The N Project Myanmar

The N Project Myanmar မြန်မာနိုင်ငံသားများ N-Wallet ကို အသုံးပြုပြီး လွတ်လပ်လုံခြုံသော ငွေကြေးစီးဆင်းမှု ဆောင်ရွက်နိုင်ရန်။

N-Social တွင် လူတိုင်း လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားခွင့် ရှိသည်လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပ...
12/12/2022

N-Social တွင် လူတိုင်း လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားခွင့် ရှိသည်
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးတင်ပြနိုင်ခွင့် ရရေးသည် N-Social ဆိုရှယ်ပလက်ဖောင်း တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။

မိမိ၏ ထင်မြင်ယူဆချက်အား ဆိုရှယ်မီဒီယာတွင် လွတ်လပ်စွာ ဖော်ထုတ်မိခြင်းကြောင့် ထိခိုက်နစ်နာမှု ကြုံတွေ့ခဲ့ရသူ အများအပြား ရှိခဲ့ပါသည်။ နောက်တွင် ဆိုရှယ်မီဒီယာ တစ်ခုသုံးလို့ အလားတူ ကိစ္စရပ်မျိုး ထပ်မံ မကြုံတွေ့ရစေရေးအတွက် အထူးလုံခြုံစိတ်ချရသော ပလက်ဖောင်းတစ်ခု၊ မြန်မာတိုင်းရင်းသား ယဉ်ကျေးမှုများကို အထူးအလေးပေးပြီး၊ ကာလံဒေသံနှင့် ကိုက်ညီမည့် ပုံစံတစ်ခု လိုအပ်နေပြီဟု ယုံကြည်ခြင်းကြောင့် ပြည်ပရောက်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစည်းပြီး N-Social App ကို တီထွင်ထုတ်လုပ်ရခြင်း ဖြစ်ပါသည်။

မည်သည့်အဖွဲ့အစည်း၏ ထောက်ပံ့ကူညီ ထိန်းချုပ်မှု စိုးစဉ်းမျှမရှိသော၊ တိုင်းရင်းသားပြည်သူ လူအများ၏ မိမိယုံကြည်ရာကို လွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်သော၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှစပြီး လုပ်ငန်းများအမျိုးမျိုးအတွက် အသုံးဝင်လာမည့်ဖြစ်သော N-Social ကို လေ့လာအသုံးပြုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကျပန်းမိတ်ဖွဲ့ (𝐑𝐚𝐧𝐝𝐨𝐦 𝐂𝐡𝐚𝐭)Friend အသစ်ရှာမယ်ဆိုတဲ့သူတွေ၊ မိတ်ဆွေသစ် ရှာမည့်သူတွေ အတွက် အချိန် ၅ မိနစ်ပဲ လိုပါတယ်။မိတ်ဆွ...
08/12/2022

ကျပန်းမိတ်ဖွဲ့ (𝐑𝐚𝐧𝐝𝐨𝐦 𝐂𝐡𝐚𝐭)
Friend အသစ်ရှာမယ်ဆိုတဲ့သူတွေ၊ မိတ်ဆွေသစ် ရှာမည့်သူတွေ အတွက် အချိန် ၅ မိနစ်ပဲ လိုပါတယ်။
မိတ်ဆွေကနေ သူငယ်ချင်း၊ သူငယ်ချင်းကနေ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် . . . ဆိုသူများအတွက် ကျပန်းမိတ်ဖွဲ့ နိုင်မည့် Random Chat . . လာပြီ
N-Social App ကို အသုံးပြုသူများအတွက် လူပေါင်းသန်းချီထဲမှာ တစ်ဦးစီနှင့် ကျပန်းမိတ်ဖွဲ့စကား ပြောနိုင်မည့် Random Chat ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါပြီ။ တစ်ကမ္ဘာလုံးရှိ မြန်မာတိုင်းရင်းသား မိတ်ဆွေသစ်များစွာကို ရှာဖွေဖို့ အခုပဲ N-Social App ကို Google Play Store မှ ဒေါင်းယူလိုက်ပါ။
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့် ရရေးသည် N-Social ဆိုရှယ်ပလက်ဖောင်း တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။

𝐔𝐬𝐞𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲?Q : အသုံးပြုသူ၏ လုံခြုံရေးက စိတ်ချရပါမလား ?N-Social အသုံးပြုသူများ သိချင်နေကြတဲ့ အများဆုံးမေးခွန်း...
08/12/2022

𝐔𝐬𝐞𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲?
Q : အသုံးပြုသူ၏ လုံခြုံရေးက စိတ်ချရပါမလား ?
N-Social အသုံးပြုသူများ သိချင်နေကြတဲ့ အများဆုံးမေးခွန်းက ဒီ N-Social ကို သုံးလို့ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိပါ့မလား ဆိုတာပါ။

A : Facebook နှင့် အခြားသော ဆိုရှယ်မီဒီယာများထက် ပိုပြီး လုံခြုံမှုရှိပါတယ်။ ဘာကြောင့်လဲ -
(၁) N-Social အသုံးပြုဖို့ Gmail အကောင့်တစ်ခုပဲ ရှိဖို့လိုပါတယ်၊
(၂) မိမိ၏ Gmail အကောင့်ကိုသုံးပြီး Google Login ဖြင့် ဝင်ရတာပါ၊
(၃) Google Login ဖြစ်တာကြောင့် Google တွင်သာ လူကြီးမင်း၏ အချက်အလက်များရှိပြီး၊ N-Social မှ လူကြီးမင်း၏ Gmail အမည်တစ်ခုကိုသာ သိခွင့်ရှိပါတယ်၊
(၄) Google က လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို N-Social ကို လုံးဝပေးမည်မဟုတ်ပါ၊
(၅) N-Social App မှ လူကြီးမင်း၏ Location (တည်နေရာ)၊ ဖုန်းနံပါတ် ဘာတစ်ခုမှ တောင်းဆိုထားခြင်း မရှိပါ၊
(၆) အသုံးပြုသူ၏ အချက်အလက်များကို နောက်ကွယ်တွင် သိမ်းဆည်းထားခြင်း မရှိခြင်း (ဆိုလိုသည်မှာ လူကြီးမင်းက ဖျက်လိုက်သည့် အကြောင်းအရာကို N-Social မှ အခြားတစ်နေရာတွင် သီးခြားသိမ်းဆည်းထားခြင်း မရှိပဲ၊ လုံးဝ ဖျက်ပေးလိုက်ခြင်းမျိုး ဖြစ်ပါသည်)
အကောင်းဆုံး အချက်မှာ
(၇) မည်သူမဆို မိမိကိုယ် အခြားသူ မသိစေချင်ပါက နှစ်သက်ရာ အမည်နှင့် သုံးနိုင်ပြီး၊ အသုံးပြုသူ မည်သူမည်ဝါဆိုသည်ကို တီထွင်သူများပင် မသိနိုင်သည့် အချက်ဖြစ်ပါသည်။
-
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆ ပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့်နှင့် အသုံးပြုသူ၏ ဘေးကင်းလုံခြုံမှု ရှိရေးသည် N-Social ဆိုရှယ်ပလက်ဖောင်းကို တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
-
Google Play Store မှ ဒေါင်းလော့ချပြီး အသုံးပြုနိုင်ပါတယ်၊ သတင်းမီဒီယာ၊ iOS အသုံးပြုသူများနှင့် content creator များအတွက် Google Chrome Browser မှ အသုံးပြုနိုင်မည့် Web Links ကို မက်စေ့ချ်မှ တောင်းယူ နိုင်ပါတယ်။

𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 𝗨𝘀𝗲𝗿𝘀 𝟭𝟬𝟬𝗞 +N-Social App ကို Google Play Store မှ ဒေါင်းလော့လုပ်ပြီး အသုံးပြုနေသူ ဦးရေဟာ 100K ကျော်သွားပါပြ...
07/12/2022

𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 𝗨𝘀𝗲𝗿𝘀 𝟭𝟬𝟬𝗞 +
N-Social App ကို Google Play Store မှ ဒေါင်းလော့လုပ်ပြီး အသုံးပြုနေသူ ဦးရေဟာ 100K ကျော်သွားပါပြီ။ ယခုလို မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းက တိုင်းရင်းသားပြည်သူအပေါင်း၏ ယုံကြည်အားပေးမှုကြောင့် ဖြစ်ပါတယ်။
လွတ်လပ်ယဉ်ကျေးစွာ ပြောဆိုရေးသားနိုင်ခွင့်၊ ထင်မြင်ယူဆပိုင်ခွင့်သည် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်း၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပြီး၊ ၎င်းထင်မြင် ယူဆချက်များကို လွတ်လပ်စွာ သုံးသပ်ပြောဆို ဆွေးနွေးနိုင်ခွင့်နှင့် အသုံးပြုသူ၏ ဘေးကင်းလုံခြုံမှု ရှိရေးသည် N-Social ဆိုရှယ်ပလက်ဖောင်း တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။
မကြာခင်အချိန်မှာလည်း အသုံးပြုသူတိုင်း၏ နေ့စဉ်ဘဝအတွက် ဆိုရှယ်မီဒီယာ သုံးရုံသာမက၊ ချစ်သူရှာဖွေခြင်းမှ စပြီး၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုး လုပ်ဆောင်နိုင်သည့် စနစ်များ၊ ငွေကြေးပေးချေမှုကို ကလစ်တစ်ချက်ဖြင့် လုပ်ဆောင်မည့်စနစ်၊ Cele / ပရဟိတ သမားများအတွက် Live တွင် တစ်ခါတည်း အလှူငွေနှင့် ချီးမြှင့်ငွေများ လက်ခံနိုင်ခြင်း တို့အပြင် သတင်းမီဒီယာများ အတွက် သတင်း TV Channel များ ထုတ်လွှင့်နိုင်ရန် အထိ လုပ်ဆောင် ပေးသွားမှာ ဖြစ်ပါသည်။
ဒါကြောင့် အခုအချိန်က စပြီး N-Social App ကို အကျွမ်းတဝင်ရှိဖို့ လေ့လာအသုံးပြုကြဖို့ နေရာကြိုယူထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မျက်လုံးက အခုထက် ပြူးသွားစေမည့် Surprise ?ဒီဇင်ဘာ ခရစ္စမတ် အကြိုလက်ဆောင်က ဘာဖြစ်မလဲ?N-Social အသုံးပြုသူနေသည့် user များသ...
01/12/2022

မျက်လုံးက အခုထက် ပြူးသွားစေမည့် Surprise ?
ဒီဇင်ဘာ ခရစ္စမတ် အကြိုလက်ဆောင်က ဘာဖြစ်မလဲ?

N-Social အသုံးပြုသူနေသည့် user များသာ ပါဝင်ခွင့်ရှိမည့် ပြိုင်ပွဲအစီအစဉ်ကို ဒီရက်ပိုင်းမှာ ကြေညာဖို့ ရှိပါတယ်။ ပြိုင်ပွဲ အစီအစဉ်တွင် ပါဝင်မည့်သူများက ယနေ့မှစပြီး N-Social မှာ နေ့စဉ်ပို့စ်တွေ တင်ဖို့ လိုပါမယ်၊ မိမိ N-Social အကောင့်ကို Follower နှင့် Friend များအောင်လည်း လုပ်ဆောင်ထားဖို့ လိုပါမယ်။

အဓိက ကတော့ N-Social App အကြောင်းကို နားလည်မယ်ဆိုရင် အခြားသူထက် အားသာချက် ရှိနိုင်ပါတယ်။ N-Social ရှိ ဟန်နီဦး ပို့စ်တွေကို ဝင်ဖတ်တာမျိုး၊ ဘုံချက် N-Social စကားဝိုင်းမှာ ဆွေးနွေးဖလှယ်တာတွေ လုပ်ထားလို့ ရပါတယ်။

သတင်းမီဒီယာများနှင့် အက်ဒမင်အဖွဲ့ဝင်များမှ လွဲပြီး အားလုံးပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။ အစီအစဉ်ကို မကြေညာခင် ရရှိမည့် ဆုများကို အရင်ကြေညာပေးမှာ ဖြစ်တာကြောင့် ဟန်နီအကောင့်ကို နေ့စဉ်ဝင်ကြည့်ဖို့ လိုပါမယ်။ ဆုက (၄) ဆု ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက N-Social (bluemark) အကောင့်မှာလည်း အသုံးပြုနည်းများ တင်ပေးထားပါတယ်။

N-Social အကောင့်ဖွင့်ပုံ အဆင့်ဆင့်N-Social App ကို Google Play Store မှာ ထည့်သွင်းပါ။ Content Creator များနှင့် iOS အသုံ...
29/11/2022

N-Social အကောင့်ဖွင့်ပုံ အဆင့်ဆင့်
N-Social App ကို Google Play Store မှာ ထည့်သွင်းပါ။ Content Creator များနှင့် iOS အသုံးပြုသူများက Google Chrome Browser ဖြင့် ဝင်ရောက်နိုင်ပါတယ်။ Google Play Store နှင့် iOS အတွက် အသုံးပြုပုံနှင့် လင့်ခ်များကို မက်စေ့ချ်မှ ပေးပို့ပေးပါမည်။
၎င်းနောက် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ
(၁) N-Social App ကို ဖွင့်ပါ၊ အသုံးပြုမည့် ဘာသာစကားကို ရွေးချယ်ပါ
(၂) Google အကောင့်ဖြင့် ဝင်မည် ကို နှိပ်ပါ
(၃) မိမိ အသုံးပြုမည့် Gmail ကို ဖြည့်သွင်းပါ/ရွေးချယ်ပါ
(၄) သတ်မှတ်ချက်များကို ဖတ်ရှုပြီး Continue ကို နှိပ်ပါ
(၅) အကောင့်ဖွင့်ခြင်း အောင်မြင်ပါပြီ၊ မူလ (Home) စာမျက်နှာကို မြင်ရပြီ ဖြစ်ပါတယ်၊ ၎င်းစာမျက်နှာတွင် မိမိ Follow လုပ်ထားသူများ၏ ပို့စ်များကိုသာ သီးသန့်မြင်တွေ့ရပါမည်
(၆) ကျွန်ုပ် (me) နေရာသည် မိမိ၏ ပရိုဖိုင်းပုံ၊ မိမိထံရှိ အသည်း၊ မိမိ၏ Followers ၊ ပရိုဖိုင်ပြင်ရန် (Edit Profile)၊ ပို့စ်အသစ်တင်ရန်နှင့် မိမိတင်ထားသည့် ပို့စ်များကို မြင်ရမည် ဖြစ်ပါသည်။
- - -
အကောင့်တစ်ခုတိုင်းသည် နေ့စဉ် ပို့စ် ၇ ခု တင်နိုင်ပါသည်။ ၎င်းပို့စ်တစ်ခုတွင် စာလုံးရေ တစ်သောင်း၊ စာခေါင်းစီးနှင့် ပုံ ၄ ပုံ (သို့မဟုတ်) ဗီဒီယိုဖိုင် 80MB တစ်ဖိုင် တင်နိုင်ပါသည် (သို့မဟုတ်) စာခေါင်းစီး၊ စာလုံးရေ တစ်သောင်းနှင့် မိမိ၏ YouTube ဗီဒီယိုလင့်ခ်ကိုလည်း တခါတည်းတင်နိုင်ပါသည်။

𝗡 𝗦𝗼𝗰𝗶𝗮𝗹 ကို သုံးပြီး သူငယ်ချင်း မိတ်ဆွေ အသစ်များကို ယခုပဲ ရှာဖွေလိုက်ပါ...N-Social ဆိုရှယ်မီဒီယာ အပ်ပလီကေးရှင်းတွင် ယခု...
29/11/2022

𝗡 𝗦𝗼𝗰𝗶𝗮𝗹 ကို သုံးပြီး သူငယ်ချင်း မိတ်ဆွေ အသစ်များကို ယခုပဲ ရှာဖွေလိုက်ပါ...
N-Social ဆိုရှယ်မီဒီယာ အပ်ပလီကေးရှင်းတွင် ယခုဆိုရင် အသုံးပြုသူများစွာ ရှိလာပါပြီ၊ မိတ်ဆွေသစ်များစွာကလည်း လူကြီးမင်းတို့ကို စောင့်ကြိုနေပါပြီ၊ Facebook နှင့် ပုံစံမတူပဲ ဆန်းသစ်တဲ့ ပုံစံ၊ မြန်မာနိုင်ငံသား တိုင်းရင်းသားများအတွက် အသင့်တော်ဆုံးပုံစံ၊ အသုံးပြုသူများ၏ လုံခြုံရေးကို ဦးစားပေးထားသည့်စနစ်များဖြင့် ထွက်ရှိလာသည့် ဆိုရှယ်မီဒီယာ App အသစ်ကို ယခုပဲ Google Play Store မှ Download လုပ်ကာ အသုံးပြုနိုင်ပါပြီ။

ပြည်ပရောက် တိုင်းရင်းသားပညာရှင်များ တီထွင်ထားသည့် App အသစ်ကို သုံးပြီး ကမ္ဘာတစ်လွှားရှိ မြန်မာတိုင်းရင်းသားအားလုံး ဆုံစည်းကြပါစို့။

N-Social အတွက် အကြံပြုချက်နှင့် စာများကို ဖိတ်ခေါ်ပါရစေ။N-Social သုံးနေတဲ့ အသုံးပြုသူ အားလုံးကို မေးစရာ ရှိပါတယ်။ မိမိတိ...
24/11/2022

N-Social အတွက် အကြံပြုချက်နှင့် စာများကို ဖိတ်ခေါ်ပါရစေ။

N-Social သုံးနေတဲ့ အသုံးပြုသူ အားလုံးကို မေးစရာ ရှိပါတယ်။ မိမိတို့အဖွဲ့က N-Social ကို မြန်မာနိုင်ငံရှိ အများပြည်သူအားလုံးအတွက် အဘက်ဘက်က အသုံးအတည့်ဆုံးနှင့် တိုင်းရင်းသား ဘာသာစကားများပါ အသုံးပြုနိုင်သည့် ဆိုရှယ်ပလက်ဖောင်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတာပါ။

ဒါကြောင့် N-Social မှာ ဘယ်လိုမျိုး Feature တွေကို လူကြီးမင်းတို့ လိုချင်လဲ၊ လိုအပ်လဲ၊ ဘယ်လို ပုံစံတွေကို နှစ်သက်လဲ၊ ဘာတွေ ဖြစ်ချင်တာလဲကို လွတ်လပ်စွာ ဝေဖန်ဆွေးနွေး အကြံပြုပေးကြဖို့ N-Social အဖွဲ့က နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

မိမိတို့အဖွဲ့က မြန်မာနိုင်ငံနှင့် အဝေးကို ရောက်နေတာ ကြာပြီဆိုတော့ မမြင်တာတွေ လိုအပ်တာတွေ အများကြီး ရှိနိုင်ပါတယ်။ လူကြီးမင်းတို့၏ အကြံပြုချက်များကို ယခုပို့စ်အောက်မှာ ရေးပေးနိုင်သလို၊ ယခုစာမျက်နှာသို့ သီးသန့်မက်စေ့ချ် ပို့ပေးမယ်ဆိုရင်လည်း ရပါတယ်။

ကျွန်မတို့ တိုင်းရင်းသားပညာရှင်များ၏ ကြိုးစားအားထုတ်မှုကို ယုံကြည်စွာ အသိအမှတ်ပြု သုံးစွဲပေးနေသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

N-Social App ကို Google Play Store မှ ထည့်သွင်း အသုံးပြုနိုင်သလို၊ iOs သမားနှင့် content creator များအတွက် Web Version ကိုလည်း မက်စေ့ချ်မှာ တောင်းယူနိုင်ပါတယ်။

N-Social App မှာ မိမိ ပရိုဖိုင်ပုံ ဘယ်လိုပြောင်းမလဲ လာမေးနေကြတယ် user များအတွက် . . .N-Social screen ၏ ညာဘက်အောက်ဆုံးရှိ...
22/11/2022

N-Social App မှာ မိမိ ပရိုဖိုင်ပုံ ဘယ်လိုပြောင်းမလဲ လာမေးနေကြတယ် user များအတွက် . . .

N-Social screen ၏ ညာဘက်အောက်ဆုံးရှိ ကျွန်ုပ် (Me) ကို နှိပ်ပါ။

(၁) ပရိုဖိုင်ပြင်ရန် ဘေးရှိ အစက်သုံးစက်ကို နှိပ်ပါ၊
(၂) ဓာတ်ပုံတင် ကို နှိပ်ပါ၊
(၃) Pick Photo ကို နှိပ်ပါ၊
(၄) ပရိုဖိုင်တင်မည့် နှစ်သက်ရာ ပုံကို ရွေးချယ်ပြီး ဖော်ပြလိုသလို ချိန်ညှိပါ၊
(၅) Submit ကို နှိပ်ပါ၊
(၆) ပရိုဖိုင်ပုံ ပြောင်းလဲသွားပါမည်၊
(၇) မိမိ အသုံးပြုသော ပရိုဖိုင်ပုံ ‌ပြောင်းသွားသည့် နေရာများကို တွေ့ရပါမည်။

အိုကေနော်။ အမည်ပြောင်းချင်ရင်လည်း နာမည်ပြင်ဆင်မည်ကို နှိပ်ပြီး ကြိုက်နှစ်သက်ရာ အမည်ပြောင်းနိုင်ပါတယ်။

ဂိမ်းမဆော့တတ်လည်း 𝐍-𝐓𝐨𝐤𝐞𝐧 ရှာလို့ရတယ်ဆိုတာ ?ဟုတ်ပါတယ်၊ ဂိမ်းဆော့ရင်း Mint တဲ့ ခေတ် မကုန်သေးပေမဲ့ . . . ဂိမ်းတွေဆော့မှ N-...
21/11/2022

ဂိမ်းမဆော့တတ်လည်း 𝐍-𝐓𝐨𝐤𝐞𝐧 ရှာလို့ရတယ်ဆိုတာ ?

ဟုတ်ပါတယ်၊ ဂိမ်းဆော့ရင်း Mint တဲ့ ခေတ် မကုန်သေးပေမဲ့ . . . ဂိမ်းတွေဆော့မှ N-Token ရမယ်ဆိုတဲ့ သီအိုရီက 𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 (ဆိုရှယ်မီဒီယာ) အတွက်တော့ မဟုတ်တော့ပါဘူး။

N-Token စုဆောင်းသူများအတွက် VPN ဖွင့်ထားပြီး၊ FB သုံးသလိုပဲ N-Social (ဆိုရှယ်မီဒီယာ) ကို ပုံမှန်အသုံးပြုမယ်ဆိုရင် N-Token ရရှိနိုင်ပါပြီ။

ဒါဆို ဘာတွေလုပ်ရမလဲ ?
N-Social က အသုံးပြုရ အရမ်းကို လွယ်ပါတယ်၊ Facebook, Instagram, Tik Tok, Telegram သုံးနေသူများအတွက်တော့ နာရီပိုင်းလောက်လေး အသုံးပြုလိုက်တာနဲ့ သိရှိသွားနိုင်မည် ဖြစ်ပါတယ်။

ဒါဆို လုပ်ဆောင်ရမှာကတော့ N-Social မှာ မိမိမြင်ရသည့် အခြားသူများ၏ ပို့စ်များ ( စာသား၊ ပုံ၊ ဗီဒီယို၊ ယူကျူလင့်ခ် ဗီဒီယို ) ကို ဝင်ရောက် ကြည့်ရှုပေးပြီး၊ ကော်မန့်ရေးခြင်း၊ Comment Reaction ပေးခြင်း၊ GIF မန့်ခြင််းနှင့် မိမိကိုယ်တိုင် နှစ်သက်ရာ အကြောင်းအရာ ပုံ၊ စာ၊ ဗီဒီယိုပို့စ်များတင်ခြင်းကို လုပ်ဆောင်ပေးနေရမှာ ဖြစ်ပါတယ်။ ပုံမှန် အချိန်တစ်ခုပေးပြီး အသုံးပြုနေဖို့ လိုပါမည်။

ဒီလို လုပ်ဆောင်နေမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုတွင် ကြော်ငြာများ စမြင်လာရမှာ ဖြစ်ပါတယ်။ ကြော်ငြာမှာ Inter ဆိုသည့် ပိတ်လို့ရသည့် ကြော်ငြာများနှင့် N-Token ရနိုင်သည့် Reward ကြော်ငြာများကို တွေ့ရမှာ ဖြစ်ပါတယ်။ Reward ကြော်ငြာများကို အဆုံးထိ ကြည့်ရှုပေးပြီး၊ Reward granted ဆိုသည့် Token ရရှိကြောင်း အတည်ပြုသည့် စာသားအား ကြော်ငြာပြီးဆုံးချိန်မှာ မြင်တွေ့ရပါမည်။

*** N-Token (အသည်းပုံ) တိုးလာသည့်ပုံစံမှာ Reward granted ကြော်ငြာတစ်ခါ ကြည့်ပြီးသည့်ကို System မှ စစ်ဆေးပြီးနောက်၊၊ System မှ တစ်နာရီခြား တစ်ခါ လူကြီးမင်း၏ အကောင့် အသည်းပုံ အရေအတွက် ပြသည့်နေရာတွင် ပေါင်းထည့် ဖြည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ကြော်ငြာများ မြင်တွေ့နိုင်ရန် အဆင်ပြေသည့် VPN တစ်ခုကို သုံးနိုင်ပါသည်။ ၎င်းကြော်ငြာတစ်ခုသည် N-Token တစ်ခု ရရှိပါသည်။

မိမိတွင် ရရှိလာသည့် N-Token (အသည်း) အရေအတွက်များကို App Screen ညာဘက် အပေါ်ထောင့်တွင် မြင်နေရမည် ဖြစ်ပြီး၊ ၎င်းမြင်နေရသည့် N-Token (အသည်း) အရေအတွက်သည် လူကြီးမင်းပိုင်ဆိုင်သည့် N-Token အရေအတွက်ပဲ ဖြစ်ပါသည်။

၎င်း N-Token (အသည်း) များကို အခြားသူများ၏ ပို့စ်တွင် အသည်း (Like) ပေးမိလျှင် အသုံးပြုလိုက်လျှင် လူကြီးမင်းထံမှ နှုတ်သွားမည်ကို သတိပြုရန် လိုပါသည်။

ဒါဆို အခြားသူ၏ ပို့စ်ကို ဘယ်လိုမျိုး နှစ်သက်ကြောင်း ပြမလဲ မေးစရာရှိလာပါမည် ?

ဟုတ်ပါတယ်၊ အခြားသူ၏ ပို့စ်ကို နှစ်သက်လို မိမိ၏ N-Token ကို ပေးလိုသည့် ဆန္ဒရှိလျှင် Like ပေးပါ၊ ဆယ်ခုလောက် တခါတည်းပေးခြင်လျှင် Super Like ပေးပါ။

အဲလိုတော့ မဟုတ်ဘူး မိမိခံစားမှုကိုပဲ ပြလိုလျှင် Comment Reaction များ ( 😂😂 ❤️❤️ 😍😍 🙏🙏 😢😢 😡😡 ) ပေးနိုင်ပါသည်။ ၎င်းအပြင် comment တွင် GIF ပုံများဖြင့်လည်း ဖော်ပြလို့ ရပါသည်။

𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို Google Play Store တွင် Download ရယူနိုင်ပါပြီ။ အသုံးပြုနည်းကိုလည်း YouTube ရှိ 𝗡 𝗦𝗼𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Address

Yangon
Kamayut

Website

Alerts

Be the first to know and let us send you an email when The N Project Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share