသုံးကြပါဘူး။ Thin Flim panels တွေရဲ့ မျက်နှာပြင်က အမဲပြား သို့မဟုတ် ခဲရောင် အစင်းလိုင်းတွေပါတဲ့ အမဲပြားပါ။
1️⃣st generation Crystalline Silicon (c-Si) ကို နှစ်မျိုးခွဲပါတယ်။
1️⃣ Monocrystalline silicon
2️⃣ Multicrystalline or Polycrystalline silicon
⚡ Monocrystalline silicon (mono-Si)
အရပ်အခေါ် mono က silicon cyrstal တစ်ခုခြင်းစီ ပေါင်းစပ်ထားသောကြောင့် Efficiency ပိုကောင်းပါတယ်။ ဈေးလဲပိုကြီးတယ်။
mono-Si cells တွေက အဠဂံ ပုံသဏ္ဍာန် ဖြစ်သောကြောင့် mono-Si solar panels တွေက ဒေါင့်ကိုလုံး (ချိုး) ထားတဲ့ စတုရန်း သို့မဟုတ် စတုဂံ အကွက်လေးတွေ ဆက်ထားတဲ့ ပုံဖြစ်တယ်။
mono-Si အရောင်က အမဲရောင် ဖြစ်လို့ mono panels က အမဲရောင်ဖြစ်တယ်။
⚡ Polycrystalline silicon (multi-Si)
အရပ်အခေါ် poly က silicon cyrstal အများကြီးကို လေးဒေါင့့်ပုံသဏ္ဍာန် ဖြစ်အောင် ဖွဲ့စည်းထားတာပါ။
Poly က mono လောက် efficiency မကောင်းသော်လဲ ဈေးသက်သာသောကြောင့် လူသုံးများတယ်။
Poly panels ကိုကြည့်ရင် စတုဂံပုံသဏ္ဍာန် လေးထောင့်ကွက်တွေ ဆက်ထားတဲ့ပုံပါ။
Multi-Si က အပြာရောင်ဖြစ်သောကြောင့် နိုင်ငံခြားမှာ poly Panels ကို အပြာရောင် panels လို့လဲခေါ်တယ်။
⚡ နည်းပညာတွေ တိုးတက်လာသည်နှင့် အမျှ Crystalline Silicon တွေကို efficiency တက်အောင်း multi-layers ၊multi-junctions သို့မဟုတ် special junctions အစရှိသော နည်းပညာဖြင့် တည်ထွင်ပြီး efficiency မြင့်တဲ့ solar cells အမျိုးအစားတွေ ပေါ်ထွက်လာတယ်။
1️⃣ PERC solar cell: Passive Emitter Real Contact solar cell
2️⃣ HIT solar cell: Heterojunction with Intrinsic Thin layer solar cell
1️⃣ PERC solar cell: Passive Emitter Real Contact solar cell ဆိုတာက solar cell အပေါ်မှာ အလွာတစ်လွာ အပိုပါတယ်၊ အဲ့ဒီအလွာက solar cell မှအလင်းပြန်လာတဲ့ အလင်းကို solar cell ဘက်ပြန်ေရာက်သွားအောင် လုပ်ပေးတဲ့ အလွာဖြစ်တယ်။
ရှိတဲ့ အလင်းကို ပိုအကျိုးရှိအောင် အသုံးပြုနိုင်သောကြောင့် efficiency တက်လာတယ်။
2️⃣ HIT solar cell: Heterojunction with Intrinsic Thin layer solar cell တွေက PERC solar cells တွေထက် efficiency ပိုကောင်းပါတယ်။
ဈေးကွက်ထဲမှာ ရှိတဲ့ Solar cells တွေကို efficiency အမြင့်မှ အနိမ့် တစ်နည်းအားဖြင့် ဈေးကြီးမှ ဈေးသက်သာသို့ တန်းစီလိုက်ရင်
1️⃣ mono-Si, HIT (အမဲ)
2️⃣ mono-Si, PERC (အမဲ)
3️⃣ mono-Si (အမဲ)
4️⃣ multi-Si (poly) အပြာ
5️⃣ Thin flim မဲ)
ဆရာ ဦးရဲမြင့် ၏ရေးသားချက်များကို ကူးယူ မျှဝေပါသည်။
Thanks you Sayar