07/12/2022
ကိုကိုသိလား
ဒီကလေးက အရမ်းချစ်တာလေ
အရမ်းမချစ်မိသွားချင်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကိုယ်
သတိပေးနေတဲ့ကြားထဲက
သေချာပေါက်ကို
ချစ်မိသွားခဲ့တာ ။
ချစ်ရင် ရှုံးတယ်တဲ့
အဲ့စကားကို အရင်တုန်းကတည်းကနေ
ကြောက်ခဲ့တာ
ဒီကောင်မလေးက
အချစ်ပဲ ခံချင်တာ
အလိုလိုက်ပဲ ခံချင်တာ
ဒါပေမယ့် ကိုကိုသိလား
ဒီကောင်မလေးက
ကိုကို့ ကို အရမ်းချစ်တာလေ
တစ်ခါတစ်လေ
မလုပ်ချင်ဘူးဆိုတဲ့အရာတွေဆိုရင်တောင်
ကိုကို ပြောရင်
မလိုက်နာပဲ မနေချင်တာမျိုး
တစ်ခုခုဆို
ကိုကို ရေ လို့ တပြီး
ဘယ်အရာကို မဆို
ကို့ ကိုပဲ ပြောပြချင်နေတာမျိုး
အဲ့လိုမျိုးကြီး မဖြစ်ချင်ဘူး
ဒါပေမယ့်လည်း
မချစ်ပဲလဲ မနေနိုင်ပြန်ဘူး။
#ကျေးကို