Universal Technology

Universal Technology IT Solution & Computer Training Center

02/09/2026

"မနေ့ကထိ ကောင်းနေသေးတဲ့ Laptop က ဒီနေ့ ဘာလို့ ရုတ်တရက် မပွင့်တော့တာလဲ?"

24/08/2026

အကွာအဝေးဝေးတဲ့ အဆောက်အအုံတွေကြား ဝါယာကြိုးဆွဲစရာမလိုဘဲ တည်ငြိမ်မြန်ဆန်တဲ့ Network & CCTV ချိတ်ဆက်မှု ရရှိစေမယ့် Point-to-Point (P2P) Wireless Bridge တပ်ဆင်မှု 📡✨

အဝေးတစ်နေရာနဲ့ တစ်နေရာ အင်တာနက်လိုင်း ချိတ်ဆက်လိုသူများ၊ အဆောက်အအုံခွဲများသို့ CCTV ကင်မရာလိုင်း ပို့ဆောင်လိုသူများအတွက် ကုန်ကျစရိတ်သက်သာပြီး အရှုပ်အရှင်းကင်းတဲ့ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။

🔹 အဆောက်အအုံ အနေအထားအလိုက် Signal အပြည့်ရရှိအောင် တိကျစွာ ချိန်ညှိတပ်ဆင်ပေးခြင်း
🔹 အကြမ်းခံ၊ သပ်ရပ်ခိုင်မာသော ပစ္စည်းများနှင့် ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် စနစ်တကျ တပ်ဆင်ပေးခြင်း

လူကြီးမင်းတို့၏ အိမ်၊ ဆိုင်၊ စက်ရုံနှင့် လုပ်ငန်းခွင်များတွင် Network & CCTV စနစ်များ စနစ်တကျ တပ်ဆင်လိုပါက Universal Technology သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါသည်။

📍 လိပ်စာ - ဖဖ ၇/၉၁၊ ၁၁၀(E) လမ်း၊ ၄၇ x ၄၈ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
📞 ဖုန်းနံပါတ် - 09-962623062, 09-887766524, 09-758000376
📧 Email - [email protected]

18/08/2026

သင့်ကွန်ပျူတာအတွက် လိုအပ်တဲ့ Service မှန်သမျှကို ကျွမ်းကျင်ပညာရှင်များမှ သေသေချာချာ ပြုပြင်ပေးနေပါပြီ။ 💻✨

"(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်"၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ ဘယ်တော့...
19/07/2026

"(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်"
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ ဘယ်တော့မှ မေ့ဖျောက်လိုမရတဲ့၊ နိုင်ငံနဲ့ လူမျိုးအတွက် အသက်တမျှ တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်ကြီးများကို ဆုံးရှုးခဲ့ရတဲ့ အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။
ယနေ့ကျရောက်လာတဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့အခါသမယမှာ... ကျွန်တော်တိုပြည်သူတွေ လွတ်လပ်တဲ့လေကို ရှူရှိက်နိုင်ဖိုအတွက် မိမိကိုယ်ကျိုး၊ မိသားစုအကျိုးကို ပဓာနမထားဘဲ တိုင်းပြည်အတွက် သွေး၊ ချွေး၊ အသက်တွေကို ပေးဆပ်သွားခဲ့ကြတဲ့ လွတ်လပ်ရေးဗိသုကာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားတွေကို အစဉ်အမြဲ အောက်မေ့သတိရ လွမ်းဆွတ်လျက်ရှိပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများဟာ ကျွန်တော်တိုအတွက် လွတ်လပ်ရေးကိုသာမက ညီညွတ်ခြင်း၊ ရဲရင့်ခြင်းနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းဆိုတဲ့ အဖိုးတန် "အာဇာနည်စိတ်ဓာတ်" တွေကိုပါ အမွေအဖြစ် ချန်ရစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတိုရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ မရှိခဲ့ရင် ယနေ့ ကျွန်တော်တိုဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်တွေ ကြွေလွင့်သွားခဲ့ပေမယ့် သူတိုရဲ့ ပေးဆပ်မှု သမိုင်းမှတ်တိုင်တွေကတော့ မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှင်သန်နေမှာ အသေအချာပါပဲ။
ဒါကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လေးမြတ်စွာ ဂါရဝပြု ဦးညွှတ်ရင်း... ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့ အဘက်ဘက်က ဖွံဖြိုးတိုးတက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးဆီ အရောက်လှမ်းနိုင်ဖို၊ သူတိုရဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကို အတုယူ လက်ဆင့်ကမ်းရင်း ကိုယ်စီကျရာကဏ္ဍကနေ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် ဆက်လက်ကြိုးစား ပေးဆပ်သွားကြပါစိုလို ဒီကနေ့လို နေ့ထူးနေ့မြတ်မှာ သန္နိဋ္ဌာန်ချမှတ်လိုက်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်အမြဲ သတိရလျက်... 🇲🇲
#၇၉နစ်မြောက်အာဇာနည်နေ့

ITပညာ သင်ကြားရေးကိုဝါသနာပါပြီး၊ သင်ကြားရေး Trainerအဖြစ်ရပ်တည်လိုသူများအတွက် သတင်းကောင်း=================================...
17/07/2026

ITပညာ သင်ကြားရေးကိုဝါသနာပါပြီး၊ သင်ကြားရေး Trainerအဖြစ်ရပ်တည်လိုသူများအတွက် သတင်းကောင်း
===========================================
ကျွန်တော်တို Universal Technology Campus(UTC)တွင် Computer Basic, Advanced Excel, A+, Networkingနှင့် Graphic Designသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ဆရာအတတ်သင် သင်တန်းဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသောကြာင့် သင်ကြားရေးဆရာ/မအဖြစ် ရပ်တည်လိုသူများ အလုပ်သင်အဖြစ်ခေါ်ယူသွားမည်ဖြစ်ပါသည်။

လိုအပ်ချက်များ
===========
1. အသက်(၂၅)နှစ်နှင့်အထက်ဖြစ်ရမည်။
2. ITပညာ သင်ကြားရေးကိုစိတ်ပါဝင်စား၍ စိတ်အားထက်သန်သူဖြစ်ရမည်။
3. Computer Basicကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သူဖြစ်ရမည်။
4. ဘွဲရထားပြီးသူဖြစ်ရမည်။ITနှင့်ပတ်သက်ဆက်နွယ်သည့် ဘွဲ/Diplomaရရှိထားသူများကို ဉီးစားပေးခေါ်ယူပါမည်။
5. ဆိုင်ကယ်လိုင်စင်ရှိရန်လိုအပ်ပြီး၊ ဆိုင်ကယ်စီးတတ်ရမည်။
6. မန္တလေးမြိုတွင်းသို သွားလာသင်ကြားနိုင်ရမည်။ လိုအပ်ပါက နယ်ရှိUTCကျောင်းခွဲများနှင့် မိတ်ဘက် ကျောင်း/သင်တန်းများတွင် သွားလာသင်ကြားနိုင်ရမည်။
7. ရုပ်ရည် ဉပဓိရှိပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
8. မန္တလေးမြိုတွင်နေထိုင်နိုင်သူဖြစ်ရမည်။
9. အနည်းဆုံး(၂)နှစ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

အထက်ပါအချက်အလက်များနှင့်ကိုက်ညီပြီး စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည်. . .
-CV Form
-မှတ်ပုံတင်မိတ္တူ
-အိမ်ထောင်စုမိတ္တူ
-ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာ
-ဘွဲလက်မှတ်မိတ္တူ

အစရှိသည်များနှင့်တကွ၊ လူကိုယ်တိုင်သော်လည်းကောင်း၊ [email protected]သို Mailပို၍သော်လည်းကောင်း ၃၁-၇-၂၀၂၆ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

(မှတ်ချက်။ ။သင်ကြားရေးနှင့်ပတ်သက်သော သင်ကြားပုံသင်ကြားနည်းများကို စနစ်တကျ ကောင်းမွန်စွာ သင်ကြားတတ်အောင် Trainပေးသွားမည်ဖြစ်ပြီး၊ Professional Trainerအဖြစ်ရပ်တည်လိုသူများသာ လာရောက်လျှောက်ထားကြပါရန်။)

Universal Technology Campus(UTC)
ဖဖ၇/၉၁, 110Eလမ်း၊ 47x48ကြား၊ ချမ်းမြသာစည်မြိုနယ်၊ မန္တလေး။
ဖုန်း 02-2841049, 09962623062, 09-887766524
Email : [email protected]
Website: www.utcmandalay.com
Tiktok:
Facebook: Universal Technology
Viber: 09-962623062



#အလုပ်ခေါ်စာ




14/01/2026

Internet မရလို့
Router restart လုပ်ပြီးပြီ
Network reset လုပ်ပြီးပြီ
အဆုံးမှာတော့
“Windows ပြန်တင်လိုက်ရင်ကောင်းမလား” လို့တောင် စဉ်းစားလာမိတတ်တယ်

ဒါပေမယ့်…
Windows မတင်ခင်
PC ထဲက CMOS Battery 🔋 လေးကို
တစ်ခါလောက် စစ်ကြည့်ပါအုံး

ဒီ video မှာ
✔ Windows ပြန်တင်စရာမလိုဘဲ
✔ Internet error ပြန်ကောင်းအောင်
✔ CMOS Battery ကို ဘယ်လိုလဲရမလဲဆိုတာကို
အကုန်ရှင်းပြထားပါတယ် 👇
Universal Technology Campus(UTC)
Pha Pha7/91, 110E, Between 47*48, Chan Mya Tharsi Township,Mandalay.
09 962 62 30 62, 09 88 77 66 524, 09-758 000 376
[email protected]
: www .utcmandalay.com

Wi-Fi မချိတ်ဘဲမီးအလင်းတစ်ချက်နဲ့Internet သုံးနိုင်တယ်ဆိုရင်ယုံမလားဒါဟာ အနာဂတ်အကြောင်း မဟုတ်ပါဘူးလက်ရှိမှာပဲ ရှိပြီးသား န...
12/01/2026

Wi-Fi မချိတ်ဘဲ
မီးအလင်းတစ်ချက်နဲ့
Internet သုံးနိုင်တယ်ဆိုရင်
ယုံမလား
ဒါဟာ အနာဂတ်အကြောင်း မဟုတ်ပါဘူး
လက်ရှိမှာပဲ ရှိပြီးသား နည်းပညာပါ
အဲဒါက Li-Fi ပါ
ဒါဆို
Li-Fi ကို တကယ် ဘယ်လိုသုံးရလဲ
အရမ်း မခက်ပါဘူး
ပထမဆုံး
Li-Fi Support ဖြစ်တဲ့ LED မီး လိုပါတယ်
ဒီမီးက ပုံမှန်မီးလိုပဲ ထွန်းနေပေမယ့်
နောက်ကွယ်မှာ
Data ကို အလွန်အမြန် လင်းမှိတ်ပြီး ပို့နေပါတယ်
ဒုတိယ
ဖုန်း / Laptop မှာ
Li-Fi Receiver လိုပါတယ်
USB လိုမျိုး ချိတ်သုံးရတဲ့ Receiver ဖြစ်နိုင်သလို
အနာဂတ်မှာတော့
ဖုန်းထဲကို တိုက်ရိုက် ထည့်ပေးလာမှာပါ
ပြီးရင်
ဘာလုပ်ရမလဲဆိုတော့
Wi-Fi ချိတ်သလို
ဘာမှ မလုပ်ပါဘူး
မီးအောက်မှာ ထိုင်လိုက်တာနဲ့
Internet ချိတ်ပြီးသား ဖြစ်နေပါပြီ
Password မရိုက်ရဘူး
Network ရွေးစရာမလိုဘူး
မီးရောက်တဲ့နေရာ
Internet ရောက်တယ်
ဒီလိုပဲ နားလည်လို့ရပါတယ်
ဥပမာ
ရုံးခန်းတစ်ခန်းထဲမှာ
မီး ၄ လုံးရှိတယ်ဆိုရင်
မီးတစ်လုံးစီက
Internet Zone တစ်ခုစီ ဖြစ်နေပါတယ်
သင်က Laptop ကို ကိုင်ပြီး
မီးအောက်ကနေ မီးအောက်ကို ရွှေ့သွားရင်
Signal က အလိုအလျောက် လိုက်ပြောင်းပေးပါတယ်
Wi-Fi ပြတ်သလို မခံစားရပါဘူး
ဒါကြောင့်
• Video Call
• Online Class
• Cloud Upload
• File Transfer
တွေကို
တော်တော်တည်ငြိမ်အောင် သုံးလို့ရပါတယ်
အထူးသဖြင့်
Wi-Fi မသုံးလို့မရတဲ့နေရာတွေမှာ
Li-Fi က အရမ်းအသုံးဝင်ပါတယ်
ဥပမာ
ဆေးရုံခန်းထဲမှာ
Radio Wave က စက်ပစ္စည်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်
ဒါပေမယ့် Li-Fi က
အလင်းပဲ သုံးတာကြောင့်
အန္တရာယ်မရှိပါဘူး
လုံခြုံရေးပိုင်းမှာလည်း
မီးအလင်းက နံရံမကျော်နိုင်လို့
အခန်းပြင်က လူက
Internet ကို ခိုးဖမ်းလို့ မရပါဘူး
ဒါပေမယ့်
မီးပိတ်လိုက်ရင် Internet ပြတ်သွားမယ်
အလင်းကို ဖုံးလိုက်ရင် Data မရဘူး
ဖုန်းအများစုက Li-Fi ကို မထောက်ပံ့သေးဘူး
ဒါတွေကြောင့်
Li-Fi က
Wi-Fi ကို အစားထိုးမယ့် နည်းပညာ မဟုတ်သေးပါဘူး
ဒါပေမယ့်
အနာဂတ်မှာ
အိမ်မီး ဖွင့်လိုက်တာနဲ့
Internet ကို ချိတ်ပြီးသားဖြစ်နေတဲ့ ခေတ်
တကယ် ရောက်လာနိုင်ပါတယ်
ဒီစာလေးက
“ဟုတ်တယ်နော်” လို့ ထင်သွားရင်
Save ထားပါ
နည်းပညာကို စိတ်ဝင်စားတဲ့သူတွေကို Share လုပ်ပေးပါ
တစ်ယောက်မက အကျိုးရှိသွားနိုင်ပါတယ်

Universal Technology Campus(UTC)
Pha Pha7/91, 110E, Between 47*48, Chan Mya Tharsi Township,Mandalay.
09 962 62 30 62, 09 88 77 66 524, 09-758 000 376
[email protected]
: www .utcmandalay.com

CCTV Record ပြန်ကြည့်မရလို့ စိတ်ညစ်နေပါသလား? အရေးကြီးတဲ့ မှတ်တမ်းတွေ ပြန်ကြည့်လို့မရတာ၊ Hard Disk Error တက်နေတာ၊ ဖုန်းထဲ...
07/01/2026

CCTV Record ပြန်ကြည့်မရလို့ စိတ်ညစ်နေပါသလား?
အရေးကြီးတဲ့ မှတ်တမ်းတွေ ပြန်ကြည့်လို့မရတာ၊ Hard Disk Error တက်နေတာ၊ ဖုန်းထဲကနေ ကြည့်မရတာတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး ပြုပြင်ပေးနေပါပြီ။
✅ CCTV စစ်ဆေးပြုပြင်ခြင်း / Hard Disk အသစ်လဲလှယ်ပေးခြင်း / Online ကနေ ကြည့်ရှုနိုင်အောင် ချိတ်ဆက်ပေးခြင်း / CCTV တပ်ဆင်ခြင်း
စိတ်ချရတဲ့ ဝန်ဆောင်မှုအတွက် အခုပဲ UTC ကို ဆက်သွယ်လိုက်ပါ။
Universal Technology Campus(UTC)
Pha Pha7/91, 110E, Between 47*48, Chan Mya Tharsi Township,Mandalay.
☎️ 09 962 62 30 62, 09 88 77 66 524, 09-758 000 376
📧 [email protected]
🌎 : www.utcmandalay.com

 # #ဒီနေ့အတွက် မျှဝေပေးမှာက တော့ Websites  ဘယ်လိုအလုပ်လုပ်သလဲဆိုတာနဲ့ ကောင်းကျိုးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်  # #Website ...
05/01/2026

# #ဒီနေ့အတွက် မျှဝေပေးမှာက တော့ Websites ဘယ်လိုအလုပ်လုပ်သလဲဆိုတာနဲ့ ကောင်းကျိုးတွေကိုမျှဝေပေးမှာဖြစ်ပါတယ် # #

Website တစ်ခု တည်ဆောက်ထားပုံ၊ အလုပ်လုပ်ပုံနဲ့ ၎င်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်လွယ်အောင် အပိုင်းလိုက် ခွဲခြားပြီး ရှင်းပြပေးလိုက်ပါတယ်။
# # တစ်ခု၏ အလုပ်လုပ်ပုံ (How it Works) # # #

Website တစ်ခုဟာ အခြေခံအားဖြင့် ဖိုင်တွဲတွေ စုစည်းထားတဲ့ အစုအဝေးတစ်ခုဖြစ်ပြီး Server လို့ခေါ်တဲ့ အင်တာနက်ပေါ်က ကွန်ပျူတာကြီးတွေထဲမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။

၁။ Domain Name: အသုံးပြုသူက Browser (Chrome, Safari စသည်) ရဲ့ Address Bar မှာ www.google.com စသဖြင့် ရိုက်ထည့်လိုက်တာဟာ အဲဒီ Website ရှိရာ လိပ်စာကို လှမ်းခေါ်လိုက်တာ ဖြစ်ပါတယ်။
၂။ Request & Response: Browser ကနေ တစ်ဆင့် Server ဆီကို အချက်အလက် တောင်းဆိုမှု (Request) ပို့လိုက်ပါတယ်။
၃ ။ Processing: Server က တောင်းဆိုမှုကို စစ်ဆေးပြီး လိုအပ်တဲ့ HTML, CSS နဲ့ JavaScript ဖိုင်တွေကို Browser ဆီ ပြန်ပို့ပေးပါတယ်။
၄။ Rendering: Browser က ရရှိလာတဲ့ Code တွေကို ဖတ်ရှုပြီး ကျွန်ုပ်တို့ မြင်တွေ့ရတဲ့ ရုပ်ပုံ၊ စာသားနဲ့ ဒီဇိုင်းတွေအဖြစ် ပြောင်းလဲဖော်ပြပေးပါတယ်။
# # ရှိခြင်း၏ ကောင်းကျိုးများ (Benefits) # # # #

Website တစ်ခု ပိုင်ဆိုင်ထားခြင်းက စီးပွားရေးအရရော၊ တစ်ကိုယ်ရည်အရပါ အောက်ပါ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

၂၄ နာရီ ဖွင့်လှစ်ထားနိုင်ခြင်း: ဆိုင်ပိတ်ထားချိန်မှာတောင် Website က သင့်အတွက် အလုပ်လုပ်ပေးနေမှာဖြစ်ပြီး ဝယ်သူတွေက အချိန်မရွေး ကြည့်ရှုနိုင်ပါတယ်။

ယုံကြည်မှု တိုးတက်စေခြင်း: ခိုင်မာတဲ့ Website တစ်ခုရှိခြင်းက လုပ်ငန်းရဲ့ ဂုဏ်သတင်းနဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုကို မြှင့်တင်ပေးပါတယ်။

နယ်နိမိတ်မရှိ အသုံးပြုနိုင်ခြင်း: ကမ္ဘာ့နေရာအနှံ့အပြားက လူတွေဆီကို သင့်ရဲ့ ဝန်ဆောင်မှု ဒါမှမဟုတ် အချက်အလက်တွေကို အလွယ်တကူ ပျံ့နှံ့စေနိုင်ပါတယ်။

ကုန်ကျစရိတ် သက်သာခြင်း: ရုပ်ပိုင်းဆိုင်ရာ ဆိုင်ခန်းခ၊ ကြော်ငြာခတွေနဲ့ ယှဉ်ရင် Website တစ်ခုကို ထိန်းသိမ်းရတဲ့ စရိတ်က ပိုမိုသက်သာပြီး ထိရောက်ပါတယ်။

Customer Support ပေးနိုင်ခြင်း: အမေးအဖြေ (FAQ) ကဏ္ဍတွေ ထည့်သွင်းထားခြင်းဖြင့် ဝယ်သူတွေရဲ့ သိလိုသမျှကို ချက်ချင်း ဖြေကြားပေးနိုင်ပါတယ်။

ဒေတာ အချက်အလက် စုဆောင်းနိုင်ခြင်း: ဘယ်နှစ်ယောက် လာကြည့်သလဲ၊ ဘယ်ပစ္စည်းကို စိတ်ဝင်စားသလဲ ဆိုတဲ့ အချက်အလက်တွေကို တိုင်းတာပြီး လုပ်ငန်းတိုးချဲ့နိုင်ပါတယ်။ အမှတ်တံဆိပ် တည်ဆောက်နိုင်ခြင်း (Branding): သင့်ရဲ့ ကိုယ်ပိုင် Logo၊ အရောင်နဲ့ စာသားတွေကို စိတ်ကြိုက် ဖန်တီးပြီး Brand Identity ကို ခိုင်မာစေပါတယ်။
အချိန်ကုန်သက်သာခြင်း: ဖုန်းဖြေရတာ ဒါမှမဟုတ် လူကိုယ်တိုင် ရှင်းပြရတာတွေအစား Website ပေါ်မှာ အချက်အလက်အစုံအလင် တင်ထားနိုင်ပါတယ်။
Passive Income ရရှိနိုင်ခြင်း: Website မှာ ကြော်ငြာထည့်တာ ဒါမှမဟုတ် ပစ္စည်းရောင်းတာတွေကနေတစ်ဆင့် ဝင်ငွေရလမ်းသစ်တွေ ဖန်တီးနိုင်ပါတယ်။
ပြိုင်ဘက်များထက် သာလွန်စေခြင်း: အွန်လိုင်းပေါ်မှာ ရှာမတွေ့တဲ့ လုပ်ငန်းတွေထက် Website ရှိတဲ့ လုပ်ငန်းတွေက လူယုံကြည်မှု ပိုရရှိပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ယနေ့ခေတ် Digital ခေတ်ကြီးထဲမှာ Website တစ်ခုဟာ ရိုးရိုးဖျော်ဖြေရေးသက်သက်တင်မဟုတ်ဘဲ စီးပွားရေးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။ စနစ်တကျ တည်ဆောက်ထားတဲ့ Website တစ်ခုဟာ သင့်ရဲ့ အခွင့်အလမ်းတွေကို အဆပေါင်းများစွာ ပွင့်လင်းလာစေမှာ ဖြစ်ပါတယ်။
Universal Technology Campus(UTC)
Pha Pha7/91, 110E, Between 47*48, Chan Mya Tharsi Township,Mandalay.
09 962 62 30 62, 09 88 77 66 524, 09-758 000 376
[email protected]
: www .utcmandalay.com

4-1-2026ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့ကို Universal Technology Mandalay IT Solutionမှ လှိုက်လှဲစွာ ဂု...
04/01/2026

4-1-2026ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့ကို Universal Technology Mandalay IT Solutionမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးဘယာဝေးကွာပြီး အေးချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ Universal Technology Campus(UTC)
Pha Pha7/91, 110E, Between 47*48,
Chan Mya TharsiTownship,Mandalay.
09 962 62 30 62, 09 88 77 66 524, 09-758 000 376
[email protected]
: www .utcmandalay.com

Address

ဖဖ၇/၉၁၊ 110Eလမ်း၊ 47လမ်းနှင့် 48လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
Mandalay
05021

Opening Hours

Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00

Alerts

Be the first to know and let us send you an email when Universal Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share