06/09/2026
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကွန်ပျူတာတွေ ပြင်တတ်နိုင်ဖို့ ဒီလိုမှတ်စုလေးတွေ လုပ်ခဲ့ရတယ်။
ကျွန်တော် ၂၀၀၀ နောက်ပိုင်းကစပြီး ကွန်ပျူတာနဲ့ ပတ်သက်တာတွေ ၊ Network ချိတ်ဆက်တာတွေ အကုန်လုံးကို စာအုပ်တွေဖတ်ပြီး လေ့လာခဲ့တယ်၊ လိုက်လုပ်ကြည့်တယ်၊ ပြီးရင် အခုလိုတွေ note ထုတ်ထားတယ်။
ကျွန်တော်တို့ခေတ်က သင်တန်းတွေဆိုတာကလဲ သိပ်မရှိသေး ၊ ကိုယ်ကလဲ မတတ်နိုင်တော့ စာအုပ်ရယ် ၊ အတွေ့အကြုံတွေရယ်ကနေ သင်ယူရတာပဲ။
Computer Sale & Service လုပ်ငန်းကို ကျွန်တော် ၁၀ နှစ်ကျော်လောက် လုပ်ခဲ့တယ်၊ လုပ်နေရင်းနဲ့ 7 IT Store ကို စဖွင့်တယ်၊ အခု ဒီ L2E သင်တန်းစတိုးကိုပါ စတည်ထောင်ပြီးမှပဲ Service အလုပ်တွေကို ရပ်နားခဲ့တယ်။
ကျွန်တော့်မှာ Service အလုပ်ကနေ အနားယူမဲ့ အစီအစဉ်က ရှိတာဆိုတော့
🔹 ကျွန်တော်တတ်ထားတဲ့ပညာတွေ ၊
🔹 Error ရှင်းနည်းတွေ၊
🔹 ကွန်ပျူတာ၊ လပ်တော့ ရောင်းဝယ်နည်းတွေ ၊
🔹 Customer တွေနဲ့ ပြောဆိုဆက်ဆံနည်းတွေ ၊
🔹 ယုံကြည်စိတ်ချရတဲ့ ဆိုင်တွေ Resourse တွေ စသဖြင့်
🔹 ဆယ်စုနှစ်တစ်ခုထက်ပိုတဲ့အတွေ့အကြုံတွေကို အလဟဿမဖြစ်ရအောင် သင်တန်းအဖြစ် ဖန်တီးဖို့ အကြံရလာတယ်။
အဲတာကြောင့် ကျွန်တော်က Covid ကာလမှာ Parker Walbeck တို့ရဲ့ Full Time Filmmaker သင်တန်း သင်ခန်းစာပေါင်း Video Lesson ပေါင်း ၅၀၀ ကျော်ကို ပြီးတဲ့အထိ ကြည့်၊ သေချာလေ့လာ ၊ ရိုက်ကူးရေးပစ္စည်းတွေဝယ်ပြီး ကျွန်တော့်သင်တန်းကို Video Class အဖြစ် စတင်ရိုက်ကူးပါတယ်။
ကျွန်တော် ၂၀၂၂ လောက်က စတင်ရိုက်ကူးခဲ့တာ တစ်နှစ်လောက်ကို ကြာသွားပါတယ်။ ကြာရတဲ့အကြောင်းအရင်းကလဲ ကွန်ပျူတာပစ္စည်းအကုန်လုံးကို သေချာဆင် ၊ ရိုက်ပြ ၊ အပြင်သင်တန်းထက် ပိုပြီးပြည့်စုံအောင် ရိုက်ကူး ၊ သင်တန်းတက်တဲ့သူတွေ မပျင်းရအောင် Editing တွေ သေချာလုပ်ရလို့ ကြာသွားတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ဆယ်စုနှစ်တစ်ခုစာ Computer Sale & Service အတွေ့အကြုံတွေကိုတော့ L2E သင်တန်းစတိုးမှာ Video Class အနေနဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သင်တန်းကြေးကိုလဲ ၂၀၀,၀၀၀ ကျပ်ပဲ သတ်မှတ်ထားပါတယ်။
Computer Sale & Service ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုချင်တဲ့ ညီငယ်တွေရှိရင်လဲ ဒီသင်တန်းကို လေ့လာပြီး လိုအပ်တာတွေကို ကျွန်တော့်ဆီမှာ လာတိုင်ပင်လို့ရပါတယ်။
🎓 L2E သင်တန်းစတိုး – ကိုယ်စတင်ချင်တဲ့ Skill Journey အတွက် တကယ်အထောက်အကူဖြစ်မဲ့နေရာ!
Learning to Earning , Unlock Opportunities.