Linnhtetthar mobile sales & service

Linnhtetthar mobile sales & service မိုဘိုင်းဖုန်း ပြုပြင်ရေး နှင့် အပိ?

 #လင်းထက်သာမိုဘိုင်းလ် #ကျောက်ဆည်မြို့ #09440055799 #ဖြစ်တည်မှုအသစ်
12/12/2020

#လင်းထက်သာမိုဘိုင်းလ်
#ကျောက်ဆည်မြို့
#09440055799
#ဖြစ်တည်မှုအသစ်

 #  ခင်များတို့ ကျနော်တို့ အသုံးပြုနေကြတဲ့ SIM Cards တွေကို မှတ်ပုံတင်ပြီးပြီလားဗျ ခင်များတို့ရဲ့ ကိုယ်ပိုင်အိုင်ဒီကဒ်နဲ...
25/02/2020

# ခင်များတို့ ကျနော်တို့ အသုံးပြုနေကြတဲ့ SIM Cards တွေကို မှတ်ပုံတင်ပြီးပြီလားဗျ

ခင်များတို့ရဲ့ ကိုယ်ပိုင်အိုင်ဒီကဒ်နဲ့ မှတ်ပုံတင်ထားခြင်း မရှိသေး၊ မလုပ်ရသေးဘူးဆိုရင်တော့ အခုပဲ မှတ်ပုံတင်လိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ပြီးခဲ့သည့် ရက်ပိုင်းက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကနေပြီး ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ ကြေငြာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေး ကြေညာချက်
=======================

၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ( Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့်စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှု များကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။

၂။ သို့ရာတွင် မိုဘိုင်းအော်ပရေတာများနှင့် အရောင်းဆိုင်များ၏ အားနည်းမှုကြောင့် စနစ်တကျ မှတ်ပုံတင်မထားသောSIM Card များစွာရှိသည့်အတွက် စနစ်တကျမှတ်ပုံတင်နိုင်ရန် သတင်းစာများနှင့် မီဒီယာများမှ အသိပေးကြေညာခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လ မှ ၂၀၁၇ ခုနှစ် ဇွန်လ အထိ (၁၁)လ အချိန် ပေး၍ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်စေခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံ မတင်ခဲ့သော SIM Card (၆.၅) သန်းခန့်ကို အပြီးပိတ်သိမ်းခဲ့ရပါသည်။ ထိုစဉ်က SIM Card မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်တစ်ခုလျှင် မည်မျှအထိ မှတ်ပုံတင်နိုင်သည်ကို ကန့်သတ်ခဲ့ခြင်းမရှိခြင်းကြောင့် အရောင်းဆိုင်များက နိုင်ငံသား စိစစ်ရေးကတ်အမှတ်တစ်ခုဖြင့် SIM Card များစွာကို မှတ်ပုံတင်ပြီး အခြားသူများအား ရောင်းချခြင်း၊ အချို့သူများက နိုင်ငံသားစိစစ်ရေးကတ်အမှတ်တစ်ခုဖြင့်SIM Card များ မှတ်ပုံတင်ဝယ်ယူပြီးအပြင်တွင် ပြန်လည်ရောင်းချခြင်းတို့ကြောင့် အချို့သော SIM Card များကို သုံးစွဲသူ၏ အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုဖြင့် SIM Card (၂) ခုသာ မှတ်ပုံတင် ရောင်းချနိုင်ရေး ညွှန်ကြားခဲ့သော်လည်း(၃၁-၁-၂၀၂၀)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုလျှင် SIM Card (၂)ကတ်ထက် ပိုမို မှတ်ပုံတင်ထားသော မိုဘိုင်း အော်ပရေတာအလိုက် SIM Card အရေအတွက်မှာ MPT တွင်(၁၂.၉၅)သန်းခန့်၊ MyTel တွင် (၄.၆)သန်းခန့်၊Ooredoo တွင်(၄.၆)သန်းခန့်နှင့် Telenorတွင် (၆.၀၅)သန်းခန့် စုစုပေါင်း(၂၈.၂)သန်းခန့် ကျန်ရှိလျက်ရှိပါသည်။

၃။ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့်နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန် မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း သတ်မှတ်နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင် ရမည် ဖြစ်ပါသည်။

၄။ သုံးစွဲသူများသည် မိမိအသုံးပြုလျက်ရှိသော SIM Card သည် မိမိအမည်ဖြင့် မှန်ကန်မှု ရှိ မရှိ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များတွင် လည်းကောင်း၊ Website နှင့် Mobile Application များ အသုံးပြု၍လည်းကောင်း၊ မိမိကိုယ်တိုင် မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင် ပါသည်။

၅။ သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူ အဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့် (၂) ကတ် ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင် ထားခြင်း မရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်း မှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်ကြပါရန် နှင့် ဈေးကွက်အတွင်း ရောင်းချနေသော ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို ဝယ်ယူခြင်း မပြုကြပါရန် အသိပေး ကြေညာအပ်ပါသည်။

Credit to https://www.facebook.com/ptdofficialpage/

သို့ဖြစ်ပါ၍ ခင်များတို့ ကျနော်တို့အနေဖြင့် မည်သူမည်ဝါ၏ အိုင်ဒီဖြင့် မှတ်ပုံတင်ထားမှန်း မသိသည့် SIM Cards များကို အသုံးပြုနေတယ်ဆိုလျှင် မကြာခင် ပိတ်သိမ်းခြင်း ခံရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ အော်ပရေတာအလိုက် SIM Cards များကို မိမိတို့၏ အိုင်ဒီဖြင့် ပြန်လည် မှတ်ပုံတင်ပေးဖို့ လိုအပ်လာပါပြီ။

SIM Card မှတ်ပုံတင်ခြင်း

- နိုင်ငံသားမှတ်ပုံတင်မူရင်း / ကျောင်းသားကဒ်မူရင်း / ယာဉ်မောင်းလိုင်စင်မူရင်း လိုအပ်ပါမယ်။
- Online မှတဆင့် မှတ်ပုံတင်မယ်ဆိုလျှင် ...
http://bit.ly/mptregonline ကနေ သွားလုပ်ရပါမယ်။
- MPT4U Application ကနေလည်း ပြုလုပ်နိုင်ပါမယ်။

( ၁၅ - သိန်းတန် ဖုန်းများလည်း မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ )

SIM Card မှတ်ပုံတင်ခြင်း

- နိုင်ငံသားမှတ်ပုံတင်မူရင်း / ကျောင်းသားကဒ်မူရင်း / ယာဉ်မောင်းလိုင်စင်မူရင်း လိုအပ်ပါမယ်။
- Online မှတဆင့် မှတ်ပုံတင်မယ်ဆိုလျှင် ...
http://bit.ly/ooredooreg ကနေ သွားလုပ်ရပါမယ်။

SIM Card မှတ်ပုံတင်ခြင်း

- နိုင်ငံသားမှတ်ပုံတင်မူရင်း / ကျောင်းသားကဒ်မူရင်း / ယာဉ်မောင်းလိုင်စင်မူရင်း လိုအပ်ပါမယ်။
- Online မှတဆင့် မှတ်ပုံတင်မယ်ဆိုလျှင် ...
http://bit.ly/telenorecaf ကနေ သွားလုပ်ရပါမယ်။
- My Telenor Application ကနေလည်း ပြုလုပ်နိုင်ပါမယ်။

SIM Card မှတ်ပုံတင်ခြင်း

- မှတ်ပုံတင်ဖို့အတွက် လက်ရှိမှာတော့ MyTel SIM အရောင်းဆိုင်များနဲ့ MyTel Showroom တို့မှာပဲ လုပ်လို့ရပါမယ်။

ခင်များတို့ရဲ့ လက်ရှိ အသုံးပြုနေတဲ့ SIM Cards များကို မိမိတို့၏ အိုင်ဒီဖြင့် မှတ်ပုံတင်ထားပြီး၊ မပြီး သိရှိချင်ရင်တော့ အောက်က ပုံလေးတွေကို ကြည့်ပြီး စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။

( ပုံတွေကို Win Mobile World Page မှ ယူထားပါသည်။ )

အားလုံးချမ်းမြေ့ကြပါစေ။

ဇာနည် ( iOS Banker Myanmar )

07/01/2020

Address

KyakMinTon
Kyaukse

Telephone

+959440055799

Website

Alerts

Be the first to know and let us send you an email when Linnhtetthar mobile sales & service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Linnhtetthar mobile sales & service:

Share