ICT Education

ICT Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ICT Education, Computer training school, Yangon, Insein.

27/10/2022

Photoshop မှာ Action Panel အသုံးပြုခြင်း
===================
Action Panel အကြောင်းကို သင်ကြားပေးထားသော သင်ခန်းစာ ဖြစ်ပါတယ်။
Image Effect များအသုံးပြုခြင်း၊ Adjustment များအသုံးပြုခြင်းနှင့် Edit လုပ်ဆောင်ခြင်းများကို မှတ်ထားစေရန် Action Panel ကိုအသုံးပြုခြင်းကြပါတယ်။
Photoshop မှာ အသင့်လုပ်ပြီးသား Action များစွာ ပါဝင်လာပါတယ်။
ဒီလို အသုံးဝင်လှတဲ့ Action Panel အကြောင်းကို ယခု သင်ခန်းစာမှာ လေ့လာ သင်ယူ နိုင်ပါတယ်။

.facebook.com/cag.computer

Design

Adobe Photoshop CC2020 ကို လိုအပ်သူများအောက်ပါ link တွင် ရယူ နိုင်ပါသည်။https://www.mediafire.com/file/3zs43saredmk5gr/A...
26/10/2022

Adobe Photoshop CC2020 ကို လိုအပ်သူများ
အောက်ပါ link တွင် ရယူ နိုင်ပါသည်။

https://www.mediafire.com/file/3zs43saredmk5gr/Adobe_Photoshop_CC_2020.zip/file

Pre-Activate ဖြစ်သောကြောင့် Crack လုပ်စရာမလိုပါ။
Install လုပ်တဲ့အခါမှာလည်း အင်တာနက်ပိတ်ထားစရာမလိုပါ။

Memory 6GB လောက်ရှိရင်တောင် ပေါ့ပေါ့ပါးပါးလေး သုံးနိုင်ပါတယ်။

02/09/2022
Microsoft Word မှာ Word Art နှင့် Text Effect  အသုံးပြုခြင်းကိုလေ့လာ သင်ယူနိုင်ပါသည်။
02/09/2022

Microsoft Word မှာ Word Art နှင့် Text Effect အသုံးပြုခြင်းကိုလေ့လာ သင်ယူနိုင်ပါသည်။

Flash ဆိုသည်မှာFlash ကို Macromedia က ၁၉၉၅ ခုနှစ် လောက်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် လောက်ေ ရာက်တဲ့အချိန်မှာ Ad...
24/10/2014

Flash ဆိုသည်မှာ

Flash ကို Macromedia က ၁၉၉၅ ခုနှစ် လောက်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် လောက်ေ ရာက်တဲ့အချိန်မှာ Adobe System က Flash ကို ၀ယ်ယူခဲ့ပါတယ်။ ဒီအချိန်မှာ Adobe ဟာ CS3 product တွေကို စတင် ဖြန့်ချီနေတဲ့အချိန်နဲ့ တူသွားပါတယ်။ ဒါကြောင့် Adobe Flash 9.0 ကို စတင် ရောက်းချခဲ့ပါတယ်။ Macromedia Flash မှ နေ Adobe Flash ဖြစ်လာရခြင်း အကြောင်းပါပဲ။ ယခုတော့ Adobe မှ Flash ကို CS6 ဖြစ်သည်အထိ စတင် ဖြန့်ချိနေပြီပဲဖြစ်ပါတယ်။

Flash နဲ့ ဘာတွေ လုပ်နိုင်သလဲ

Macromedia Flash မှနေပြီး Adobe Flash ဖြစ်သည်အထိ မပြောင်းလဲပဲ ရှိနေတာကတော့ Flash မှာ Shockwave file system ပါပဲ။ Flash ကိုအသုံးပြု ပြီး Animation, WebApplication, Presentation, Game, Media Content များ ဖန်တီးရေးသားနိုင်ပါသည်။

Flash က ဘယ်လိုအလုပ်လုပ်သလဲ
Flash တွင် File ကို သီမ်းရာတွင် (.FLA) Flash Application extension ဖြင့် သိမ်းပါတယ်။ ၄င်းဖိုင်ကို အွန်လိုင်းပေါ်၊ ပြန်လည်ကြည့်ရှုဖို့ဆိုလျင်တော့ (.SWF) Shockwave file format ထုတ်ယူရမှာပဲဖြစ်ပါသည်။ Flash ဖြင့် ပြုလုပ်ဖန်တီးထားတဲ့ Animation, Game တွေကို မည်သည့် Device တွင်မဆို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ဒီလိုအသုံးပြုရာတွင် Flash player လိုသည့်အခါမျိုးရှိသလို ၊ မလိုသည့်အခါမျိုးလည်းရှိပါသည်။

24/10/2014

Computer Training School

Education ဆိုသည်မှာEducation is what remains after one has forgotten everything learn in school.ကျေင်းတွင် သင်ယူရရှိခဲ့ေ...
24/10/2014

Education ဆိုသည်မှာ
Education is what remains after one has forgotten everything learn in school.
ကျေင်းတွင် သင်ယူရရှိခဲ့သော အရာအားလုံးမေ့ပျောက်သွားပြီးနောက် ကျန်ရစ်ခဲ့သော အရာကို ပညာဟုခေါ်သည်။

ဒသနလက်ဆောင် (၄၀၀)၊ စာမျက်နှာ (၁၉၁)

Bambi၁၉၄၇ ခုနှစ် တုန်းက Walt Disney မှ ဖန်တီးထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် Animation ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ယခုအချိန်လို ကွန...
08/06/2014

Bambi

၁၉၄၇ ခုနှစ် တုန်းက Walt Disney မှ ဖန်တီးထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် Animation ရုပ်ရှင်ကားလေးဖြစ်ပါတယ်။
ယခုအချိန်လို ကွန်ပျူတာ နည်းပညာများ ထွန်းကားလာချိန်တွင် 3D 2D Animation ဇာတ်ကားလို ၃လ တစ်ကြိမ် ၅ လတစ်ကြိမ် ထုတ်လုပ် ပြသခဲ့သည်မဟုတ်။ နှစ်နှင့်ချီပြီး ရေးဆွဲထားသော အနုပညာလက်ရာတစ်ခုဖြစ်သည်။ ယနေ့ထက်တိုင်လည်း ကြည့်ပြီးရင်း ပြန်လည်ကြည့်ချင်သော
Classic Animation ရုပ်ရှင်ကားတစ်ခုဖြစ်နေဆဲဖြစ်သည်။

သမင်လေးတစ်ကောင်၏ မွေးလာသည်မှ လောကတာဝန်များ ကို ထမ်းဆောင် သွားသည့် ပုံရိပ်များကို ပုံဖေါ်ရေးဖွဲ့ထားပါသည်။
ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားပြီး မိမိကိုယ်တိုင်ရုန်းကန် အသက်ရှင်ခဲ့ပုံများ၊ ချစ်ခင်သူဘ၀လက်တဲဖော်ရရှိသွားချိန်တွင် သူငယ်ချင်းများ နှင့် ကွဲခဲ့ပုံများ၊ ဖခင် သမင်ဖိုကြီး ဦးဆောင်လုပ်ငန်းများတွင် ၀င်ရောက်တာဝန် လက်ကမ်းယူခဲ့ပုံများကို ရသစုံလင်စွာ ဖော်ကြူးထားခဲ့သည်။

ယခု ၂၀၁၄ တွင် ရုံတင်ခဲ့သော Walking with Dinosaurs ရုပ်ရှင်ဇာတ်ကားနှင့် ကြောရိုးတူသည်။ Classic Animation ကိုချစ်ခင်လေးစားသူများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

What is 3D Printer?3D Printer is the same Computer Printer, but that is like a workshop of Modeling. like this very new ...
08/06/2014

What is 3D Printer?
3D Printer is the same Computer Printer, but that is like a workshop of Modeling. like this very new technology ! Wooo... YOU can print any 3D Model to become Real 3D WORlD !!

ယခုခေတ်လူငယ်တော်တော်များများသည် သင်တန်းတွေတက်၊ ကျောင်းတွေလျှောက် ပညာရေးအတွက်အမျိုးမျိုးရုန်းကန်လှုပ်ရှားနေကြတာတွေ့တော့ . ...
08/06/2014

ယခုခေတ်လူငယ်တော်တော်များများသည် သင်တန်းတွေတက်၊ ကျောင်းတွေလျှောက် ပညာရေးအတွက်
အမျိုးမျိုးရုန်းကန်လှုပ်ရှားနေကြတာတွေ့တော့ . . .
သြော် ငါတို့တုန်းက သင်တန်းတစ်ခုတက်ဖို့ ငွေကြေး မတက်နိုင်လို့ တစ်ခုတက်ပြီးမှ နောက်တစ်ခု တက်ဖို့ကြိုးစားအချိန်ယူခဲ့ကြရတာ၊

အခုခေတ်လူငယ်များမှာတော့ သင်တန်းချိန်တစ်ခုပြီးတာနဲ့ နောက်သင်တန်းကို အပြေးလေးတက်ကြတာပါလား။ ဒါကြောင့်လည်း ငါတို့ခေတ်တုန်းကထက်

ပိုတော်လာ ကြတာကိုး . . လို့တွေးမိပါတယ်။

သို့ပေမယ့် သင်တန်းတွေ ဆက်တိုက်တက်နေပြီး မည်သည့် ဘာသာရပ်ကိုမှ ပိုင်ပိုင်နိုင်နိုင်မသိရှိကြတော့ဘူးထင်ပါတယ်။
သင်ယူရတာတွေကများတော့ သေချာမမှတ်နိုင်တော့ပဲ အပေါ်ယံလောက်သာမှတ်နိုင်ကြတော့တယ်။
အမှန်က ဟိုနည်းနည်း၊ ဒီနည်းနည်း လုပ်တက်နေတာထက် ဘာသာရပ်တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်သိရှိထားမှ
လုပ်ငန်းခွင်တစ်ခုမှာ အခိုင်အမာ ရပ်တည်နိုင်မှာမဟုတ်ပါလား။
အခုတော့ အလုပ်သွားလျှောက်တဲ့အခါ . . .ဘယ်ရာထူးကို လျှောက်ချင်တာလည်းလို့မေးလာရင်. . .
ဟိုလိုလို ဒီလိုလို မဖြေတက်ကြတော့ဘူး၊ နောက်ဆုံး အဆင်ပြေရာပါ လို့သာ ပြောလာပါတယ်။
Network Administrator တစ်ဦးအဖြစ် အလုပ်လျှောက်တယ်ဆိုပါစို့ ၊ သေသေချာချာ အပ်ကျမတ်ကျမေးလိုက်ရင်
ပိုင်ပိုင်နိုင်နိုင်မဖြေနိုင်တော့ဘူး၊ တကယ်သိတဲ့သူ့တွေ ဘယ်တွေရောက်ကုန်တာတုန်း နိုင်ငံခြားသွားကြတော့မှာလား. . .
ဘယ်လိုတွေဖြစ်ကုန်တာတုန်း ကျွန်တော်တို့ တစ်ခုခုတော့မှားနေပြီ. . . .
ငယ်ငယ်တုန်းက အဖေသင်ပေးဖူးတဲ့ ကဗျာတစ်ပုဒ်ကိုသွား သတိရမိတယ်. . .

နှုတ်မှုလက်မှု၊
အတတ်စုကို၊
ငယ်နုသောအား၊
မမေ့ငြားနှင့်၊
ရင်းဖျားကုန်စင်၊
တတ်မြော်မြင်က၊
တစ်ခုမျှလျက်၊
အသက်မွေးကြောင်း၊
ဖြစ်တုံရှောင်း၏။

ဆိုသည့်အတိုင်း သေးငယ်တဲ့ အတက်ပညာတစ်ခုခုဖြစ်ပါသော်လည်း သေချာပိုင်နိုင်စွာ သိထားလျင် အသက်မွေးဝမ်းကြောင်း အဖြစ်အသုံးပြုနိုင်ပါတယ်

ဆိုတာ ဝေငှလိုက်ပါတယ်။
လူငယ်များအားလုံးစဉ်းစားတွေးခေါ်နိုင်ကြပါစေ။

Address

Yangon
Insein
11011

Alerts

Be the first to know and let us send you an email when ICT Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share