Garfield Computer Sale and Service

Garfield Computer Sale and Service "You are warmly welcome."

18/07/2026
• ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် စာရွက်စာတမ်းတွေ အရေးတကြီး Print ထုတ်ဖို့ လိုလာတဲ့အခါ ဝိုင်ဖိုင်မမိတာ၊ ကြိုးတွေရှု...
18/07/2026

• ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် စာရွက်စာတမ်းတွေ အရေးတကြီး Print ထုတ်ဖို့ လိုလာတဲ့အခါ ဝိုင်ဖိုင်မမိတာ၊ ကြိုးတွေရှုပ်နေတာ ဒါမှမဟုတ် မင်ကုန်လို့ စာသားတွေ ဝါးနေတာမျိုးနဲ့ ကြုံဖူးကြမှာပါ။ အထူးသဖြင့် အလုပ်တွေ ဇောတိုက်နေချိန်မှာ ပရင်တာက အဆင်မပြေရင် တကယ့်ကို စိတ်ညစ်ရပါတယ် ... 😢😢😢

• ဒီလို အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးမယ့် Epson L3350 အမည်းရောင် Premium အသွင်အပြင်နဲ့ ပရင်တာအသစ်လေးကတော့ တကယ့်ကို အကြိုက်တွေ့စရာပါ။ စက်ရဲ့ ရှေ့ဘက်မှာတင် မင်ကန်တွေကို တစ်ပါတည်း မြင်သာအောင် ထည့်ပေးထားတဲ့အတွက် မင်ဘယ်လောက်ကျန်လဲဆိုတာ အလွယ်တကူ ကြည့်လို့ရပါတယ်။ အိမ်သုံး၊ ရုံးသုံးအတွက် Print ထုတ်တာ၊ မိတ္တူဆွဲတာတင်မကဘဲ Scan ဖတ်တာပါ စက်တစ်လုံးတည်းနဲ့တင် အကုန်ပြီးစီးသွားမှာပါ ... 🤓🤓🤓

• ဒီပရင်တာရဲ့ အမိုက်စားအချက်ကတော့ ကြိုးတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက် ချိတ်ဆက်နေစရာမလိုဘဲ ဖုန်းထဲကနေ WiFi Direct စနစ်နဲ့ တိုက်ရိုက်အမိန့်ပေးပြီး Print ထုတ်လို့ရတာပါပဲ။ စာရွက်စာတမ်းတွေဆိုရင် တစ်မိနစ်ကို ၃၃ ရွက်အထိ အမြန်ဆုံး ထုတ်ပေးနိုင်ပြီး ကာလာဓာတ်ပုံတွေဆိုရင်လည်း စာရွက် ၁၅ ရွက်အထိ ထွက်ပါတယ်။ အမည်းရောင်မင်တစ်ဘူးဆိုရင် စာမျက်နှာ ၄,၇၀၀ အထိ ထုတ်နိုင်ပြီး ကာလာမင်တွေဆိုရင် စာမျက်နှာ ၇,၅၀၀ အထိ စိတ်ကြိုက် သုံးနိုင်တဲ့အတွက် မင်ဖိုးအတွက်ပါ အရမ်းတွက်ခြေကိုက်ပါတယ် ... 😀😀😀

• ရုံးလုပ်ငန်းတွေ ပိုသွက်လက်ပြီး အိမ်မှာလည်း အလုပ်တွေကို အဆင်ပြေပြေ ပြီးပြတ်ချင်တယ်ဆိုရင်တော့ ဒီဖန်ရှင်စုံ ပရင်တာလေးက အားအကိုးရဆုံး အဖော်မွန် ဖြစ်လာမှာပါ။ စက်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းလေးကို စုံစမ်းချင်တယ်ဆိုရင်တော့ Message ကနေတစ်ဆင့် အခုပဲ အလွယ်တကူ မေးမြန်းနိုင်ပါတယ် ... 🥳🥳🥳

EPSON L3350 + INK TANK
• Print Speed : B&W 33 / Color 15 (ppm)
• Resolution : Up to 5760 x 1440 dpi
• Copy Resolution : Maximum 600 x 600 dpi
• Scan Resolution : Up to 1200 x 2400 dpi
• Paper Tray : 100 sheets
• Connectivity : USB / WiFi
• WiFi Direct support
• Black Ink Refill 003 BK (4,700 pages)
• Color Ink Refill 003 C, 003 M, 003 Y (7,500 pages)

♦ ကိုယ်တိုင် PC ဆင်တော့မယ်ဆိုရင် Specs တွေတင်မကဘဲ စားပွဲတင်လိုက်တဲ့အခါ မြင်ရမယ့် Look ကိုပါ သေချာစဉ်းစားရပါတယ်။ PC Case ...
17/07/2026

♦ ကိုယ်တိုင် PC ဆင်တော့မယ်ဆိုရင် Specs တွေတင်မကဘဲ စားပွဲတင်လိုက်တဲ့အခါ မြင်ရမယ့် Look ကိုပါ သေချာစဉ်းစားရပါတယ်။ PC Case အကြီးကြီးတွေက နေရာအရမ်းယူပြီး ရှုပ်ပွနေတတ်သလို၊ အရမ်းသေးပြန်ရင်လည်း ကိုယ်ထည့်ချင်တဲ့ Component တွေနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ စားပွဲပေါ်မှာ နေရာသိပ်မယူဘဲ အမြင်လည်းလန်း၊ စွမ်းဆောင်ရည်လည်း အပြည့်ရမယ့် ပုံစံမျိုးကို ရှာနေတာဆိုရင်တော့ Antec VCX100M ARGB Black က တကယ့်ကို ကွက်တိပါပဲ။

♦ ဒီ Micro ATX Case လေးက Minimalist ဆန်ဆန်နဲ့ ကျစ်ကျစ်လျစ်လျစ် ရှိလှပါတယ်။ အရှေ့ဘက်နဲ့ ဘေးဘက်တွေမှာ မှန်အကြည်ပြားတွေ သုံးထားတာကြောင့် အတွင်းက Component တွေနဲ့ လှပတဲ့ ARGB မီးလင်းအားတွေကို အပြင်ကနေ အတိုင်းသား မြင်နေရမှာပါ။ အရွယ်အစားက ကျစ်ကျစ်လျစ်လျစ် ရှိတယ်ဆိုပေမယ့် Micro ATX နဲ့ Mini ITX မားသားဘုတ်တွေအပြင် အရှည် ၂၇၅ မီလီမီတာအထိရှိတဲ့ graphic card တွေကိုပါ ကောင်းကောင်းဆံ့ပါတယ်။

♦ အပူချိန်ပိုင်းအတွက်လည်း ပန်ကာတပ်ဆင်ဖို့ နေရာအလုံအလောက် ပါဝင်တဲ့အပြင် အရှေ့ဘက် Panel မှာ USB 3.0၊ USB 2.0 နဲ့ LED မီးတွေကို ကိုယ်တိုင်စိတ်ကြိုက်ပြောင်းလို့ရမယ့် Control Button လည်း အဆင်သင့် ပါပြီးသား ဖြစ်ပါတယ်။ နေရာအကျယ်ကြီး မပေးရဘဲ ကိုယ့်ရဲ့ Gaming Space ဒါမှမဟုတ် Workstation ကို ပိုပြီး သပ်ရပ်လှပသွားစေမယ့် Case မျိုးပါ။

♦ ဒီ Antec Case လေးရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပစ္စည်းရနိုင်မယ့် အခြေအနေကို သိချင်တယ်ဆိုရင်တော့ Chat box ကနေ Message ပို့ပြီး အဆင်ပြေပြေ မေးမြန်းနိုင်ပါတယ်။ ♦♦♦

▪Dimension : 325mm (L) x 195mm (W) x 388mm (H)
▪Power Supply : No Power
▪Mainboard Support : Micro ATX / Mini ITX
▪VGA Length Support : 275mm
▪Front Panel I/O : USB3.0x1, USB2.0x2, Mic / Audio x1, LED Control Button, Power, Reset.

https://www.facebook.com/share/p/1D379CPpxC/
04/06/2026

https://www.facebook.com/share/p/1D379CPpxC/

Server တွေအကုန်သိမ်းခံရတာတောင် နှစ်ပေါင်း ၂၀ တိုင်အောင် ရှင်သန်နေတဲ့ The Pirate Bay

The Pirate Bay (TPB) နာမည်တောင် မကြားဖူးဘူးဆိုရင်တော့ IT လောကထဲကလို့ ပြောဖို့ ခက်တယ်။ ကြားဖူးပြီး Download လည်းလုပ်ဖူးတယ်ဆိုရင်တော့ Legacy IT သမားဖြစ်နေပြီ။

:::

TPB ဆိုတာ Digital Content (ဥပမာ Music ၊ Movie ၊ Software) တွေရှာပြီး Free Download လုပ်လို့ရတဲ့ Website တစ်ခုဖြစ်တယ်။ TPB ကို နိုင်ငံတကာအစိုးရအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေပေါင်းပြီး ဖြုတ်ချဖို့ကြိုးစားတာတောင် (လုံးဝ) ဖြုတ်ချလို့မရတဲ့ Website တစ်ခုဖြစ်တယ်။ TPB Website နှင့် သူထဲက Content တွေက Illegal တွေဖြစ်ပါတယ်။

:::

The Pirate Bay ဖြစ်ပေါ်လာခြင်း

:::

The Pirate Bay အကြောင်းပြောရင် Hacker Trio အကြောင်းက ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။ TPB Website ကို Fredrik Neij ၊ Gottfrid Svartholm နှင့် Peter Sunde ၃ ယောက်ပေါင်းပြီးတော့ ၂၀၀၃ ခုနှစ်မှာ စတင်အကောင်အထည်ဖေါ်ခဲ့ကြတယ်။ သူတို့ ၃ ယောက်စလုံးဟာ Swedish နိုင်ငံသား Hacker တွေဖြစ်ပြီးတော့ တစ်ယောက်ချင်းစီမှာရှိတဲ့ ကျွမ်းကျင်မှုတွေကလည်း မတူကြဘူး။ Gottfrid က Server Infra ပိုင်းနှင့် Coding ရေးတဲ့အပိုင်းကို တာဝန်ယူခဲ့တယ်၊ Fredrik က Tracker Protocol (BitTorrent) နှင့်သက်ဆိုင်တဲ့အပိုင်းကို တာဝန်ယူခဲ့တယ်။ Peter Sunde ကတော့ Public Relationsနဲ့ Ideology ပိုင်းကို တာဝန်ယူခဲ့တယ်။ ဒါကြောင့်ပဲ Internet ထဲမှာ TPB ကို တဖြည်းဖြည်းနဲ့ လူသိများလာခဲ့တယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ TPB ကို Swedish ရဲတပ်ဖွဲ့ ဝင်ဖမ်းတဲ့အချိန်မှာ Server တွေလည်း အသိမ်းခံခဲ့ရတယ်။ အဲ့ဒါကပဲ TPB အတွက် Turning Point တစ်ခုလို ဖြစ်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ အစပိုင်းမှာ TPB Server တွေကို Sweden က Data Center တစ်ခုမှာ Physical Server အနေနဲ့ထားတယ်။ အဲ့ဒီအချိန်တုန်းက Data Center တွေမှာ Infra နဲ့ Server ထားမယ့်နေရာပဲငှားတာမျိုးဖြစ်တယ်။ ရဲတွေဝင်စီးတော့ Data Center က Server တွေပါသိမ်းခံလိုက်ရတယ်။ ဒါပေမယ့် သူတို့မှာ (Off-Site) Backup လုပ်ထားတာတွေရှိတယ်။ ဒါကြောင့် Server အသိမ်းခံရပေမယ့် Netherlands မှာ Server အသစ်အမြန်ဝယ်ပြီးတော့ Backup တွေကို Restore ပြန်လုပ်ပြီး ၃ ရက်အတွင်းမှာ TPB Website ကို ချက်ခြင်းပဲ Launch လုပ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာ Infra ကို ပြန်ပြီးတော့ Design လုပ်ခဲ့တယ်။ Server တွေကိုလည်း အခြားနိုင်ငံတွေမှာပါ Hosting လုပ်ထားခဲ့ကြတယ်။ အခုဆိုရင်တော့ The Pirate Bay Ecosystem ထဲမှာ Virtual Server တွေဖြစ်နေနိုင်ပါတယ်။

:::

Torrent Technology

:::

Torrent System အကြောင်းကို နားလည်ရင် The Pirate Bay ဘာကြောင့် အခုထိ မပျက်တာလဲဆိုတာသိသွားမယ်။ တကယ်တော့ TPB ရဲ့ Architecture ပုံစံမှာ Website က Entry Point ဖြစ်ပြီးတော့ Files တွေကိုတော့ Fully Decentralized (P2P) ပုံစံနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ Hybrid Model လို့လည်းခေါ်လို့ရတယ်။​ Website ကို Ban လို့ရနိုင်ပေမယ့် File တွေကတော့ Torrent Technology ကြောင့် Decentralized ဖြစ်နေလို့ ပျက်မသွားဘူး။ File တွေက User တွေရဲ့ Computer တွေထဲမှာ ပြန်ကျဲပြီးတော့ ရှိနေတယ်။ Torrent File တစ်ဖိုင်ကို User တစ်ယောက် Download ဆွဲတဲ့အခါ အဲ့ဒီ File ရှိတဲ့ အခြား User တွေက ပြန်လည်မျှဝေတဲ့ပုံစံဖြစ်တယ်။ Download ဆွဲတဲ့ User ကို Leecher (File အပိုင်းလေးတွေကို ဆွဲယူသူ) လို့ခေါ်ပြီးတော့ File အပြည့်အစုံရှိပြီး အခြားသူကိုပြန်မျှဝေသူကိုတော့ Seeder လို့ခေါ်တယ်။ ကိုယ်က File Download ဆွဲပြီးသွားရင်တော့ Seeder ဖြစ်သွားပြီ။ ကိုယ့်စက်ထဲက File ကို အခြား Leecher တွေကို ပြန် Share ပေးသွားပါတယ်။ ဒါတွေအကုန်လုံးကို Torrent Client Application ကနေလုပ်ပေးပါတယ်။ Torrent မှာ User များလေ Seeder ပိုများလေဖြစ်လို့၊ Download ဆွဲရင်လည်း ပိုမြန်လေဖြစ်သွားတယ်။ အဲ့ဒါကြောင့် Peer-to-Peer (P2P) လို့ခေါ်တယ်။

File တွေက User တွေရဲ့စက်တွေထဲမှာ Decentralized ဖြစ်နေတာကို ဘယ်လိုမျိုးရှာလည်းဆိုတော့ TPB Server ထဲမှာရှိတဲ့ Tracker Protocol (Torrent File Index) ကိုသုံးပြီးရှာတယ်။ အခုနောက်ပိုင်းမှာတော့ Magnet Link တွေဖြစ်သွားတယ်။ အဲဒီ Link တွေက Network ထဲက P2P ချိတ်ထားတဲ့ Computer တွေကို DHT (Distributed Hash Table) အသုံးပြု တိုက်ရိုက်ရှာဖွေချိတ်ဆက်ပေးနိုင်တဲ့ Technology ဖြစ်သွားတယ်။ Torrent Technology ရဲ့ အားသာချက်က Decentralized ဖြစ်လို့ အလွယ်တကူ ဖျက်ဆီးလို့မရဘူး။ User တိုးလာတာနှင့်အမျှ Network ကပိုပြီးတော့ တောင့်တင်းလာတယ်။ ဒါကြောင့် အစိုးရတွေ Shutdown လုပ်ဖို့ ခက်သွားတယ်။ Bitcoin (Blockchain) ၊ Web3 နှင့် Distributed Systems ဆိုတာတွေကလည်း ဒီ Philosophy အပေါ်မှာအခြေခံပြီးတော့ တည်ဆောက်ထားတာတွေဖြစ်တယ်။

:::

Proxy Networks များဖြင့် ကျော်လွှားခြင်း

:::

နိုင်ငံတော်တော်များများက Internet Service Providers (ISP) တွေကို ဖိအားပေးပြီးတော့ TPB ရဲ့ Main Domain တွေကို Block လုပ်ကြတယ်။ ဒါပေမယ့် TPB က အဲ့ဒီအခြေအနေကို ကြိုတင်တွက်ဆထားတဲ့ Platform တစ်ခုဖြစ်တယ်။ Main Domain တစ်ခု ပိတ်ခံရတာနဲ့ System တစ်ခုလုံး ပျောက်သွားတာမျိုး မဟုတ်ဘူး။ User တွေဟာ Mirror Sites၊ Proxy URLs နှင့် Alternative Domains တွေကနေတစ်ဆင့် ဆက်ပြီးဝင်ရောက်နိုင်ကြတယ်။ အဲ့ဒီ Mirror နှင့် Proxy Site တချို့ကို Community နှင့် 3rd Party Operators တွေက Hosting လုပ်ပေးထားတာဖြစ်နိုင်တယ်။ ဒါ့အပြင် TPB မှာ Traffic Distribution၊ Reverse Proxy၊ Load Balancer၊ Multiple Servers နှင့် Failover Architecture လို နည်းပညာတွေကို အသုံးပြုထားတာကြောင့် Traffic အရမ်းများလာတာ၊ Server အချို့ Down သွားတာမျိုး ဖြစ်ခဲ့ရင်တောင် သူရဲ့ Service တစ်ခုလုံး ရုတ်တရက်ပျက်သွားတာမျိုး မဖြစ်အောင်လည်း သေချာတည်ဆောက်ထားတယ်။ Domain တွေကိုလည်း အမြဲပြောင်းလဲအသုံးပြုတတ်ပြီးတော့ တစ်နိုင်ငံမှာ Ban ခံရရင် သိပ်မကြာဘူး နောက် Domain တစ်ခုနဲ့ ပြန်ပေါ်လာတာမျိုး ဖြစ်တယ်။ TPB ရဲ့ အဓိကသော့ချက်က Automation Scripts (ဥပမာ Mirror Site Deploy) တွေပဲဖြစ်တယ်။ TPB ကို User တွေကလည်း VPN ၊ Tor နဲ့ Alternative Sites တွေသုံးပြီးတော့ Access လုပ်နေတုန်းပဲ။ အဲ့ဒါကြောင့်မို့ TPB ကို Internet Resilience ရဲ့ နမူနာတစ်ခုလို့ IT Field က လူတွေပြောကြလေ့ရှိတယ်။ TPB က Illegal ဆိုပေမယ့် Tech Evolution အတွက်တော့ Case Study တစ်ခုလို့ ပြောလို့ရတယ်။

:::

Founder တွေအဖမ်းခံရခြင်း

:::

TPB Founder ၃ ယောက်စလုံးက Hacker တွေလည်းဖြစ်သလို၊ Activists တွေလည်းဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ Mindset ထဲမှာ Information ဆိုတာ Free ဖြစ်ရမယ်။ Copyright ကို ဆန့်ကျင်တဲ့သူတွေလည်းဖြစ်တယ်။ ဘာလို့လည်းဆိုတော့ Company တွေက Content တွေကို Control လုပ်ပြီးတော့ Consumer တွေကို ဈေးကြီးကြီးနဲ့ လုပ်စားကြတယ်လို့မြင်တဲ့ အမြင်ကြောင့်ဖြစ်တယ်။ ၂၀၀၆ မှာစခဲ့တဲ့ သူတို့ Case မှာ အစိုးရနှင့် IT သမားတွေကြား ဥပဒေရေးရာ အားပြိုင်မှုက နှစ်နှင့်ချီပြီးတော့တောင် ကြာခဲ့တယ်။ သူတို့ ၃ ယောက်စလုံးဟာလည်း ဒီအမှုကို တရားရုံးမှာ အကြိတ်အနယ် ရင်ဆိုင်ခဲ့ပြီးတော့ အမှန်တကယ် ထောင်ကျခဲ့တဲ့အချိန်တွေကတော့ တစ်ယောက်နှင့် တစ်ယောက်မတူညီကြဘူး။ အဲ့ဒီနောက် US နဲ့ Hollywood ရဲ့ ဖိအားပေးမှုကြောင့် ၂၀၀၉ ခုနှစ် ဧပြီလမှာ ဆွီဒင်တရားရုံးကနေ The Pirate Bay ရဲ့ Founder ၃ ယောက်နှင့် ငွေကြေးထောက်ပံ့သူ တစ်ယောက်အပါ စုစုပေါင်း ၄ ယောက်ကို မူပိုင်ခွင့်ချိုးဖောက်မှု၊ အားပေးကူညီမှုနှင့် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ သူတို့ကို ထောင်ဒဏ် ၁ နှစ်စီနှင့် ဒဏ်ငွေ ဒေါ်လာ ၃.၅ သန်းခန့် ပေးဆောင်ဖို့ကို အမိန့်ချခဲ့တယ်။ ဒါပေမယ့် ဒါကို သူတို့က လက်မခံဘဲ အယူခံ (Appeal) ထပ်ဝင်ခဲ့တဲ့အတွက် ချက်ချင်း ထောင်ထဲမရောက်သွားခဲ့ဘူး။

၂၀၁၀ ခုနှစ်မှာတော့ အယူခံတရားရုံးက ထောင်ဒဏ်ကို လပိုင်းလောက် အနည်းငယ်လျှော့ပေးခဲ့ပေမယ့် ဒဏ်ကြေးငွေကိုတော့ ဒေါ်လာ ၆.၅ သန်းအထိ တိုးမြှင့်လိုက်တယ်။ ၂၀၁၂ ခုနှစ်မှာ Sweden တရားလွှတ်တော်ချုပ်က သူတို့ရဲ့အယူခံကို လက်မခံတော့ဘဲ ပလပ်လိုက်တဲ့အတွက် ထောင်ဒဏ်ကျခံဖို့ အတည်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် Founder ၃ ယောက်စလုံးက ထောင်ထဲကိုမဝင်ချင်လို့ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ ဒီလိုနဲ့ Interpol ရဲ့ အလိုရှိဆုံး စာရင်းထဲမှာ ပါသွားပြီးနောက် မတူညီတဲ့အချိန်၊ မတူညီတဲ့နေရာတွေမှာ အသီးသီး အဖမ်းခံခဲ့ရတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ပုန်းအောင်းနေတဲ့ Gottfrid ကို အစောဆုံး ဖမ်းမိခဲ့ပြီး Sweden ကို ပြန်ပို့ခံရတယ်။ သူကို TPB အမှုအပြင် တခြား Hacking အမှုတွေနှင့်ပါ စွဲချက်တင်ခဲ့တာကြောင့် ထောင်ဒဏ်တွေ ၃နှစ်‌‌ကျော် ဆက်တိုက်ကျခံခဲ့ရတယ်။ Peter ကတော့ ၂ နှစ်နီးပါး ထွက်ပြေးနေခဲ့ပြီး ၂၀၁၄ ခုနှစ် မေလမှာ Sweden နိုင်ငံတောင်ပိုင်းက ခြံတစ်ခြံမှာ ရဲတွေ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူကတော့ ထောင်ထဲမှာ ၅ လလောက်ပဲ နေခဲ့ရတယ်။ Fredrik ကတော့ အကြာဆုံး ထွက်ပြေးနိုင်ခဲ့သူဖြစ်တယ်။ သူက Asia နိုင်ငံတွေထဲမှာ လှည့်လည် ပုန်းအောင်းနေခဲ့ပြီးတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလရောက်မှ ထိုင်းနိုင်ငံနှင့် လာအို နယ်စပ်မှာ ထိုင်းလဝကရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး Sweden ကို လွှဲပြောင်းပေးခြင်းခံခဲ့ရပါတယ်။ သူလည်း ထောင်ထဲမှာ ၇ လလောက်သာ နေခဲ့ရတယ်။

Founder တွေထောင်က လွတ်လာပြီးတဲ့နောက်မှာတော့ သူတို့ဟာ The Pirate Bay နှင့် (လုံးဝ) အဆက်အသွယ်ဖြတ်လိုက်ပြီးတော့ တခြား Tech Project တွေနှင့် IT Security လုပ်ငန်းတွေကိုပဲ အာရုံစိုက်ပြီးတော့ လုပ်ကိုင်နေကြပါတယ်။ လက်ရှိ TPB Services တွေကို အဓိက မောင်းနှင်နေတာကတော့ ကမ္ဘာအနှံ့မှာရှိတဲ့ Anonymous Professional ‌နှင့် Community တွေပဲဖြစ်ပါတယ်။

:::

အနှစ်ချုပ်

:::

တကယ်တော့ TPB ရဲ့အကြောင်းက Cybersecurity နှင့် System Administration ကို လေ့လာနေသူတွေ၊ အထူးသဖြင့် System Architects တွေအတွက် အကောင်းဆုံး Case Study တစ်ခုလို့ပြောရင် မမှားဘူး။ Disaster Recovery (DR) Plan တစ်ခုကို ဘယ်လို အသက်ဝင်အောင် လုပ်ရမလဲဆိုတာနှင့် Fault Tolerance ကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာကို TPB ကနှစ် ၂၀ တိုင်တိုင် လက်တွေ့ ပြသခဲ့တာဖြစ်ပါတယ်။ System တစ်ခု တည်ဆောက်တဲ့အခါ Server တစ်ခု ပျက်သွားရင် ဘာဖြစ်မလဲ၊ ဆိုတာထက် Server တွေ အကုန်လုံး မရှိတော့ရင် System ကို ဘယ်လိုဆက်ပြီးအလုပ်လုပ်နိုင်မလဲဆိုတဲ့ အမြင်မျိုးနဲ့ Application တွေမှာ Single Point Of Failure (SPOF) မရှိအောင် ဘယ်လို တည်ဆောက်မလဲဆိုတာ စဉ်းစားတတ်ဖို့ အလွန်အရေးကြီးပါတယ်။



Ref:
Ernesto Van der Sar. (2026). The Pirate Bay Remains Resilient 20 Years After the Raid. TorrentFreak.

Address

Kawthaung
14091

Telephone

09252172689

Website

Alerts

Be the first to know and let us send you an email when Garfield Computer Sale and Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Garfield Computer Sale and Service:

Shortcuts

Share