Ko Thet Second Mobile

Ko Thet Second Mobile �အရည်သွေး စိတ်ချရပြီး
�error ကင်း အော်စ?

Mi 5 Plus  Ram 3-32ML, PUBG ဂိမ်း‌တွေ ဆော့လို့ လဲ ကောင်းတယ် fb, Viber,   ကိုလဲ သွက်သွက်လေး သုံးလို့ရတယ် ဈေးကလဲ 105000 ထဲ...
04/01/2022

Mi 5 Plus
Ram 3-32
ML, PUBG ဂိမ်း‌တွေ ဆော့လို့ လဲ ကောင်းတယ် fb, Viber, ကိုလဲ သွက်သွက်လေး သုံးလို့ရတယ် ဈေးကလဲ 105000 ထဲ တစ်သိန်း လောက် နဲ့ ဒီကာလ မှာ ဒီလိုမျိုးက တန်တယ်လို့ပြောရမယ်။ စိတ်ကူးမလွဲနဲ့နော်။ အပြောကောင်းရင် ဈေးပါးပါးလျှော့ ပေးဦးမာ ☺️☺️☺️

ဂိမ်းဆော့‌လို့ ကောင်း ပြီး ram များများ memo များများ နဲ့  ဖုန်းလေး တစ်သိန်းလောက်နဲ့ ရမယ် ခင်ဗျ။📱 Oppo f9💾.  6-128💵 1000...
31/01/2021

ဂိမ်းဆော့‌လို့ ကောင်း ပြီး ram များများ memo များများ နဲ့ ဖုန်းလေး တစ်သိန်းလောက်နဲ့ ရမယ် ခင်ဗျ။

📱 Oppo f9

💾. 6-128

💵 100000(တစ်သိန်း)

စိတ်ဝင်စားတယ်ဆို ဖုန်းလေး ဆက်ပေးပါ ခင်ဗျာ

09402592639

SOLD OUTဒါကနောက်တစ်လုံး note  စီးရီးတော့ မဟုတ်ဘူး။ Redmi 7၊ သူလဲ 4-64ပဲဆိုတော့ ဂိမ်းဆော့ ရတာလဲ မိုက်တယ် အားလဲနေတယ် ဈေးကလ...
28/01/2021

SOLD OUT

ဒါကနောက်တစ်လုံး note စီးရီးတော့ မဟုတ်ဘူး။
Redmi 7၊ သူလဲ 4-64ပဲဆိုတော့ ဂိမ်းဆော့ ရတာလဲ မိုက်တယ် အားလဲနေတယ် ဈေးကလဲ ကိုင်ပျော်တယ်။ ဈေးက 130000(တစ်သိန်း သုံးသောင်း) တင်ရယ်။ စိတ်ဝင်စားရင် 09402592639 ကို ဖုန်းခေါ် လိုက်ပါခင်ဗျာ။

Edit: SOLD OUTကိုသက်ရေ ......     4-64 လောက်နဲ့ ကင်မရာကောင်းကောင်း ဂိမ်းဆော့ ဖို့ အများကြီး မသုံးချင်ဘူး ဆိုတဲ့ သူတွေ အတ...
26/01/2021

Edit: SOLD OUT

ကိုသက်ရေ ......
4-64 လောက်နဲ့ ကင်မရာကောင်းကောင်း ဂိမ်းဆော့ ဖို့ အများကြီး မသုံးချင်ဘူး ဆိုတဲ့ သူတွေ အတွက်

📱 Redmi Note 8

💾 4/64

🖤 အနက်

💵 145000 (တစ်သိန်း လေးသောင်း ငါးထောင်)

ပါ ခင်ဗျာ။ ဈေးကတော့ Note8 ဆိုပေမယ့် Note 7ဈေးတောင်မရှိပါဘူး ဗျ ။ ဘူးပစ္စည်းစုံပါ ။

🎁 လက်ဆောင်အနေနဲ့ မှန်မကွဲ ကပ်ပေးထားပြီး၊ ကာဗာလေး တစ်ပါ ထပ်ထည့်ပေးဦးမှာပါ ဗျ။

☎️ စိတ်ဝင်စားတယ်ဆို ရင် 09402592639 ကို ဖုန်းဆက်လိုက်ပါဗျ။ 😍😍😍😍

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဂိမ်းတော့ ဆော့(ml, PUBG အေးဆေးဆော့လို့ရတယ်) ချင်တယ် ငွေကလဲ တစ်သိန်းကျော်လေးပဲ သုံးချင်တယ် ဆိုရင် Redmi 74-64125000ks    ...
16/01/2021

ဂိမ်းတော့ ဆော့(ml, PUBG အေးဆေးဆော့လို့ရတယ်) ချင်တယ် ငွေကလဲ တစ်သိန်းကျော်လေးပဲ သုံးချင်တယ် ဆိုရင်
Redmi 7
4-64

125000ks

ကင်မရာ အလန်း နဲ့
တန်တယ် ဆိုတာထက်ပိုတန်ပါတယ်

09-402592639

ဟေးယူတို့ restart တွေချမနေကြနဲ့ ... Messenger Error ဖြစ်နေတာပါ ... ကိုယ့်ဘက်က ပို့လိုက်တဲ့စာက sent ပဲဖြစ်ပြီး delivered ...
10/12/2020

ဟေးယူတို့ restart တွေချမနေကြနဲ့ ...

Messenger Error ဖြစ်နေတာပါ ...

ကိုယ့်ဘက်က ပို့လိုက်တဲ့စာက sent ပဲဖြစ်ပြီး delivered မဖြစ်ပါဘူး... Messenger ကနေ ဖုန်းခေါ်တာတွေ Video Call ခေါ်တာတွေလဲ မရပါဘူး

Messenger ကနေ အလုပ်လုပ်ရတဲ့ သူတွေတော့ ဒုက္ခရောက်တာပဲ...

OS သမားတွေလဲ customer တွေကို post တင်ပြီး ‌ကြိုတောင်းပန်ထားတာပိုကောင်းမယ် ထင်တယ်နော် 😁

အခု messenger Error ကြောင့် ဘယ်လိုတွေ ဒုက္ခရောက်နေကြပြီလဲဆိုလဲ Comments လေးတွေ ရေးခဲ့ကြဦးပါဦး

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေရင်တနေ့တခြား ကြပ်တည်းလာတာပိုသိသာလာတယ်..အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီး အဆင်မပြေ...
18/10/2019

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေရင်
တနေ့တခြား ကြပ်တည်းလာတာ
ပိုသိသာလာတယ်..

အဆင်မပြေဘူးလို့ ခနခနတွေးနေရင်
ပိုပြီး အဆင်မပြေ ဖြစ်လာတယ်..

ဒါ အယူအဆမဟုတ်ဘူး..
ဘာသာရေး အတွေးမဟုတ်ဘူး..
Psycho သေဘာပဲ..

ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်..
ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်..
ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း
ကိုယ့်နှုတ်ထွက်စကားတွေ အတိုင်း
ကိုယ့်ဘဝက ပြောင်းသွားတယ်..

ဒါ့ကြောင့် အမြဲတမ်းအကောင်းဘက်ကတွေးပါ..
အကောင်းဘက်ကို တွေးပါ..
အောင်မြင်သူလိုတွေးပါ..
အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ပြောကြတာပေါ့..

လဲကျတာဟာ ပြဿနာ မဟုတ်ဘူး..
ပြန်မထချင်တော့တာနဲ့ ပြန်မထနိုင်လောက်ပါဘူးလို့တွေးတာ
လက်လျှော့လိုက်တော့မယ်ဆိုတာကသာ
ပြဿနာကြီးပါ..

မဖြစ်နိုင်ဘူးဆိုတာထက်
ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ
တွေးဖို့ပိုလိုတာပါ..

လူတိုင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တွေရှိပါတယ်..
ဖြေရှင်းပုံပေါ်မူတည်ပြီး
လူတွေရဲ့ ဘဝအခြေအနေတွေ ကွာသွားတာပါ..။ ။

Credit to Orginal Uploader
++++++++++++++++

iphone လေး လာအားပေးတဲ့ ဆရာစော ကျေးကျေးပါနော်
18/10/2019

iphone လေး လာအားပေးတဲ့ ဆရာစော ကျေးကျေးပါနော်

ဘာအံ့ကနေ  တကူးတက အားပေးတဲ့ သယ်ရင်းလေး ကျေးဇူးပါနော်
18/10/2019

ဘာအံ့ကနေ တကူးတက အားပေးတဲ့ သယ်ရင်းလေး ကျေးဇူးပါနော်

Mi User တွေ အကြိုက်တွေ့စေဦးမယ့် MIUI 11====================Mobile Phone လောကမှာ နေရာတစ်ခုရနေတဲ့ Xiaomi ကနေ User တွေကို ဆ...
10/10/2019

Mi User တွေ အကြိုက်တွေ့စေဦးမယ့် MIUI 11
====================
Mobile Phone လောကမှာ နေရာတစ်ခုရနေတဲ့ Xiaomi ကနေ User တွေကို ဆန်းသစ်တဲ့ ခံစားမှုတွေနဲ့ သူမတူတဲ့ Feature တွေ ပေးစွမ်းနိုင်မယ့် MIUI 11 ကို တရုတ်ပြည်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

ဘယ်လို ထူးခြားမှုတွေနဲ့ Feature အသစ်တွေ ပါလာမှာလဲဆိုတာကိုတော့ ဆက်ဖတ်ကြည့်လိုက်ကြရအောင်...

အသစ်မိတ်ဆက်ပေးထားတဲ့ MIUI 11 မှာဆိုရင် Icon အသစ်တွေနဲ့ Setting Menu အသစ်တွေကို မြင်တွေ့ကြရမှာပါ။
နောက်တစ်ခုက System Apps တွေနဲ့ Menu တွေမှာလည်း တမူထူးခြားတဲ့ ပြောင်းလဲမှုတွေပါဝင်လာမှာဖြစ်ပါတယ်။

MIUI 11 မှာတော့ Feature တော်တော်များများကို Dark Mode အသစ် အသုံးပြုထားပြီး Always-on-Display Feature တစ်ခုနဲ့ Cross file sharing platform အသစ်တစ်ခုလည်း ပါဝင်လာမှာပါ။

ဒါ့အပြင် icon pack အသစ်, appsdrawer အသစ်၊ enhanced AI capabilities, voice command unlocking, Optimised battery, smoother animations နဲ့ အခြား အသစ်အသစ်သော Feature တွေ ပါဝင်လာဦးမှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ MIUI 11 မှာ Font အသစ်တစ်ခုပါဝင်လာမှာဖြစ်ပြီး Mi Work နဲ့ Mi Go ဆိုတဲ့ Office Suite တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။

Mi Work Suite မှာ cross-platform file sharing လုပ်ခြင်း၊ မတူညီတဲ့ devices တွေကြားမှာ File Size ကြီးတဲ့ Document တွေ လွှဲပြောင်းပေးခြင်း၊ smart screen cast ပြုလုပ်ခြင်းနှင့် wireless print ထုတ်ခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Mi-Go suite မှာဆိုရင် smart travel assistant နဲ့ battery 5% တည်းနဲ့ ၂၄ နာရီလုံး ကြာရှည်ခံနိုင်စေမယ့် power saving mode ပါဝင်မှာဖြစ်ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ Feature တွေအပြင် MIUI 11 နဲ့အတူ ပါဝင်လာမယ့် Feature အသစ်တစ်ခုက Family Sharing Feature ပါ။

ဒီ Family Sharing Feature မှာ ကလေးတွေအတွက် ထိခိုက်မှုလျော့နည်းစေမယ့် smart eye-protection mode ပါဝင်တဲ့ Children Space၊ ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကို Pop up Notification နဲ့ဖော်ပြပေးပြီး အရေးပေါ်အခြေအနေတွေကို Alarm လုပ်ပေးမယ့် Earthquake Warning နဲ့ တစ်ယောက်တည်းခရီးသွားတဲ့အခါမျိုးမှာ လုံခြုံနေစေဖို့ Location ကို Tracking လုပ်ပေးမယ့် Family Guardian တွေ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီလို ထူးခြားတဲ့ Feature တွေနဲ့အတူ

Dark Mode inspired by Android Q
Face Unlock + Fingerprint
Automatic Screenshot Management
voice command Unlocking
New App Drawer
New sound effects
Improved AI Features
Optimized Status bar
Battery charge status
New icons
Smoother Animations
Improved energy-saving functions တို့လိုအခြား ပုံမှန် Feature လေးတွေလည်း ထပ်တိုးပါဝင်လာဦးမှာပါ။

မိတ်ဆွေက Mi user တစ်ယောက်ဆိုရင် မကြာခင် ရရှိလာတော့မယ့် MIUI 11 ရဲ့ Feature တွေနဲ့ တမူထူးခြားတဲ့ခံစားမှုတွေရရှိနိုင်ဖို့ ရင်ခုန်နေမယ်ဆိုတာ သေချာပါတယ်နော်....



Crd #

 ⌨️ မြန်မာယူနီကုတ် စာရိုက်နည်း ⌨️မြန်မာယူနီကုဒ်စာရိုက်နည်း က မြန်မာစာ စသင်ခဲ့တုန်း က သင်ပုန်းကြီးစနစ်အတိုင်း၊ မိမိစာလုံး...
02/10/2019


⌨️ မြန်မာယူနီကုတ် စာရိုက်နည်း ⌨️

မြန်မာယူနီကုဒ်စာရိုက်နည်း က မြန်မာစာ စသင်ခဲ့တုန်း က သင်ပုန်းကြီးစနစ်အတိုင်း၊ မိမိစာလုံးပေါင်းတဲ့အတိုင်း ရိုက်ရတဲ့အတွက် ဇော်ဂျီနဲ့ စာရိုက်နည်း က အနည်းငယ်မတူပါဘူး

"ြ (ရရစ်)" ဆိုကြပါစို့ ဇော်ဂျီမှာ က ဗျည်းရဲ့ အရှေ့မှာ ရေးပြီး ရိုက်ရတယ်။ ယူနီကုဒ်မှာက "ြ (ရရစ်)" ကို နောက်မှ ရေးရတယ်

ဥပမာ – "ပြောင်း" ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုလျှင်

ဇော်ဂျီမှာတုန်းက — ‌ေ + ြ + ပ + ာ + င + ် + း
(ရရစ် "ြ" ကို "ပ" ရဲ့ အရှေ့မှာ အရင်ရေးရတယ်)

ယူနီကုဒ်မှာက — ‌ေ + ပ + ြ + ာ + င + ် + း
(ရရစ် "ြ" ကို စာလုံးပေါင်းတဲ့အတိုင်း "ပ" ရဲ့ အနောက်မှာ နောက်မှရေးရတယ်)

လေ့ကျင့်ရန် – ကြ၊ ကြောင်း၊ ခြောင်း၊ ဗြောင်း၊ မြောင်း

✏️"ဝိရာမ (္)" နဲ့ ပါဌ်ဆင့် ရေးခြင်း✏️

ပါဌ်ဆင့် ရေးတဲ့အခါ "ဝိရာမ (္)" ကို ကိုယ်ထပ်လိုတဲ့ ဗျည်းရဲ့ အနောက်မှာ ရေးပြီးမှ ပါဌ်ဆင့် ဆင့်ရပါတယ်

ဥပမာ – စကျကူ
ရေးနည်း — စ + က + ္ + က + ူ

လေ့ကျင့်ရန် – သစ္စာ၊ သတ္တိ၊ မေတ္တာ၊ ဥပေက္ခာ၊ လိမ္မော်သီး၊ ကိန္နရီ ကိန္နရာ၊ ပဉ္စ၊ ဣ‌န္ဒြေ

✏️"ဝိရာမ (္)" နဲ့ ကင်းစီး (င်္) ရေးခြင်း✏️

"ကင်းစီး (င်္)" တင်သည့်အခါ "ဝိရာမ (္)" ကို ကိုယ်တင်လိုတဲ့ ဗျည်းရဲ့အရှေ့မှာ ဦးစွာအရင်‌ရေးရပါတယ်

ဥပမာ – ဂင်္ဂါ
ရေးနည်း — ဂ + င + ် + ္ + ဂ + ါ

လေ့ကျင့်ရန် – မင်္ဂလာ၊ သင်္ကန်း၊ သင်္ကြန်၊ ခြင်္သေ့၊ သင်္ဘော၊ အင်္ကျီ၊ သိင်္ဂီ၊ သင်္ဂြိုလ်၊ သင်္ချိုင်း

✏️ပါဌ်ဆင့်ထူးများ ရေးခြင်း✏️

ဏ္ဍ
ရေးနည်း — ဏ + ္ + ဍ

ဋ္ဌ
ရေးနည်း – ဋ + ္ + ဌ

ဍ္ဎ
ရေးနည်း — ဍ + ္ + ဎ

ဏ္ဌ
ရေးနည်း — ဏ + ္ + ဌ

လေ့ကျင့်ရန် – ဘဏ္ဍာ၊ မဏ္ဍပ်၊ ဆဋ္ဌမ၊ ဥက္ကဋ္ဌ၊ အာယုဝဍ္ဎန၊ ဂုဏဂုဍ္ဎ၊ ပုံသဏ္ဌာန်

‼️မြန်မာစာရေးနည်း တွင် သတိထားရမည့် အချက်များ‼️

၁။ "ဝ (ဝလုံး) နဲ့ ၀ (သုည)" အသုံးမတူပါဘူး
၂။ "ဈ (ဈမျဉ်းဆွဲ) ✅ နဲ့ ဈ (စလုံးယပင့်) ❌" မတူပါဘူး
၃။ "ဥ (အက္ခရာဥ) နဲ့ ဉ (ညကလေး)" အသုံးမတူပါဘူး
၄။ "ဩ (အော) ✅ နဲ့ ဩ (သ ရရစ်) ❌" မတူပါဘူး
၅။ "ဌ (ဌဝမ်းဘဲ) နဲ့ ဋ္ဌ (ဋ + ဌ ပါဌ်ဆင့်)" အသုံးမတူပါဘူး

⭕ ထိုစာလုံးများသည် စာရေးသူအပါအဝင် အတော်အများ သတိမထားမိကြဘဲ မှားနေတတ်ပါတယ် ⭕

(ယခုပိုစ်ကို သိမ်းထားမှတ်ထားခြင်း၊ Save ထားခြင်း၊ ပြန်လည်မျှ‌ဝေခြင်း ဖြင့် ကူညီဆောင်ရွက်ပေးပါ)

မျှဝေသူ – Aung Kyaw Min (James Kyaw)

သက်ဆိုင်ရာ ဖုန်း အလိုက် ယူနီကုဒ် ချိန်းနည်း
02/10/2019

သက်ဆိုင်ရာ ဖုန်း အလိုက် ယူနီကုဒ် ချိန်းနည်း

Address

Ko Thet Second Mobile, Unnamed Road, ကျောက်ဆည်, 09 40259 2639, Https://maps. App. Goo. Gl/aT5CH1tHHxwmzk1X 7
Kyaukse

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959402592639

Alerts

Be the first to know and let us send you an email when Ko Thet Second Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Thet Second Mobile:

Share