Shwepin Ngwepin mobile service and training

Shwepin Ngwepin mobile service and training welcome to my shop

31/12/2023

ကိုယ့်ခံယူချက်နဲ့ ကိုယ် နေတတ်အောင်နေပါ။
ပညာကို သေသည်အထိ လူတိုင်းစီမှာ သင်ယူပါ

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်======================================ကွန်ပျူတာကို သုံးစ...
04/10/2021

ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်
======================================
ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား (၁၀) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ (မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။)

(၁) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း။

မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။

(၂) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း။

ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။

(၃) Save မလုပ်ခြင်း။

စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။

(၄) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း။

ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။

(၅) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း။

အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။

(၆) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း။

တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေ၀င်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။

(၇) Email အတွင်းမှ Spam များကိုစိတ်၀င်စားခြင်း။

ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။

(၈) Email များကို forward လုပ်ခြင်း။

ကိုယ်မသိတဲ့ email ကနေ စိတ်၀င်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

(၉) မကောင်းသော software များကို install လုပ်မိခြင်း။

တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။

(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း။

PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။

Crd _ Based Two

USB အကြောင်းလေ့လာကြမယ် Part (1)အခုခေတ်မှာ PC တိုင်းမှာ USB ဆိုတဲ့ Universal Serial Bus-USB port ပါလာပြီဖြစ်ပါတယ်။ဒါကြောင...
24/09/2021

USB အကြောင်းလေ့လာကြမယ် Part (1)

အခုခေတ်မှာ PC တိုင်းမှာ USB ဆိုတဲ့ Universal Serial Bus-USB port ပါလာပြီဖြစ်ပါတယ်။ဒါကြောင့်တော်တော်များများက USB လို့ပြောလိုက်တာနဲ့တန်းသိကြမှာပါ။1990 ခုနှစ်နှောင်းပိုင်းလောက်ကစပြီးကွန်ပျူတာထုတ်လုပ်သူအချို့လောက်ဟာ USB ကိုသူတို့ရဲ့ System အသစ်တွေမှာထည့်သွင်းခဲ့ပေမဲ့ အခုတော့ Computer တိုင်းလိုလိုမှာ USB port တွေပါလာပြီဖြစ်ပါတယ်။1996 မှာ intel 430 HX Triton II Motherboard မှာ USB ကိုတပျဆငျပွီးစြေးကှကျထဲကိုစတငျရောငျးခခြဲ့ပါတယျ။USB က 12 Mbps Data Transfer Rate ရှိပါတယ်။USB မရှိခင်တုန်းက Computer တွေမှာ Parallel Port နဲ့ Serial Port ပဲရှိကြပါတယ်။ Serial Port ဆိုရင် Data တစ်ခါပို့မှ 1 bit ပဲပို့နိုင်ပြီးတော့ Parallel Port လို Data တွေပြိုင်ပို့နိုင်တာလဲမဟုတ်ဘူး။USB က 12 Mbps Transfer Rate ရှိတဲ့အပြင်နောက်ကောင်းတဲ့တစ်ချက်က Hot Swappable ပါရှိတာပါပဲ။ဆိုလိုတာက USB Device တွေဖြုတ်တပ်လုပ်တဲ့အချိန်မှာ Computer တွေကို Shutdown လုပ်စရာမလိုတာကိုပြောတာပါ။တပ်လိုက်တာနဲ့ Operation System ကအလိုအလျောက်သိတာပြီးအသုံးပြုလို့ရပါတယ်။USB cable တွေက ပုံမှန်ဆိုရင် ၅မီတာ ( ၁၆ပေ ) အရှည်ဆုံးရှိကြပါတယ်ဒါ USB ရဲ့ Standard ပါပဲ။ဒီထက်ပိုရှည်ရင်တော့ Data Loss ဖြစ်မှာဖြစ်ပါတယ်။USB ပစ္စည်းတွေဟာ Window Linux ရော Mac မှာပါအလုပ်လုပ်ပါတယ်ဗျာ။ဒါပေမဲ့ Linux မှာတော့သက်ဆိုင်ရာ Driver တင်ပေးမှအလုပ်လုပ်မှာပါ။
USB Version များ
)1 USB 1X
)2 USB 2.0
)3 USB 3X
)4 USB 4
USB 1X အကြောင်း
1996 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ USB ရဲ့ ပထမဆုံး Version ဖြစ်ပါတယ်။မူလပထမ Version 1.0 ဟာ 1.5 Mbps Data Transfer Rate ရှိပါတယ်။နောက်ပြီးတော့ USB 1.1 ပေါ်လာပါတယ်သူကတော့ Data Rate 2 မျိုးနဲ့ပါ။ဘယ်လိုလဲဆိုတော့ Data Transfer Rates ကို High Speed လိုအပ်တဲ့ ဥပမာ Disk Drive လိုပစ္စည်းလိုမျိုးဆိုရင် 12 Mbps Support လုပ်ပြီးတော့ Brandwish သေးတဲ့ ဥပမာ Joy Sticks လိုပစ္စည်းမျိုးဆိုရင် 1.5 Mbps Support လုပ်ပါတယ်။
USB 2.0 အကြောင်း
2001-2002 ခုနှစ်မှာတော့ USB 2.0 နည်းပညာကိုစတင် မိတ်ဆက်ခဲ့ပါတယ်။သူကိုတော့ Hi-Speed USB လိုလည်းခေါ်ပါတယ်။အဲ့ဒီ Hi-Speed USB ကို Compaq,Howleft Packard,Intel,Lucent,Microsoft,NEC နှင့် Philips တိုက Developed လုပ်ခဲ့ကြတာဖြစ်ပါတယ်။အဓိကကတော့Data Transfer Rate မြန်လာတာပါပဲ။ဘယ်လောက်မြန်လာလဲဆိုရင် USB1.1 ထက်အကြိမ် ၄၀ ဆပိုမြန်လာပါတယ်။သူရဲ့ Data Transfer Rate ကတော့ 480 Mbps ဖြစ်ပါတယ်။အဲ့လိုမြန်လာတဲ့ Brandwidth ကြောင့်သူကို Digital Camera တွေ CD Writer တွေ Video နဲ့ဆက်စပ်ပစ္စည်းတွေပါအသုံးပြုလာကြပြီဖြစ်ပါတယ်။ပြီးတော့သူက High Speed Device တွေအများကြီးကိုတစ်ပြိုင်နက်တည်းအသုံးပြုလို့ရတယ်ဗျာ။
USB 3X အကြောင်း
USB 3.0 ကိုတော့ 2008 November 12 ရက်နေမှာ USB 3.0 Promoter ကနေပြီးတော့ USB Implementers Forum ကိုလွှဲပြောင်းပေးခဲ့ပြီး 2008 November 17 ရက်နေ့မှာ SuperSpeed USB Developer Conference မှာစတင်ကြေငြာမိတ်ဆက်ခဲ့ပါတယ်။USB 3.0 မှာတော့ SuperSpeed ကိုပြောင်းလဲခဲ့ပြီးတော့အဲ့ SuperSpeed Transfer Mode မှုကို Support လုပ်တဲ့ ပလပ်ခေါင်းတွေCable ကြိုးတွေပါထုတ်ခဲ့ပါတယ်။SuperSpeed Transfer Mode ပါတဲ့ ပလပ်ခေါင်းတွေ Cable တွေမှာသီးခြားအမှတ်အသားအဖြစ် အပြာရောင်လေးတွေထည့်ပေးပြီးထုတ်လုပ်ထားပါတယ်။SuperSpeed Mode Data Transfer Rate ကတော့ 500Mbps ပဲဖြစ်ပါတယ်။USB 3.1 ကိုတော့ July 2013 မှုစတင်ထုတ်လုပ်ပြီးတော့ Generation 2 ခုခွဲထုတ်ခဲ့ပါတယ်။USB 3.1 Generation 1 မှာတော့ USB 3.0 ရဲ့ Hight Speed ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားပြီးတော့ USB 3.1 Generation 2 မှာတော့ SuperSpeed + ထုတ်လုပ်ခဲ့ပါတယ်။SuperSpeed+ က 10Gb Speed ရှိပြီးတော့ Data သွားနှုန်းက ၂ ဆ ပိုမိုမြန်ဆန်လာပါတယ်။အဲ့ဒါကြောင့် USB 3.1 အသုံးပြုတဲ့ Connectors ပစ္စည်းအရေအတွက်တွေကိုလည်းလျှော့ချနိုင်ခဲ့ပါတယ်။USB 3.1 နဲ့ USB 3.2 ကိုတော့ September 2017 မှာ စတင်ထုတ်လုပ်ခဲ့ပြီးတော့ SuperSpeed နဲ့ SuperSpeed + အတိုင်းရှိသေးသော်လည်း USB-C Connector ကနေ Data Transfer Rate ကို 10Gb နဲ့ 20Gb(1.25 and 2.5 Gb) ကိုအသုံးပြုနိုင်တာကိုမိတ်ဆက်ပေးခဲ့ပါတယ်။USB 3.2 ကတော့ USB-C Connector တစ်ခုတည်းကိုပဲ Connector အဖြစ်အသုံးပြုလို့ရမှာပါ။သူမှာတော့ BOT ( Bulk-Only-Transfer ) protocol ထက်ပိုမိုမြန်ဆန်တဲ့ USAP Protocol ကိုအသုံးပြုထားပါတယ်။
USB4 အကြောင်း
USB4 ကိုတော့ 2019 August 29 ရက်နေ့မှာ USB Implementers Forum ကနေစတင်ထုတ်လုပ်ခဲ့ပါတယ်။USB4 ကတော့ Thunderbolt 3 protocol ကိုအသုံးပြုထားပါတယ်။သူရဲ့ Data Transfer Rate ကျတာ့ 40Gb ဖြစ်ပါတယ်။
နောက်နေ့မှာPart 2 အကြောင်းဆက်တင်ပေးပါ့မယ်။ကျွန်တော် Page လေးကို Like and Follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

Credit.. မှ ကူးယူဖော်ပြလိုက်ပါသည်။

https://www.facebook.com/Smart-Technology-104944981502813/

အမှတ် ၇၉ - ပါရမီလမ်းမပေါ် - ပါရမီစိန်ဂေဟာအနီး လှိုင်မြို့နယ်။
Ph-09-254789985 /09-964075497

Google Maps Link
https://goo.gl/maps/UkcpciQenQdJztCP9

THE BEST SERVICE IS OUR GOAL

E-Mail ဆိုတာဘာလဲ?G-Mail ဆိုတာဘာလဲ?E-Mail ဆိုတာဘာလဲ?E-Mail ရဲ့ အရှည်ကောက်က  Electronic Mail လို့ခေါ်ပါတယ်။ စာ/ ပုံ/ File ...
11/09/2021

E-Mail ဆိုတာဘာလဲ?
G-Mail ဆိုတာဘာလဲ?

E-Mail ဆိုတာဘာလဲ?

E-Mail ရဲ့ အရှည်ကောက်က Electronic Mail လို့ခေါ်ပါတယ်။
စာ/ ပုံ/ File တွေအားလုံးကို Electronic Devices ပစ္စည်းတွေနဲ့ ပို့ရတဲ့အတွက်ကြောင့် Electronic Mail (E-mail) လို့ ခေါ်ခြင်းဖြစ်ပါတယ်။

-------------------------------------

G-Mail ဆိုတာဘာလဲ?

G-Mail ဆိုတာက Google က ပြုလုပ် ဖန်တီးပေးထားတဲ့ Mail Application ဖြစ်တဲ့အတွက်ကြောင့် Google Mail(G-mail) ဆိုပြီး ခေါ်တာ ဖြစ်ပါတယ်။

G-Mail ဆိုတာကလည်း E-Mail တစ်ခုပါပဲ။
ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် G-Mail ကလည်း
Electronic Devices တွေကိုသုံးပြီး စာ/Photo / File တွေကို ပို့ရတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

G-Mail ကို အသုံးများတာကြောင့် လူသိများတာ ဖြစ်ပြီး
Yahoo Mail, Outlook Mail စတဲ့ Mail တွေလည်းရှိပါ သေးတယ်။

ဒီလောက်ဆိုရင် E- Mail နဲ့ G-Mail ဘာလဲဆိုတာသိကြပြီလို့ထင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
crd

08/09/2021
25/08/2021

welcome to my shop

LOCK အမျိုးမျိုးပြုပြင်ပေးနေပါပြီ
10/01/2019

LOCK အမျိုးမျိုးပြုပြင်ပေးနေပါပြီ

လူကြီးမင်းတို့၏ PHONE LOCK အမျိုးမျိုးကို SERVICE အမြန်​ဆုံးပေးနေပါပြီ

08/01/2019

MOBILE SPECIAL SERVICE

02/01/2019

လူကြီးမင်းတို့အသုံးပြုနေသောဖုန်း ERROR များကိုပြုပြင်​မယ်​ဆိုရင်​ ရွှေပင်​ငွေပင်​ MOBILE SPECIAL SERVICE ကိုသတိရလိုက်​ပါ

28/12/2018

လူကြီးမင်းတို့၏ ဖုန်း အမျိုးမျိုးကို အမြန်​ဆုံး ပြုပြင်​ဆောင်​ရွက်​ဖို့ ရွှေပင်​ငွေပင်​က ဝန်​ဆောင်​မှုပေ...

27/12/2018

လူကြီးမင်းနို့၏ ဖုန်း Error အမျိုးမျိုးကို ပြုပြင်​ပေးနေပါပြီ

Address

Hpa Ya Street
Hpa-an

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

959791575799

Alerts

Be the first to know and let us send you an email when Shwepin Ngwepin mobile service and training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwepin Ngwepin mobile service and training:

Share