12/11/2024
ကိုယ့်ပတ်ဝန်းကျင်မှာ ကိန်းဂဏန်းတစ်ခုခု 111 , 222 , 333 တို့ကို ထပ်ကာ ထပ်ကာ မြင်နေပြီ ဆိုရင် ( သို့ ) ဖုန်းကို ကြည့်လိုက်တိုင်း 11:11 , 2:22, 3:33 စသည်ဖြင့် ဂဏန်းအပူးတွေကို ခဏ ခဏ မြင်နေရပြီ ဆိုရင် တိုက်ဆိုင်မှု သက်သက် မဟုတ်တော့ပဲ သင့်ရဲ့ Soul က၊ God က၊ Angel က၊ Universe က စသည်ဖြင့် တစ်စုံတစ်ခုက သင့်ကို Message တွေပေးနေတာ ဖြစ်ပါတယ် …
ဒါကို Angel Numbers လို့ ခေါ်ပါတယ်။ Angel Numbers တွေမှာ အဓိပ္ပါယ်တွေအများကြီး ရှိပါတယ်။ ဂဏန်း အတွဲတွေ … နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပါယ်တွေကို အနှစ်ချုပ်ပြီး ဖော်ပြပေးသွားပါ့မယ် ... ဒီနံပါတ် တစ်ခုခုကို ခဏ ခဏ မြင်နေပြီ ဆိုရင် …
⭐️ 1 , 111 - ဒီကာလအတွင်းမှာ ကိုယ်လုပ်ချင်တဲ့ အရာ၊ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေတာပါ။ ဒါ့ကြောင့် လက်တလော ပေါ်လာတတ်တဲ့ Idea တွေကို သတိထား စောင့်ကြည့်ပါ။ 1 ဂဏန်းက Hope & Opportunity မျှော်လင့်ချက်နဲ့ အခွင့်အလမ်းကို ကိုယ်စားပြုတဲ့ အတွက် ကိုယ့်ဘဝကို နောက်တဆင့် မြှင့်ဖို့ အချိန်ကာလ တစ်ခုပါပဲ။ ပြီးတော့ Positive & Power သဘောဆောင်တဲ့ ဂဏန်းဖြစ်တဲ့ အတွက် လုပ်သမျှက အောင်မြင်နိုင်ပါတယ်။ ဒါ့ကြောင့် Personal Development, Spiritual Development လုပ်ဖို့ အကောင်းဆုံးပါပဲ။ 11:11 ကိုတွေ့တဲ့ အချိန်မှာ ကိုယ်ဖြစ်ချင်တာကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပြီး ဆုတောင်းရင် ပြည့်ပါတယ်။ ဒါ့ကြောင့် Manifestation လုပ်ရင်လဲ အရမ်းကောင်းပါတယ် … Eg . 11:11, 01:01, 10:10
⭐️ 2 , 222 - ကိုယ့် ဘဝအတွက် မကောင်းတာတွေ ပျောက်ပြီး ကောင်းတာတွေ ရောက်လာတော့မည့် အချိန်ပါ။ ပြီးတော့ အပြောင်းလဲ တစ်ခုအတွက် ကိုယ်နဲ့ သင့်တော်တဲ့ Right Path တစ်ခုပေါ်မှာ ရောက်နေပြီဖြစ်တဲ့ အတွက် ကိုယ်လိုချင်တဲ့ အရာတွေနဲ့ ကိုယ်ဖြစ်ချင်တာတွေ အပေါ်မှာပဲ Focus ထားပါ။ ကိုယ်မဖြစ်ချင်တာတွေ အပေါ်မှာ Focus မလုပ်မိပါစေနဲ့။ ပြီးတော့ ကိုယ့်နဲ့ သင့်လျော်သော အပြောင်းလဲတွေ ကြုံလာမှာမို့ ပစ္စုပ္ပန်တည်တည့်မှာပဲ ပျော်ပျော်ရွင်ရွင်နဲ့ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေရင်း ကိုယ့် Life ကိုလည်း ဟန်ချက်ညီအောင်၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကိုလည်း တိုးသည်ထက် တိုးအောင် အချစ်တွေ၊ ယုံကြည်မှုတွေနဲ့ ဆက်လက် တည်ဆောက်ထားရမည့် အချိန်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တကယ်စိတ်ဝင်စားနေတဲ့ အရာတစ်ခုက အမှန်တကယ်ဖြစ်လာဖို့ ရှိပါတယ်။ အခု ဖြစ်မလာသေးဘူး ဆိုရင်တောင် Long-Terms မှာ ဖြစ်လာမှာပါ … Eg . 2:22, 02:02
⭐️ 3 , 333 - Energy တွေ၊ Power တွေ အရမ်းကောင်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက် ကံတတ်နေတဲ့ အချိန်လို့ ယူဆလို့ ရပါတယ်။ ဒါ့ကြောင့် ဘဝမှာ ကောင်းတာတွေ ဖြစ်လာတတ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလဲ Positive Energy တွေက ဝန်းရံနေပါတယ်။ 3 ဂဏန်းက ဖန်တီးနိုင်မှု စွမ်းအား၊ အောင်မြင်မှု၊ ပေါကြွယ်ဝမှု တွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် တိုးတတ်ခြင်း၊ ပြီးပြည့်စုံခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းတွေ အပြည့်အဝရဖို့ ရှိပါတယ်။ Spiritual သမားတွေ အတွက်ကတော့ Mind, Body & Spirit သုံးခုလုံးကို သေသေချာချာ Focus လုပ်မယ်ဆိုရင် တကယ် အချိတ်ဆက်မိသွားမယ်လို့ သတိပေးနေတာပါ။ ပြီးတော့ ကိုယ့်ရဲ့ Frequency တွေ Expansion ဖြစ်နေတဲ့ အချိန်ပါ … Eg . 3:33, 03:03
⭐️ 4 , 444 - သင့်ရဲ့ Soul က၊ God က၊ Angel က၊ Universe က စသည်ဖြင့် တစ်စုံတစ်ခုက သင့်ကို Mentally ရော၊ Physically ရောပါ Support ကောင်းကောင်း လုပ်ပေးနေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အတွေးတွေ၊ အလုပ်တွေ၊ ရလဒ်တွေ၊ ရည်မှန်းချက်တွေက Alignment ဖြစ်နေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားပါ။ အောင်မြင်နိုင်ဖို့ တစ်ခုခုကို ကျော်လွားနိုင်ဖို့ ကိုယ့်ကို ကာကွယ် စောင့်ရှောက် ပေးနေတဲ့ သူတွေက တာဝန်ယူသွားပါလိမ့်မယ်။ အခုအချိန်မှာ ရုန်းကန်နေရတယ်၊ အထီးကျန်တဲ့ ခံစားချက်တွေ ရနေတယ်၊ စိတ်ဓါတ်ကြနေတယ် ဆိုရင်တောင် စိတ်ရှည်သည်းခံပြီး ခဏလေး စောင့်ပေးပါ။ မကြာခင် အကောင်းဆုံး လက်ဆောင် နှင့်အတူ ကျော်လွားသွားနိုင်မှာပါ .... Eg . 4:44, 04:04
⭐️ 5 , 555 - ကိုယ့်အတွက် အပြောင်းအလဲ တစ်ခုခု ပြောင်းလဲတော့မှာပါ။ အဲ့ဒီအရာက ကောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်၊ ဆိုးတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဆိုးတာဖြစ်ခဲ့ရင်တောင် ဒီအရာက သင့်ဘဝအတွက် ဖြစ်သင့် ဖြစ်ထိုက်လို့ ဖြစ်ပေးတဲ့ Right Alignment ပြောင်းလဲမှုမျိုးဖြစ်တယ်။ ပြီးတော့ အသုံးမဝင်တော့တဲ့ အတွေးအခေါ် အဟောင်းတွေ၊ ပြုမှုလုပ်ဆောင်ပုံတွေ၊ ကိုယ်နဲ့ မကိုက်ညီတဲ့ လူတွေကိုလည်း Let go ထားခဲ့ရမည့် လွှတ်ချရမည့် အချိန်ပါပဲ။ ကိုယ့်ကိုယ်ကိုလဲ စိတ်နေစိတ်ထား၊ ခံယူချက်တွေက အစ အရိုးသားဆုံး ပြန်လည် စမ်းစစ်ရမည့် အချိန်ပါ။ ကိုယ့်အတွက် စစ်မှန်တဲ့ ကိုယ် ဆိုတာကို ပြန်လည်ရှာဖွေ သုံးသပ်ပြီး ကိုယ့် စိတ်အတွင်းကို ပြန်လည်ပြုပြင်မှ ပြင်ပပြောင်းလဲမှုတွေက ကိုယ်ဖြစ်ချင် ပြောင်းလဲချင်တဲ့ ပုံစံရမှာလို့ Message ပေးနေတာပါ။ ဘာကြောင့်လဲ ဆိုတော့ Gray Layer အလွှာပါးလေး တစ်ခုက Awareness ဖြစ်တဲ့ သူတွေမှာတောင် ခံနေတတ်ပြီး Huge Positive Change အတွက် သတိပေးနေတာ ဖြစ်ပါတယ် … Eg . 5:55, 05:05
~ Myo Thiha Kyaw ~ Randy ~
⭐️ 6 , 666 - ကိုယ်တွေးနေတဲ့ အတွေးတွေ၊ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ပြန်ပြီး Refocus လုပ်ကာ ဒီထက် ပိုကောင်းတဲ့ အတွေးမျိုး၊ ရလဒ်မျိုး ရအောင် Awareness ကောင်းကောင်း ထားရမှာ ဖြစ်ပါတယ်။ မိသားစု အရေး ကံကောင်းတာ၊ မေတ္တာတရား အပြည့်အဝ ရတာ၊ ဂရုစိုက်ခြင်း ခံရတာ စတာတွေနှင့် ပတ်သက်နေကာ ကိုယ်အောင်မြင်ချင်တဲ့ အရာပေါ်မှာ အာရုံစိုက်ပြီး ထူးချွန်အောင်လုပ်နိုင်မည့် Trait တစ်ခုလဲ ဖြစ်ပါတယ်။ အဓိက က ကိုယ့်ရဲ့ အကောင်းမြင်စိတ် Positive Attitude ကို ထိန်းထားကာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်မည့် အချိန်လဲ ဖြစ်ပါတယ်။ ပြီးတော့ 6 ဂဏန်းက ဘဝအတွက် အခွင့်လမ်း သစ်တွေကို ဆောင်ကျဉ်းပေးလာမှာ ဖြစ်ပါတယ် ... Eg . 06:06
⭐️ 7 , 777 – Lucky ဂဏန်း ဖြစ်သည့် အပြင် Spiritual နဲ့ ပတ်သက်ပြီး အချိတ်အဆက်တွေ ပိုမိလာတာ၊ အတွင်းပိုင်း စွမ်းအား ပိုကောင်းလာတာ၊ အရာရာ လက်ခံနိုင်စိတ်၊ ခွင့်လွတ်နိုင်စိတ် အားကောင်းလာတာ၊ Intuition မြင့်လာတာ၊ Inner Wisdom မြင့်လာတာ၊ ထူးခြားနက်နဲ့သည့် ယုံကြည်သက်ဝင်မှု ရှိလာတာ၊ ယခင်ကထက် အရာရာ ခွဲခြမ်း စိတ်ဖြာလာနိုင်ခြင်း၊ နက်နက်ရှိုင်းရှိုင်း စဉ်းစား တွေးတောနိုင်ခြင်းတို့ အားကောင်း လာသောကြောင့် လက်ရှိ လျောက်နေသော လမ်းကြောင်း၊ လက်ရှိ လုပ်နေသော အလုပ်တို့ကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဆက်လက်လုပ်ကိုင် လျောက်လှမ်းကာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင် စီသို့ရောက်အောင် မိမိ၏ ကိုယ်ပိုင် စွမ်းရည်နှင့်အတူ ဖော်ဆောင်နိုင်မည့် Message ပဲ ဖြစ်ပါတယ် ... Eg . 07:07
⭐️ 8 , 888 – ဟန်ချက်ညီခြင်း၊ ပေါကြွယ်ဝခြင်း၊ infinity အဆုံးစမရှိခြင်း၊ ငွေကြေး၊ အာဏာ၊ ပါဝါ စသည်တို့နှင့်လည်း ချိတ်ဆက်နေပါတယ်။ ကံ ကံ၏ အကျိုးနှင့်လဲ ဆက်စပ်နေပြီး ကြိုးစားရင် ကြိုးစားသလို အောင်မြင်မည့် အချိန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Vibration နဲ့ ကိုယ် ဆန္ဒရှိသည့် ငွေကြေး ပမာဏတို့ ကောင်းကောင်း Align ဖြစ်သည့် အခြေအနေလဲ ဖြစ်ပါတယ်။ မိမိကိုယ် မိမိယုံကြည်မှု၊ အောင်မြင်မှု၊ Energy စီးဆင်းမှု အားကောင်းခြင်းတို့နှင့်လဲ ချိတ်ဆက်နေပါတယ် ... Eg . 08:08
⭐️ 9 , 999 – Trusting Your Higher Self ဖြစ်ပြီး၊ ကိုယ့်ရဲ့ Talent ကိုယ်ပိုင်အရည်အသွေးတွေ၊ ကိုယ့်ရဲ့ စွမ်းရည်တွေ၊ ကိုယ့်ရဲ့ Inner Wisdom ဉာဏ်ပညာတွေကို ကောင်းကောင်း အသုံးချပြီး လုပ်စရာရှိတာတွေကို၊ ဖြေရှင်းစရာရှိတာတွေကို ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Soul Mission ကို အကောင်ထည်ဖော်ဖို့ တိုက်တွန်းနေတာလဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရားတို့ဖြင့် အကောင်းဆုံး တောက်ပပြီး လောကကို အလှဆင်ပေးဖို့၊ ကမ္ဘာကြီးကို ကူညီပေးဖို့ Remind ပေးနေတာလဲ ဖြစ်ပါတယ် ... Eg . 09:09
⭐️ 12:12 or 12:21 - ကာလရှည်ကြာ မျှော်မှန်းထားတဲ့အရာတွေ၊ ရည်ရွယ်ချက်တွေအတွက် မမျှော်လင့်ပဲ အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ဒီအချိန်မှာ Angel က သင့်ကို Positive Energy တွေနဲ့ Support လုပ်ပေးနေလို့ ကိုယ်ရဲ့ Passion တွေ၊ ဆန္ဒတွေ အပေါ်မှာပဲ အာရုံစိုက်ထားပါ။ Negative Thought တွေ မဝင်လာအောင် ထိန်းထားပါ။ အခွင့်အလမ်းတွေက သူ့အလိုလို ပေါ်လာမှာမို့ ကိုယ်က အမိအရ ဖမ်းဆုပ်နိုင်ဖို့ပဲ လိုတာပါ။ ဒီကာလက အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးစားနေတာထက်၊ Work Smart ဉာဏ်နဲ့ ယှဉ်ပြီး ပါးပါးနပ်နပ်ကြိုးစားရမဲ့ အချိန်ပါ။ ပြီးတော့ နတ်ဖက်တဲ့ ဖူးစာ Right Partner လို့ ဆိုနိုင်တဲ့ သူမျိုး ကိုယ့်ဘဝမှာ ပေါ်လာနိုင်ပါတယ်။ ကိုယ့်အပေါ်မှာ Romantic, Sexual, Chemistry တစ်ခုခု ကောင်းကောင်းဖြစ်တဲ့ သူမျိုးကို အပြန်လှန် Attract လုပ်မိတဲ့ အချိန်ပါ။ အဲဒါကြောင့် 12:12 or 12:21 မိနစ်ရောက်အောင် ထိုင်စောင့်မနေကြနဲ့ ဦးနော့်။ စတာပါဗျ ... တကယ်လို့ မဆုံတွေ့သေးဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့ ကိုယ်က Ready မဖြစ် အချိန် မတန်သေး လို့ပါ …
Have A Nice Day! ♥️♥️♥️
#မျိုးသီဟကျော် ~
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor
Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …