31/12/2020
လူတစ်ယောက်ရဲ့ တစ်နေ့တာပတ်ဝန်းကျင်မှာ မှာ စိတ်မချမ်းသာစရာ စိတ်ညစ်ညူး စရာ ၊ ဒေါသထွက် စရာ စတဲ့ မကောင်းသော ခံစားချက် တွေ နဲ့ပြည့်နှက် လို့နေပါတယ်။ ကျွန်တော်တို့ လူသားအများစု ဟာလည်း အဲ့ဒီ့ခံစားချက်တွေနောက် လိုက်ပါစီးမြောရင်း တ်ိုတောင်းလှတဲ့ ဘဝ အချိန်ကို မပျော်မရွှင် ဖြတ်သန်းနေတတ်ကြပါတယ် ။
ဒါကြောင့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ကူးပြောင်းမယ့် အချိန်ကာလ မှာမိတ်ဆွေတို့အနေနဲ့ မကောင်းတဲ့ ခံစားချက်တွေကို နှစ်ဟောင်းမှာ ထားခဲ့ နိုင်ပြီး နှစ်သစ်မှာ စိတ်ချမ်းသာခြင်း ၊ ပျော်ရွှင်တက်ကြွ ခြင်း ၊ ဝမ်းသာ ပီတိ ဖြစ်ခြင်း စတဲ့ ကောင်းသော ခံစားချက်များ နဲ့ မိမိတို့ရဲ့ လုပ်ငန်းများ ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပြီး စီပွား လာဘ်လာဘ များ တိုးတတ်ပါစေကြောင်း မျှော်လင့် လျှက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။