အိုင်တီမုဆိုး

အိုင်တီမုဆိုး You can ask for help to me whenever you need help associated with information technology. I'm ready to share every knowledge aimed at fair and legal deeds.

Online ရေစီးကြောင်းတလျောက် ရောက်ချင်ရာရောက် ကူးခပ်နေမယ့်အစား ဘ၀နေထိုင်ရေးအထောက်အကူပြု နည်းပညာအချို့ကို မျှဝေပေးချင်သောဆန္ဒဖြင့် "အိုင်တိမုဆိုး" ဟူသော Page ကို တည်ထောင်ထားပါသည်။

21/07/2021

bitcoin 250$ ရောင်းပါမည်။
wave money တစ်မျိုးတည်းနှင့်သာ ငွေလွှဲလက်ခံနိုင်ပါသည်။

ပုံပြောပြမယ်💥💥💥💥💥တစ်ခါက မြို့နဲ့အတော်ဝေးတဲ့ ရွာငယ်လေးတစ်ရွာက မောင်ပိန် ဆိုတဲ့ လူတစ်ယောက်ဟာ သူ့သားတွေကို ရှင်ပြုပေးဖို့ အ...
23/06/2021

ပုံပြောပြမယ်
💥💥💥💥💥

တစ်ခါက မြို့နဲ့အတော်ဝေးတဲ့ ရွာငယ်လေးတစ်ရွာက မောင်ပိန် ဆိုတဲ့ လူတစ်ယောက်ဟာ သူ့သားတွေကို ရှင်ပြုပေးဖို့ အလှူပွဲအတွက် လိုအပ်တာတွေ ဝယ်ဖို့ မြို့ကို တက်လာတယ်တဲ့။

မြို့ကိုသွားမယ့် ကားကိုစီးဖို့ ကာလမ်းဆုံကိုရောက်အောင် ၄နာရီလောက် လမ်းလျှောက်ပြီးသွားရပါသတဲ့။

ဒီလိုနဲ့ မောင်ပိန်ဟာ သူ့ရွာကနေ ကားလမ်းဆုံရှိရာကို လမ်းလျှောက်လာရင်း ရွာစဉ်ခြားပြီး ဖြတ်သွားဖြတ်လာသိပ်နည်းတဲ့ တောတန်းလေးထဲအရောက်မှာ မျက်နှာကို ပုဆိုးတွေအုပ်ချည်ပြီးရုပ်ဖျက်ထားတဲ့ ဓားပြ ၈ ယောက်ဟာ ဓားရှည်ကိုယ်စီဝှေ့ယမ်းရင်း ခြုံကွယ်တစ်ခုဆီကနေ ရုတ်တရက်ထွက်လယပြီး မောင်ပိန် ကို ဝိုင်းထားလိုက်ကြပါလေရော။

သူ့ရွာမှာ လူရည်အလည်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကိုယ်ခံပညာလည်း တတ်ယောင်ကားလောက်လေ့လာထားတဲ့ မောင်ပိန်ကတော့ သူ့ကို ဓားပြတိုက်ပြီဆိုတာကို သဘောပေါက်လိုက်တာနဲ့ ကြည့်ဖူးသမျှ တရုတ်သိုင်းကား‌တွေထဲကမှတ်ထားဖူးတဲ့ တောဝက်သိုင်းကအစ အရိပ်ပျောက်လက်ညှိုးသိုင်းကွက်အဆုံး အတွင်းအားရှိသမျှ ထုတ်သုံးပြီး ဓားပြတွေကို တရစပ်ဖိုက်တင်ပလေး ပစ်လိုက်တာ အလစ်အငိုက်မိသွားတာလည်းတစ်ကြောင်း၊ မောင်ပိန်ကို လျှော့တွက်ထားမိလိုက်တာလည်းတစ်ကြောင်းဆိုတော့ ဓားပြ ၃ဦးလောက်ဟာ လဲကျသွားရာကနေ ချက်ချင်းပြန်ထမလာနိုင်ပဲ မြေပေါ်မှာ လူးလှိမ့်‌နေရတဲ့အထိ ခံစားသွားရပါရောတဲ့။

ဒီတော့မှ ကျန်တဲ့ ဓားပြ ၅ယောက်လောက်က သတိကြီးကြီးနဲ့ အပြင်းအထန် ဝိုင်းပြီး ညီညီညာညာ ပြန်တိုက်ခိုက်လိုက်တာ မောင်ပိန်ခင်ဗျာမှာ လက်နက်မဲ့နဲ့ တိုက်ခိုက်နေရတာကတစ်ကြောင်း၊ အင်အားချင်းမမျှတာကတစ်ကြောင်း၊ သူကိုယ်တိုင် ဂျက်လီမဟုတ်တာကတစ်ကြောင်း .. အဲဒီလိုတစ်ကြောင်းပေါင်းများစွာကြောင့် ဒဏ်ရာဗရပွနဲ့ အားမတန်လို့ မာန်လျှော့ အရှုံးပေးလိုက်ရရောပေါ့။

အောင်နိုင်သူဓားပြတွေဟာ ပါသမျှယူဖို့ မောင်ပိန်ရဲ့ တစ်ကိုယ်လုံးကို အသည်းအသန်ရှာလိုက်ကြတဲ့အခါ သိပ်ကို စိတ်ပျက်သွားကြပါသတဲ့။

ဘာကြောင့်လဲဆိုတော့ မောင်ပိန့်ဆီကရှာတွေ့သမျှက မောင်ပိန်ဝတ်ထားတဲ့ အနွေးထည်အဟောင်းလေးရဲ့ အိပ်ကပ်ထဲမှာထည့်ထားတဲ့ ကားခငွေ ၁၅၀၀ ကျပ်ပဲ ဖြစ်နေလို့ပါတဲ့။

ဒါနဲ့ ဓားပြခေါင်းဆောင်က အဲဒီကားခပိုက်‌ဆံလေးကိုယူ၊ အနွေးထည်အစုတ်ကိုလုံးထွေးပြီး မောင်ပိန်ရဲ့ မျက်နှာဆီကို ပစ်ပေါက်ပေးလိုက်ရင်း ပြောလိုက်တယ်တဲ့။

"ထွီ .... မင်းမို့လို့ ဒီလိုငွေလေး ၁၅၀၀ လောက်အတွက်နဲ့ ကိုယ်အသက်ကိုယ်မနှမြောပဲ ငါတို့ကို အသည်းအသန် ပြန်ချတယ်.. $ပိန်း တောသား"

ရွာမှာ အမြဲတမ်း ဖတ် (first) ဆိုတဲ့ မောင်ပိန်ဟာ သူ့ကို တောသား $ပိန်းလို့ပြောတာကို တော်တော်ကြီး မခံချမခံသာဖြစ်သွားပြီး ဓားပြတွေကို မချိပြုံးပြုံးရင်း ပြန်ပြောလိုက်တာက ..

"အေး ငါကမပိန်းဘူး $ဓားပြတွေရ ..
ဒီငွေလေးအတွက်နဲ့တော့ ဒီလောက်အားမထုတ်သင့်မှန်း ငါသိတာပေါ့ ငါကလူလည်ပဲ .. ဒါပေမယ့် ငါ့ကလေးတွေရဲ့ အလှူပွဲအတွက်ဝယ်ဖို့ ငါတစ်နှစ်လုံးအားသွန်ခွန်စိုက်နဲ့ စုဆောင်းထားတဲ့ ပိုက်ဆံ ၃သိန်းက ဟောဒီအနွေးထည်ရဲ့ အတွင်းဂွမ်းသားတွေကြားမှာ သေသေခြာခြာ ထည့်ညှပ်ချုပ်ပြီး ဝှက်ထားတာဟ .. ကဲ .. မင်းတို့ကပိန်းသလား ငါငပိန်းသလား မင်းတို့ဉာဏ်မှီသလောက် တွေးကြည့်လိုက်စမ်းပါဦး .. ငါလူလည်ဟ မင်းတို့မသေမချင်းမှတ်ထား ...."

ပုံပြင်ကတော့ ဒါပါပဲ ..
တစ်လက်ဆိုတစ်လက်၊ တစ်ယောက်ဆိုတစ်ယောက် ဒီအချိန်မှာ သိပ်ကိုအဖိုးတန်လွန်းပါတယ်။
တစ်လက်ပဲအသိမ်းခံလိုက်ရသည်ဖြစ်စေ၊ တစ်ယောက်ပဲ ကျ သွားသည်ဖြစ်စေ ရင်ဘတ်တစ်ခုလုံးပူလောင်ပြီး၊ လည်ချောင်းတစ်လျောက်လုံးဆို့လာပြီး မျက်လုံးတစ်စုံလုံး အက်ဆစ်မိုးတွေရွာသလို ပါပဲ ..
နာကျင်ကြေကွဲရပါတယ်၊ နှမြောတသဖြစ်ရပါတယ်။
ဒါကြောင့် .. မောင်ပိန် လိုတော့ လူလည် မလုပ်ကျဖို့ တောင်းပန်ပါတယ်။

လေးစားယုံကြည်လျက်
အိုင်တီမုဆိုး

တိုက်ပွဲဝင်သူရဲကောင်းများအတွက်🌟🌟🌟🌟🌟🌟🌟🌟🌟🌟🔴American 🇺🇸 ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ နိုင်ငံခြားရေးဝန်ကြီး Anthony Bli...
16/03/2021

တိုက်ပွဲဝင်သူရဲကောင်းများအတွက်
🌟🌟🌟🌟🌟🌟🌟🌟🌟🌟

🔴American 🇺🇸 ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken တို့ရဲ့ ပထမဆုံး လေးရက်တာ အာရှခရီးစဉ် စပြီတဲ့။

ဒီခရီးစဉ်မှာ US တပ်များ တပ်စွဲရန်အတွက် မဟာမိတ်နိုင်ငံတွေ ကုန်ကျစရိတ်မျှခံဖို့ သဘောတူညီချက်တွေ ယူမှာ ဖြစ်ပါတယ်တဲ့။

မတ် ၁၅, ၁၆ မှာ Japan 🇯🇵
မတ် ၁ရ မှာ Korea 🇰🇷
မတ် ၁၈ မှာ India 🇮🇳 နိုင်ငံများကို သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

မတ် ၁၈ မှာပဲ Anthony Blinken က US ကို ပြန်လာပြီး သူနဲ့ လုံခြုံရေးအရာရှိ Jake Sullivan တို့နှစ်ယောက်ဟာ တရုတ် 🇨🇳 ကွန်မြူနစ်ပါတီ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် အမေရိကန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ တွေ့ဆုံပွဲဖြစ်ပါတယ်။
〰〰〰〰〰〰〰〰〰〰〰
🔴 QUAD alliance လေးနိုင်ငံ + ပြင်သစ် 🇫🇷 ငါးနိုင်ငံပေါင်း ရေတပ်အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ "စစ်ရေးလေ့ကျင့်မှု" လာရောက်ပြုလုပ်မယ် ဆိုပြီး QUAD အဖွဲ့ဝင် ဖြစ်တဲ့ India က ကြေငြာလိုက်ပါတယ်။
😼
〰〰〰〰〰〰〰〰〰〰〰
🔴 တိုင်းပြည်အခြေအနေ ဘယ်လောက်ဆိုးဝါးနေသလဲဆိုတာ အပေါ်မူတည်ပြီး R2P နဲ့အရေးယူဖို့လိုမလို စောင့်ကြည့်ပြီး အဆင့်သတ်မှတ်ပေးရတဲ့ အမေရိကန်အဖွဲ့ Global Center for Responsibility to Protect က ဒီနေ့မှာ သတင်းထုတ်လိုက်ပါတယ်။

"ကျွန်ုပ်တ်ို့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ပြီး မြန်မာနိုင်ငံက်ို Current crisis အဆင့်ထဲ ထည့်လိုက်ပါတယ်" တဲ့

Current crisis ဆိုတာ အနီရောင် 🔴အဆင့်ဖြစ်ပြီး ချက်ချင်းအရေးယူလို့ရတဲ့ အဆင့်ဖြစ်ပါတယ်။ သူ့အောက်မှာ လိမ္မော်ရောင် 🟠အဆင့်နဲ့ အဝါရောင် 🟡 အဆင့်ရှိပြီး အဲဒီအဆင့်တွေကတော့ စောင့်ကြည့်တဲ့ အဆင့်နဲ့ စိုးရိမ်တဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။
〰〰〰〰〰〰〰〰〰〰〰
စဉ်းစားကြည့်ရင် ဒီသတင်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ 😼

https://www.globalr2p.org/
https://www.globalr2p.org/countries/myanmar-burma/

Crd
Ref: CNBC, The times of India, GCR2P, DW
PHOTO CREDIT

အင်တာနက်ထိန်းချုပ်မှု တတိယနေ့ အတွင်း အပြောင်းအလဲများ**********၁။ google service ဆိုင်ရာတော်တော်များများ ( အားလုံးနီးပါး)...
17/02/2021

အင်တာနက်ထိန်းချုပ်မှု တတိယနေ့ အတွင်း အပြောင်းအလဲများ
**********
၁။ google service ဆိုင်ရာတော်တော်များများ ( အားလုံးနီးပါး) ပိတ်ဆို့လိုက်ပါပြီ။
အဲဒီပိတ်ဆို့မှုရဲ့ ဆိုးကျိုးအဖြစ်

👽google framework တွေနဲ့ run ရတဲ့ ကဏ္ဍ‌အားလုံးနီးပါး error တွေတက်ကုန်ပါမယ်။
ချက်ချင်းဆုံးရှူံးမှုကြုံရမှာကတော့ mail အဝင်အထွက်တွေ၊ microsoft office အကောင့်တွေစတာတွေနဲ့ စာရင်းအင်း အပြန်အလှန်ပေးပို့ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာ email နဲ့အတူ Attached လုပ်ပြီးပို့လာတဲ့ sheet တွေ ပုံတွေကို Save ဖို့ Download ကိုနှိပ်လိုက်ပေမယ့် လုံးဝသက်ရောက်မှုမရှိတော့ပဲ Download ယူလို့ မရတော့တာတွေ၊ network ဆိုင်ရာ အခြားသောပြဿနာမျိုးစုံ ချက်ချင်းကြုံလာပါမယ်။
🌟အဲဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိင်ဖို့ကတော့ ကွန်ပျူတာသုံး vpn ဆော့ဝဲတစ်ခုခုကို install လုပ်ပြီး သုံးရင်သုံး ဒါမှမဟုတ် browser အတွက် vpn extension တစ်ခုခုသွင်းပြီး သုံးရင်သုံး ဒီနှစ်လမ်းက အမြန်ဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကွန်ပျူတာရဲ့ proxy တွေ dns တွေကို ပြောင်းလဲပြီး သုံးလို့ရနိုင်ပေမယ့် ၂၄နာရီပြည့်အောင်တောင် အဆင်ပြေနိုင်ခြေနည်းပါတယ်။

😈ဒီလိုအခြေအနေမျိုးမှာဆိုရင်
wave money အကောင့် ခဏခဏဖွင့်ဖွင့်စစ်ကြည့်နေမျိတာ့တာပါပဲ

🌟google service ကို ပိတ်ဆို့ခံရခြင်းကြောင့် ကြုံတွေ့လာရမယ့် ပြဿနာတွေနဲ့ error တွေအများကြီးမို့ နည်းနည်းချင်းပဲ ရေးတင်ပေးသွားပါ့မယ်။
လောလောဆည် wave money ,အကောင့်ဖွင့်ကြည့်ပြီး အကြိုးအကြောင်းလေး ပြန် မန့်ပေးကြပါဦး

လေးစားလျကအိုင္တီ မုဆိုး

15/01/2021

အင်တာနက်မှာ အပျော်တမ်းငွေရှာနည်း အပိုင်း (၁)
💲💲💲💲💲💲💲💲💲
အပျော်တမ်းအဆင့်မို့ စီးပွားဖြစ်အဆင့်လေ့လာလိုသူများ ဒီအပျော်တမ်းအဆင့်ပြီးဆုံးတဲ့အထိ သည်းခံပြီး စောင့်စိုင်းကျော်ခွပေးသွားကြဖို့ ကြိုတင်မေတ္တာရပ်ခံအပ်ပ့တယ်။

ဒီဗွီဒီယိုဖိုင်လေးကနေစပြီး အင်တာနက်မှာ ဝင်ငွေရှာဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်အလက်တွေကို တစ်ဆင့်ချင်းစီ အပိုင်းလိုက် အပိုင်းလိုက်နဲ့ လက်တွေ့လုပ်ပြသွားမှာဖြစ်ပြီး ဒီအပျော်တမ်းငွေရှာခြင်းခေါင်းစဉ်အောက်က ဗွီဒီယိုတွေ ပို့စ်တွေအတိုင်း သေသေချာချာလေ့လာပြီး တစ်ဆင့်မကျန်လုပ်ပြီးသွားပြီဆိုရင်တော့ အင်တာနက်ကနေ ဝင်ငွေအချို့ကိုရှာဖွေစုဆောင်းပြီး မြန်မာငွေအဖြစ် ကိုယ့်ဆီရောက်လာအောင်လုပ်နိုင်တဲ့ နည်းပညာအခန်းအကန့်လေးတစ်ခုကို အမှန်တကယ် တတ်မြောက်သွားပါလိမ့်မယ်။
လူတွေအိပ်ချိန်မှ recording လုပ်ရတာမို့ အသံမကြားရလို့ရယ် ဗွီဒီယိုထဲကလက်တွေ့လုပ်ပြတာကို မရှင်းမလင်းဖြစ်သွားတာမျိုးတွေရှိလာခဲ့ရင် messanger ကနေ လာရောက်မေးမြန်းနိုင်ပါတယ်။
ဆကယ်လို့ ကျွန်တော့်ရဲ့ နည်းပညာအားနည်းမှုကြောင့် မှားယွင်းလုပ်ဆောင်ပြမိလိုက်တဲ့အချက်တွေရှိလာခဲ့ရင်လည်း ပညာရှင်ညီအစ်ကိုများအနေနဲ့ နားလည်ပေးပြီး လာရောက်ထောက်ပြသင်ကြားပေးကြပါလို့ ပြောပါရစေ။
နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားချစ်ခင်လျက်
အိုင်တီ မုဆိုး

PS: ဒီဗီဒီယိုဖိုင်ကို အကြည်ဒေါင်းယူချင်သူတွေယူနိုင်ဖို့ ဒီပို့စ်ရဲ့ အောက်က comment ထဲမှာ Download Link ထည့်ပေးထားပါတယ် ဒေါင်းအားများလို့ လင့်သေသွားရင် အားတဲ့အချိန်ထပ်တင်ပေးတာကိုစောင့်ပေးပါ မစောင့်နိုင်လို့ စိတ်အချဉ်ပေါက်ပြီး လာဆဲရင် ဘယ်အချိန် ဘယ်နေရာမှာတွေ့တွေ့ မမေ့မလျော့ ဓားနဲ့ထိုးဖြစ်အောင်ထိုးမှာပါ (ဤကားအဆဲမခံချင်၍ လူရှိန်အောင်ကြိုတင်ဖြဲထားခြင်းပေတည်း :D =>

page နှင့်ပါတ်သက်ပြီး မေးလေ့ရှိသောမေးခွန်းများအတွက် အိုင်တီမုဆိုး ၏ အဖြေ***************************************...
09/01/2021

page နှင့်ပါတ်သက်ပြီး မေးလေ့ရှိသောမေးခွန်းများအတွက် အိုင်တီမုဆိုး ၏ အဖြေ
***********************************************************

1. ကြိုတင်ပြုလုပ်ထားပြီးသား Like and Follower အရေအတွက် အတိုင်းအတာတစ်ခုခုထိရှိနေပြီးသား Page တစ်ခုကို ဝယ်ယူသင့်ပါသလား?
=> မဝယ်သင့်ပါဘူး .. ကိုယ်ရောင်းမယ့် Product ၊ ကိုယ်ပစ်မှတ်ထားမယ့် ကျား၊မ၊အသက်အရွယ်၊နေရာဒေသ စတာတွေကို သေချာပြင်ဆင်ပြီးမှ ဖွင့်တဲ့ Page မျိုးကိုသာဝယ်ယူသင့် ( အသုံးပြုသင့်ပါတယ်)

2. page ဖွင့်ပြီး ကိုယ့်ကုန်ပစ္စည်းတွေကို ရောင်းမယ်ဆိုရင် Local မှာထက်ရောင်းရပါသလား?
=> ဟုတ်ကဲ့ တကယ်ရောင်းရအောင်လုပ်ရင် ရောင်းရပါတယ်။

3. အမှန်တကယ် အရောင်းသွက်တဲ့ Page တစ်ခုဖြစ်ဖို့ ဘယ်အချက်တွေ လိုအပ်ပါသလဲ?
=> လိုအပ်တာတွေအများကြီးထဲကမှ မဖြစ်မနေ လိုအပ်တဲ့ အချက်အနည်းငယ်ကို ပြောပြပါ့မယ် .. ကျွန်တော်ပြောတဲ့အချက်တွေစုံရင် ဝင်ငွေရတဲ့ Page တစ်ခု သေချာပေါက်ဖြစ်လာပါလိမ့်မယ်။

ကုန်ပစ္စည်းတွေကို Online ကနေ တွင်တွင်ကျယ်ကျယ်ရောင်းရတဲ့ page တစ်ခုဖြစ်ဖို့ အနည်းဆုံး T သုံးလုံး ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
အဲဒီ T သုံးလုံးကတော့ ..

၁။ Trends ( ခေတ်ရေစီးကြောင်း)
မိမိတင်ရောင်းမယ့် ကုန်ပစ္စည်းဟာ ခေတ် (အချိန်အခေါနဲ့အညီ) အသုံးတည့်တဲ့ ပစ္စည်းမျိုးဖြစ်ရပါမယ်။ ဥပမာ .. အခုလို ကိုဗစ်ကာလမှာ သင့်အနေနဲ့ ခရီးသွားလက်မှတ်လို product မျိုးကို တင်ရောင်းသင့်လား နေအိမ်တွင်းအသုံးပြုနိုင်တဲ့ စိတ်အပန်းဖြေစရာကုန်ပစ္စည်း တစ်မျိုးမျိုး ( ကာရာအိုကေစက်အသေးစား၊ ဂိမ်းစက် စတာမျိုးတွေ) ကို တင်ရောင်းသင့်သလား မှန်မှန်ကန်ကန်သုံးသပ်ပြီးရောင်းချတဲ့ Trends ဖြစ်တဲ့ ကုန်ပစ္စည်းမျိုးဖြစ်ရပါမယ်။

၂။ Trust ( ယုံကြည်မှု)
ဒါကတော့ သိပ်အရေးပါပါတယ်။ သင့် Page ဟာ Online အသုံးပြုသူတွေကြားမှာ ယုံကြည်စရာကောင်းတဲ့ အရောင်း Page တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရမှ Online ကနေ သင့်ကုန်ပစ္စည်းကို မျက်နှာလွှဲမှာယူရဲကြမှာဖြစ်ပါတယ်။
အဲဒီလို Online အသုံးပြုသူတွေရဲံ ယုံကြည်မှုကို ရရှိဖို့အတွက်
သင့် Page ဟာ Like အရေအတွက် အနည်းဆုံး 3000 ကနေ 5000 လောက်အထိ မဖြစ်မနေ ရှိထားသင့်ပါတယ်။ ( Like and follower အရေအတွက်ဆိုတာ များလေပိုကောင်းလေပါပဲ .. ဒါပေမယ့် အနည်းဆုံး Like အရေအတွက် 3000 နဲ့အထက်ကျမှ Page တွေမှာ Online ကနေ ဝယ်ယူတာတွေ စတင်လေ့ရှိတာကို သတိထားမိလို့ အနည်းဆုံး Like 3000 လို့ အတွေ့အကြုံကို Sharing လုပ်ပေးတာပါ)
(Trust အတွက် လုပ်ယူလို့ရတဲ့ အခြားသောနည်းလမ်းတွေအများကြီးရှိပေမယ့် အမြန်ဆုံးနည်းဖြစ်တဲ့ Page Like အရေအတွက်တစ်ခုကိုပဲ ညျွန်းလိုက်တာကို ပညာရှင်များ နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါရစေ)

# # #ဒီနေရာမှာ ကျွန်တော့်ကြော်ငြာ ဝင်ခွင့်ပြုပါ။ :D

Page like လိုနေတဲ့ Page တွေကို Page Promote Service ပေးပါတယ်။
Page Like အနည်းဆုံး ၁၀၀၀ ကို မြန်မာငွေ ၅၀၀၀၀ ကျပ်နဲ့ ၃ ရက်အတွင်း Page like 1000 ရအောင် Service ပေးပါတယ်။ ( တစ်ရက်တည်းနဲ့လည်း ရပေမယ့် တစ်ခါတစ်ခါ 1300 .. 1400 စသည်ဖြင့် ရတတ်တာမျိုးတွေကြုံဖူးလို့ Page like 1000 စာ ကို ကျွန်တော်က သုံးရက်ခွဲပြီး လုပ်လေ့ရှိလို့ပါ)
ကျွန်တော့်ထက်ပိုပြီးများအောင် လုပ်ပေးနိုင်တဲ့ Boosting Service သမားတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အာမခံတာကတော့ ကျွန်တော် Promote လုပ်ပေးလိုက်လို့ ရလာတဲ့ Page like တစ်ခုတိုင်းဟာ အဲဒီ Page က Target ထားတဲ့ နယ်မြေဒေသတွေက ကျား၊ မ၊ အသက်အရွယ်၊ စိတ်ဝင်စားစားမှု စတဲ့ အချက်အလက်တွေအားလုံးနဲ့ ပြည့်စုံတဲ့ ဖောက်သည်ဖြစ်ဖို့ အလားအလာအများဆုံးသော အကောင့်ပိုင်ရှင်တွေရဲ့ Like တွေသာဖြစ်ရပါစေ့မယ်။ ကျွန်တော်ကိုယ်တိုင်ဖွင့်ထားတဲ့ fake account ပေါင်း ၁၀၀၀ ရဲ့ Like တွေ မဖြစ်စေရပါဘူး ...
စိတ်ဝင်စားလို့ Service အပ်ချင်ရင် 09400429950 ကို ဆက်သွယ်ပါ။ အဲဒါ အိုင်တီမုဆိုး ဆိုတဲ့ ခပ်ချောချောကော်ယီးရဲ့ တစ်ခုတည်းသော ဖုန်းနံပါတ်လည်းဖြစ်ပါတယ်။ :P
# # # # # # # # # # # # # # # # # # #
ဆက်သွားကြဦးစို့ ...

နောက်ဆုံး T တစ်လုံးကတော့

၃။ Transportation (သယ်ယူပို့ဆောင်ရေး)

မိမိ Page ကတင်ရောင်းတဲ့ Product ကို အမှန်တကယ် တင်ပို့ပေးစရာ လမ်းကြောင်းရှိတဲ့ နယ်မြေ့ဒေသတွေကိုပဲ Target ထားပြီး ရောင်းချရမယ် ..

ဉပမာ ... မိမိရောင်းမှာက လေမျိုး (၈၀) လျက်ဆား၊ မိမိ Targhet ထားတာက အမေရိကန်နိုင်ငံ ဆိုတာမျိုးဖြစ်နေရင် အဲဒီ Page မှာ Like သန်းချီပြီး ရကောင်းရလာပါလိမ့်မယ် ( ရယ်ရလို့) လျက်ဆားတစ်ထုပ်တောင် ရောင်းရဖို့ မဖြစ်နိုင်ပါဘူး ... တိုင်းရင်းဆေးကို အမေရိကန်နိုင်ငံထဲကို သယ်ပို့ဖို့ဆိုတာ လွယ်ကူတာမှမဟုတ်ပဲလေ ...

ကဲ ... မေးထားတာတွေကတော့ အများကြီးဗျာ ... တကယ် စေ့စေ့စပ်စပ်ဖြေမယ်ဆိုရင်လည်း တကယ်တခဏလေးနဲ့ မပြီးနိုင်ပါဘူး ...

အနှစ်ချုပ်ရရင် ... page ထောင်ပြီး ကုန်ပစ္စည်း တကယ်ရောင်းရချင်တယ်ဆိုရင် Page Like အရေအတွက် ကို အမြန်ဆုံးနဲ့ အဓိကအချက်အဖြစ် ပိုင်ဆိုင်အောင်လုပ်ပါ။ .. Page like ၃၀၀၀ ကျော်လာတာနဲ့ Online ကနေ ဝယ်ယူမှုတွေ စတင်လာပါလိမ့်မယ် ...

Page Like ကို အမြန်ဆုံး ရချင်တယ်ဆိုရင် 09400429950 ကို ဆက်သွယ်ပြီး အိုင်တီမုဆိုး ကို Promote Service အပ်ချင်အပ်၊ မအပ်ချင်လည်းအပ်ပါ။ :P

ဒါပါပဲ ...
သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျက်
အိုင်တီမုဆိုး

ကဲ သူငယ်ချင်းတစ်ယောက်ရဲ့ page ပါipad mini 2 လုံး မဲဖောက်ပေးမှာပါအချိန်မီပါသေးတယ်Try ကြည့်ကြပါဦစ
31/12/2020

ကဲ
သူငယ်ချင်းတစ်ယောက်ရဲ့ page ပါ
ipad mini 2 လုံး မဲဖောက်ပေးမှာပါ
အချိန်မီပါသေးတယ်
Try ကြည့်ကြပါဦစ

k Page ပိုင်ရှင် Admin များကို ရည်ရွယ်ပါသည်**************************************************Hacking နဲ့ပါတ်သက်တဲ့ ဘာသာရ...
30/12/2020

k Page ပိုင်ရှင် Admin များကို ရည်ရွယ်ပါသည်
**************************************************
Hacking နဲ့ပါတ်သက်တဲ့ ဘာသာရပ်တွေ၊ နည်းလမ်းတွေ
မရေမတွက်နိုင်အောင်ရှိနေသလိုပဲ အသစ်အသစ်သော
နည်းလမ်းတွေ ယိုပေါက်တွေကလည်း ဒုနဲ့ဒေးပါပဲ။
ဒီပို့စ်ကိုနားလည်နိုင်ဖို့အတွက် မဖြစ်မနေနားလည်ထားသင့်တဲ့
Phishing Method ဆိုတဲ့ Log in Page အတုကိုသုံးပြီး အကောင့်ဟက်တဲ့
နည်းလမ်း (hacking လောကမှာတော့ ငါးများတာလို့ ခေါ်ပါတယ်) ကို အကြမ်းဖျဉ်းလေး အရင်ပြောပြပါ့မယ်။
facebook အကောင့်ထဲကို email or phone နဲ့ Password ဆိုတဲ့
အကွက် ၂ ကွက်မှာ ထည့်စရာရှိတာထည့်ပြီး Log in ဆိုတဲ့ အပြာရောင်
ခလုတ်လေးကိုနှိပ်ပြီး အကောင့်ထဲကို ဝင်တဲ့အလုပ်ကိုတော့ အားလုံးနီးပါး
ကြုံဖူးကြမှာပါ ....
တကယ်လို့သာ သင်ထည့်လိုက်တဲ့ email or phone အကွက်ထဲက gmail သို့မဟုတ် ဖုန်းနံပါတ်နဲ့ password အကွက်မှာထည့်လိုက်တဲ့ password ကို အခြားတစ်ယောက်ယောက်ကများ မြင်သိမှတ်မိသွားပြီး တခြားစက်ခုခုကနေ Facebook ကိုဖွင့်ပြီး Log in ဝင်ရမယ့်နေရာမှာ သင့်ရဲ့ ဖုန်းနံပါတ် သို့မဟုတ် gmail နဲ့ သင့်ရဲ့ Password ကို ထည့်ပြီး Log in ကိုနှိပ်လိုက်ရင်
သင့်ကို ဘယ်လောက်အထိ ထိခိုက်နစ်နာစေမယ့်ကိစ္စတွေအထိ ဖြစ်သွားနိုင်မယ်လို့ တွေးမိပါသလဲ။
သိပ်ပြီး ကြီးကြီးကျယ်ကျယ် ထိခိုက်နစ်နာစရာမရှိပါဘူး လို တော်တော်များများက ထင်နေကြမှာပါ။
တကယ်တော့ ဟက်ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ရဲ့ထိခိုက်နစ်နာမှုဟာ ဟက်သွားတဲ့ ဟက်ကာရဲ့ ဉာဏ်အရည်အသွေးနဲ့ နည်းပညာကျွမ်းကျင်မှုအဆင့်အတန်းပေါ်မူတည်ပြီး ဟက်ကာရဲ့ဆန္ဒရှိသလောက် အကောင့်ပိုင်ရှင်ရဲ့နစ်နာမှု ကြီးသွားနိုင်ပါတယ်။ (မယုံဘူး .. ဟုတ်တယ်ဟုတ် ? )
(ကဲ ... သဘောတရားလေးတစ်ခု ချပြပါ့မယ်။ ကိုယ့်ရဲ့အကောင့်တစ်ခုရဲ့ ကိုယ့်ဘဝအပေါ် လွှမ်းမိုးနိုင်စွမ်းကို သိစေချင်လို့ပါ။ မကောင်းတဲ့ဖက်မှာ ဒီပုံစံမျိုးလုံးဝမသုံးမိဖို့ မေတ္တာရပ်ခံပါရစေ။)
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ မောင်ဖြူစင်ဆိုတဲ့ လူတစ်ယောက်ရဲ့ Facebook အကောင့်ကို ဖီးနစ်နတ်သား ဆိုတဲ့ ဟက်ကာက ဟက်လိုက်နိုင်တယ်ဆိုပါတော့ ...
ဟက်ကာက မောင်ဖြူစင်ရဲ့အကောင့်ကနေပြီး သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့
တည်နေရာလေးတွေကို Public လေးနဲ့တင်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ လူမိုက်အဖွဲ့ (ဂိုဏ်းစတား) တွေမှန်သမျှကို ပို့စ်တင်ပြီး ဆဲရေးတိုင်းထွာပြီး စိန်ခေါ်တာမျိုး ... ထိုင်းလူမျိုးဆိုတာဘာညာဆိုပြီး ထိုင်းနိုင်ငံသားတွေကို ခံရခက်စေတဲ့ ပို့စ်မျိုးတွေကို ရေးတင်လိုက်တယ်ဆိုပါစို့ ...
နောက်ဆက်တွဲပြသနာကို သင့်ဖာသာပဲ စဉ်းစားကြည့်ပါ ...
တစ်ခါတစ်ခါ ကိုယ့်မှန်ကြောင်းရှင်းပြခွင့်မပေးပဲ ကိုယ့်ဆီမှာပဲဒေါသတွေဖြည်ချပစ်မယ်ဆိုတဲ့ လူတွေနဲ့ကြုံတွေ့ရပြီဆိုရင် သေသွားတာထက်နာကျင်ရတဲ့ ဒဏ်ရာတွေကို ပိုင်ဆိုင်ရတတ်ပါတယ်။
ကဲ .. ထားပါတော့ ... သင့် အကောင့်ရဲ့ password ကို သင်မပြောပဲသိနိုင်တဲ့နည်းလမ်းတွေ အများကြီးထဲကမှ Phishing Method အလုပ်လုပ်ပုံ စကြစို့ ...
အရင်ဆုံး သိထားဖို့လိုအပ်တာက အားလုံးမြင်တွေ့နေရတဲ့ အင်တာနက်က
စာတွေ၊ ပုံတွေ၊ ဗွီဒီယိုတွေ .. အားလုံးနီးပါးကို ကုဒ်တွေနဲ့ ခိုင်းထားတာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။
email or phone အကွက်နဲ့ Passwrod အကွက် တွေပါတဲ့ Log in page နဲ့
ပုံစံတူ Log in page တစ်ခုကို အလွယ်တကူတည်ဆောက်လို့ရပါတယ် ..
အဲဒီ Log in page အတုကို သင့်ဆီပို့ပြီး သင်က Facebook အကောင့်ကို ဝင်ရမယ်အထင်နဲ့ အဲဒီ Log in page အတုထဲက email or phone အကွက် နဲ့ Password အကွက်မှာ သင့်အကောင့်ရဲ့ အချက်အလက်တွေထည့်ပြီး Log in ဆိုတာလေးကို နှိပ်လိုက်တယ်ပေါ့ဗျာ။
# Log in page အစစ်ရဲ့ Log in ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ရင် အဲဒီခလုတ်ရဲ့နောက်က ကုဒ်တွေက ဇူကာဘတ်ကြီးတို့အဖွဲ့ဆီကို သင့်ရဲ့ email နဲ့ password ကို ပို့ပြီးစစ်ဆေးခိုင်းပါတယ်။
# #သင့်အကောင့်ကိုဟက်ဖို့ ရည်ရွယ်ချက်နဲ့ သင့်ဆီပို့လိုက်တဲ့ Facebook Log in page အတုမှာပါတဲ့ Log in ခလုတ်ကိုနှိပ်လိုက်ရင်တော့ အဲဒီခလုတ်ရဲ့နောက်က ကုဒ်တွေက ဟက်ကာစောင့်ကြည့်နေတဲ့ စာရွက်ဖိုင်လေးထဲမှာ သွားပေါ်အောင် ပို့ပေးလိုက်ပါတယ်။
ဒါဆို Pishing method အလုပ်လုပ်ပုံကို အပေါ်ယံသဘော နားလည်လောက်ပါပြီ။
သင့်အကောင့်ရဲ့ အချက်အလက်တွေကို ရေးထည့်လိုက်လောက်တဲ့အထိ
သင့်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့အတွက်တော့ ဟက်ကာရဲ့ ဉာဏ်ရည်ဉာဏ်သွေးပေါ်မူတည်ပြီး ပုံစံမျိုးစုံရှိနေကြပါတယ်။
အခုပို့စ်ထဲက ပုံမှာပြထားတာကတော့ Facebook ရဲ့ လုံခြုံရေးအဖွဲ့ page ပုံစံမျိုး ဖန်တီးပြီး အဲဒီ Page ကနေ Facebook Log in Page အတုရဲ့ လင့်ကို ထည့်ပြီး အကောင့်ပိုင်ရှင်ကို စိုးရိမ်စေမယ်စာမျိုးတွေနဲ့ ပို့လိုက်တာပါ ...
အဲဒီထဲမှာပါလာတဲ့ လင့်ကိုနှိပ်လိုက်ရင် Facebook Log in ဝင်တဲ့နေရာနဲ့ လုံးဝတူတဲ့ Web Page ပွင့်လာမှာဖြစ်ပါတယ် ...
Like အရေအတွက်များတဲ့ Page တွေကို Like အရေအတွက် များရင်များသလို
သူ့ဈေးနှုန်းနဲ့သူ ပြန်ရောင်းလို့လည်း ရသလို ... ရောင်းအားကောင်းတဲ့ Page မျိုးကိုဟက်ပြီး ငွေလွှဲခိုင်းပြီး ပစ္စည်းမပို့ပဲ ဘန်းပစ်လိုက်တာမျိုးလည်း လုပ်နေကြတာတွေရှိပါတယ် ..
အထက်မှာပြောခဲ့တဲ့ နည်းနဲ့ ဟက်ခံထိသွားတဲ့ Page တော်တော်များများ ရှိနေပါပြီ ...
သတိထားနိုင်အောင်လို့ ပြောပြတာပါ ..
သတိလက်လွတ်ဖြစ်ခဲ့ရင်တော့ အတ္တာဟိ အတ္တနော နာထော ပါခင်ဗျား
သင်တို့ရဲ့ချောပြီးရင်းချောနေတဲ့ ကော်ယီး
အိုင္တီမုဆိုး
(Ps .. စိတ်လေးနည်းနည်းမဟုတ်ချင်လို့ အရွှတ်အနောက်တွေနဲ့ ကွကိုယ် ဖြေသိမ့်နေရလိုဗျာ .. မရိုမသေလုပ်တယ်မထင်ကြပါနဲ့ )

13/04/2020

ဒီပို့စ်ထဲမှာပါတဲ့ ဖုန်းနံပါတ်
09797744156 နဲ့ 09261282701 တွေကိုငွေလွဲပြီး လိမ်ခံထိထားတဲ့သူတွေရှိရင် အချက်အလက်လေးတွေလာရောက်ပြောပြပေးနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1629175367287289&id=100005845238030

COVID-19 နဲ့ပ့တ်သက်ပြီးအထောက်အကူပြုမယ့် apk လေးတစ်ခုShare ပေးလိုက်ပါတယ်CareTogether  Page ရဲ့ app လေးပါ(၁) မဖြစ်မနေ အလုပ...
28/03/2020

COVID-19 နဲ့ပ့တ်သက်ပြီး
အထောက်အကူပြုမယ့် apk လေးတစ်ခု
Share ပေးလိုက်ပါတယ်
CareTogether Page ရဲ့ app လေးပါ

(၁) မဖြစ်မနေ အလုပ်သွားအလုပ်ပြန် ဘတ်စ်ကား/ရထား စီးရသူတွေအတွက်

(၂) အခြေခံလူတန်းစားတွေကို မှန်ကန်တဲ့ ကြေငြာချက်နဲ့ကျန်းမာရေး အသိပေးဖို့အတွက်

(၃) ရောဂါလက္ခဏာ အတည်ပြုချက်ရှိခဲ့သူတွေနဲ့ တွေ့ဆုံခဲ့ခြင်း ရှိ/မရှိ သိရှိနိုင်ဖို့ အတွက်...

ဒီ Application ကို ပြုလုပ်ခဲ့ပါတယ်

Za Information Technology Company Ltd. က ုDevelop
လုပ်ခဲ့တာ ဖြစ်ပါတယ်

apk အောက်ကလင့် 2 ခုအနက်က အဆင်ပြေတဲ့လင့်မှာ Download ရယူပြီး ဖုန်းထဲမှာ install လုပ်ပြီး အသုံးပြနိုင်ပါတယ်။
ဘာကြော်ငြာ၊ ဘာ ads မှ လည်း မတက်ပါဘူး

http://www.mediafire.com/file/hen0psh4uegvd1y/CareTogether1.1_Release_27_3_20.apk/file

https://drive.google.com/file/d/1gnjLSKKfnPUzGiIC8XOIggYpCd2dDu0E/view?usp=drivesdk

သူငယ်ချင်းအားလုံးကို လေးစားလျက်

အိုင်တီမုဆိုး

Address

Quarter 7
Katha
50401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400429950

Alerts

Be the first to know and let us send you an email when အိုင်တီမုဆိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အိုင်တီမုဆိုး:

Share

Category