31/08/2024
CSquare Fibernet အသုံးပြုသော Valued Customer များအား လစဉ်ကြေးနှုန်းထားအသစ်ဖြင့် မိတ်ဆက်ပေးပါရစေရှင့်
၂၀၂၄ ဇူလိုင်လမှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများပြောင်းလဲမှုအလိုက် Telecommunication Operator ဖက်မှ Bandwidth ဈေးနှုန်းများကို ၅၀% ခန့် တိုးမြှင့်လိုက်သော်လည်း မိမိတို့အနေဖြင့် CSquare Wifi အသုံးပြုသူများကို ကြိုတင်အသိပေးကာလအဖြစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် လစဉ်ကြေးတိုးမြှင့်ခြင်းမရှိခဲ့ပါ။
သို့ဖြစ်ပါ၍ လက်ရှိကောက်ခံနေသောဈေးနှုန်းအတိုင်း ဆက်လက်ဝန်ဆောင်မှုပေးနိုင်ရန် လွန်စွာခဲယဉ်းလှပါသဖြင့် ၂၀၂၄ အောက်တိုဘာလစဉ်ကြေးမှစ၍ မဖြစ်မနေပြင်ဆင်တိုးမြှင့်ရတော့မည်ဖြစ်ကြောင်း ကျေးဇူးရှင် Customer များအား လေးစားစွာအသိပေးအပ်ပါသည်။
သို့ရာတွင် ၂၀၂၄၊ စက်တင်ဘာလအတွင်း လက်ရှိနှုန်းထား ၃၅၀၀၀ အတိုင်း ၆လ၊ ၁၂လစာကြိုတင်သက်တမ်းတိုးနိုင်မည်ဖြစ်ပြီး
၆ လစာကြိုသွင်းလျှင် ၁ လ Free
၁၂ လစာကြိုသွင်းလျှင် ၂ လခွဲ Free
ရရှိမည်ဖြစ်ပါသည်။
New Rate
15 Mbps - 40,000 MMK
50 Mbps - 50,000 MMK
Business Use - 150,000 MMK
[Unlimited Speed ~ *depends on Hardware Devices*]
Movie ကြည့်ပြီး Chill ချင်တဲ့ Valued Customer များအနေနှင့် "Jellyfin" Application ကို Download ဆွဲပြီး Movies/Series ပေါင်း 1000+ ကို CSquare Wifi တစ်ခုခုချိတ်ထားရုံနှင့် Internet Main Line ပြတ်တောက်သွားလည်း ကိုယ်ပိုင်အကောင့်ဖွင့်ပြီး Free ကြည့်လို့ရနေပါပြီ။
ဒါ့အပြင် Jellyseerr ကတဆင့် ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေကိုလည်း တောင်းဆိုလို့ရတာမို့ အခုပဲ CSquare ရုံးဖုန်းကို ဆက်သွယ်ပြီး Movie Account ဖန်တီးလိုက်ကြရအောင်။