19/12/2022
Distribution Transformer
မိမိတို့ နေရပ် အတွင်းမှာရှိတဲ့ Transformer တွေ ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားလည်း ရှင်းပြလိုပါတယ် ၎င်းတို့၏ အဝင်သည် R Y B ခေါ် 3 Phase ဖြင့် ဝင်လာပြီး အထွတ်မှာတော့ 230/400 V အဖြစ်ကိုပြောင်းလဲပြီး 3 Phase 4 Wire စနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးပါတယ် ။
ဒီနေရာမှာ အဓိက ဇတ်လိုက်ကြီးကတော့ Distribution Transformer ခေါ် ဓါတ်အားဖြန့်ဖြူးရေး Transformer များပင်ဖြစ်ပြီး ပုံထဲကတော့ ပုံစံတူ အနီးကပ်ဆုံး ဖန်တီးထားပါတယ် 3 Phase 4 Wire စနစ်မှာ Neutral ခေါ် ဓါတ်အားမဲ့ ကြိုးတချောင်းပါဝင်လာပြီး ယင်းဖြင့် ချိတ်ဆက်အသုံးပြုခြင်းဖြင့် Single Phase စနစ်ကို ဖန်တီးထားပါတယ် ။
R အဆုံး နှင့် Y အစ ဆက်သွယ်ပါ ။
Y အဆုံး နှင့် B အစ ဆက်သွယ်ပါ ။
B အဆုံး နှင့် R အစ ဆက်သွယ်ပါ ပြီးပါက Delta ဖြစ်ပါတယ် ။
R Y B အဆုံး ၃ စလုံးကိုဆက်သွယ်ပြီးထားသည့် Star Connection အဆုံး ၃ စပေါင်းထားသည့် ကြိုးကို မြေစိုက်ချပေးပါက Neutral ဖြစ်လာမှာပါ။
High Voltage 11 KV ကနေ 230/400 V ပြောင်းပေးမယ့် Delta to Star အတွတ် သရုပ်ပြ Distribution Transformer အသေးစားလေး တည်ဆောက်ထားပါတယ် လျှပ်ကာ ဆီထည့်မရတာတခုကလွဲရင် အားလုံးအတူတူဖြစ်အောင် ဖန်တီးထားပါတယ် ဒါ့အပြင် ဗို့အားလည်း ပေးသွင်းလို့ မရဘူးပါဘူး ။
ဒီ Transformer လေးကတော့ လျှပ်စစ်ကျောင်းသားကိုယ်ပိုင် ဆိုတော့ ကျောင်းသားတံဆိပ်တပ်ထားပါတယ် ။
ပညာရပ်များနှလုံးသားဖြင့်ခံစားတင်ပြသည်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
လျှပ်စစ်ကျောင်းသား
Vocational Institute
သင်တန်းများအကြောင်း အသေးစိတ် သိလိုပါက
( ရုံးချိန်အတွင်း 9 AM - 5 PM )
0️⃣9️⃣9️⃣5️⃣7️⃣5️⃣9️⃣4️⃣0️⃣2️⃣2️⃣
လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။
ကျန်းမာကြပါစေ
#လျှပ်စစ်ကျောင်းသား
သင်တန်းကျောင်း တည်နေရာ
https://goo.gl/maps/t5ijmkj1AYtTycRn6
#လျပ်စစ်ကျောင်းသားရဲ့ပညာဒါနကိုပြန်လည်မျှဝေသည်