16/01/2025
Tecno spark 8C error လေးကတော့ အဆန်း
ရေဝင်အလုံးလေးပါ
ပါဝါဖွင့်ရင် အဆုံးထိပွင့်တယ် အကုန်တောက်လျှောက်ဆက်တိုက်သုံးလို့ရတယ်
ဒါပေမဲ့ပါဝါကီးတစ်ချက်နှိပ်မိလိုက်တာနဲ့ ပပြန်ဖွင့်ရင် မပွင့်တော့ဘူး sleep mode error ပုံစံလဲမဟုတ်ဘူး ဖုန်းခေါ်ရင် အသံလာတယ် အားသွင်းရင်ဝင်တယ် အသံလာတယ်
Display နဲ့ backlight error လားဆိုတော့လဲမဟုတ်ပြန်ဘူး volt တွေကပုံမှန်ပဲ
နှိပ်ပါများလို့ စိတ်ကူးရတဲ့အခါပွင့့်တယ် အားသွင်းကြိုး ထိုးကြည့်လဲ ပွင့်ချင်မှထပွင့်တယ်
ပါဝါပိုင်း အလုပ်ကောင်းကောင်းမလုပ်ဘူးထင်လို့ power ic reball ကြည့်တယ် ထူးမလာဘူး ရေထဲကျတဲ့အလုံးမို့ display ic backlight ic အကုန် reball တယ် မရဘူး
နောက်ဆုံးတစ်ခုစဉ်းစားမိတာက နိုးနေရဲ့သားနဲ့ မီးပြန်မပွင့် တာဆိုတော့ control ပိုင်း ကောင်းကောင်းအလုပ်မလုပ်တာလို့ ယူဆပြီး CPU reball လိုက်မှပဲ ကောင်းသွားတော့တယ်