01/06/2026
မိုးကြိုးလွဲစနစ် (Lightning Protection System) ဆိုတာကို လူအများစုက Air Terminal rod လေးထောင်ပြီး Earth rod တစ်ချောင်းနှစ်ေချာင်း မြေစိုက်ပြီး 5 ohm လောက်ထားရင် လုံလောက်ပြီ လို့ ထင်တတ်ကြတယ်။
တကယ်တော့ ဒီစနစ်မှာ အရေးကြီးဆုံးက Air Terminal မဟုတ်ဘဲ “ကြိုးအရွယ်အစား (conductor size) + မြေချိတ်စနစ် (earthing system) + current စီဆင်နိုင်မှု” ဖြစ်ပါတယ်။
မိုးကြိုးဆိုတာ အချိန်အလွန်တိုအတွင်းမှာ ကီလိုအမ်ပီယာ အလွန်မြင့်တဲ့ current တစ်ခုကို မြေထဲသို့ လွှတ်ပေးတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တယ်။
ဒီ current ကို လမ်းကြောင်းပေးတဲ့ conductor က သေးလွန်းရင် အပူတက်ခြင်း၊ conductor အရည်ပျော်ခြင်း၊ အဆိုးဆုံးက အဆောက်အဦးအတွင်း မီးလောင်ခြင်းအထိ ဖြစ်နိုင်ပါတယ်။
IEC 62305 စံနှုန်းအရ မိုးကြိုးကာကွယ်ရေး down conductor အနည်းဆုံးအရွယ်က copper အတွက် 50 square millimeter နဲ့ aluminum အတွက် 70 square millimeter လောက်ဖြစ်ပါတယ်။
ဒီအရွယ်က အနည်းဆုံး လုံခြုံစိတ်ချရတဲ့ အောက်ခြေ limit ဖြစ်ပြီး လက်တွေ့ LA design တွေမှာတော့ ဒီထက်ပိုကြီးတဲ့ cross section သုံးတာကို ပိုနှစ်သက်ကြပါတယ်။
အဓိကအချက်က မိုးကြိုး current က DC မဟုတ်ဘဲ impulse current ဖြစ်ပြီး rise time အလွန်မြန်ပါတယ်။ ဒီလို current မျိုးမှာ resistance ထက် inductance က ပိုအရေးကြီးလာပါတယ်။
ကြိုးအရွယ်သေးရင် inductance မြင့်ပြီး current flow မညီညာတော့ဘူး။ ဒါကြောင့် flat strip conductor (ပြားကြိုး) ကို round cable ထက် ပိုသုံးကြတာဖြစ်ပါတယ်။ Surface area များလေလေ discharge လမ်းကြောင်းက ပို stable ဖြစ်ပါတယ်။
တချို့ site တွေမှာ 10mm², 16mm² လို သာမန် electrical cable တွေနဲ့ မိုးကြိုးလွဲစနစ်လုပ်ထားတာတွေကို တွေ့ရတတ်ပါတယ်။
ဒါက normal load current အတွက်တော့ အဆင်ပြေနိုင်ပေမယ့် lightning current အတွက်တော့ standard နဲ့ မကိုက်ညီပါဘူး။
Down conductor ကို လမ်းကြောင်းဆင်းရာမှာလည်း အရေးကြီးပါတယ်။ အကွေ့အချိုးများရင် current ပြန့်နှံ့မှုမကောင်းတော့ပါဘူး။ ဒါကြောင့် straight route နီးနီးဆင်းခြင်း၊ 90 degree sharp bend မလုပ်ခြင်း၊ gradual curve နဲ့ဆင်းခြင်းတို့က ပိုပြီးထိရောက်ပါတယ်။
Earthing system ဘက်မှာတော့ conductor size ထက်ပိုပြီး soil resistivity က အဓိကဖြစ်လာပါတယ်။
မြေထဲမှာ current ကို လွှတ်ပေးတဲ့အခါ resistance များရင် back surge ဖြစ်နိုင်ပါတယ်။ ဒါကြောင့် copper plate သို့မဟုတ် earth rod တို့ကို သုံးတဲ့အခါ earth enhancement compound အသုံးပြုခြင်းက moisture retention နဲ့ resistivity လျှော့ချဖို့အတွက် အရေးကြီးပါတယ်။
ဆားသုံးခြင်းက short-term resistance လျှော့နိုင်ပေမယ့် long-term corrosion ကို မြန်စေတဲ့အတွက် Good practice လို့ပြောလို့မရပါဘူး။ အများအေခါ် earth powder မရှိရင်တော့ သုံးကြရတာပေါ့။
အဆုံးမှာပြောရရင် မိုးကြိုးလွဲ စနစ်ဆိုတာ ပစ္စည်းတစ်ခုတည်း နဲ့ မဆုံးဖြတ်နိုင်ပါဘူး။ Rod, conductor size, routing, bonding, earthing, SPD အားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့ system တစ်ခုဖြစ်ပါတယ်။
တစ်ခုချို့ယွင်းသွားရင် ကျန်တဲ့အပိုင်းတွေက အပြည့်အဝကာကွယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် design မှန်မှန်ကန်ကန်နဲ့ conductor size ကို စံနှုန်းအတိုင်းရွေးချယ်ခြင်းက ကုန်ကျစရိတ်ထက် ပိုအရေးကြီးတဲ့ safety factor ဖြစ်ပါတယ်။
ကိုအေးရှား
Krish Tech Service
09454323454
Crd: ကိုအေးရှား