Recovery Tech

Recovery Tech Welcome to Our Recovery Tech Computer Repair Service!

09/02/2026

Outline VPN Private Key များကို ယခု Viber Link တွင်ဝယ်ယူလို့ရပါတယ် ခမျာ💯💯✅

✨လှည်းတန်းစင်တာ နဲ့ ဇေယျာသီရိလမ်း အနီးတစ်ဝိုက်က Laptop များနှင့် Iphone&Andriod ဖုန်းများပြုပြင် ၊ ပြင်ဆင်ချင်တဲ့ချစ်Cus...
05/09/2024

✨လှည်းတန်းစင်တာ နဲ့ ဇေယျာသီရိလမ်း အနီးတစ်ဝိုက်က Laptop များနှင့် Iphone&Andriod ဖုန်းများပြုပြင် ၊ ပြင်ဆင်ချင်တဲ့ချစ်Customerများ နီးနီးနားနား service ယူဆောင်ဖို့ “ဇေယျာသီရိလမ်း နှင့် ခိုင်ရွှေဝါလမ်းထောင့် က The Unique Condo ရဲ့ 3လွှာ အခန်း(H) မှာ WH Mobile and Laptops ဆိုင်ရှိတယ်နော် ။ ရုံးသုံး ကျောင်းသုံးSoftwareအပြင် လိုအပ်တဲ့ Software များကိုလည်း Free ထည့်ပေးနေပါပြီဗျ။ ✨

🙏🏻🙏🏻Service နဲ့ ပတ်သက်ပီး ချစ်သော Customer များ၏ Phone & Laptop များကို ကျွန်တော်တို့ရဲ့ ဆိုင်မှာ ယုံကြည်စိတ်ချစွာ လာရောက် service ပြနိုင်ပါသည်။🙏🏻🙏🏻

💥Iphone & Android phone service များကိုလဲ စိတ်တိုင်းကျ ပြုပြင်ဆောင်ရွတ်ပေးနေပါပြီ💥

⏩All fine,Or seal,Mint Condition
အသစ်နီးပါးသန့်တဲ့ အလုံးများကို
အာမခံ အပြည့် နဲ့ ရောင်းချပေးပါတယ်ခင်ဗျ

⏩ အရစ်ကျဖြင့်လည်း ဝယ်ယူအားပေးနိုင်ပါပြီ။
မဟာဘောဂ အရစ်ကျဝယ်ယူမှုနှင့်ပတ်သက်၍ 📱09880874440ထံသို့ အသေးစိတ်ဆက်
သွယ်မေးမြန်းနိုင်ပါသည်။

⏩ AYA Pay,K Pay Mobile Banking များဖြင့်လည်းပေးချေ နိုင်ပါသည်။
⏩ အသစ်တင်တိုင်းသိအောင် page လေးကိုလည်း like ထားပေးပါဦးခင်ဗျ။

🏘️🛣️ဆိုင်လိပ်စာလေးက တော့ ကမာရွတ်မြို့နယ် ခိုင်ရွှေဝါလမ်းနှငိ့ ဇေယျာသီရိ လမ်းကြား The Unique Condo , အမှတ် (79) 3 လွှာ အခန်း (H) ဖြစ်ပါတယ်။

Google map location လေးကတော့ -
https://maps.app.goo.gl/K1nRqQHzvZ8WFgix5?g_st=com.google.maps.preview.copy

📱 WH Mobile and Laptop 📱
📞- 09775657763, 09799846465,09794288862

✅‼️ကျွန်တော်တို့ Recovery Tech ရဲ့ နောက်ထပ် Service တစ်ခုအနေနဲ့ လူကြီးမင်းတို့နေ့စဥ်အသုံးပြုနေတဲ့ iPhone မှာ ဘယ်လို Erro...
01/08/2024

✅‼️ကျွန်တော်တို့ Recovery Tech ရဲ့ နောက်ထပ် Service တစ်ခုအနေနဲ့ လူကြီးမင်းတို့နေ့စဥ်အသုံးပြုနေတဲ့ iPhone မှာ ဘယ်လို Error မျိုးပဲရှိရှိ ကျွန်တော်တို့ Recovery Tech က အားလုံးတာဝန်ယူဖြေရှင်းပေးနိုင်ပါတယ်။


📋 ဝန်ဆောင်မှုများ

• iPhone/iPad Original LCD လဲလှယ်ခြင်း
• iPhone Glass Only (အပေါ်မှန်သီးသန့်) လဲလှယ်ခြင်း
• iPhone Back Glass လဲလှယ်ခြင်း
• iPhone/iPad Battery လဲလှယ်ခြင်း (6 Month Warranty)
• Face ID ပြင်ခြင်း
• Rear Camera လဲလှယ်ခြင်း
• Charger Port / Hand Free / Mic လဲလှယ်ခြင်း
• Sensor / Front Camera / Earpiece / Power Key / Volume Key / Silent Key / Flash Light / Mic / Speaker / Vibrate / Home Key / Finger Print လဲလှယ်ခြင်း
• iTunes တန်းခြင်း၊ Password မေ့ခြင်း၊ Version Update လုပ်ပြီး Logo မှာတင်ရပ်ခြင်း
• Software ရေးခြင်း၊ Network Lock (Official/R-Sim) ဖြေခြင်း


📱 iPhone/iPad Original LCD လဲလှယ်စျေးနှုန်းများ

• iPhone 6: 84,000 Ks
• iPhone 6 Plus: 130,000 Ks
• iPhone 6S: 130,000 Ks
• iPhone 6S Plus: 150,000 Ks
• iPhone 7: 130,000 Ks
• iPhone 7 Plus: 160,000 Ks
• iPhone 8: 150,000 Ks
• iPhone 8 Plus/ SE2: 170,000 Ks
• iPhone X: 330,000 Ks
• iPhone XS: 350,000 Ks
• iPhone XR: 230,000 Ks
• iPhone XS Max: 480,000 Ks
• iPhone 11: 340,000 Ks
• iPhone 11 Pro: 440,000 Ks
• iPhone 11 Pro Max: 500,000 Ks
• iPhone 12: 650,000 Ks
• iPhone 12 Pro: 700,000 Ks
• iPhone 12 Pro Max: 900,000 Ks
• iPhone 13: 850,000 Ks
• iPhone 13 Pro: 1,400,000 Ks
• iPhone 13 Pro Max: 1,600,000 Ks

📲 Touch+ LCD (Class A) လဲလှယ်စျေးနှုန်းများ

• iPhone 6: 69,000 Ks
• iPhone 6 Plus: 99,000 Ks
• iPhone 6S: 99,000 Ks
• iPhone 6S Plus: 110,000 Ks
• iPhone 7: 99,000 Ks
• iPhone 7 Plus: 130,000 Ks
• iPhone 8: 110,000 Ks
• iPhone 8 Plus/SE2: 130,000 Ks
• iPhone X: 250,000 Ks
• iPhone XS: 270,000 Ks
• iPhone XR: 180,000 Ks
• iPhone XS Max: 330,000 Ks
• iPhone 11: 260,000 Ks
• iPhone 11 Pro: 340,000 Ks
• iPhone 11 Pro Max: 400,000 Ks
• iPhone 12: 450,000 Ks
• iPhone 12 Pro: 500,000 Ks
• iPhone 12 Pro Max: 670,000 Ks
• iPhone 13: 630,000 Ks

🔋 iPhone Battery လဲလှယ်စျေးနှုန်းများ

• iPhone 6: 38,000 Ks
• iPhone 6 Plus: 45,000 Ks
• iPhone 6s: 45,000 Ks
• iPhone 6s Plus: 45,000 Ks
• iPhone 7: 48,000 Ks
• iPhone 7 Plus: 65,000 Ks
• iPhone 8: 59,000 Ks
• iPhone 8 Plus SE2: 68,000 Ks
• iPhone X: 70,000 Ks
• iPhone XR: 85,000 Ks
• iPhone XS: 85,000 Ks
• iPhone XS Max: 85,000 Ks
• iPhone 11: 90,000 Ks
• iPhone 11 Pro: 95,000 Ks
• iPhone 11 Pro Max: 120,000 Ks
• iPhone 12: 100,000 Ks
• iPhone 12 Pro: 110,000 Ks
• iPhone 12 Pro Max: 130,000 Ks
• iPhone 13: 120,000 Ks
• iPhone 13 Pro: 150,000 Ks
• iPhone 13 Pro Max: 200,000 Ks


***အထက်ဖော်ပြပါ စျေးနှုန်းများမှာ ငွေကြေး Rate ပေါ်မူတည်ပြီး အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါသည်ခင်ဗျ။🙏🙏🙏


📣 ဖုန်းနဲ့ပတ်သတ်ပြီးရှိနေရတဲ့ အခက်အခဲများအားလုံးကို Recovery Tech မှာ လာရောက်ဖြေရှင်းလိုက်ပါ။
�👉 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့်လည်း မေးမြန်းစုံစမ်းလို့ရပါသည်။

📍 ဆိုင်လိပ်စာ လေးကတော့ -
�🏡 The Unique Condo, အမှတ်(79), 3လွှာ, အခန်းနံပါတ် - H�ခိုင်ရွှေဝါလမ်း နှင့် ဇေယျာသီရီ လမ်းကြား ,ကမာရွတ်မြို့နယ်။

Telegram link လေးကိုလည်း Subscribe လုပ်ပေးထားဖို့ မေတ္တာရပ်ခံအပ်ပါသည်။

https://t.me/recoverytech08

📱🧑‍💻iPhone/Android Phone/Macbook နဲ့ Laptop တွေကို မျက်မြင်လာရောက်ဝယ်ယူ အားပေးချင်ရင်တော့
ကျွန်တော်တို့ရဲ့ WH Mobile and Laptop Page မှာ လာရောက်အားပေးနိုင်ပါတယ်။Page link လေးမှာအောက်ပါအတိုင်းဖြစ်ပါသည်။👇🏻

💥 WH Mobile and Laptop 💥

Telegram link လေးကိုလည်း Subscribe လုပ်ပေးထားဖို့ မေတ္တာရပ်ခံအပ်ပါသည်။

https://t.me/whmobile

☎️ Contact Us: 09970262302 / 09-444465929 / 09799846465�⏰ Open Daily: 09:00AM to 06:00PM

Bottleneck ဆိုတာဘာလဲ ဘာကြောင့်ဂရု့စိုက်သင့်လဲ ??========================== Computer တစ်လုံးမှာရှိတဲ့ Component တွေအကုန်လ...
01/07/2024

Bottleneck ဆိုတာဘာလဲ ဘာကြောင့်ဂရု့စိုက်သင့်လဲ ??
==========================
Computer တစ်လုံးမှာရှိတဲ့ Component တွေအကုန်လုံးက တူတူ တွဲပြီးအလုပ်မလုပ်နိုင်ကြပါဖူး။
Compatible မဖြစ်ကြပါဖူး။ ဒါပေမဲ့ အဲ့ Compatible မဖြစ်တဲ့ % ကို နည်းနိုင်သမျှ နည်းအောင် ဆင်ကြပါတယ်။ ဒါမှသာ ကျနော်တို့ ကုန်ကျထားတဲ့ ပိုက်ဆံ ရင်းနှီးထားတဲ့ ပိုက်ဆံနဲ့တန်တဲ့ Performance ကိုပြန်ရမှာပါ။
Bottleneck ဆိုတာ ဥပမာ ကျွန်တော်တို့သုံးထားတဲ့ CPU နဲ့ GPU ကောင်းကောင်းတွဲပြီးအလုပ်လုပ်သလား
မလုပ်ဖူးလားဆိုတာ တိုင်းတာလို့ရပါတယ်။ Compuer တစ်လုံးမှာ Bottleneck ဆိုတာရှိကိုရှိပါတယ်။
အဲ့ဒါက 10% ထက်ကျော်နေရင် မကောင်းပါဖူး။........
Bottleneck များရင်ဘာဖြစ်သလဲ?
---------------------------------
Bottleneck က GPU performance နဲ့ CPU performance မညီတဲ့အခါမျိုးမှာ ပိုနေတဲ့ Core တွေအလုပ်မလုပ်ဖြစ်တဲ့ Process တွေပေါ့။ ရေခွက်တစ်ခွက်ထဲမှာ ရေအပြည့်ရှိလို့ ရေပုံးထဲထည့်လိုက်လဲ ဒီ Amount က ဒီ amount ပဲ
ရေပုံးထဲက ပိုနေတဲ့ နေရာလွတ်က Bottleneck ပေါ့။
Intel i3 လေးနဲ့ 2080ti တွဲသုံးရင် i3 က ရေခွက်လေးဖြစ်ပြီး 2080ti က ရေပုံးဖြစ်နေမှာပါ။
Game မှာတင်မဟုတ်ဖူး။ CPU နဲ့ GPU တွဲလုပ်တဲ့ အလုပ်တွေမှာဆိုလဲ Performance လိုနေတတ်ပါတယ်။
2080ti ရဲ့ Performance တစ်ဝက်လောက်က CPU မနိုင်လို့အလုပ်မလုပ်ဖူးဆိုရင် သူ့ကိုပေးထားတဲ့ဈေးနဲ့မတန်တော့တဲ့အပြင်ကို ပစ္စည်းရဲ့ Performance အပြည့်လဲမရဖြစ်ပါတယ်။.....
Bottleneck ကိုဘယ်လိုတွက်မလဲ
--------------------------------
Bottleneck calculator တွေအများကြီးပါ။ နာမည်ကြီးပြီး သုံးရလွယ်တဲ့ကောင်လေးတစ်ခု့ပြောပြပါရစေ။
PC-builds ဆိုတဲ့ website ကလုပ်ထားပေးတာပါ။ CPU ရွေး GPU ရွေး RAM ရွေးပြီးရင် တွက်လို့ရပါပြီ။

သိထားသင့်သော Memory အကြောင်း▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄၁။ ကျနော်တို့ ဒီနေ့ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ Practical A+ သင်...
20/06/2024

သိထားသင့်သော Memory အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ ကျနော်တို့ ဒီနေ့ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ Practical A+ သင်ခန်းစာထဲမှ တစ်ခုဖြစ်တဲ့ Memory အကြောင်းကို ဖြစ်ပါတယ်။ Memory ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် မှတ်ဥာဏ်လို့ ပြောလို့ရပါတယ်။ Memory ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အချက်အလက် (Data) တွေကို သိမ်းဆည်းတာပေ့ါဗျာ။ တနည်းအားဖြင့် သိုလှောင်ထားတယ်ပေါ့။ ဘိုလို ပြောရင်တော့ Data Store လုပ်တယ်ပေ့ါ။
၂။ ကျနော်တို့ ပတ်၀န်းကျင်မှာ Memory အကြောင်းကို မကြာခဏ ပြောလေ့ ရှိပါတယ်။ မင်းဖုန်း Memory ဘယ်လောက်လဲတို့၊ မင်း ကွန်ပြုတာမှာ Memory ဘယ်လောက်ပါလဲ ဆိုပြီး ပြောလေ့ ရှိပါတယ်။ တကယ်တော့ Memory က အဲ့လောက် မရိုးရှင်းပါဘူး။ ဆိုလိုချင်တာက Memory မှာ အမျိုးအစားများစွာ ရှိပါတယ်။
၃။ အကြမ်းဖျင်းအားဖြင့် Memory မှာ Primary Memory နဲ့ Secondary Memory ဆိုပြီး ၂မျိုးခွဲခြားနိင်ပါတယ်။ Primary Memory သည် RAM ကို ပြောတာ ဖြစ်ပြီးတော့ Secondary Memory သည် Hard Disk ကို ပြောခြင်း ဖြစ်ပါတယ်။ ဖုန်းတစ်လုံးအနေနဲ့ ပြောမယ်ဆိုရင် Primary Memory သည် RAM ကိုပြောတာဖြစ်ပြီးတော့ Secondary Memory သည် SD Card တို့၊ Internal Storage/Memory တို့နဲ့ အလားတူပါတယ်။ ဒီလောက်ဆိုရင် Primary Memory နဲ့ Secondary Memory ကို ခွဲခြားတက်မယ် ထင်ပါတယ်။ ဒီနေ့မှာတော့ Primary Memory ဖြစ်တဲ့ RAM အကြောင်းကို အဓိက ထားပြောပေးသွားမှာ ဖြစ်ပါတယ်။
၄။ ကဲ ဒါဆိုရင် RAM အကြောင်းကို ဆက်ပြောကြရအောင်။ RAM ကို Random Access Memory လို့ခေါ်ပါတယ်။ Random Access Memory မှာ Memory ဆိုတာသည် Data Store လုပ်တယ်လို့ ရှေ့မှာလဲ ပြောခဲ့ပါတယ်။ ခုပြောပြမှာက သူ့ရှေ့က Random Access ဖြစ်ပါတယ်။ ကျနော် ဥပမာလေးတစ်ခုနဲ့ ရှင်းပြပါရစေ။ RAM ဆိုတာကြီးကို ဇယားကွက် တစ်ခုလို့မြင်ကြည့်လိုက်ဗျာ။ Data တွေသိမ်းမယ်ဆိုရင် ၄င်းဇယားကွက်ထဲမှာ သိမ်းတယ်။ CPU က ဇယားကွက် (၁) ထဲမှာ ရှိတဲ့ Data တွေကို ယူသုံးနေစဉ်မှာဘဲ ဇယားကွက် (၁၀) မှာရှိတဲ့ Data တွေကို ယူသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက ဇယားကွက် (၁)မှာ ရှိတဲ့ Data တွေဖတ်နေရင်း ဇယားကွက် (၁၀)ကို သွားချင်တဲ့အခါ ကြားထဲက ဇယားကွက်တွေကို ကျော်သွားလို့ရတယ်။ လိုချင်တဲ့အချိန်ဆို ချက်ချင်း ကြိုက်တဲ့ ဇယားကွက်တွေကို ဖတ်နိုင်တယ်။ ဒါကို အင်္ဂလိပ်လို Random လို့ခေါ်ပါ တယ်။ ကတ်ဆက်တိတ်ခွေတွေကို သိမယ်ထင်ပါတယ်။ ရှေးဆုံးက သီချင်းတစ်ပုဒ်နားထောင်နေရင်းနဲ့ နောက်ဆုံးတစ်ပုဒ်ကို ကျော် ပြီး နားထောင်လို့မရဘူး။ ရစ်ပြီးမှ နားထောင်လို့ ရပါတယ်။ RAM ကတော့ အဲ့လိုမဟုတ်ဘူး အထက်မှာ ရှင်းပြတဲ့အတိုင်း လိုချင်တဲ့အချိန်မှာ ကြိုတက်တဲ့ Data ကိုဖတ်နိုင်ပါတယ်။ CPU က Memory ထဲက Data တွေ ယူသုံးတာကို Access လုပ်တယ်လို့ ခေါ်ပါတယ်။ Memory ထဲမှာ ရှိတဲ့ Data တွေကို လိုချင်တဲ့ အချိန်ကြိုက်တဲ့အချိန်မှာ ယူသုံးနိုင်ခြင်းကို RAM ဟု​ခေါ်ပါတယ်။
​နောကိပီး​တော့ ...
RAM မှာ Type အမျိုးအစားတွေက DDR1, DDR2, DDR3, DDR4 ဆိုပြီး မြင်ဖူးကြပါလိမ့်မယ်။ DDR ဆိုတာက ( Double Data Rate ) ပါ။ RAM မှာ Memory ပမာဏကို B( byte ) ဖြင့် တိုင်းပါတယ်။ ဥပမာ - 512MB, 1GB, 2GB, 4GB, 8GB အစရှိသဖြင့်ပေါ့။ GB များလေ ယာယီသိမ်းဆည်းနိုင်တဲ့ ပမာဏများလေပေါ့။
အဲဒီမှာ RAM ဝယ်ရင် ကြည့်ရမှာက Speed ပေါ့။ Speed ကို Hz နဲ့ တိုင်းပါတယ်။ ဥပမာ - 533MHz,667MHz,800MHz , 1066MHz,1333MHz,1600MHz,2400MHz,2666MHz တို့ပေါ့။ RAM တစ်ချောင်းထဲ စိုက်တဲ့အခါ ပြဿနာမဟုတ်ပေမယ့် RAM နှစ်ချောင်းစိုက်တဲ့အခါ ဥပမာဆိုပါစို့ DDR2 2GB နှစ်ချောင်းစိုက် 4GB ပေါ့။ စက်က လေးနေတယ်။
ပြောချင်တာက Speed မတူရင် နိမ့်တဲ့ Speed နဲ့ သွားပါတယ်။ DDR2 2GB နှစ်ချောင်းစိုက်လို့ 4GB ဟာ ယာယီ သိမ်းဆည်နိုင်တဲ့ Memory ပမာဏပါ။ မြန်နှုန်း Speed မဟုတ်ပါဘူး။ စက်မြန်ချင်ရင် Speed တူတာ ရွေးချယ်တပ်ဆင်ပါ။

ကွန်ပြူတာများ ပျက်လို အိမ်အရောက်ပြုပြင်လိုပါသလား ရုံးအရောက် ပြုပြင်လိုပါသလား ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွ...
14/06/2024

ကွန်ပြူတာများ ပျက်လို အိမ်အရောက်ပြုပြင်လိုပါသလား ရုံးအရောက် ပြုပြင်လိုပါသလား ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွက်ပေးနေပါပီ
အထူး package များလဲ ရှိပါတယ် ခမျာ

09794288862

CPU Core  တွေဆိုတာဘာတွေလဲ?========== ဒီ article မှာ cpu coreတွေဆိုတာဘာလဲ ဆိုတဲ့တာကို ကျွန်တော်နားလည်သလောက်ရေးသားသွားမှာဖ...
11/06/2024

CPU Core တွေဆိုတာဘာတွေလဲ?
==========
ဒီ article မှာ cpu coreတွေဆိုတာဘာလဲ ဆိုတဲ့တာကို ကျွန်တော်နားလည်သလောက်ရေးသားသွားမှာဖြစ်ပါတယ်။ CPU ဆိုတာတွေက central processing unitတွေပါ။ တစ်နည်းဆိုရင် ကွန်ပျူတာတစ်လုံးရဲ့ ဦးနှောက်လို့ပြောရမှာပါ။ ကွန်ပျူတာတစ်လုံးမှာ logic တွေကို လုပ်ဆောင်ပေးတဲ့နေရာလည်းဖြစ်ပါတယ်။
CPU cores
==========
ဟိုးအရင်က cpu တွေပေါ်ပေါ်ချင်းမှာ cpu core ကတစ်လုံးပဲရှိခဲ့တာပါ။ ဆိုလိုတာကတော့ cpu chip တစ်ခုလုံးမှာမှ cpu တစ်လုံးပဲပါရှိပါတယ်။ အဲ့ဒီတော့ cpu performance ကပြောသလောက်မကောင်းခဲ့ဘူးပေါ့။ အဲ့ဒါနဲ့ performance ကိုပိုမိုကောင်းမွန်လာအောင်ဆိုပြီးတော့ chip ထုတ်လုပ်သူတွေဟာ နောက်ထပ် "core” သိုမဟုတ် central processing units (cpu) တွေကို ထပ်ပြီးတော့ chip တစ်ခုထဲမှာပဲ ထပ်တိုးထည့်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ခင်ဗျာ core ဆိုတာ cpu ပါပဲခင်ဗျာ။ Dual core processor ကိုဥပမာသုံးပြီးတော့ ပြောပါ့မယ်။ Dual core processor တွေမှာ central processing unitနှစ်ခုရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် cpu 2 ခုရှိတယ်ဆိုပြီး operating system တွေမှာဖော်ပြတာပါ။ CPU နှစ်ခုဆိုတိုင်းလည်း chip နှစ်ခုကို mother board ပေါ်မှာ ကပ်ထားတယ်လို့မဟုတ်ပါဘူး။ Chip တစ်လုံးထဲမှာပဲ core 2 လုံးထည့်ထားတာပါ။ Core 2 လုံးပါတဲ့ CPU တစ်လုံးဟာဆိုရင် အလုပ်နှစ်ခုကို တစ်ပြိုင်နက် တစ်ခါတည်းလုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီတော့ သင့် system ကို speed တင်ပေးလိုက်သလိုဖြစ်သွားပါတယ် ဘာလို့လည်းဆိုတော့ တစ်ပြိုင်တည်းနဲ့ အလုပ်ကို ၂မျိုး ပြီးမြောက်နိုင်မှာမို့လို့ပါ။
Hyper Threading နဲ့ core တို့ရဲ့ကွာခြားမှု
==========
Hyper threading နဲ့ core တို့မတူတာက core မှာ hyper threading လိုမျိုး core 1 လုံးပဲရှိပြီးတော့ core ၂ လုံးရှိတဲ့ အသွင်ဆောင်တဲ့ trick မျိုးမရှိပါဘူး။ (Hyper threading အကြောင်းကိုကျွန်တော်ရေးထားတာရှိပါတယ်။ Eastern page မှာ ရှာဖွေဖတ်ရှုလို့ရပါတယ်)။ Dual core processor မှာ တကယ့်ကိုပဲ central processing unit 2 လုံးရှိတယ်။ Quad core မှာ 4 လုံး အမှန်တကယ်ရှိပါတယ်။ Octa-core CPU တစ်လုံးမှာတော့ cpu 8 လုံးရှိပါတယ်။
Coreတွေကြောင့်ရရှိတဲ့ ကောင်းကျိုးတွေ
==========
Core တွေက performance ကိုလည်းကောင်းလာစေတယ် ပြီးတော့ cpu hardware size ကိုလည်း socket ပေါက်လေးတစ်ခုထဲကို အံဝင်အောင်ထည့်လို့ရနိင်သေးတဲ့ သေးငယ်တဲ့ အနေအထားမှာလည်း ထိန်းသိမ်းထားပေးပါတယ်။ Coreတွေများလာပေမဲ့လည်း size ကကြီးမလာပါဘူး။ အဲ့ဒါလည်းကောင်းကွက်တစ်ခုပါ။ Quad Core CPUတစ်လုံးက Single Core CPU 4 လုံးနဲ့ညီမျှတယ်လို့ဆိုနိုင်ပါတယ်။ Single Core တစ်လုံးချင်းစီကိုသာ အသုံးပြုမယ်ဆိုရင် socket 4 ခုအပြင် သူတို့အတွက် ကိုယ်ပိုင် cooling systemတွေနဲ့ တခြားလိုအပ်ချက်တွေပါရှိလာနိုင်ပါတယ်။ နောက်ပြီးတော့ socket တစ်ခုပေါ်မှာပဲ core အားလုံးကို ချိတ်ဆက်ထားတဲ့အတွက်ကြောင့် coreတွေဟာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်တဲ့အခါမှာ latency (ကြန့်ကြာမှု) တွေသိပ်မရှိတော့ပါဘူး။
သင့် cpu မှာရော core ဘယ်နှစ်လုံးရှိသလဲ?
==========
Windows မှာဆိုရင်တော့ task manager ကနေကြည့်လိုရပါတယ်။ ဥပမာ ပုံမှာဆိုရင် cpu မှာ core 4 လုံးရှိကြောင်းကို Cores ဆိုတဲ့ နေရာမှာကြည့်လိုရပါတယ်။ Logical processor မှာက 8 ဖြစ်တာ ဘာလို့လည်းဆိုတော့ core တစ်ခုချင်းစီမှာ hyper threading ကို support ပေးလို့ပါ။ Linux မှာဆိုရင်တော့ $ - lscpu ဆိုတဲ့ command နဲ့စစ်ကြည့်လို့ရပါတတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင် computer တစ်လုံးမှာ core အရေအတွက်များလေလေ performance ကောင်းလေလေ၊ အလုပ်ပြီးမြောက်တာမြန်လေလေဖြစ်ပါတယ်။ Coreများပြီးတော့ hyper threading ပါပါရင်တော့ ပြောစရာမလိုတော့ပါဘူးဗျာ။ Intel i9 processor တွေထဲမှာ entry level ဖြစတဲ့ Core i9-9900K မှာဆိုရင် 8-core ရှိပါတယ်။
ဖတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။

Laptop battery ဆိုတာဘာလဲ ???🤓==========Laptop ဝယ်တဲ့အခါမှာ Customer အများစုမေးလေ့ရှိတာက အားဘယ်လောက်ခံလဲ ဆိုတာပါပဲ။Laptop...
07/06/2024

Laptop battery ဆိုတာဘာလဲ ???🤓
==========
Laptop ဝယ်တဲ့အခါမှာ Customer အများစုမေးလေ့ရှိတာက အားဘယ်လောက်ခံလဲ ဆိုတာပါပဲ။
Laptop battery တွေမှာ ကျွန်တော်တို့ အများစု 3 cell battery ၊ 4 cell battery စသဖြင့်တွေ့ဖူးကြပါတယ်။ တခါတစ်လေမှာဆိုရင် laptop ထုတ်လုပ်သူများ အပေါ်မှာ မူတည်ပြီးတော့ 6 cell, 9 cell နဲ့ 12 cell အထိတောင် ရှိကြပါတယ်။
ဒီလိုဆိုရင် cell ဆိုတာဘာတွေလည်း? ။ cell တစ်လုံးကို သာမန် AA ဓါတ်ခဲ တစ်လုံးလို့ မြင်ကြည့်နိုင်ပါတယ်။
အဲ့ဒီတော့ 3 cell laptop battery တစ်လုံးမှာဆိုရင် ဓါတ်ခဲ ၃ လုံးကို ပေါင်းပြီးထည့်ထားတယ်လို့ သိနိုင်ပါတယ်။ 4 cell battery တွေ၊ 6 cell battery တွေလည်း ထိုနည်းအတိုင်းပါပဲ။
ကွန်ပျူတာကို ခိုင်းထားတဲ့ အလုပ်တွေက အတူတူပဲဆိုရင်တော့ 4 cell battery က 3 cell battery ထက်ပိုပြီးတော့ အချိန်ပိုပိုအသုံးခံနိုင်ပါတယ်။
WATT HOURS (WHR), MILLIWATT HOUR (MWH) နဲ့ MILLIAMP-HOUR (MAH)
-----------
Watt Hour (wHr), milliwatt hour (mWh) နဲ့ milliamp-hour (mAH) တွေဆိုတာကတော့ ပါဝါအသုံးပြုမှုတွေကို တိုင်းတာတဲ့ ယူနစ်တွေဖြစ်ပါတယ်။ Laptop battery တွေမှာဆိုရင်တော့ battery ရဲ့ စွမ်းဆောင်ရည် (capacity) ကိုတိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ Battery တစ်လုံးမှာ စွမ်းအင်ဘယ်လောက် သိမ်းဆည်းထားနိုင်သလဲ၊ ပြီးတော့ ဘယ်လောက် ပြန်ထုတ်ပေးနိုင်သလဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ သတိပြုရမှာတစ်ခုကတော့ ဒီ wHr/mWh/mAH တွေဟာ cell တစ်ခုခြင်းစီ မဟုတ်ပဲ battery တစ်ခုလုံးအတွက်ဖြစ်တယ်ဆိုတာကိုပါ။
ဥပမာ အနေနဲ့ rating 42 wHr ရှိတဲ့ laptop battery တစ်လုံးဟာဆိုရင် တစ်နာရီအတွင်း မှာစွမ်းအင် အများဆုံး 42 watt ကိုထုတ်ပေးနိုင်ပါတယ်။ ပြီးတော့ သူ့မှာ အများဆုံးသိုလှောင်နိုင်တဲ့ ပမာဏကလည်း 42 watt ပဲဖြစ်ပါတယ်။
Laptop battery တွေရဲ့ specs တွေမှာ wHr, mWh နဲ့ mAH စတဲ့ ယူနစ်တွေထဲက တစ်ခုမဟုတ်တစ်ခု နဲ့လာတတ်ပါတယ်။ အဲ့ဒီကောင်တွေကို တစ်ခုနဲ့ တစ်ခုပြောင်းလဲနည်းကို ဖော်ပြပေးလိုက်ပါတယ်။
wHr ကနေ mAH ကိုသွားချင်ရင်တော့ wHr ကို 1000 နဲ့မြှောက်ပြီးတော့ battery ရဲ့ voltage နဲ့စားပါ။
mAH ကနေ wHR ကိုသွားချင်ရင်တော့ mAH ကို voltage နဲ့မြှောက်ပြီးတော့ 1000 နဲ့စားပါ။
နောက်ဆုံး mWH ကနေ wHR ကိုသွားမယ်ဆိုရင်တော့ wHR ကို 1000 နဲ့မြှောက်ရင်ရပါတယ်။
မိမိဘယ်လို အသုံးပြုသလဲဆိုတဲ့ အပေါ်မူတည်ပြီးတော့ ကုန်ဆုံးနိုင်တဲ့ power ပမာဏတွေဟာ မတူညီနိုင်ပါဘူး။ သာမန် web browser လေးသုံးလို့ ကုန်ဆုံးတဲ့ power ဟာ game ကစားလို့ကုန်တဲ့ power မတူညီနိုင်ပါဘူး။
60Wနဲ့အထက်: game အကြီးကြီးတွေ ကစားခြင်း
40-60W: game အသေးလေးများကစားခြင်း
30-40W: Video သို့မဟုတ် photo editing လုပ်ခြင်း
20-30W: online ကနေ high definition (HD) video တွေကြည့်ခြင်း
15-20W: application များစွာဖွင့်ထားခြင်း၊ offline နဲ့ပဲ high definition (HD) video တွေကြည့်ခြင်း
10-15W: သာမန်အသုံးပြုမှုများ
8-10W: ဘာမှမလုပ်ပဲ screen ကိုဖွင့်ထားခြင်း
စသည်ဖြင့် ခန့်မှန်းချေ ကုန်နိုင်ပါတယ်။ ခန့်မှန်းချေသာဖြစ်ပါတယ်။
laptop battery တွေဘယ်လောက်ကြာကြာအသုံးခံနိုင်မှာလည်း?
--------
ပုံမှန်အားဖြင့် ၂ နှစ်ကနေ ၅နှစ်လောက်ထိ ခံတတ်ကြပါတယ်။ သင့်ရဲ့ အသုံးပြုမှုအပေါ်တွေမှာလည်း မူတည်ပါသေးတယ်။ Battery life အနေနဲ့ ပြောရရင်တော့ ပုံမှန် battery တွေမှာဆိုရင် တော့ ၈ နာရီလောက်ခံတတ်ကြပါတယ်။ ဒါကလည်း laptop အမျိုးအစားပေါ်မှာမူတည်ပါသေးတယ်။ Gaming laptop တွေမှာတော့ battery က အားမသွင်းပဲ အချိန်ကြာကြာ သုံးလိုမရတတ်ပါဘူး။
သင့် laptop battery ကိုအားတစ်ခါသွင့်ပြီးတော့ အချိန်ပိုကြာကြာသုံးလို့ရနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။ Brightness တွေကို လိုသလောက်ပဲတင်ပါ။ Power saver ကိုအသုံးပြုပါ။ WiFi အသုံးမပြုနေဘူးဆိုရင် airplane mode ကိုဖွင့်ထားပါ။ တစ်ခါတစ်လေမှာ အားပြည့်သွားရင် ဆက်မသွင်းပဲ ဖြုတ်သုံးတာတွေ ပြုလုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ အပေါ်မှာရေးသွားတဲ့ powr အသုံးချမှု အချက်အလက်တွေဟာ လုံးဝအတိအကျကြီးမဟုတ်ပါဘူးဆိုတာကို သတိပြုပေးပါ

Silver Package လေး အေးဆေး  One Month Warranty လဲပါတယ်ဆို Customer အတွက် အေးဆေးစိတ်ချရတယ်ဗျာ Thanks🤝  Confident Group
04/06/2024

Silver Package လေး အေးဆေး One Month Warranty လဲပါတယ်ဆို Customer အတွက် အေးဆေးစိတ်ချရတယ်ဗျာ Thanks🤝 Confident Group

04/06/2024

Computer များ ပျက်လို့ အိမ်အရောက်ပြုပြင်လိုပါသလား??? ရုံးအရောက် ပြုပြင်လိုပါသလား???ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီခင်ဗျာ။
June လ အတွင်း အထူး Special Package များလဲ ရှိပါတယ်။

ဆက်သွယ်ရန်......09970262302 ,09444465929

ကွန်ပြူတာများ ပျက်လို အိမ်အရောက်ပြုပြင်လိုပါသလား ရုံးအရောက် ပြုပြင်လိုပါသလား ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွ...
31/05/2024

ကွန်ပြူတာများ ပျက်လို အိမ်အရောက်ပြုပြင်လိုပါသလား ရုံးအရောက် ပြုပြင်လိုပါသလား ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွက်ပေးနေပါပီ
June လ အတွင်း အထူး package များလဲ ရှိပါတယ်

09970262302,09444465929

Windows 10 Desktop မှာ Screenshot ရိုက်နည်း ၃ မျိုး=======================Screenshot ရိုက်တာက Computer စသုံးသုံးခြင်း လု...
28/05/2024

Windows 10 Desktop မှာ Screenshot ရိုက်နည်း ၃ မျိုး
=======================
Screenshot ရိုက်တာက Computer စသုံးသုံးခြင်း လုပ်ငန်းဝင်စဝန်ထမ်းတွေ အချိန်မကြာသင့်ပဲ ကြာနေတတ်တဲ့ နေရာပါ။ ခက်လားဆိုတော့လဲမခက်ပါဖူး။ ကျွန်တော်ပြောပြပါ့မယ်။
.......
ပထမဆုံး ရိုက်နည်းကတော့ Windows + PrtSc (Print Screen) ကိုနှိပ်လိုက်ရုံနဲ့သူ့ဟာသူရိုက်သွားမှာပါ။
ရို်က်ထားတဲ့ Screenshot တွေကို Pictures ထဲက Screenshot file မှာအလိုလို save သွားပါလိမ့်မယ်။
.......
ဒုတိယနည်းကတော့ PrtSc(print Screen)ကို ပဲနှိပ်ပြီး ကိုယ်ပို့ချင်တဲ့လူရဲ့ Chatbox မှာ Ctrl + V(Paste) သွားနှိပ်တာပါပဲ။
ဒါက Screenshot ကို အလိုလို save တာမျိုးမလုပ်တော့ပဲနဲ့ ကိုယ်ပို့ချင်တဲ့လူဆီကိုပဲပို့လို့ရတဲ့အကွက်ပါ။
.......

တတိယနည်းကတော့ Admin အကြိုက်ဆုံးပါ။ Windows + Shift + S နှိပ်ပြီး ရိုက်တာပါပဲ။
တစ်ခါတလေကျရင် screen တစ်ခု့လုံးကို ပြချင်တာမျိုးမဟုတ်ပဲ windows တစ်ခု့ အစိတ်အပိုင်းတစ်ခု့ကိုပဲ ယူပြီး သူငယ်ချင်း/အလုပ်ဖော် ဆီ အလွယ်တူမြန်မြန်လေး ပို့ပေးချင်တဲ့အခါ Windows + Shift + S နှိပ်ပါတယ်၊ ပြီးတာနဲ့ ပို့ချင်တဲ့ အပိုင်းလေးတစ်ဖြတ် select လုပ်လိုက်ပြီးတော့ ပို့မဲ့ Chatbox မှာ Ctrl + V (Paste) လိုက်ပါတယ်။

Address

Kamayut
11051

Alerts

Be the first to know and let us send you an email when Recovery Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Recovery Tech:

Share