YOUTH Computer Training Centre

YOUTH Computer Training Centre Computer Training Centre

06/05/2025

Introduction to the computer System
အခုမှကွန်ပျူတာစတင်လေ့လာသူများတွက် သိသင့်သော အရာများ
ကရင်ဆရာမ မှကွန်ပျူတာသင်ချင်သောသူများ
ဖြေဖြေလေးပြောမှနားလည်ရလွယ်ကူသောသူများ ရည်ညွန်းပြီးသင်ကြားပေးပါသည်။




BUSINESS VS ENTREPRENEUR
03/05/2025

BUSINESS VS ENTREPRENEUR

05/12/2024

Online မှာ One by One သင်ချင်သူများ စာရင်းသွင်းနိုင်ပါပြီး

👩‍💻Computer Office Operation (Computer Basic) အတန်းသူ၊အတန်းသားသစ်များလက်ခံပါတယ်ရှင့်။YOUTH Computer သင်တန်း.♨ ကွန်ပျူတာအ...
26/11/2024

👩‍💻Computer Office Operation (Computer Basic) အတန်းသူ၊အတန်းသားသစ်များလက်ခံပါတယ်ရှင့်။

YOUTH Computer သင်တန်း.

♨ ကွန်ပျူတာအခြေခံအတန်းတွင်သင်ကြားရမည့်သင်ခန်းစာတွေကတော့
♦ Microsoft Word (မြန်မာစာ ၊ အင်္ဂလိပ်စာလက်ကွက် ကျွမ်းကျင်ပိုင်နိုင်စွာအတတ်သင်ပေးခြင်း)
♦ Microsoft Excel ( အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား စာရင်းဇယားပိုင်းများ)
♦ CV Form, Resume (ကိုယ်ရေးအကျဉ်း) ရေးသားခြင်းများ။
♦ Page Maker ဖြင့် ရုံးစာများကို စနစ်တကျရေးသားခြင်းများ။
♦ Internet & Email အသုံးပြုခြင်း။
Print ထုတ်ပုံအဆင့်ဆင့် ။
Bonus အနေဖြင့် သာမာန်ကွန်ပျူတာသင်တန်းတွေမှာ မပါ၀င်တဲ့အကြောင်းအရာတွေဖြစ်တဲ့.....
Using Internet အသုံးပြုခြင်းတို့အပြင်၊ Computer Knowledge ကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

#တင်ပေးသောဘာသာရပ်များonlineသင်ကြားနိုင်ပါပြီး

☎️ဖုန်းနံပါတ် - 09 776829839(Viber)

💒

Congratulation!👏👏👏 well done for your Summer Class. 😍👍Thanks.💯💯
10/06/2024

Congratulation!👏👏👏 well done for your Summer Class. 😍👍Thanks.💯💯

မင်္ဂလာပါရှင့် YOUTH computer သင်တန်းကျောင်း မှကြိုဆိုပါတယ် YOUTH computer သင်တန်းသည် လူမျိုးဘာသာမရွေး သင်တန်းတက်ရောက်နိ...
04/06/2024

မင်္ဂလာပါရှင့် YOUTH computer သင်တန်းကျောင်း မှကြိုဆိုပါတယ် YOUTH computer သင်တန်းသည် လူမျိုးဘာသာမရွေး သင်တန်းတက်ရောက်နိုင်ပါသည်။
မြန်မာစကားအားနည်းသူအတွက် စကောကရင် ပိုးကရင် လိုနားလည်အောင်သင်ပြပေးပါတယ် ။
အားလုံးမင်္ဂလာပါရှင့် သင်တန်း သား သစ် လက်ခံနေပါပြီး......
သင်တန်းပြီဆုံးသွားလို့ စာမေ့သွားခဲ့ရင်လဲ အချိန်မရွေး ပြန်လာမေးလို့ရပါတယ်။

နောက်တကြိမ်ပြန်တက်ချင်လဲ သင်တန်းကြေး မယူပဲ ပြန်လာတက်ရောက်နိုင်ပါတယ်။

ဒါကြောင့် သင့်အနာဂတ်အတွက် YOUTH ကွန်ပျူတာ သင်တန်းကိုရွေးချယ်လိုက်........

တက်ရောက်နိုင်သော ဘာသာရပ်များ........
Office Basic
Adv Excel
Photoshop
DTP
practical A+
Network Engineering
Computer For Kids
Spoken English
English Grammar
English 4 Skills
အခြေခံမှ ကျွမ်းကျင်ထိ သင်ကြားပေးပါသည်။ မိမိတယောက်သီးသန်းသင်ချင်မယ်ဆိုလည်း သင်တန်းကြေးပိုပေးစရာမလိုပဲ သင်ကြားနိုင်ပါတယ်။

ဆက်သွယ်ရန်-09-776829839
အထက်ရေပူလမ်းမ၊ လှိုင်းဘွဲမြို့နယ်။

တစ်ပတ်လျှင် (၅)ရက် သင်ကြား တက်ရောက်ရမည် ဖြစ်ပါသည်။ သင်တန်းကို လက်တွေ့ အသုံးချ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် တတ်မြောက်သည့်အထိ သင်ကြားပေးပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်အောင် စနစ်တကျ သင်ကြားပေးပါသည်။

ဘာသာရပ်များကို မိမိနဲ့အဆင်ပြေသည့်အချိန် လာရောက် အချိန် ညှိနိုင်းနိင်ပါသည်။

ရုံးသမား များအတွက် ရုံးလွတ်ချိန် အချိန်သီးသန့် လည်း ရှိပါသည်။

Sunday onlyအတန်းလည်း ဖွင့်ပေးထားပါသည်။

Laptop  Battery ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းများ——————————————————--------------------------ဒီနေ့တော...
19/11/2023

Laptop Battery ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းများ
——————————————————--------------------------
ဒီနေ့တော့ Laptop တစ်လုံး ရဲ့ Battery ကို သက်တမ်း ကြာရှည်စွာအသုံးပြုနိုင်စေမယ့်နည်းလမ်းများကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းများကို အသုံးချခြင်းအားဖြင့် Laptop ရဲ့ Battery သက်တမ်းကိုပိုမို ကြာရှည်ခံစေမှာဖြစ်ပါတယ်။
၁။ Screen Brightness ကိုလျှော့ချပါ။
Laptop တစ်လုံးမှာ အဓိက Battery အကုန်မြန်စေတဲ့ အရာက Display ပဲဖြစ်ပါတယ်။ Screen Brightness ကိုလျှော့ချထားခြင်းဖြင့် Battery ရဲ့သက်တမ်းကို ကြာကြာသုံးနိုင်ပါတယ်။

၂။ Display ကို အလိုအလျှောက်ပိတ်အောင်လုပ်ပါ။
Laptop ကို အသုံးမပြုတော့တဲ့ အချိန်မှာ Display ကို အလိုလို ပိတ်အောင်ပြုလုပ်ထားခြင်းဖြင့်လည်း Battery ကိုကြာရှည်အသုံးခံစေပါတယ်။ Control Panel က Power Options ကိုဝင်ပါ။ Change plan settings မှ Turn off the display မှာမိနစ်အနည်းဆုံးသတ်မှတ်ပေးပါ။ Mouse Cursor ရွေ့လျားခြင်းဖြင့် ဒါမှမဟုတ် ကီးဘုတ် က ကီးတစ်ခုခုကိုနှိပ်ခြင်းဖြင့် ပြန်အသုံးပြုနိုင်ပါတယ်။ အသုံးပြုနေသမျှ Display ကအလို လို ပိတ်မှာမဟုတ်ပါဘူး။
၃။ Bluetooth နဲ့ တစ်ခြား Device တွေကို Disable လုပ်ပါ။
Bluetooth , Wifi တွေကို မလို အပ်ဘဲ ဖွင့်ထားခြင်းကလည်း Battery ကို အကုန်မြန်စေပါတယ်။
၄။ Power Plan ကို အသုံးချပါ။
Windows မှာ Power Plan တွေ အမျိုးမျိုး ပြုလုပ်သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Balanced Mode ကို အသုံးပြုနေရာကနေ Power အကုန်သက်သာစေချင်ရင် Power Saver Mode ကိုပြောင်းသုံးလို့ရပါတယ်။Power Plan Setting တွေကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။ Screen Saver တွေကို မသုံးပါနဲ့ Battery ပို ကုန်စေပါတယ်။
၅။ Sleep အစား Hibernate ကိုသုံးပါ။
ကွန်ပြူတာ Sleep ဖြစ်သွားတဲ့အချိန်မှာတောင် Power အနည်းငယ်ကို အသုံးပြုနေပါတယ်။ Hibernate လုပ်ရင်တော့ System State ကို Drive မှာသိမ်းပြီး Power Off လုပ်လိုက်တဲ့ အတွက် Power ကိုလုံးဝအသုံးပြုမှုမရှိတော့ပါဘူး။

Desktop နှင့် Laptop ဘာတွေကွာခြားလဲ ? ***ကွန်ပျူတာအသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့ ဘယ်...
17/11/2023

Desktop နှင့် Laptop ဘာတွေကွာခြားလဲ ?
***
ကွန်ပျူတာအသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့ ဘယ်ဟာကပိုကောင်းတယ်ဆိုတာအခုအချိန်ထိငြင်းခုန်နေကြပါတယ်။ အက်ဒ်မင်က Desktop ရော Laptop ရော အသုံးပြုဖူးတာကြောင့် ဘယ်သူပိုကောင်းတယ်ဆိုတာထက် ဘာတွေကွာခြားသွားလဲဆိုတာကို အချက်လေးတွေနဲ့ ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။

ကုန်ကျစရိတ်
*
ကုန်ကျစရိတ်ပိုင်းမှာတော့ Desktop နဲ့ Laptop ဟာ စျေးနှုန်းကွာဟချက်အရမ်းကြီးမရှိဘဲ Desktop ကအဓိကသာတဲ့အချက်က ကိုယ့်သုံးမယ့် Performance ကိုချိန်ဆပြီး Hardware ပိုင်းကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ရုံးသုံး၊ အိမ်သုံးဖို့အတွက် ကွန်ပျူတာတစ်လုံးကို (CPU- i3, Ram - 4GB, HDD 1TB, . . .)ဆို ရပါတယ် ။ ဒါပေမယ့် Performance ပိုင်းမြင့်မားတဲ့ ကွန်ပျူတာတစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ Desktop က Laptop ထက်အနည်းငယ်စျေးနှုန်းသက်သာပါတယ်။ Desktop က ကွန်ပျူတာတစ်လုံးကို စိတ်ကြိုက် Processor, GPU စတဲ့ Hardware တွေနဲ့ဖွဲ့စည်းနိုင်ပြီး Hardware တွေကလည်း Brand ပေါ်မူတည်ပြီး စျေးနှုန်းကို ချိန်ဆနိုင်တာကြောင့် Hardware ပိုင်း Build-in ပါတဲ့ Laptop ထက်စျေးနှုန်းပိုသက်သာရတာပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်
*
Desktop နဲ့ Laptop ကို စွမ်းဆောင်ရည်ပိုင်းယှဉ်မယ်ဆိုရင် Desktop ကအသာရတယ်လို့ပဲပြောချင်ပါတယ်။ Processor, GPU, Ram တူညီတဲ့ Desktop နဲ့ Laptop ကို ယှဉ်ပြီးအသုံးပြုတဲ့အခါမှာ Desktop က Laptop ထက် ပိုမိုမြန်ဆန်ပြီး စက်ထစ်တာတို့ကိုလည်းမဖြစ်စေပါဘူး။ အခုလိုဖြစ်ရတဲ့ အဓိကအချက်ကတော့ အပူထိန်းချုပ်နိုင်မှုပဲဖြစ်ပါတယ်။ Laptop တွေမှာ fan အရေအတွက် အကန့်အသတ်နှင့်ပါဝင်တာကြောင့် အသုံးပြုချိန်ကြာလာတာနှင့်အမျှ CPU ကထုတ်လွှတ်တဲ့ အပူနှုန်းကို fan က ကောင်းမွန်စွာ မထိန်းချုပ်နိုင်တာကြောင့် စက်ထစ်တာတွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ Desktop တွေဟာ Laptop တွေမှာလို fan ကိုအကန့်အသတ်နဲ့ထားရှိတာမျိုးမဟုတ်ဘဲ မိမိစိတ်ကြိုက် fan ကိုတပ်ဆင်အသုံးပြုနိုင်တာကြောင့် CPU ရဲ့ထုတ်လွှတ်တဲ့ အပူနှုန်းကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။

Hardware ပိုင်း
*
Desktop တွေရဲ့ အဓိက အားသာချက်က Hardware ပိုင်း (Processor, GPU, Ram, HDD) ကို စိတ်ကြိုက် Upgrade မြှင့်နိုင်တာပဲဖြစ်ပါတယ်။ Laptop တစ်လုံးကို Desktop တစ်လုံးမှာလို Hardware ပိုင်းကို စိတ်ကြိုက် Upgrade လုပ်နိုင်မှာမဟုတ်ဘဲ Ram, HDD တွေကိုပဲ Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Laptop တစ်လုံးမှာ Build-in ပါဝင်တဲ့ Processor နှင့် GPU တွေကို Upgrade လုပ်လို့ရမှာမဟုတ်ပါဘူး။

ပါဝါအသုံးပြုမှု
**
Desktop တွေက ပါဝါအသုံးပြုမှုနှုန်းမှာ Laptop တွေထက်ပိုပြီးများပါတယ်။ Desktop တွေမှာ Battery မရှိတာကြောင့် Wattage အားများတဲ့ Power Supply တွေကို UPS တွေနဲ့တွဲဖက်အသုံးပြုရပြီး Power Supply မှတစ်ဆင့် Motherboard, HDD . . စတဲ့ Hardware ပိုင်းတွေကို ပါဝါပြန်လွှတ်ပါတယ်။ (Power Supply ကထုတ်လွှတ်တဲ့ Watt နဲ့လိုက်ဖက်မယ့် Motherboard တွေကိုအသုံးပြုဖို့လိုအပ်ပြီး Power Supply ကထုတ်တဲ့ Watt ကအရမ်းများနေရင်လည်း သင့်ကွန်ပျူတာရဲ့ Motherboard ကိုပျက်စီးစေပါတယ်။) Laptop တွေမှာတော့ Battery ပါတာကြောင့် အားကုန်သွားချိန်မှာ အလွယ်တကူအားပြန်သွင်းနိုင်ပြီး ကွန်ပျူတာနဲ့လိုက်ဖက်မယ့် Watt ကိုအသုံးပြုထားတာကြောင့် ဒီအချက်မှာတော့ Laptop က Desktop ကိုအသာရပါတယ်။

သယ်ဆောင်ရလွယ်ကူမှု
**
Laptop တွေက ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် သွားလေရာကို အလွယ်တကူယူသွားနိုင်ပါတယ်။ Desktop တွေကတော့ နေရာပြောင်းရွှေ့မယ်ဆိုရင် Casing၊ Monitor, UPS တွေကိုသယ်ရမှာဖြစ်ပြီး အိမ် (သို့) ရုံးမှာပဲ အထိုင်ချပြီးအသုံးပြုတာအသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီအချက်မှာတော့ Laptop က Desktop ကို အပြတ်အသတ်အသာရပါတယ်။

ပြန်လည်ပြုပြင်နိုင်မှု
*
Laptop တွေမှာ Error တစ်ခုခုဖြစ်ခဲ့ရင် Service ပို့ရတာများပါတယ်။ ဘာလို့လဲဆိုတော့ Laptop တိုင်းနီးပါးမှာ စက်ဖွင့်ရင် Warranty ပျက်တယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ပဲဖြစ်ပါတယ်။ Desktop မှာတော့ Error တက်ရင်တော့ Casing ကိုအလွယ်တကူဖွင့်ကာ Error တက်တဲ့အပိုင်းကိုရှာဖွေလို့ရပြီး အလွယ်တကူဖြုတ်လဲနိုင်ပါတယ်။

Features စုံလင်
*
နောက်ဆုံးပေါ် Features တွေကို Laptop တွေမှာသာ ဦးစွာပါဝင်လေ့ရှိပြီး ဒီအချက်မှာတော့ Desktop တွေက Laptop တွေထက်နောက်မှာကျန်နေခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ Security ပိုင်း Features တွေဖြစ်တဲ့ Fingerprint, Face Recognize စတဲ့ Features တွေကို Laptop တွေမှာပဲ တွေ့ရပါတယ်။ (Desktop တွေမှာ Fingerprint ကို USB နဲ့တွဲပြီး အသုံးပြုလို့ရတဲ့ Fingerprint Scanner လေးတွေရှိနေပါပြီ။) အဲ့တာအပြင် နောက်ပိုင်းထွက်တဲ့ Laptop တွေတိုင်းမှာ Window License တွေပါဝင်လာပြီး Desktop တွေမှာတော့ Window License မပါဝင်ပါဘူး။

အခု အက်ဒ်မင်ပြောတဲ့ အချက်လေးတွေက Desktop နဲ့ Laptop တွေအဓိကကွာခြားတဲ့အချက်လေးတွေဖြစ်ပြီး အားလုံးလဲနားလည်ကြမယ်လို့ထင်ပါတယ်။ Desktop မှာရော Laptop မှာပါ ကောင်းတဲ့အချက်တွေရော၊ မကောင်းတဲ့အချက်တွေရော ကိုယ်စီရှိကြပြီး ဘယ်ဟာပိုကောင်းတယ်ဆိုတာထက် ကိုယ်နဲ့ဘယ်အရာက ပိုသင့်တော်တယ်ဆိုတာကို အကောင်းဆုံးရွေးချယ်တတ်ဖို့ အက်ဒ်မင် အကြံပြုလိုက်ပါတယ်။

21/10/2023

YOUTH Computer Training Centre မှ သင်တန်းသား သစ်လက်ခံနေပါပြီး

တက်သွယ်ရန် -+959776829839

Address

အထက်ရေပူလမ်း
Hlaingbwe

Telephone

+959776829839

Website

Alerts

Be the first to know and let us send you an email when YOUTH Computer Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YOUTH Computer Training Centre:

Share