04/12/2025
MCCB (Moulded Case Circuit Breaker) ဆိုသည်မှာ MCB (Miniature Circuit Breaker) ထက် Current အမြင့်၊ Breaking Capacity ပိုမိုမြင့်မားပြီး၊ Protection Setting များကိုပါ ချိန်ဆနိုင်သော Breaker အမျိုးအစားဖြစ်သည်။ ၎င်းကို Current စီးဆင်းမှုများသော (High Current) စနစ်များနှင့် အကြီးစား Load များတွင် အဓိက အသုံးပြုကာ စနစ်တစ်ခုလုံးကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါသည်။
MCCB များသည် Short Circuit Withstand Capacity ပိုမိုမြင့်မားသည့်အပြင်၊ Trip ဖြစ်ပြီးနောက် Reset လုပ်၍ ဆက်လက်အသုံးပြုနိုင်ပါသည်။ ထို့အပြင် Under-voltage Trip၊ Shunt Trip၊ Alarm Contact နှင့် Motorized Operation စသည့် Accessories များကိုလည်း လိုအပ်သလို တပ်ဆင်အသုံးပြုနိုင်သည့် အားသာချက်များ ရှိပါသည်။
MCCB တစ်လုံးမှာပါတဲ့ name plate ကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။
~ Rated Current (I_n/I_e) ဆိုသည်မှာ MCCB တွင် ပုံမှန်စီးဆင်းမည့် Current တန်ဖိုးဖြစ်သည်။ MCCB တွင် စီးဆင်းနေသော Current တန်ဖိုးသည် I_n တန်ဖိုးထက် ကျော်လွန်သွားပါက Over Load ဖြစ်ကာ MCCB သည် Trip ဖြစ်သွားမည်ဖြစ်သည်။
~ Ultimate Short Circuit Breaking Capacity (Icu) ဆိုသည်မှာ Short Circuit ဖြစ်ပေါ်ချိန်၌ အမြင့်ဆုံး အနေအထားရှိသော Circuit Fault Current တန်ဖိုးတစ်ခုဖြစ်သည်။ ၎င်းသည် Breaker တစ်ခု အန္တရာယ်ကင်းစွာ ဖြတ်တောက်နိုင်သည့် အမြင့်ဆုံး Short Circuit Current တန်ဖိုးကို ဆိုလိုသည်။
~ Service Short Circuit Breaking Capacity (Ics) ဆိုသည်မှာ Short Circuit ဖြစ်ပေါ်ချိန်၌ ပုံမှန် အနေအထားရှိသော Fault Current တန်ဖိုးတစ်ခုဖြစ်သည်။ Ics သည် Breaker ကို ပျက်စီးမှုမရှိဘဲ အကြိမ်ကြိမ် ဖြတ်တောက်နိုင်သည့် Short Circuit Current တန်ဖိုးကို ဖော်ပြသည်။
Icuနှင့် Ics တို့၏ ကွာခြားချက်မှာ MCCB ကို ပျက်စီးမှု ဖြစ်ပေါ်ခြင်း ရှိ၊ မရှိပေါ်တွင် မူတည်သည်။ ဥပမာ - Icu= 30kA နှင့် Ics= 15kA ဆိုပါစို့။ Short Circuit ဖြစ်ချိန် စီးဆင်းသော Fault Current သည် Ics (၁၅ ကီလိုအမ်ပီယာ) အောက် ဖြစ်ခဲ့လျှင် MCCB သည် Fault Current ကို ဖြတ်တောက်မည်ဖြစ်ပြီး Breaker ကိုယ်တိုင် ပျက်စီးမှု မရှိဘဲ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။
Short Circuit ဖြစ်ချိန် စီးဆင်းသော Fault Current သည် Ics (15kA) အထက်မှ Icu (30kA) အောက် အတွင်း (၁၅ ကီလိုအမ်ပီယာနှင့် ၃၀ ကီလိုအမ်ပီယာကြား) ဖြစ်ခဲ့လျှင် MCCB သည် ဖြတ်တောက်မည်ဖြစ်သော်လည်း Breaker ကိုယ်တိုင် ပျက်စီးမှု အနည်း/အများ ရှိနိုင်ပါသည်။ Fault Current များလေလေ ပျက်စီးမှုများလေလေဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ပါက Breaker ကို Inspection စစ်ဆေးခြင်း ပြုလုပ်ပြီးမှသာ ဆက်လက်သုံးစွဲရန် ဆုံးဖြတ်သင့်ပြီး၊ အသစ် အစားထိုးခြင်းသည်သာ Safe ဖြစ်ပါသည်။
အကယ်၍ Short Circuit ဖြစ်ချိန် စီးဆင်းသော Fault Current သည် Icu (၃၀ ကီလိုအမ်ပီယာ) အထက် ဖြစ်ခဲ့လျှင်မူ MCCB သည် Fault Current ကို လုံးဝ ဖြတ်တောက်နိုင်တော့မည်မဟုတ်သည့်အပြင် Breaker ကိုယ်တိုင်ပါ လုံးဝပျက်စီးသွားမည်ဖြစ်သည်။
~ Instantaneous Trip Breaking Capacity (I_i) ဆိုသည်မှာ Induction Load များသော Circuit Side ကို စတင် Energized လုပ်သည့် အခြေအနေမျိုးတွင် အချိန်တိုအတွင်း ချက်ချင်းဖြစ်ပေါ်တတ်သည့် Current တန်ဖိုးကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ I_i တန်ဖိုးကို I_n ၏ မြှောက်ဖော်ကိန်းတစ်ခု (ဥပမာ I_i = 10 I_n) ဖြင့် ဖော်ပြလေ့ရှိပြီး၊ ယင်းမှာ Rated Current ထက် ဆယ်ဆအထိ ခံနိုင်ရည်ရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
~ Rated Working Voltage (U_e) ဆိုသည်မှာ MCCB ၏ ပုံမှန် Operation လုပ်မည့် Voltage တန်ဖိုးဖြစ်သည်။ ၎င်းကို 3 Phase အတွက် 400V သို့မဟုတ် 415V နှင့် 1 Phase အတွက် 230V သို့မဟုတ် 240V ဟူ၍ သတ်မှတ်ထားကြသည်။ Rated Insulation Voltage (U_i) မှာ ဓာတ်ခွဲခန်းစမ်းသပ်မှုအရ MCCB ၏ Insulation အရ ခံနိုင်ရည်ရှိသော Voltage တန်ဖိုးဖြစ်သည်။ Operation လုပ်နေစဉ် Safety ဖြစ်စေရန် U_i ကို Working Voltage (U_e) ထက် ပိုမိုမြင့်မားအောင် Design ဆွဲ ထုတ်လုပ်ထားသည်။
~ Rated Impulse Withstand Voltage (U_imp) ဆိုသည်မှာ Transient Peak Voltage ၏ တန်ဖိုးတစ်ခုဖြစ်ပြီး၊ Circuit Breaker ၏ Supply Voltage စနစ်တစ်ခုပေါ်သို့ Surge သို့မဟုတ် Lightning Strikes (မိုးကြိုးပစ်ခြင်း) ကဲ့သို့သော မူမမှန် အမြင့်ဆုံး Voltage များ ဝင်ရောက်လာသည့်အခါ Circuit Breaker ကို အချိန်တိုအတွင်း ခံနိုင်ရည်ရှိစေရန် Design ဆွဲထားခြင်းဖြစ်သည်။ ဥပမာ U_imp = 8kV ဆိုသည်မှာ Standard အရ 1.2kV ရှိသော Impulse Wave ကို 50 micro second တိုင်း ထည့်သွင်းပြီး 8kV ရောက်သည်အထိ စမ်းသပ်ထားကြောင်း အဓိပ္ပာယ်ရပါသည်။
🙂မဂ်လါ ရှိသော နေ့လေး ဖြစ်ပါစေ..