ATG computer & mobile

ATG computer & mobile Computer Printer Mobile Sale & Services online services

CorelDRAW X7
08/05/2026

CorelDRAW X7

10/01/2026
2D/3D ကွန်ပျူတာဆော့ဝဲလ် ( အင်တာနက်မလို)
01/01/2024

2D/3D ကွန်ပျူတာဆော့ဝဲလ် ( အင်တာနက်မလို)

👨‍💻CPU အကြောင်းသိကောင်းစရာများ...***********************************- Computer ရဲ့ ဦးနှောက်လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ M...
06/12/2023

👨‍💻CPU အကြောင်းသိကောင်းစရာများ...
***********************************
- Computer ရဲ့ ဦးနှောက်လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့် ပြုလုပ်ထားပြီး motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့်အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။ (၁၉၇၁) ခုနှစ်တွင် Intel company မှ 4004 processor ကိုပထမဦးဆုံးစီးပွားဖြစ် တီထွင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ခန့်ဖြင့် တည်ဆောက်ထားပြီး 60 kHz ဖြင့် အလုပ်လုပ်ဆောင်ပါတယ်။
- 60 kHz ဆိုတာကတော့ တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း (၆)သန်းခန့်ကို လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်။ ယနေ့ခေတ်ပေါ် processor များကိုတော့ သန်းနှင့်ချီသော transistor များဖြင့် တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး လုပ်ဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ Microprocessor ရဲ့ပတ်လည်အနားတစ်လျှောက်မှာ ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။
- ထို pin များထဲမှ အချို့ဟာ Bus (data carrier) များမှလာသော Signal Line များနှင့် ချိတ်ဆက်ရန်ဖြစ်ပြီး အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။ CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင် Component တစ်ခုတည်းအဖြစ်သာမြင်ရမှာဖြစ်ပြီး အတွင်းပိုင်းမှာတော့ ALU (Arithmetic Logic Unit)၊ Register ၊ CU (Control Unit) အစရှိသောအစိတ်အပိုင်းများကိုစုပေါင်းပြီး ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံများသည် CPU အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်း အခြေခံကျသော သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။ CPU သည် Calculation နှင့် Data များကို Program မှညွှန်ကြားသော Instruction များအတိုင်း process လုပ်ရသောတာဝန်များကို ဆောင်ရွက်ရပါတယ်။
- Instruction များဆိုတာကတော့ ရောက်ရှိလာတဲ့ data များကို CPU မှ ဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲဖြစ်ပါတယ်။ ဥပမာ 2 + 7 ရဲ့အဖြေကိုတွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။ 2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ ခုနကပြောခဲ့တဲ့ Register ဆိုတဲ့အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။ အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နေရာမှာဆို ထို file အတွင်းပါစာသားများ ၊ ရုပ်ပုံများဟာ data များပင်ဖြစ်ပါတယ်။ အဲ့ဒီ file ကိုသိမ်းဆည်းရန် (သို့) printer ထုတ်ရန်အတွက် Print (သို့) Save တွင် click နှိပ်ပြီး command ပေးရပါမယ်။ ထို Print (သို့) Save သည် CPU အား data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကိုညွှန်ကြားသော Program (series of instructions) များပဲဖြစ်ပါတယ်။
- CPU ဟာ Instruction တစ်ခုလာတဲ့အခါ ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန် ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ CPU အပါအဝင် computer အစိတ်အပိုင်းအားလုံးအသီးသီတို့သည် Lowest-level programming language ဖြစ်သော machine language ကိုသာလျှင်နားလည်ပါတယ်။ ထို machine language ကို CPU မှအလွယ်တကူနားလည်လက်ခံနိုင်သော်လည်း လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ machine language တွင် number (1 & 0) များသာပါဝင်သောကြောင့်ဖြစ်ပါတယ်။
- ဥပမာ - 0000 0001 0010 1000 0101 1100 00111 ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့) high level programming language လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး software များကိုရေးသားရပါတယ်။ ဟိုးယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင် Program အားလုံးတို့ကို Assembly language ဖြင့်သာ ရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်...


USB မျိုးဆက်များနှင့် speed ကွာခြားပုံ=======ယနေ့ခေတ်မှာ Laptop တွေ Computer တွေ ဝယ်ယူရင် ဒါမှမဟုတ် Flash Drive တွေ Type...
04/12/2023

USB မျိုးဆက်များနှင့် speed ကွာခြားပုံ
=======
ယနေ့ခေတ်မှာ Laptop တွေ Computer တွေ ဝယ်ယူရင် ဒါမှမဟုတ် Flash Drive တွေ Type C Hub တွေဝယ်ယူရင်ပဲဖြစ်ဖြစ် USB Port တွေမှာ USB 2.0 , USB 3.0 စသည်ဖြင့် ရေးထားတာကိုတွေ့ရမှာပါ။ ဒီနေ့မှာတော့ Admin က USB ရဲ့ Generation အမျိုးအစားနဲ့ Speed ကွာခြားပုံတွေကို ပြောပြပေးသွားမှာပါ☺️။

◾️USB က စတင်ထွက်ပေါ် ခဲ့တဲ့ 1996 ခုနှစ်ကနေ အခုချိန်ထိ Generation 8 မျိုး ပေါ်ထွက်ခဲ့ပါတယ်။ USB 1.0 ကို 1996 ခုနှစ်မှ စတင်အသုံးပြု ခဲ့ပြီး သူ့ရဲ့ speed က 1.5 Mbit/s ရှိပါတယ်။ USB 1.1 ကိုတော့ 1998 ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး သူ့ရဲ့ speed က 12 Mbps ရှိခဲ့ပါတယ်။

◾️ယခု လက်ရှိ အချိန်ထိ အချို့သော Computer တွေမှာ အသုံးပြုနေဆဲ ဖြစ်တဲ့ USB 2.0 ကိုတော့ 2001 ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီး သူ့ရဲ့ speed က 480 Mbps ရှိပါတယ်။

◾️USB 3.0 ကိုတော့ 2008 ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်။ Speed က 5 Gbps ရှိပြီးတော့ ယနေ့ လက်ရှိ Entry Level Laptop တွေမှာအများဆုံး တွေ့ရနိုင်ပါတယ်။

◾️USB 3.1 ကိုတော့ 2013 မှာ စတင်အသုံးပြုခဲ့ပြီး speed က 10 Gbps ရှိပြီးတော့ ယခုလက်ရှိ Mid range laptop တွေမှာတွေ့နိုင်ပါတယ်။ USB 3.2 ကိုတော့ 2017 ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး speed က 20Gbps ရှိပါတယ်။ သူ့ကိုတော့ ယနေ့ခေတ် Mid range laptop တွေနဲ့ High end laptop တွေမှာ တွေ့ရပါတယ်။

◾️USB 4.0 ကိုတော့ 2019 ခုနှစ်မှာ စတင်အသုံးပြုပြီး High end laptop တွေမှာ တွေ့ရပါတယ်။ USB 4.0 V2 ကိုတော့ 2022 ခုနှစ်မှာ စတင်အသုံးပြုပြီး speed က 80Gbps ရှိပါတယ်။ သူ့ကိုတော့ High end laptop တွေမှာပဲ တွေ့ရနိုင်ပါတယ်။ ဒါကတော့ USB တွေရဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပုံတွေပဲ ဖြစ်ပါတယ်❤။

◾️Verbatim Flash Drive တွေမှာတော့ USB 2.0, USB 3.0, USB 3.1 Gen1 စတဲ့ အမျိုးအစားအလိုက် ရွေးချယ်ဝယ်ယူနိုင်သလို OTG, External SSD, HDD စတဲ့ storage devices များကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။

13/01/2023

Address

Kayan

Telephone

+959957634064

Website

Alerts

Be the first to know and let us send you an email when ATG computer & mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ATG computer & mobile:

Share

Category