25/03/2026
သိန်းကိုးဆယ်Mobile မှ Customers များအား အသိပေး မေတ္တာရပ်ခံခြင်း 🙏
CEIR စနစ်သစ်အရ မြန်မာနိုင်ငံရှိ SIM အသုံးပြုရသော ဖုန်းများအပါအဝင် Device အားလုံးသည် 31.3.2026 မတိုင်မီ SIM 1၊ SIM 2 (၂ ကဒ်လုံး) တွင် SIM ကဒ်ထည့်ပြီး ဖုန်းခေါ်ထားရန် လိုအပ်ပါသည်။
eSIM ထည့်သွင်းအသုံးပြုရသော ဖုန်းများတွင်လည်း eSIM လျှောက်၍ အသုံးပြုပြီး ဖုန်းခေါ်ထားရန် လိုအပ်ပါသည်။
မိမိကိုင်ဆောင်ထားသောဖုန်းများ Activate ဖြစ်/မဖြစ်ကို https://www.ceir.gov.mm/ တွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
Status မှာ Correct, Paid, Allowed ဆိုတဲ့ အစိမ်းရောင် အမှတ်ခြစ် (၃) ခုလုံး ပြနေရင်တော့ လူကြီးမင်း၏ ဖုန်းက စိတ်ချရပြီလို့ ပြောလို့ရပါတယ်။
CEIR စနစ်ကြောင့် အခွန်အခနှင့် ဒဏ်ကြေးဆောင်ရခြင်း
SIM လိုင်းမတက်ခြင်း ဖြစ်ပေါ်ပါက "သိန်းကိုးဆယ်Mobile"မှ တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။
Customer များအတွက် ကြိုတင်အသိပေး မေတ္တာရပ်ခံခြင်းဖြစ်ပြီး ဖြစ်ပေါ်နိုင်သော အခက်အခဲများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည် 🙏
Customers များအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ အစစအရာရာအဆင်ပြေချောမွေ့ကြပါစေလို့ "သိန်းကိုးဆယ်Mobile"မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏