13/09/2026
📢 WE ARE HIRING 📢 📢
👩🏫 Assistant Computer Instructor – 1 ဦး
🛠️Assistant IT Technician – 2 ဦး
💻Assistant Sales – 1 ဦး
လျှောက်ထားရန်နှင့် အသေးစိတ်ကြည့်ရှုရန် https://treasurenet.com.mm/jobs
👩🏫 Assistant Computer Instructor— 1 ဦး
*****************
IT နည်းပညာကို စိတ်ဝင်စားပြီး သင်ကြားရေးကို ဝါသနာပါသူများလျှောက်ထားနိုင်ပါသည်။
လိုအပ်ချက်များ
*********
• ဘွဲ့ရရှိပြီးသူများ ဦးစားပေးမည်။
• Computer/IT ဆိုင်ရာ Degree, Diploma သို့မဟုတ် Certificate ရှိသူများ ပိုမိုသင့်တော်သည်။
• ဘွဲ့မရရှိသေးပါက သက်ဆိုင်ရာ Computer Certificate များရှိပြီး သင်ကြားရေးကို ဝါသနာပါသူဖြစ်ရမည်။
• Computer Literacy နှင့် Microsoft Office အသုံးပြုမှုကောင်းမွန်ရမည်။
• လူကြီးလူငယ်မရွေး စိတ်ရှည်စွာ ပြောဆို ဆက်ဆံသင်ကြားနိုင်ရမည်။
• Teaching Experience မရှိသေးသူများလည်း လျှောက်ထားနိုင်သည်။
အဓိကတာဝန်များ
************
Treasure Net Learning Center တွင်ဖွင့်လှစ်ထားသော ကွန်ပျူတာသင်တန်းများတွင် ကူညီသင်ကြားခြင်း၊ Practical Exercises နှင့် Teaching Materials များ ပြင်ဆင်ခြင်း၊ ကျွမ်းကျင်လာသည်နှင့်အမျှ သင်တန်းများကို တဖြည်းဖြည်းတာဝန်ယူသင်ကြားခြင်း။
🛠️ Assistant IT Technician — 2 ဦး
*******************
Computer Hardware, Software နှင့် Troubleshooting ကို စိတ်ဝင်စားပြီး IT Technician တစ်ဦးအဖြစ် လက်တွေ့သင်ယူတိုးတက်လိုသူ ဖြစ်ရပါမယ်။
လိုအပ်ချက်များ
***********
• Computer Hardware/Software အခြေခံဗဟုသုတရှိသူ
• Troubleshooting နှင့် Problem Solving ကို စိတ်ဝင်စားသူ
• လက်တွေ့လုပ်ကိုင်ရင်း သင်ယူလိုစိတ်ရှိသူ
• Customer များနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်သူ
• တာဝန်ယူတတ်ပြီး Team နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ
• Computer/IT ဆိုင်ရာ Certificate/Diploma ရှိသူများ ဦးစားပေးမည်
• လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်သည်
အဓိကတာဝန်များ
************
Desktop/Laptop စစ်ဆေးပြုပြင်ခြင်း၊ Hardware/Accessories စစ်ဆေးခြင်း၊ Windows/Software Installation၊ Printer နှင့် IT Devices Setup/Troubleshooting နှင့် Customer Technical Support များတွင် ပါဝင်လုပ်ကိုင်ခြင်း။
💻 Assistant Sales — 1 ဦး
*******************************
Sales & Customer Service ကို စိတ်ဝင်စားပြီး Computer နှင့် Technology Products များကို လေ့လာရောင်းချလိုသူ ဖြစ်ရပါမယ်။
လိုအပ်ချက်များ
**********
• လူများနှင့် ပြောဆိုဆက်ဆံရခြင်းကို နှစ်သက်သူ
• Sales နှင့် Customer Service ကို စိတ်ဝင်စားသူ
• Computer အသုံးပြုနိုင်သူ
• Computer/Technology Products များကို လေ့လာလိုစိတ်ရှိသူ
• Communication Skill ကောင်းမွန်သူ
• သင်ယူမြန်ပြီး တာဝန်ယူတတ်သူ
• အတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်သည်
အဓိကတာဝန်များ
************
Customer များ၏ လိုအပ်ချက်ကို မေးမြန်း၍ သင့်တော်သော IT Products များ ရှင်းပြရောင်းချခြင်း၊ POS/Sales System အသုံးပြုခြင်း၊ Showroom Operations နှင့် လိုအပ်သလို Product Marketing Activities များတွင် ပါဝင်ခြင်း။
______________________________
💰 လစာနှင့် ခံစားခွင့်များ
*******************
မျှော်မှန်းလစဉ်ဝင်ငွေ — 350,000 Ks နှင့်အထက်
Basic Salary အပြင် Attendance နှင့် Position အလိုက် Performance / Sales Target / Training Bonus များ ခံစားခွင့်ရှိပါသည်။
Starting Salary ကို ပညာအရည်အချင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအလိုက် သတ်မှတ်ပြီး Bonus များသည် Performance နှင့် လုပ်ငန်းအခြေအနေအလိုက် လစဉ်ကွာခြားနိုင်ပါသည်။
🕐 အလုပ်ချိန်နှင့် ခွင့်ရက်
*******************
- တစ်နေ့ 8 Hours | တစ်ပတ် နားရက် 1 ရက်
- တစ်နှစ်လျှင် ရှောင်တခင်ခွင့် (၆)ရက်ရှိပြီး၊ လုပ်သက်တစ်နှစ်ပြည့်ပြီးသော ဝန်ထမ်းများအတွက် တစ်နှစ်လျှင် (၁၀)ရက်လုပ်သက်ခွင့် ခံစားခွင့်ရှိပါသည်။
🎓 အဝေးသင်တက္ကသိုလ်တက်ရောက်နေသူများလည်း လျှောက်ထားနိုင်ပါသည်။
🛌အခြားမြို့များမှ လာရောက်လုပ်ကိုင်လိုသူများအတွက် အဆောင်နေရာ စီစဉ်ပေးပါမည်။
📍 လုပ်ငန်းနေရာ —
Assistant IT Technician/ Assistant Sales အဖြစ် လျှောက်ထားသူများသည် အောက်ပါ လုပ်ငန်းနေရာ (၃)ခုတွင် တာဝန်ထမ်းဆောင်နိုင်ရပါမည်။
1. Treasure Net (Showroom 1), အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ ဗျာဒိတ်ပန်းဆေးရုံအနီး၊ ဘားအံမြို့။
2. Treasure Net (Showroom 2), အမှတ်(၄)ရပ်ကွက်၊ ညဈေးအနီး၊ ဘားအံမြို့။
3. Treasure Net (Showroom 3), ဇွဲကပင်ပလာဇာမြေညီထပ်၊ ဘားအံမြို့။
Assistant Computer Instructor အဖြစ်လျှောက်ထားသူများသည် အောက်ပါလုပ်ငန်းနေရာတွင် တာဝန်ထမ်းဆောင်ရပါမည်။
1. Treasure Net Learning Center, အမှတ်(၄)ရပ်ကွက်၊ ညဈေးအနီး၊ ဘားအံမြို့။
——
📝 လျှောက်ထားရန်
https://treasurenet.com.mm/jobs ယခု Link မှ တဆင့် မိမိလျှောက်ထားလိုသော ရာထူးကိုရွေး၍ Application Form ကို ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
📅 Application Deadline — 26 September 2026
Shortlisted Candidates များကို Interview အတွက် ဆက်သွယ်ပေးပါမည်။
ဆက်သွယ်ရန်
09965136417
“Treasure Net က တက်ကြွသော၊ သင်ယူလိုစိတ်ရှိသော၊ တာဝန်ယူတတ်သော သူများနဲ့ အတူတကွလက်တွဲဖို့ အမြဲကြိုဆိုလျှက်ရှိပါတယ်”