Kyaw Kyi It Service

Kyaw Kyi It Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Kyi It Service, Computer Company, Kyaukse.

linux လေ့လာချင်ရင်admin ချပေးထားတဲ့link မှာလေ့လာကြည့်ပါ
14/09/2023

linux လေ့လာချင်ရင်admin ချပေးထားတဲ့link မှာလေ့လာကြည့်ပါ

It is Linux Ninja, it is coming, run as fast as you can

26/07/2023

another video create with A.I

ဒီတစ်ခေါက်တော့ကာတွန်းvideoပါဗျာ ကျွန်တော်A.Iအကူအညီနဲ့ဖန်တီးထားတာပါ ဖုန်းနဲ့ပဲ ဖန်တီး ထားတာ ပါ

trailerလေးပဲ ပြ ထားပါတယ် ဒီလိုvideo ဖန်တီးနည်းသိချင်ရင် pageလေးကိုlikeလုပ်ပီး ခု ပို့စ်လေးကို shareခဲ့ပေးပါ ဗျ ​
နောက်နေ့ကျ ကျွန်တော် လုပ်နည်းလေးတင်ပေးပါ့မယ်

24/07/2023

A.Iကိုအသုံးပြုပြီး youtube videoတစ်ပုဒ်ဖန်တီးခြင်း
ဒါ ကျွန်တော် AIကို အသုံးပြုပီး လုပ်ထားတဲ့videoပါ တော်တော်​ ကြမ်း ပါတယ်
အနာဂတ်မှာ A.I(Artificial
Intelligence)ကို ပိတ်ပင်တဲ့ အထိ ဖြစ်လာ မှာပါ
တချို့ ကောလိပ်တွေဆို A.Iကိုအသုံး မပြုရ ဆိုပီး ပိတ်ပင်နေကြ ပါပြီ
မြန်မာနိုင်ငံက ကျောင်းတွေမှာလဲ ဒါမျိုးတွေ ဖြစ်လာမှာပါ
နောက်ထပ် A.I ကို သုံးပီး လုပ်ထားတဲ့ videoအကြမ်းစားတွေတင်ဖို့ ရှိပါတယ် ခင်ဗျာ
ဒီလိုvideo တွေနဲ့online ပေါ်မှာ ငွေ ကောင်းကောင်း ရှာ လို့ရပါတယ်
trickတွေကို သိချင်ရင် page​လေးကို likeလုပ်ပီး post လေးကို shareခဲ့ပေးပါခင်ဗျာ

KBZ Pay က Maintainence လုပ်ဆောင်နေပါတယ်ခင်ဗျာ... အကောင့်ပိတ်ခံရခြင်းမဟုတ်ပါ စိတ်ပူစရာမလိုပါဘူး ။  Maintenance ပြီးသွားရင...
17/07/2023

KBZ Pay က Maintainence လုပ်ဆောင်နေပါတယ်
ခင်ဗျာ...

အကောင့်ပိတ်ခံရခြင်းမဟုတ်ပါ
စိတ်ပူစရာမလိုပါဘူး ။ Maintenance ပြီးသွားရင် ပြန်၀င်လို့ ရသွားမှာလိမ့်မယ်ဗျ

how to use chat gpt? chat gptကိုဝင်ငွေရှာတဲ့နေရာမှာဘယ်လိုအသုံးချမလဲ.youtube channelတစ်ခုထောင်ပီး  ပိုက်ဆံဝင်အောင် ဘယ်လို...
14/07/2023

how to use chat gpt? chat gptကိုဝင်ငွေရှာတဲ့နေရာမှာဘယ်လိုအသုံးချမလဲ.youtube channelတစ်ခုထောင်ပီး ပိုက်ဆံဝင်အောင် ဘယ်လိုလုပ်မလဲ. facebook ကနေလဲ ငွေရှာလို့ရတယ်ဆိုတာ သိပါသလား?မသိသေးတဲ့လူများရှိရင် နောက်နေ့ကျ ပို့စ်တင်ပီး ရှင်းပြပါ့မယ်ခင်ဗျာ စိတ်ဝင်စားရင် likeလေးနဲ့pageကိုfollowလေးလုပ်ခဲ့ပေးပါဗျ

IT ဆိုင်ရာ အလုပ်များပထမဆုံးသိထားရမှာက အခုခေတ်မှာ အရာရာသည် IT ပဲ၊ မြန်မာပြည်လို့ တတိယကမ္ဘာကနိုင်ငံမှာတောင် IT နဲ့ ကင်းလွတ...
13/07/2023

IT ဆိုင်ရာ အလုပ်များ
ပထမဆုံးသိထားရမှာက အခုခေတ်မှာ အရာရာသည် IT ပဲ၊ မြန်မာပြည်လို့ တတိယကမ္ဘာကနိုင်ငံမှာတောင် IT နဲ့ ကင်းလွတ်တဲ့အရာဆိုတာ တော်တော်ရှားသွားပြီ၊ ခုစာရိုက်နေဖို့၊ ခုဒီစာကိုဖတ်နေဖို့၊ Facebook သုံးဖို့၊ Internet သုံးဖို့၊ mobile wallet နဲ့ ငွေပေးဖို့၊ Zoom ကနေ သင်တန်းတက်ဖို့၊ ကျောင်းရှာဖို့၊ ကျောင်းလျှောက်ဖို့ အရာရာဟာ ဒီပေါ်မှာပဲ။
ဒီလောက်ကျယ်ပြန့်တဲ့နယ်ပယ်ကို အဲဒီဘက် လိုက်ချင်တယ် ဘာလုပ်ရမလဲဆိုတာက ဖြေပေးလို့မရတဲ့ မေးခွန်းပဲ၊ ဒါကြောင့် IT နဲ့ ပတ်သက်တဲ့အလုပ်အကိုင် ဘာတွေရှိလဲ စုရေးလိုက်ပါတယ်။
Programmer / Software Engineer / Coder / Developer
(ပထမဆုံး ဒီအလုပ်နဲ့ပတ်သက်တာကိုလေ့လာမယ်ဆိုရင် အခေါ်အဝေါ်ကို အဓိကမထားဘဲ လုပ်ရတာကို အဓိကထားဖို့ လိုပါတယ်။ စင်္ကာပူလိုနိုင်ငံမှာဆိုရင် ကုဒ်ရေးရတဲ့အလုပ်ကိုပဲ နာမည်အမျိုးမျိုးနဲ့ ရာထူးအမျိုးမျိုးပေးပြီး ခေါ်ပါတယ်၊ Consultant လို့ခေါ်ပြီး ကုဒ်ပဲရေးနေရတာမျိုးလည်းရှိလို့ ပြောရရင် အခေါ်အဝေါ်ပေါ် ဖီးလ်မတက်စေချင်တာ။)
ဒီခေါင်းစဉ်တွေရဲ့ အလုပ်အကုန်လုံးက code ရေးရတာပါပဲ၊ ကုဒ်ရေးတဲ့အထဲမှာမှ အမျိုးအစားအမျိုးမျိုးကွဲပါသေးတယ်
- mobile app ရေးတာ
- website ရေးတာ
- စနစ်တစ်ခုရေးတာ (ဥပမာ လစာပေးတဲ့စနစ်၊ ဘဏ်မှာ ငွေလွှဲတဲ့စနစ်၊ ကျောင်းလျှောက်ဖောင်တင်တဲ့စနစ်)
- game ရေးတာ
- software ရေးတာ (အခုခေတ်တော့ windows software လိုမျိုးကို အသစ်ရေးတာ ရှားသွားပါပြီ၊ internet-based တွေပဲ သွားကြတာများပါတယ်)
- AI / Machine Learning နဲ့ ပတ်သက်တာတွေလုပ်တာ စသဖြင့် အများကြီး ကွဲပါတယ်။
ဒီလိုကွဲတဲ့အထဲကကိုမှ တစ်ခုခုကို အသစ်ကနေစရေးတာလား၊ ရှိပြီးသားစနစ်ကို ထိန်းသိမ်းရုံလောက် ဝင်လုပ်နေရတာမျိုးလား ရှိပါသေးတယ်။ ကုမ္ပဏီအသေးတွေ၊ start-up တွေမှာဆို အကုန်ကျုံးရုံးလုပ်ရတာပေမဲ့ တအားကြီးသွားတဲ့ ကုမ္ပဏီတွေမှာဆို programmer တစ်ယောက်ကို တစ်ပိုင်းစီလောက်ပဲ လုပ်ရတော့လို့ နမူနာပေးရရင် အထည်ချုပ်စက်ရုံမှာ တစ်ယောက်က ကော်ကပ်၊ တစ်ယောက်က ကြယ်သီးတပ်၊ တစ်ယောက်က လက်ပေါက်ချုပ်ဆိုတာမျိုးလို့ တစ်ခုပဲ လုပ်ရတော့တာမျိုးလည်းရှိပါတယ်။
စာရွက်ပေါ်က အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းပြောမယ်ဆိုရင် software engineerက စနစ်တစ်ခုတည်ဆောက်ရေးမှာ အစအဆုံးပါရတယ်၊ programmer က ခုနကပြောသလို တစ်ပိုင်းစီပဲ လုပ်ရတာ များတယ်ဆိုပေမဲ့ တကယ်လက်တွေ့မှာတော့ ခေါ်ချင်သလိုခေါ်ပြီး လုပ်ချင်သလို လုပ်ကြတာပါပဲ၊ မှန်အောင်ခေါ်တဲ့ အလုပ်တွေရှိသလို ဘာလာလာ coder / programmer ပဲ ခေါ်တာမျိုးလည်းရှိလို့ အဲဒီလောက်ကြီး မကွဲပြားပါဘူး။
ဆိုတော့ ဒီအလုပ်အကုန်လုံးက ကုဒ်ရေးရတယ်၊ ရေးရတဲ့ ကုဒ်က ဖုန်းအတွက်လား၊ web အတွက်လား၊ စနစ်အတွက်လား စသဖြင့် ကွဲပြားသွားပေမဲ့ အခြေခံမှာ ကုဒ်ရေးတတ်ရပါတယ်။ ပြီးသွားရင် programming မှာက language အမျိုးမျိုးရှိပါတယ်၊ ကွန်ပျူတာကို ခိုင်းဖို့ကို ဂျပန်လိုခိုင်းမလား၊ တရုတ်လိုခိုင်းမလားဆိုတာမျိုး ရွေးရတယ်ပဲ အလွယ်မှတ်ပါစို့၊ အရင်က ခေတ်စားခဲ့တာတွေ၊ အခုခေတ်စားနေတာတွေ၊ နောက်ခေတ်စားလာနိုင်တာတွေဆိုပြီး အမျိုးမျိုးရှိပါတယ်၊ ဘယ်ဟာပိုကောင်းတယ်ဆိုတာမျိုးထက် ဘယ်ဟာလုပ်မယ်ဆိုရင်တော့ ဘာနဲ့သင့်တော်တယ်ဆိုတာမျိုးပဲရှိပါတယ် (ကိုယ်ကြိုက်တဲ့ language ကို အခြေခံပြီး သူများကို ထင်မြင်ချက်ကပ်တာမျိုးရှိတတ်ပါတယ်၊ ဘယ် language ဆို ပျင်းစရာကောင်းတယ်၊ ခေတ်မမီဘူး စသဖြင့်ပေါ့၊ နောက်ပိုင်း သိလာပါလိမ့်မယ်) ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး၊ ကိုယ်လိုက်ချင်တဲ့ လိုင်းကိုရွေးပြီးရင် အဲဒါနဲ့ဆိုင်တဲ့အထဲက language တစ်ခုကို ကျွမ်းကျင်တယ်ဆိုရပါပြီ၊ တစ်ခုကို ကျွမ်းကျင်ရင် နောက်တစ်ခုထပ်လုပ်တာက ဂျပန်စာကနေ တရုတ်စာပြောင်းသင်တာလိုမျိုးတောင် မခက်ပါဘူး။
ဒီအလုပ်လုပ်မယ်ဆိုရင် အခြေခံလိုအပ်ချက်က ကုဒ်ရေးတတ်ဖို့ပါပဲ၊ ကျောင်းကတော့ Computer Science / Computing ဘာပဲဖြစ်ဖြစ် programming ဘာသာရပ်ပါတဲ့ကျောင်းတွေတက်ကြပါတယ်။ တချို့ကျ ကျောင်းကသင်တာထက် ပိုလေ့လာနိုင်ပြီး ကုဒ်ရေးနိုင်တယ်၊ အမြင်ရှိတယ်ဆိုရင် ကျောင်းထွက်ပြီး ကိုယ့် app ကိုယ်လုပ်ရင်း သူဌေးဖြစ်ကြတယ်ပေါ့လေ၊ ဒါကတော့ လူနည်းစုပါ၊ နိုင်ငံတကာမှာ ranking ဘာညာထက် လူအထင်အကြီးဆုံး နည်းပညာကျောင်းကတော့ Stanford ဖြစ်ပါတယ်။
System Analyst
Programmer လောက် အလုပ်မပေါပေမဲ့ နိုင်ငံတကာမှာတော့ ခန့်ကြပါတယ်။ Programming ကောင်းကောင်းသိရပါတယ်။ သူ့အလုပ်က အလွယ်ဆုံး နားလည်အောင်ပြောရရင် programmer တွေ ကုဒ်မရေးခင် outline ချပေးတဲ့သဘောမျိုးရှိပါတယ်၊ ဒီတစ်ခုတည်းမဟုတ်ဘဲ client သို့ product က ဘယ်လိုမျိုးလိုအပ်တယ်၊ သူတို့လိုအပ်ချက်ကို နည်းပညာအရ coding ရေးရမယ့် function အဖြစ်ပြောင်းရင် ဘယ်လိုရှိမယ်ဆိုတာမျိုးကို လူတွေနဲ့ စကားပြော၊ စဉ်းစားသုံးသပ်ပြီး programmer တွေနဲ့ ပြန်ဆွေးနွေးရတာမျိုးပါ၊ တချို့နေရာတွေမှာ Project Management နဲ့ တွဲကိုင်ရပါတယ်၊ ပညာရေးအခြေခံက programmer နဲ့ အတူတူပဲ လိုပါတယ်။ စကားအများကြီး ပိုပြောရပါတယ်။
Project Manager
ဒီဟာက programmer တွေကြားမှာ အရမ်းကို အငြင်းအခုန်ဖြစ်ကြတဲ့ အလုပ်အကိုင်ဖြစ်ပါတယ်၊ Project Manager က အပြင်ပန်းကြည့်ပြီး ဒဲ့ပြောရင် programmer တွေကို ခိုင်းရတဲ့ အလုပ်ဖြစ်နေတာကိုး၊ အဲဒီမှာ programmer လုပ်ပြီးမှ PM အဖြစ် ရာထူးတိုးသွားတဲ့သူတွေနဲ့ ပြဿနာသိပ်မဖြစ်ကြပေမဲ့ programmer မလုပ်ဖူးဘဲ Project Management လုပ်တဲ့သူတွေနဲ့ဆို တစ်ချိန်လုံးသတ်ကြပါတယ်၊ ရုံးထဲမှာ မသတ်ရင်တောင် အတင်းပြောခံရတယ်ပေါ့လေ၊ ဘယ်ဘက်ကမှန်တယ်လို့တော့ တစ်ထစ်ချပြောလို့မရဘူး၊ နည်းပညာအထွန်းကားဆုံး၊ ဘာလုပ်လုပ် ကွန်ပျူတာ/ဖုန်းပေါ်မှာပဲပြီးတဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာတောင် PM ကိုက နှစ်မျိုးလုံးပဲ ခန့်ကြတာဆိုတော့၊ ဒါက ကြုံလို့ သိထားရအောင်ပြောတာပါ။
လိုအပ်တဲ့အရည်အချင်းကတော့ နည်းပညာနောက်ခံရှိရမယ်၊ တချို့လည်း မရှိဘဲ ခန့်ကြတယ်၊ အဓိကက အလုပ်အပ်တဲ့သူ (ရုံးပြင်ပကလည်းဖြစ်နိုင်၊ တခြားဌာနကလည်းဖြစ်နိုင်)နဲ့ စကားပြောရမယ်၊ သူတို့လိုချင်တဲ့ function တွေကို သူတို့လိုချင်တဲ့အချိန် ပြီးအောင်ထည့်နိုင်၊ မထည့်နိုင် ညှိရတယ်၊ ပြီးရင် programmer အပါအဝင်ကိုယ့်အဖွဲ့ထဲကလူတွေနဲ့ ပြန်ညှိပြီး project ကို အချိန်မီအပ်နိုင်အောင် လုပ်ရတယ်ပေါ့၊ နည်းပညာနောက်ခံမရှိ၊ programming မသိရင် programmer တွေရဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကိုနားလည်မှာမဟုတ်လို့ computing / computer science နဲ့ ပြီးထားတဲ့သူတွေက PM လုပ်တာ ပိုသင့်တော်ပါတယ်။ စကားအများကြီး ပြောရမယ်၊ ညှိရနှိုင်းရမယ်၊ နောက်ဆုံးပေးရမယ့်ရက်တွေကို လေးလေးနက်နက်ရှိပြီး စိတ်ကို စီမံကိန်းထဲနှစ်ပြီး လုပ်နိုင်ရမယ်ပေါ့။
Database Manager
ကုဒ်တွေနဲ့ စနစ်တွေကို တည်ဆောက်တဲ့အခါ ဒေတာတွေကို သိမ်းဖို့ database တွေ လိုလာရော၊ app အသေးလေးတွေမှာ မသိသာပေမဲ့ အများသုံးတဲ့ စနစ်တွေက ကြီးလာရင် ကြီးလာသလောက် database တွေက အရေးပါလာတဲ့အခါ Database နဲ့ ပတ်သက်တာတွေကို ဆောင်ရွက်ဖို့ လူသပ်သပ်ခန့်ကြပါတယ်။ သူလည်း ကုဒ်ရေးရပေမဲ့ programmer တွေ ရေးရတဲ့ ကုဒ်တွေလောက် မများဘူး၊ မရှုပ်ဘူးပေါ့လေ။ အဓိကက Database ထဲ အသစ်ထည့် / အဟောင်းဖြုတ်တာတွေကို စီမံရတယ်။ အဲဒီလိုတွေလုပ်လိုက်လို့ ဘယ်ဘက်မှာမှ ပြဿနာမတက်အောင်၊ ပြီးတော့ နည်းပညာဘက်ကမဟုတ်ဘဲ ဈေးကွက်ချဲ့ထွင်ရေးတို့၊ အရောင်းတို့ဘက်က လုပ်ငန်းဆိုင်ရာ အချက်အလက်တွေလိုချင်ရင်လည်း ထုတ်ပေးရတယ်ပေါ့။ စကားသိပ်မပြောရပါဘူး။ ဒီအတွက် သီးသန့်ဘွဲ့ဆိုတာမျိုးမရှိဘဲ ကွန်ပျူတာနဲ့ပတ်သက်တဲ့မေဂျာပြီးရင် လုပ်လို့ရပါတယ်။
Network Engineer
ဒါကကျ ကုဒ်ရေးရတာမဟုတ်တော့ဘဲနဲ့ network တွေကို စီစဉ်/ တပ်ဆင် / ထိန်းသိမ်းရတဲ့ အပိုင်းဖြစ်သွားပါပြီ၊ (တချို့ network engineer တွေက ကုဒ် ပိစိလေးရေးရတာမျိုးရှိတတ်ပေမဲ့ programmer တွေလောက် မဟုတ်ပါဘူး) Server တွေကို ထိန်းသိမ်းရတယ်၊ တစ်ခုခုဖြစ်ရင် ပြင်ရတယ် စသဖြင့်ပေါ့၊ Hardware ပိုင်းလည်း သိထားဖို့ လိုပါတယ်၊ CCNA လက်မှတ်တွေက ဒီအလုပ်အတွက် တစ်ကမ္ဘာလုံးမှာ သုံးလို့ရပါတယ်၊ ကွန်ပျူတာနဲ့ဆိုင်တဲ့ဘွဲ့တွေရပြီး ဒီလမ်းကြောင်းလိုက်လို့ရသလို တခြားဘွဲ့နဲ့လည်းရပါတယ်။
IT Support
ဒါကတော့ နှစ်မျိုးရှိတယ်၊ software တစ်ခုခု / system တစ်ခုခုအတွက် အဲဒီဘက်က လုပ်ပေးတာနဲ့ ရုံးထဲမှာ ရုံးတွင်း IT လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာမျိုးပေါ့၊ software / system တစ်ခုခုအတွက်ဆို အဲဒါသုံးနေရင်း ဖြစ်တဲ့ပြဿနာတွေကို ရှင်းပေးရတာပေါ့၊ များသောအားဖြင့် chat တို့ ဖုန်းတို့ကနေ ရှင်းပေးရတယ်။ ရုံးတွင်းဆိုရင်ကျ ဟိုလူ့ကွန်ပျူတာ restart ကျသွားလို့၊ ဒီလူ အင်တာနက် ချိတ်မရလို့၊ ဒီ app သုံးမရလို့ဆိုတာမျိုးတွေကို ဖြေရှင်းပေးရတာပါ။ အပေါ်ကပြောခဲ့တဲ့ အလုပ်တွေနဲ့ ယှဉ်ရင် ဒီအလုပ်က လုပ်ရတာ (နည်းပညာပိုင်းအရ) ပိုပြီးလွယ်သလို လစာလည်း ပိုနည်းတတ်ပါတယ်။ (ပိုနည်းတယ်ဆိုတာ Fortune 500 က IT support နဲ့ မြန်မာပြည်က programmer လစာတော့ မယှဉ်နဲ့ပေါ့လေ၊ ကုမ္ပဏီအဆင့်ချင်းတူ၊ လုပ်သက်မကွာရင် နည်းတယ်ပြောတာပါ) ဒီအလုပ်အတွက်က ကွန်ပျူတာဘွဲ့ရထားဖို့ မလိုပါဘူး။
နောက်ထပ် IT နဲ့ ဆက်စပ်အလုပ်တွေဖြစ်တဲ့ UI/UX Designer တို့၊ Product Manager တို့၊ Tester တို့၊ Game Designer (not graphic / animation) တွေရှိသေးပေမဲ့ နည်းပညာအဓိကမဟုတ်လို့ ဒီနေရာမှာ ချန်ထားခဲ့ပါတယ်။ ဒီလောက်ဆို IT ဘက်လိုက်ချင်တာလို့ မေးမေးမနေဘဲ ကိုယ်စိတ်ဝင်စားတာ ဘာလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ Programming နဲ့ ပတ်သက်တာ စိတ်ဝင်စားရင်က Harvard က CS 50 တက်ပြီးရင် coursera က course တစ်ခုခုကို တက်ကြည့်လိုက်ပါ၊ ကိုယ်စိတ်ဝင်စား/မဝင်စားရော၊ လိုက်လုပ်နိုင်/မနိုင်ရော သိသွားပါလိမ့်မယ်။
နောက်တစ်ချက်က CS နဲ့ဆိုင်တာနဲ့ ကျောင်းပြီးတိုင်း programmer မဖြစ်မနေလုပ်ရတာမျိုး မဟုတ်ပါဘူး။ project management ဘက်သွားလို့ရသလို ဆက်စပ်အလုပ်တွေဘက်လည်း သွားလို့ရပါတယ်။ နောက်ဆုံး software ကုမ္ပဏီတွေမှာ sales / marketing / consultant လည်း လုပ်လို့ရပါသေးတယ်။
နောက်ဆုံးထပ်ဆောင်းပြောချင်တာကတော့ programming သင်ဖူးရင် ဒီလိုင်းဘက်လိုက်ဖူးရင် programmer ဆက်ပြီးမလုပ်တော့ရင်တောင် တခြားနည်းပညာနဲ့ပတ်သက်တာတွေကို ဘာလာလာ အခြေခံသဘောတရားကတော့ နားလည်ပြီး ဖြစ်သွားပါတယ်၊ software အသစ်တွေထွက်တိုင်းလည်း သူများထက်မြန်မြန် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သလို ဥပမာ Facebook မှာ ဘယ်လို boost ရမလဲဆိုတာမျိုးကို ဘယ်သူ့မှ လိုက်မေးမနေဘဲ လုပ်တတ်သွားပါတယ်။ နည်းပညာနဲ့ တအားနီးစပ်သွားတဲ့အတွက် ဘာနှိပ်ရင် ဘာဖြစ်မယ်ဆိုတာ ကြိုသိသွားသလိုမျိုးပေါ့။ အဲဒါကြောင့် ဒီလိုင်းပေါ်ဆက်မနေရင်တောင် programming သင်ဖူးတာ အကျိုးမယုတ်ပါဘူးလို့။

အက်မင်ကတော့ network enigneer carrerကိုရွေးချယ်ထားပါတယ် systemပိုင်းကိုလဲသွားမယ်လို့တွေးထားပါတယ်ညီကိုတို့​ရောကိုယ့်ဝါသနာအပေါ်မူတည်ပီးဘယ်လိုcarrerကိုရွေးချယ်ထားကြလဲဗျ?

09/07/2023

အက်မင်youtubeဖက်ရောက်နေလို့ pageကိုပစ်ထားသလိုဖြစ်နေတယ်sorryပါဗျာ CCNA courseနဲ့linux class videoလဲချင်ရင် ဒီအောက်မှာလာပြောပေးနော် အက်မင်cbလာခဲ့မယ်

OSI 7 layer အကြောင်းCWS pageကရေးထားတာသဘောကျလို့ pageလေးမှာ​​ပြန်shareပါ့မယ်ကျွန်တော့ pageက ညီကိုတွေလဲ ဗဟုသုတရစေချင်လို့ပ...
01/07/2023

OSI 7 layer အကြောင်းCWS pageကရေးထားတာသဘောကျလို့ pageလေးမှာ​​ပြန်shareပါ့မယ်
ကျွန်တော့ pageက ညီကိုတွေလဲ ဗဟုသုတရစေချင်လို့ပါ

29/06/2023

Hello everyone!
CCNA course သင်ခန်းစာလိုချင်တဲ့သူတွေ အက်မင်ဆီမှာလာတောင်းလို့ရပါတယ် အပြန်အလှန်အနေနဲ့တော့ linux class သင်ခန်းစာတွေအက်မင်ကိုပြန်ပေးရပါမယ်

Digital Marketing စလုပ်တော့မယ်ဆိုရင်ဦးစားပေးလုပ်ဆောင်သင့်တဲ့အချက် (၅) ချက်အလျင်အမြန်ပြောင်းလဲတိုးတက်နေတဲ့ Digital ခေတ်ကြ...
29/06/2023

Digital Marketing စလုပ်တော့မယ်ဆိုရင်ဦးစားပေးလုပ်ဆောင်သင့်တဲ့အချက် (၅) ချက်

အလျင်အမြန်ပြောင်းလဲတိုးတက်နေတဲ့ Digital ခေတ်ကြီးထဲမှာလုပ်ငန်းတိုင်းလိုလို Digital Marketing ကိုအာရုံစိုက်လာကြတယ်။ Digital Marketing ဆိုတာတကယ်တော့နယ်ပယ်အရမ်းကိုကျယ်ဝန်းပါတယ် ကျွန်တော်တို့မြန်မာပြည်မှာ လူတော်တော်များများက Social Media Marketing ကို Digital Marketing လို့မြင်နေကြပါတယ်။ အမှန်တော့ Social Media Marketing ဆိုတာ Digital Marketing ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

ဒီနေ့မှာတော့လုပ်ငန်းတစ်ခုမှာ Digital Marketing လုပ်တော့မယ်ဆိုရင်ဦးစားပေးလုပ်ဆောင်သင့်တဲ့အချက် (5) ချက်ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

1. Digital Advertising

2. Website Development

3. Social Media Advertising

4. Mobile Marketing

5. Content Development

1.Digital Advertising

Digital Advertising ဆိုတာသင် Target ထားတဲ့ Audience ကို Online ကနေတစ်ဆင့်ကြော်ငြာတွေသွားပြပေးတာမျိုးပါ။ ဒါကတော့ Google, Browser & Website တွေ ကနေတစ်ဆင့်ကြော်ငြာတဲ့ကြော်ငြာတွေပါ။

ဥပမာ။ ။ Search Engine Optimization & Marketing, Display Advertising, PPC and Remarketing တို့ပဲဖြစ်ပါတယ်။

2. Website Development

သင့်လုပ်ငန်းကို Customer တွေယုံကြည်မှုရရှိစေဖို့၊ Information တွေတစ်စုတစ်စည်းတည်းပေးနိုင်ဖို့အတွက် Website ကောင်းတစ်ခုမရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျ။ Website ကောင်းတစ်ခုဟာ Customer အသစ်တွေရရှိနိုင်သလို၊ ဖောက်သည်အဟောင်းတွေကိုလည်းဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ Website ကောင်းတစ်ခုဖန်တီးရာမှာ User တွေအတွက်အသုံးပြုရလွယ်ကူပြီးရိုးရှင်းတဲ့ Design ဖစ်ဖို့လည်းအရေးကြီးပါတယ်။

3. Social Media Advertising

Social Advertising ကတော့အားလုံးသိကြတဲ့အတိုင်း Social Media Platfom တွေပေါ်ကနေကိုယ့်လုပ်ငန်းအကြောင်း၊ ကိုယ့် Product အကြောင်းကိုလူတွေသိအောင်ဝယ်ချင်လာအောင် ကြော်ငြာတဲ့ကြော်ငြာအမျိုုးအစားပါ။ Social Media Platform တွေအများကြီးရှိတဲ့ထဲက အသုံးများတဲ့ Platform တွေကတော့ Facebook, Instagram, Youtube, Twitter, LinkedIn တို့ပဲဖြစ်ပါတယ်။

4. Content Marketing

Digital Marketing လုပ်ငန်းမှာ Content တွေဟာဘုရင်ပါပဲ။ Content တွေမရှိရင် Ad Campaign ကောင်းကောင်းတွေဖန်တီးနိုင်မှာမဟုတ်ပါဘူး။ Content Development ဆိုတဲ့အထဲမှာ Text, Image, Video တွေအားလုံးပါဝင်နေပါတယ်။ Content တွေဟာသင့်ရဲ့User တွေကိုခွဲခြမ်းစိတ်ဖြာလို့လဲရပါတယ်။

5. Email Marketing

Email Marketing ဟာလည်း Digital Marketing ရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အထူးသဖြင့် B2B ချိတ်ဆက်လုပ်ဆောင်တဲ့လုပ်ငန်းတွေမှာ Email Marketing ဟာများစွာအကျိုးသက်ရောက်မှုရှိပါတယ်။ သင့်ရဲ့လုပ်ငန်းနဲ့ပတ်သတ်တဲ့ Email တစ်စောင်ကိုရာကျော်ရှိတဲ့ End-User တွေဆီကိုတစ်ချိန်တည်းတစ်ပြိုင်တည်းပို့ပြီး Marketing ဆင်းနိုင်ပါတယ်ခင်ဗျ။


Youth_ITကို creditပေးပါတယ်ဗျာ

IT‌ခေတ်ကြီးထဲမှာITဘယ်ပညာရပ်တွေနဲ့ လစာ အကောင်းဆုံး အများဆုံးရအောင် ဘယ်လို ကြိုးစား ရမလဲ?ITမှာ ဘယ်လို နယ်ပယ်တွေရှ်သလဲ ဘယ်လ...
21/06/2023

IT‌ခေတ်ကြီးထဲမှာITဘယ်ပညာရပ်တွေ
နဲ့ လစာ အကောင်းဆုံး အများဆုံးရအောင် ဘယ်လို ကြိုးစား ရမလဲ?ITမှာ ဘယ်လို နယ်ပယ်တွေရှ်သလဲ ဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေ ရှိသလဲဆိုတာ သိချင်တဲ့သူများအတွက် IT လမ်းကြောင်းကို
လျောက်လှမ်းကြမယ့်
ညီငယ်ညီမငယ်များအတွက်တော့ ကိုယ်တကယ်ဝါသနာပါမှသာ လျောက်လှမ်းကြဖို့အကြံပေးချင်ပါတယ် အမြဲ တမ်းအသစ်သစ်သောအရာများကိုလေ့လာနေရမှာ
ဖစ်တာကြောင့် ဝါသနာအရင်းခံထားမှသာ အဆင်ပြေမှာဖစ်တယ်လို့အက်မင်ကထင်မြင်ယူဆမိပါတယ် အောက်ကစာကတော့ ITနယ်ပယ်အကြောင်းknowledge sharingလုပ်ပေးခြင်းဖစ်ပါတယ်မူရင်းရေးသားသူအားcreditပေးပါတယ်ခင်ဗျာ pageလေးကိုလဲ like and share လေးနဲ့ ကူညီကြပါအုံးခင်ဗျ
knowledge sharing

အောင်မြင်သော အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းများ

Myanmar ICT

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီ ပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံး မှန်ကန်တဲ့ အိုင်တီခေတ် အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။

အိုင်တီ အလုပ်အကိုင်တွေအနေနဲ့

- Professional Level,

- Management Level,

- Executive Level

ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ် အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့် ရရှိလာပြီဆိုမှ အထက် အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Professional / Technical Level

» Programmer/ Software Developer
» Systems Analyst/ Analyst Programmer
» Web Developer/ Multimedia Specialist
» Database Administrator
» Network Technician/ Network Administrator
» Systems Technician/ System Administrator
» Instructor/ Lecture

စသည်ဖြင့်် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ကွဲပြားသွားပါတယ်။

Management Level

» IS Manager
» IT Manager
» EDP Manager
» Project Manager
» Systems Manager
» Network System Manager
» Training Manager

ဆိုတဲ့ လုပ်ငန်း အသီးသီးမှာ တာဝန်ခံ မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level ဖြစ်တဲ့ အမှုဆောင် အရာရှိ အဆင့် များမှာတော့

» Vice President (IT)

» Vice President (Information Service)
» Chief Information Officer ( CIO )
» Chief Technical Officer ( CTO )
» Chief Security Officer ( CSO )
» Technical Director
» IT/IS Director
» IT Project Director

စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။

အဆင့်မြင့် ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူး တာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် Software Development ပိုင်း မှာ Junior programmer, Senior Programmer, System
Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။

Network Professional အနေနဲ့ဆိုရင်တော့ Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူး အဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင် အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေး စဉ်းစားရမှာ ဖြစ်ပြီး အလုပ် အတွေ့အကြံု ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့ သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အို်င်တီဆိုင်ရာ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူ လေ့လာရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီ လက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေ ရဖို့ ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာ
သင်ယူရမှာ ဖြစ်ပြီး Certificate Levelကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPAနဲ့ ITPEC တွေကို ဖြေဆိုနို်င်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲ တွေအနေနဲ့ဆိုရင် Online ကနေ တိုက်ရိုက် ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Examတွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခ လစာ မြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီ ပညာရှင်အဆင့်နဲ့
၀င်ရောက် လုပ်ကိုင်ဖို့အတွက် ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှု ရှိနေရပါမယ်။

အခြားအရေးကြီးတဲ့ အချက်တွေကတော့…

(1) MCPA ( Myanmar Computer Professional Association )
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင် လျှောက်ထားခြင်း

MCPA website : http://www.mcpamyanmar.org/

(2) Office Procedure/HR Regulations
ရုံးလုပ်ငန်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ထုံး လုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း

(3) Knowledge of Business / Domain Knowledge
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း

(4) Communication Skills
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း

(5) Social Networking
မိမိဘဝ တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေ အပေါင်းအသင်းများ ရှာဖွေ ဆက်သွယ်ထားခြင်း

(6) Global Outlook
မိမိဒေသ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာ ဗဟုသုတများ သိသင့်သည်များ ကြိုတင် လေ့လာထားခြင်း

(7) Role Model
မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင် လမ်းပြပေးနိုင်မည့် စံပြုထိုက်သူ တစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)

(8) Efforts
ကြီးမားသော ဇွဲ လုံ့လ ၀ိရိယဖြင့် ကြိုးစား အားထုတ်ခြင်း

(9) Ethic
ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများ ရှိခြင်းတို့ကို ပိုင်နိုင် ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ယောက် ဖြစ်လာမှာ အမှန်အကန် ပါပဲ။

MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး (အတွင်းရေးမှူး - မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း)က ပြောကြားပေးခဲ့တာဖြစ်ပြီး အိုင်တီပညာရှင်
လူငယ်များ ဗဟုသုတ ရစေရန် ပြန်လည် ကောက်နုတ် တင်ပြရခြင်း ဖြစ်ပါတယ်။

Credit: Myanmar ICT

Address

Kyaukse
05143

Telephone

+959253188652

Website

Alerts

Be the first to know and let us send you an email when Kyaw Kyi It Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share