13/07/2018
Microwave Design Engineer ဖြစ်ဖို့အတွက် သိဖို့ လိုအပ်တာလေးတွေ….။
၁။ အငြင်းသန်ရတယ်။ :D 😏😏😏
၂။ ရုပ်ချော ရတယ်။ :P. 😬😬😬
၃။ သုံးရမယ့် Frequency တွေ နဲ့ သုံးလို့ရတဲ့ Frequency တွေ သိရတယ်။
၎။ Bandwidth ရယ် Modulation ရယ် KPI ရယ်ကို တွဲစဉ်းစားတတ်ရတယ်။
၅။ Line of sight ကို Design လုပ်နိုင်ရတယ်။
၆။ နေရာဒေသ အလိုက် ရာသီဥတု နဲ့ မိုးရေချိန်တွေကို ခန့်မှန်းနိုင်ရတယ်။
၇။ သစ်ပင်တွေရဲ့ သဘာဝနဲ့ နှစ်အလိုက် ရှည်ထွက်လာနိုင်တဲ့ အရှည်ပမာဏ ကို တွက်နိုင်ရတယ်။
၈။ Site အရေအတွက်နဲ့ ပေးတဲ့ Service အပေါ်လိုက်ပြီး Capacity ကို စဉ်းစားတတ်ရတယ်။
၉။ MW planning tools တွေဖြစ်တဲ့ Pathloss, A toll, Asset စတဲ့ Software တစ်ခုခု သုံးတတ်၇တယ်။
၁၀။ Excel, Power point, Word,Asset,Visio တွေ ကျွမ်းရတယ်။
၁၁။ တတ်နိုင်သမျှ အလိုအလျောက် ကာကွယ်တဲ့ စနစ်နဲ့ Topology ကို အသုံးပြုတတ်ရမယ်။
၁၂။ ဘယ်နေရာတွေမှာ Fiber လိုအပ်လဲဆိုတာကို သိရမယ်။
၁၃။ Frequency တွေ Interference မဖြစ်အောင် တတ်နိုင်သမျှ Channel အရေအတွက်ကို အနည်းဆုံးသုံးရတယ်။
၁၄။ ကိုယ်သုံးမယ့် ပစ္စည်းတွေ အကြောင်း အသေးစိတ်က အစ တိတိကျကျ သိရတယ်။ IDU, Core cards, Interface cards, Clock, ODU, IF interface, Ethernet interface with or without POE, Power cards, Antenna, Antenna interface, waveguide adapter, OMT, Polarization, Beamwidth အဲဒါတွေ သိရတယ်။
၁၅။ ကိုယ့်ပစ္စည်း အချင်းချင်း ချိတ်တာကော။ ကိုယ့်ပစ္စည်းကနေ တစ်ခြား ပစ္စည်းကို ချိတ်တာလည်း သိရတယ်။ IDU ကနေ ODU ကို ODU ကနေ Antenna ကို။ BTS/NodeB/e-NodeB ကနေ IDU ကို ချိတ်တာမျိုး ဒါမှမဟုတ် IDU ကနေ Router/Add-drop multiplexer တွေကို ချိတ်တာမျိုးတွေ မှာ ဘယ်လို ကြိုးမျိုးနဲ့ ဘယ်လို ခေါင်းမျိုးနဲ့ ချိတ်ရတယ်။ Logical အရလည်း ဘယ်လို interface မျိုးနဲ့ ဘယ်လို QOS စနစ်ကို အသုံးပြုပြီး ချိတ်ရလဲ ဆိုတာ သိရတယ်။
၁၆။ Coax ကြိုးတွေ အကြောင်း Cat5 cable တွေ အကြောင်း Fiber pathcord တွေ အကြောင်း နဲ့ သူတို့ရဲ့ ခေါင်းတွေ အကြောင်း သိရတယ်။
၁၇။ ကိုယ့်ပစ္စည်းက Power လိုအပ်ချက် ဘယ်လောက်လဲ ဆိုတာနဲ့ grounding ဘယ်လို ချ၇တယ် ဆိုတာ၊ အပြင် Outdoor မှာ ဆင်ရမယ့် ပစ္စည်းတွေ အတွက် Bracket တို့ အထိန်းတို့ ၀က်အူ တို့ နဲ့ မိုးကြိုးပစ် ခံနိုင်ရည် အမြင့်ဆုံး Ampere ဘယ်လောက်ခံနိုင်လဲ ဆိုတာကို သိရတယ်။
၁၈။ Fiber pathcord နဲ့ ချိတ်တာမျိုးဆို ဘယ်လောက် Wavelength နဲ့ သုံးရမယ့် SFP ကို သိရတယ်။
၁၉။ ကိုယ့်ပစ္စည်းတွေ ထဲ ထည့်သုံးရမယ့် လိုအပ်တဲ့ Software တွေကို လည်း သိရမယ်။
၂၀။ ပစ္စည်းတွေ ရဲ့ အရွယ်အစားနဲ့ လေ၀င်လေထွက်တွေ စနစ်တွေကိုလည်း သိရတယ်။
၂၁။ IP subnet တွေအကြောင်း VLAN တွေ VG group တွေ အကြောင်း သိ၇တယ်။
၂၂။ 2G/3G/4G တွေရဲ့ Traffic သဘာဝတွေ အကြောင်းသိ၇တယ်။
၂၃။ ဆင်ထားပြီးတဲ့ Link တွေကို NMS Server ကနေပဲ Performance အခြေအနေကို သိရအောင် ကြည့်နိုင်ဖို့ End to End service creation နဲ့ DCN ကို သိရတယ်။
၂၄။ Information တွေကို စနစ်တကျ သိမ်းထားပြီး Project ကို Control လုပ်တတ်ရတယ်။
၂၅။ လိုနေတာ မကောင်းသလို Over Engineering မဖြစ်အောင်လည်း သတိထားတတ်၇မယ်။
# Bro Phyo Waihtoon