Errors Go

Errors Go Door to Door Computer service , Software Hub ,

Motherboard အကြောင်း သိကောင်းစရာ👇================================Motherboard ဆိုတာ Computer တလုံးရဲ့ အခြေခံ လိုအပ်ချက်တွ...
19/07/2022

Motherboard အကြောင်း သိကောင်းစရာ👇
================================
Motherboard ဆိုတာ Computer တလုံးရဲ့ အခြေခံ လိုအပ်ချက်တွေထဲမှာ အရေးကြီးဆုံး ကဏ္ဍတစ်ခုအနေနဲ့ ပါ၀င်ပါတယ်။
Motherboard သည် Computer မှာ ရှိသည့် မတူခွဲပြားတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြသော CPU (Central Processing Unit), RAM (Random Access Memory), ROM (Read-only Memory) နှင့် GPU (Graphic Processing Unit) စသည်တို့ကို တခုနှင့်တခု အပေးအယူမျှမျှ ချိတ်ဆက်ပြီး ဆက်သွယ်ပေးပါသည်။ Motherboard ကို အမျိုးမျိုး ခေါ်ဆိုကြပါသည်။ Main Circuit Board, System Board, Based Board စသည်ဖြင့် ခေါ်ဆိုကြပါသည်။ Motherboard တွင် အဓိက ပါ၀င်သော Connectors များနှင့် Slots များကို အောက်ပါအတိုင်း ဖော်ပြပေးသွားပါ့မယ်။
၁။ 20/24 Pin Power Connector: Motherboard ကို Power ပေးတဲ့ အခါမှာ အသုံးပြုရန် ဖြစ်ပါတယ်။ Board အမျိုးအစားပေါ် မူတည်ပြီး Pin Number ကွဲလဲမူရှိနိုင်ပါတယ်။
၂။ 4 pin power connector: CPU ကို Power ရရှိစေဖို့ အတွက် 4 pin power connector မှ ထောက်ပံ့ပေးပါတယ်။ CPU ကို တနည်းအားဖြင့် The Heart of the Computer လို့လည်း ခေါ်ပါတယ်။
၃။ IDE Connector: Hard Disk (HDD) ဆီသို့ Data သယ်ဆောင်တဲ့ အခါမှာ အသုံးပြုပါသည်။ ယနေ့ခေတ်မှတော့ IDE cable ကို အသုံးနည်းသွားပါပြီ။
၄။ SATA Connector: Hard disk (HDD) ဆီသို့ Data သယ်ဆောင်တဲ့ အခါမှာ သုံးပါတယ်။ IDE အစား SATA ကြိုးများကို ယနေ့ခေတ်တွင် တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ SATA Cable များသည် IDE Cable များထက် ပိုပီး ကျစ်လစ်ပီး တပ်ဆင်ရလွယ်ကူပါတယ်။
၅။ CMOS Backup Battery: CMOS battery ကတော့ NVRAM နှင့် Real Time Clock (RTC) ကို ထောက်ပံ့ပေးပါတယ်။
၆။ Integrated Graphic Processor: ၎င်းသည် Motherboard မှာ Build-in ပါလာတဲ့ GPU တခုဖြစ်ပါတယ်။ သာမန်ကြည့်မယ်ဆိုရင် မမြင်ရပါဘူး။ ဘာကြောင့်လဲ ဆိုလျှင် Heat Sink ကာထားလို့ဖြစ်ပါတယ်။
၇။ PCI slot: ယင်း slot မှာ အဓိကအားဖြင့် video card, sound card and network card အစရှိသဖြင့် အသုံးပြုနိုင်ပါသည်။ Slot ပေါက်ပါတဲ့ပေါ်မူတည်ပြီး ထပ်တိုးစိုက်လို့ရပါတယ်။
၈။ Connect for integrated peripheral: USB port တွေ network port တွေ VGA Port တွေနှင့် PS2 Port တွေ အစရှိသဖြင့် ပါ၀င်ပါတယ်။
၉။ CPU Socket: ၎င်း Socket တွင် CPU တပ်ဆင်အသုံးပြုရန် ဖြစ်ပါတယ်။ CPU တခုမှာ ပါ၀င်တဲ့ Pin အရေအတွက်ပေါ် မူတည်ပီး Motherboard ကို လည်း CPU Pin အရေအတွက်နှင့် ကိုက်ညီအောင် ရွေးချယ်ရပါမယ်။ ဒါ့အပြင် ကိုယ် အသုံးပြုမယ့် cpu chipset ကို Motherboard က support လုပ် မလုပ် ကြည့်ပီး ရွေးချယ် အသုံးပြုရန် လိုအပ်ပါတယ်။
၁၀။ CPU Fan Connector: ၎င်းကတော့ CPU Fan ကို ပါဝါပေးရန်အတွက် အသုံးပြုရန်ဖြစ်ပါတယ်။ CPU သည် Computer ရဲ့ Brain တခုပဲဖြစ်ပါတယ်။ ထို့ကြောင့် အလွန်ပူသောကြောင့် သူ့ကို အေးနေစေဖို့ လိုအပ်ပါတယ်။
၁၁။ DIMM Memory Slot: ယင်းကတော့ RAM စိုက်ဖို့အတွက် အသုံးပြုရန် ဖြစ်ပါတယ်။ ၎င်းကတော့ Motherboard အမျိုးအစားပေါ်မူတည်ပီး slot အနေအထားပြောင်းလဲနိုင်ပါတယ်။ DDR, DDR2, DDR3, DDR4 အစရှိသဖြင့် DDR အမျိုးအစားပေါ် မူတည်ပြီး Slot Type လည်း ပြောင်းလဲသွားနိုင်ပါတယ်။
Motherboard ဆိုတာ-
🗼BIOS
🗼RAM
🗼Input Port
🗼Output Port
🗼CPU စတဲ့လျှပ်စီး
လမ်းကြောင်းတွေအများကြီးပါဝင်ပြီး Computer မှာအဓိကကျတဲ့အပြားကြီးပေါ့.....။Motherboard ကို ထုတ်လုပ်တဲ့ Company တွေလည်းအများကြီးရှိတယ်ဗျ။
✌Motherboard မှာ
-AT (Advanced Technology) နှင့်
-ATX (Advanced Technology Extension) ဆိုပြီး (၂) မျိုးရှိတယ်ဗျ...။
Main Power Connector ကိုကြည့်ပြီး AT နှင့် ATX ခွဲတယ်ဗျ။ Main Power Connector ဆိုတာ Motherboard ကြီးတစ်ခုလုံးကို ပါဝါပေးတဲ့ Connector ရှိတဲ့ နေရာပါ။
✴Main Power Connector ခေါင်းပေါက်ဟာ
👉12 (or) 6+6 ဆိုရင် ( AT Motherboard )
👉20 (or) 24 ဆိုရင် ( ATX Motherboard )
ဒီနေ့ခေတ်မှာတော့ ATX ပဲထွက်တော့တယ်။ AT မထွက်တော့ပါဘူး။
👼 Motherboard ဟာများပြားလှတဲ့ Port တွေ ကြိုးမျှင်တွေရှိတဲ့အတွက်
(1)Internal Feature နှင့်
(2) External Feature ဆိုပြီး (2) ပိုင်းခြားထားတယ်ဗျ...။
(1)External Feature မှာကျနော်တို့ ကွန်ပျူတာမှာ သုံးတဲ့ Device တွေ လာတပ်ဖို့ အပေါက်တွေ ပါပါတယ်... ကွန်ပျူတာ System ပုံးရဲ့ အနောက်ကနေကြည့်ရင် ကြိုးတွေထိုးတဲ့ အပေါက်တွေရှိတဲ့ နေရာကို External Feature လို့ ခေါ်ဆိုပါတယ်။
✴PS2 Port (Personal System 2)
✴Parallel Port
✴Serial Port
✴Ethernet Port
✴VGA Port (Video Graphic Array)
✴Audio Port
✴USB Port (Universal Serial Bus)
စတဲ့ Port တွေပါတယ်ဗျ...။
👉Port ဆိုတာ ကွန်ပျူတာမှာ အသုံးပြုတဲ့ Device တွေ လာရောက်ချိတ်ဆက်နိုင်ဖို့ သုံးတဲ့ အပေါက်တွေကို ပြောတာပါ။
(2)Internal Feature မှာ-
✴CPU Socket
✴Chipsets
✴Disk Device Connector
✴Memory Slot /Module
✴Expansion Slot စတဲ့ဟာတွေပါတယ်ဗျ...။
crd*
Myanmar ICT guide
Source: Triple K

11/07/2022

Windows' automatic update
ပိတ်ထားသင့်လားဖွင့်ထားသင့်သလား.. ?
ဖွင့်ထားရင်ဘာတွေကောင်းလဲ?
ဘယ်အခြေနေတွေမှာမဖွင့်ထားသင့်ဘူးလဲ?

windows update ကို Automatic သော်လည်းကောင်း manually သော်လည်းကောင်း install လုပ်လို့ရပါတယ် ဒါမှမဟုတ်ပိတ်ထားလို့လည်းရပါတယ်

ပထမဆုံးအနေနဲ့ autoupdate ဖွင့်ထားခြင်း သို့မဟုတ် manually ပုံမှန်လုပ်ပေးခြင်း ဖြင့် သင့်ကွန်ပြူတာမှ window defender ကို window update ကတစ်ပါတည်း update လုပ်ပေးသွားမှာဖြစ်လို့ ပုံမှန်ထက်ပိုပြီး virus ကူးစက်နိုင်ခြေနည်းသွားပါမယ်..

ဒါအပြင် autoupdate on ထားခြင်းဖြင့် window က update ဖြစ်တဲ့ .net framework definition များ နှင့် အခြားသော OS patch များကိုပါ Update လုပ်ပေးသွားမှာ ဖြစ်လို့ သင့် computer ဟာ သုံးရတာကိုပြီး အဆင်ပြေချောမွေ့လာ ( up to date ) ဖြစ်လာပါလိမ့်မယ်..

ခုနောက်ပိုင်းတွေမှာဆို လိုအပ်တဲ့ Driver တွေကိုပါ install လုပ်ပေးသွားတာဖြစ်လို့ driver တွေကိုတကူးတကရှာစရာမလိုတော့ပါဘူး

သတိထားရမှာတစ်ခုက windows installation လုပ်ထားတဲ့ partition size ပါ
windows update ကို တောက်လျှောက်လုပ်လာတာနဲ့အမျှ windows တင်ထားတဲ့ partition ဟာ storage ပြည့်လာပြီး စက်​တဖြည်းဖြည်းနဲ့နှေးကွေးလာနိုင်ပါတယ်..
Window တင်ထားတဲ့ partition ဟာ 75% ထက်ပိုပြီးပြည့်မနေသင့်ပါဘူး

နောက်တစ်ချက်က windows activation ပါ
Window update လုပ်ခြင်းဖြင့် window တင်မက ပဲ
microsoft product များ(Cracked versionများ ) ပါ License ညှိသွားနိုင်ပါတယ် ကိုယ်က Genuine Windows တွေ Softwares တွေသုံးထားရင် တော့ ပူစရာမလိုဘူး ပေါ့

နောက် disadvantage တစ်ခုကတော့ အခု Video မှာမြင်တဲ့အတိုင်းပါပဲ
autoupdate လုပ်ပြီး restart သော်လည်းကောင်း shutdown သော်လည်းကောင်း လုပ်တဲ့အခါမှာ ခုလို အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတတ်ပါတယ် တစ်ခါတစ်ရံမှာတော့ ရိုးရိုး shutdown or restart လုပ်မလား update and restart လုပ်မလားဆိုပြီးမေးတတ်ပါတယ် အချိန်မရရင် ရိုးရိုး restart or shutdown သာလုပ်ပါ အခြေနေအရ မိုးပါလင်းသွားနိုင်ပါတယ် 🥴

ဒီလောက်ဆိုရင် window update နဲ့ပတ်သက်ပြီး သိသင့်သလောက် နားလည်ပြီလို့ မျှော်လင့်ပါတယ် အားလုံးကျေးဇူးပါ..

အဆင်ပြေမယ်ဆို Like and share လေးများဖြင့်ကူညီကြပါဦး

Here for Services..

https://www.facebook.com/106706732097480/photos/a.114462634655223/114462584655228/?type=3

30/06/2022

Send a message to learn more

Address

Aung Myay Tar Si Street
Kamayut

Alerts

Be the first to know and let us send you an email when Errors Go posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Errors Go:

Share