25/08/2026
စွမ်းဆောင်ရည်၊ ဒီဇိုင်းနဲ့ AI နည်းပညာတို့ အပြည့်အဝ ပေါင်းစပ်ထားတဲ့ HONOR Pad V9 ✨
Tablet တစ်လုံးဟာ ရုံးစာရွက်စာတမ်း ကြည့်ရုံ၊ အင်တာနက် ကြည့်ရုံတင် မဟုတ်တော့ဘဲ ဖန်တီးမှုတွေ ပြုလုပ်ဖို့နဲ့ စိတ်လက်အပန်းဖြေဖို့အတွက်ပါ မရှိမဖြစ် အရေးပါတဲ့ Lifestyle Gadget တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုအပ်ချက် အားလုံးကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အဆင့်မြင့် နည်းပညာတွေ ပေါင်းစပ်ထားတဲ့ HONOR Pad V9 ရောက်ရှိလို့ လာခဲ့ပါပြီ။
🎬 HONOR Pad V9 ရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုကတော့ အရောင်အသွေး 1.07 Billion Colors ကို ပေါ်လွင်စေမယ့် 2.8K Resolution နဲ့ 144Hz Refresh Rate ပါဝင်တဲ့ HONOR Eye Comfort Display ပဲ ဖြစ်ပါတယ်။ မျက်လုံးညောင်းညာမှုကို လျှော့ချပေးမယ့် နည်းပညာများ ပါဝင်တာကြောင့် စာအုပ်ဖတ်တာ၊ အလုပ်လုပ်တာနဲ့ ရုပ်ရှင်ကြည့်တာတွေကို ကြာရှည်စွာ ပြုလုပ်ပါကလည်း စိတ်အေးချမ်းစွာ အသုံးပြုနိုင်ပါတယ်။
🔊 စပီကာ (၈) လုံးအထိ ထည့်သွင်းပေးထားတဲ့ HONOR Spatial Audio စနစ်ကြောင့် အသံထွက်ပိုင်းမှာ ပတ်လည်ထွက်ရှိပြီး လက်ထဲမှာတင် IMAX Cinema တစ်ခုကို ပိုင်ဆိုင်ထားရသလိုမျိုး အပြည့်အဝ ခံစားရစေမှာပါ။
🔋 ပုံမှန်အားဖြင့် ဘက်ထရီ ပမာဏကြီးမားရင် Tablet တွေဟာ လေးလံထူထဲသွားလေ့ ရှိပေမယ့် HONOR Pad V9 ကတော့ အထူ 6.1mm တည်းနဲ့ အလေးချိန် 475g သာ ရှိလို့ အလွန် ပေါ့ပါးလှပါတယ်။ ဒီလို ပါးပါးပေါ့ပေါ့ ဒီဇိုင်းအောက်မှာ ပမာဏ 10,100mAh ရှိတဲ့ Large Battery ကို တပ်ဆင်ပေးထားလို့ ခရီးသွားရင်းပဲဖြစ်ဖြစ်၊ အပြင်မှာ အလုပ်လုပ်ရင်းပဲဖြစ်ဖြစ် အားကုန်မှာ ပူစရာမလိုဘဲ တစ်နေကုန် စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။
🚀 MediaTek Dimensity 8350 Elite Chipset ကို တပ်ဆင်ထားတာကြောင့် Heavy Gaming တွေ၊ Multi-tasking အလုပ်တွေကို လျှင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။
🤖 MagicOS 9 ရဲ့ "Know You Better, Serve You Well" ဆောင်ပုဒ်အတိုင်း သုံးစွဲသူရဲ့ လိုအပ်ချက်တွေကို AI Efficiency Productivity Tools တွေကတစ်ဆင့် ကူညီဖြည့်ဆည်းပေးတာကြောင့် ရုံးစာရွက်စာတမ်းနဲ့ စာရေးစာကြည့် အလုပ်တွေကို ပိုမို တွင်ကျယ်စေမှာပါ။
🎨 ခေတ်မီပြီး ဆန်းသစ်ဆွဲဆောင်မှုရှိတဲ့ White နဲ့ Gray အရောင်နှစ်မျိုးနဲ့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ရရှိနိုင်ပါတယ်။
HONOR Pad V9 ဟာ ကျောင်းသူ/သားများ၊ ရုံးဝန်ထမ်းများနဲ့ ဖျော်ဖြေရေးကို အပြည့်အဝ လိုချင်သူများအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး အထာကျတဲ့ HONOR Pad V9 ကို အနီးစပ်ဆုံး HONOR အရောင်းဆိုင်တွေမှာ အခုပဲ သွားရောက် လေ့လာစမ်းသပ် ရွေးချယ်လိုက်တော့နော်။ 💯🛍️