ကမာၻလံုး စတိုး - Hinthada

ကမာၻလံုး စတိုး - Hinthada Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကမာၻလံုး စတိုး - Hinthada, Electronics, No. (212), Sit Care Street, Hinthada City, Ayeyarwady Tsp, Hinthada.

ခေတ်အနေအထား နဲ့ နည်းပညာနောက်ကျရခြင်းရဲ့အကျိုးဆက်ရလဒ်များကတော့ တဖြေးဖြေးဆုတ်ယုတ်လာပါပီ။ဒါတေကိုသေသေချာချာ မရှင်းပြနိုင်ရင်...
18/02/2023

ခေတ်အနေအထား နဲ့ နည်းပညာနောက်ကျရခြင်းရဲ့အကျိုးဆက်ရလဒ်များကတော့ တဖြေးဖြေးဆုတ်ယုတ်လာပါပီ။ဒါတေကိုသေသေချာချာ မရှင်းပြနိုင်ရင် နောက်ဆုံးမှာ နစ်နာရတာကမကောင်းတာရောင်းတယ်ဆိုပီး နာမည်ကြီးမယ့်အရောင်းဆိုင်နဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်မယ့် မိဘပြည်သူများပါဘဲခင်ဗျာ။

☑️   ☑️  ☑️  ☑️  ☑️  စုံလင်လှစွာသော Off-Grid Hybrid Solar Inverter တွေကို တစ်နေရာတည်းမှာစုံစုံလင်လင် ရွေးချယ်ဝယ်ယူလို့ရန...
10/01/2023

☑️
☑️
☑️
☑️
☑️
စုံလင်လှစွာသော Off-Grid Hybrid Solar Inverter တွေကို တစ်နေရာတည်းမှာစုံစုံလင်လင် ရွေးချယ်ဝယ်ယူလို့ရနေပီဆိုတာ အသေအချာယုံကြည်လိုက်ပါ🤩

ရွေးချယ်စရာတွေအရမ်းများလို့ ဘာဝယ်ရမလဲမသိရင်လည်း အောက်မှဖေါ်ပြပေးထားတဲ့ဖုန်းနံပါတ်လေး​ေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

ဆက်သွယ်စုံစမ်းရန်
#ကမ္ဘာလုံးစတိုး(ကိုတရုတ်ကြီး)
Ph no.09254297175 ဟင်္သာတမြို့

Super Sunday 🤩မင်္ဂလာနံနက်ခင်းပါ🤩  india battery / puresignwave inverter 100ah/180ah/230ah ဆက်သွယ်စုံစမ်းရန် Ph no.09254...
08/01/2023

Super Sunday 🤩မင်္ဂလာနံနက်ခင်းပါ🤩
india battery / puresignwave inverter
100ah/180ah/230ah
ဆက်သွယ်စုံစမ်းရန်
Ph no.09254297175
ကမ္ဘာလုံးစတိုး(ကိုတရုတ်ကြီး)
ဟင်္သာတ

Must  လာပြီ In Stock Model 2မျိုးနဲ့လာပါမယ်Model-PV 1800 နဲ့MD - PV18-5248 PRO ပါ5200VA/5000Wဆက်သွယ်ရန်ကမ္ဘာလုံးစတိုး(ကိ...
07/01/2023

Must လာပြီ In Stock
Model 2မျိုးနဲ့လာပါမယ်
Model-PV 1800 နဲ့
MD - PV18-5248 PRO ပါ
5200VA/5000W

ဆက်သွယ်ရန်
ကမ္ဘာလုံးစတိုး(ကိုတရုတ်ကြီး)
Ph No.09254297175

    Sinewave inverter   (Tubular , Gel type , Lifepo4)ပပဝတီလိုအပ်ရင် အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်ကမ္ဘာလုံးစတိုး...
31/12/2022


Sinewave inverter
(Tubular , Gel type , Lifepo4)
ပပဝတီလိုအပ်ရင် အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်

ကမ္ဘာလုံးစတိုး(ကိုတရုတ်ကြီး)
09254297175 ဟင်္သာတမြို့

India နိုင်ငံထုတ် DURASOL အင်ဗာတာ နှင့် ဘက်ထရီအိုးများ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါပြီ။ India နိုင်ငံမှထုတ်လုပ်သည...
29/12/2022

India နိုင်ငံထုတ် DURASOL အင်ဗာတာ နှင့် ဘက်ထရီအိုးများ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ပါပြီ။

India နိုင်ငံမှထုတ်လုပ်သည့် Durasol အမှတ်တံဆိပ် Pure Sine Wave Inverter / UPS များဟာဆိုရင် အိမ်တစ်အိမ်ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ Lighting, TV, Fan & Wifi အစရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အပြင် Heavy Duty အနေဖြင့် ရေခဲသေတ္တာနှင့် အဲကွန်းကိုပါ အဆင်ပြေ ချောမွေ့စွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Durasol ဟာဆိုရင်ဖြင့် Inverter /UPS တစ်ခုထဲထုတ်လုပ်တာ မဟုတ်ဘဲ Durasol Tall Tubular Battery နှင့် SMF Battery တွေပါ ထုတ်လုပ်ပါတယ်ဗျ။
Durasol Battery ဟာဆိုရင်လည်း Inverter & UPS များအတွက် သီးသန့်ထုတ်လုပ်ထားသော Deep Cycle Battery ဖြစ်ခြင်းကြောင့် အခြား သော Batteries များထက် Battery Life Cycle ,(Long Life – 1200 Cycles @ 80% DOD)ပို၍ ကြာရှည်ခြင်း အစရှိသည့် အားသာချက်များစွာရှိပါသည်။

အရည်အသွေး အာမခံမှု အပြည့်အဝနဲ့
''Durasol Pure Sign Wave Inverter / UPS ,Battery''
Two Years from date of delivery for DURASOL Pure Sine Wave Inverter
✓ Replacement of defective parts & Service charge will be free within 1st year.
✓ Replacement parts will be charged at costs & Service free of charge within 2nd year.
One Year from date of delivery for DURASOL Tall Tubular Battery and SMF AGM/VRLA Battery.

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
ကမ္ဘာလုံးစတိုး (ကိုတရုတ်ကြီး)
09254297175 ဟင်္သာတမြို့

တပ်ဆင်ထားတာ(၃)လလောက်ပဲရှိသေးတဲ့အချိန်မှာGEL / AGM / GFM / SMF Battery ပျက်ပြီလားတကယ်ပျက်လားဘာကြောင့်ပျက်လဲဒါတင်မက Tubula...
28/12/2022

တပ်ဆင်ထားတာ(၃)လလောက်ပဲရှိသေးတဲ့အချိန်မှာ
GEL / AGM / GFM / SMF Battery ပျက်ပြီလား
တကယ်ပျက်လား
ဘာကြောင့်ပျက်လဲ

ဒါတင်မက Tubular type Battery တေလဲ ထို့နည်းလည်းကောင်းပါဘဲ … တန်ဆေးလွန်ဘေး တဲ့

အခုလို ၄ လုံးတွဲမှာ တလုံးပျက်သွားတော့ လက်တွေ့သုံးစွဲသူတွေအနေနဲ့ (ကိုယ့်ဖာသာကိုယ်သာဝယ်ရမယ်ဆိုရင်) ၄ လုံးစလုံး လဲမှာလား ဒါမှမဟုတ်ဘယ်လိုလုပ်ကြမလဲ

အာမခံ ပြီးရောင်းတဲ့ကုမ္ပဏီတွေကရော
ဘယ်လိုတာဝန်ယူထားပါသလဲ
ကဲအဖြေရှာကြည့်ကြတာပေါ့

မိမိ လက်ရှိသုံးနေတဲ့ battery ထက်သာတဲ့ အမျိုးအစားကောင်းတဲ့ battery အိုးကို လိုက်ရှာနေပါသလား ?
မိမိလက်ရှိသုံးနေသော battery အား ရေရှည်ခံအောင်ဘယ်လိုအသုံးပြုကြမလဲ ?
အသေးစိတ်အချက်အလက်များအား စုံစမ်းရန်
ကမ္ဘာလုံးစတိုး (ကိုတရုတ်ကြီး)
09254297175 ဟင်္သာတ

သာမာန် Battery နဲ့ 🔋 Tubular Battery (အိုးရှည်)နဲ့ဘာကွာလဲ ???ကျွန်တော်တို့မြင်နေကျ Battery တွေက (Automotive Battery) ပါ ...
28/12/2022

သာမာန် Battery နဲ့ 🔋 Tubular Battery (အိုးရှည်)နဲ့ဘာကွာလဲ ???

ကျွန်တော်တို့မြင်နေကျ Battery တွေက (Automotive Battery) ပါ အလွယ်ဆို ကား Battery (သို့) အိုးတိုပေါ့
နည်းပညာပိုင်းဆိုင်ရာအရ အိုးရှည်နဲ့ အိုးတိုတွေဟာ အရမ်းကွာခြားပါတယ် ⚡

အိုးတို (Automotive Battery) တွေဟာ အင်ဂျင်စစနှိုးခြင်း (starting) မှာ power အများကြီးထုတ်လုပ်ပြီး ကျန်အချိန်များမှာတော့ နားနေခြင်း(resting) သို့မဟုတ် အားပြန်သွင်းခြင်း (charging 🔌) စသည်တို့ကို လုပ်ဆောင်နိုင်ဖို့ ထုတ်လုပ်ထားတဲ့ Battery အမျိုးအစားဖြစ်ပါတယ်

🔋 အိုးရှည် (Tall Tubular Battery) တွေကတော့ မီးအားငြိမ်ငြိမ်နဲ့ အချိန်ချိန်ကြာကြာ တသတ်မတ်တည်း စွမ်းအင် (Consistent and reliable power) ထုတ်ပေးနိုင်ဖို့ တီထွင်ထားခြင်းဖြစ်တာကြောင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်တွဲဖက်အသုံးပြုဖို့ (Domestic use အတွက်) အကောင်းဆုံး Battery အမျိုးအစားများဖြစ်ပါတယ်

💡 နည်းပညာများ နဲ့ လုပ်ဆောင်ချက်များ အလွန်ကွာတာကြောင့် Inverter နဲ့ အိုးတို ကိုတွဲသုံးခဲ့ရင် Battery သက်တမ်းတိုပြီး ၆-၈ လ အတွင်းမှာပင် Battery ပျက်စီးကာ အားမဝင်ခြင်း အားမခံခြင်းများ ဖြစ်နိုင်ပါတယ်။ အိုးရှည် (Tubular Battery) များကတော့ Inverter နဲ့ မှန်မှန်ကန်ကန်တွဲသုံးပါက ၃-၄ နှစ်ထိ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်

Tubular Battery များက High Quality Standard နှင့်ထုတ်လုပ်ထားသောကြောင့်

✅ (1200 life-cycle) အားသွင်း/အားထုတ် အကြိမ်ပေါင်း 1200 ကျော်ခံတယ်။ ၁ နှစ်မှာ (၃၆၅ ရက်)ရှိတော့ ၃ နှစ်လောက်အေးဆေးသုံးပေတော့

✅ အိုးရှည်ဖြစ်တာကြောင့် အက်စစ်များများသိုလှောင်နိုင်ပြီး (Acid Indicator) များဖြင့် အက်စစ် level အားလွယ်လွယ်ကူကူ စစ်ဆေးနိုင် (မိုးရည်အား ၁ နှစ်မှ ၁ကြိမ်ခန့်သာ ပြန်လည်ဖြည့်ပေးရန်လို)

✅ Low Antimonial Alloy Battery (အလွိုင်းများ ထည့်သွင်းတည်ဆောက်ထားသောကြောင့် အပူအအေးဓါတ်ကိုခံနိုင်ရှည်ရှိ အိမ်၏မည်သည့်နေရာတွင်မဆိုထားနိုင်

✅ Batteryအား ၈၀% ထိထုတ်ယူသုံးစွဲနိုင် (80% DOD (Depth of discharge)

✅ အိုးကိုယ်ထည်နှင့် ပလိပ်ပြားများအား အထူးဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသောကြောင့် အားသွင်းမြန်ပြီး Battery အားကြာကြာခံပါတယ်။

✅ ထိမ်းသိမ်းရလွယ်ကူ ပီး
✅ 100 Ah-220 Ah ထိ ရွေးချယ်စရာအမျိုးမျိုးရှိပါတယ်
ဒါကြောင့် အိုးရှည် (Tall Tubular Battery) နဲ့ဆို မီးပျက်လည်း အလုပ်တွေပျက်မှာ စိတ်မပူရတော့ဘူးပေါ့

🔋Tall Tubular Battery (အိုးရှည်) များနဲ့ပတ်သတ်ပြီး
သိရှိလိုပါက ဆက်သွယ်ရန်

ကမ္ဘာလုံးစတိုး (ကိုတရုတ်ကြီး)
09254297175 ဟင်္သာတမြို့

အိမ်အရောက် လိုက်လံတပ်ဆင်ပေးတဲ့ ဝန်ဆောင်မှု နဲ့ရှယ်တန် package လေးတေရောင်းချပေးသွားမှာပါ 😊အင်ဗာတာနဲ့ battery တေကို ရေရှည်...
28/12/2022

အိမ်အရောက် လိုက်လံတပ်ဆင်ပေးတဲ့ ဝန်ဆောင်မှု နဲ့
ရှယ်တန် package လေးတေရောင်းချပေးသွားမှာပါ 😊

အင်ဗာတာနဲ့ battery တေကို ရေရှည်သုံးနိုင်ဖို့ နဲ့
လျှပ်စစ်အန္တရာယ်ဘေးကင်းစေဖို့ အမှားခံစနစ်လေးတေလဲထည့်ပေးဦးမှာပါ 😊

လိုအပ်ပါက ဆက်သွယ်ရန်
ကမ္ဘာလုံးစတိုး (ကိုတရုတ်ကြီး)
09254297175 ဟင်္သာတမြို့

ရေရှည်ခံရမယ်/ Ampများများloadingဆွဲတဲ့ဒဏ်ခံနိုင်/အကြမ်းခံမယ်/တောင့်တင်းခိုင်မာတဲ့ Body Design နဲ့အိမ်သုံး လုပ်ငန်းသုံး  ...
28/12/2022

ရေရှည်ခံရမယ်/ Ampများများloadingဆွဲတဲ့ဒဏ်ခံနိုင်/
အကြမ်းခံမယ်/တောင့်တင်းခိုင်မာတဲ့ Body Design နဲ့
အိမ်သုံး လုပ်ငန်းသုံး
battery များ ရပါပီ ခင်ဗျာ
12V/24V/48V
100ah/150ah/200ah
Size အစုံရပါမယ်

လိုအပ်ပါက ဆက်သွယ်ရန်
ကမ္ဘာလုံးစတိုး (ကိုတရုတ်ကြီး)
09254297175 ဟင်္သာတ

ဂျာမနီ နည်းပညာဖြင့် အရည်အသွေးပြည့်ဝသော   ဆိုလာပြားများ မှာယူတပ်ဆင်လိုပါက အာမခံချက်အပြည့်အဝဖြင့် ရောင်းချတပ်ဆင်ပေးနေပါပီခ...
27/12/2022

ဂျာမနီ နည်းပညာဖြင့် အရည်အသွေးပြည့်ဝသော
ဆိုလာပြားများ မှာယူတပ်ဆင်လိုပါက
အာမခံချက်အပြည့်အဝဖြင့် ရောင်းချတပ်ဆင်ပေးနေပါပီခင်ဗျာ။

ဆက်သွယ်ရန်
#ကမ္ဘာလုံးစတိုး (ကိုတရုတ်ကြီး)
09254297175
ဟင်္သာတမြို့။

ဆိုလာနှင့်ကျွန်တော် (၁)ခုချိန်ကျေးရွာနဲ့ မြို့ … ညဘက်ဆို ဘယ်နေရာကမီးတေလင်းထိန်နေမယ်ထင်လဲ ခင်ဗျ … 😊ခုမှသာ ဆိုလာ…ဆိုလာ ဆို...
20/12/2022

ဆိုလာနှင့်ကျွန်တော် (၁)

ခုချိန်ကျေးရွာနဲ့ မြို့ … ညဘက်ဆို ဘယ်နေရာကမီးတေလင်းထိန်နေမယ်ထင်လဲ ခင်ဗျ … 😊

ခုမှသာ ဆိုလာ…ဆိုလာ ဆိုပီးမြို့ပေါ်ကလူတေပါးစပ်ဖြားမှာရေပန်းစားနေတာ ကျွန်တော်သိတဲ့ဆိုလာကတော့ ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကပေါ့ဗျာ … ဆိုလာနဲ့ပက်သက်ပီးပြန်ပြောပြရရင် အမှတ်တရတေ နဲ့ အခက်အခဲတေများကြီးဗျ … လောလောဆယ် မှာတော့ အရောင်းပိုင်း point of view နဲ့ end user တေရဲ့ point of view တေကနေ စကြရအောင်ဗျာ … 😊

ဟင်္သာတမြို့ ဟင်္သာတ ခရိုင် / ဧရာဝတီတိုင်းရဲ့ ဒုတိယမြို့တော်ပတ်ပတ်လယ်မှာ ရွာတေ မြို့နယ်တေမှအများကြီး ပါ တနည်းအားဖြင့် စီပွါးရေးအချက်အချာကျတဲ့မြို့တနည်းအားဖြင့် မြို့ရဲ့စီးပွါးရေးဟာ ရိုးသားပွင့်လင်းတဲ့တောသူတောင်သား တေပေါ်မှာမှီခိုနေတာ …🙏တေသူတောင်သား ကြီးပွါးမှ စျေးရောင်းနေတဲ့မြို့ဟာ အဆင်ပြေတာ …. 🙏

ဟိုးအရင်တုန်းက ဆိုလာတင်သွင်းတဲ့ဖြန့်ချီတဲ့ company တေ လက်ချိုးရေလို့ရပါတယ် Network ကျယ်တာဘဲပြောချင်တာပါ Technical ဘာမှသေချာမသိသေးဘူး
ဒီအပြားကြီးရှိတယ် နေရောင်နဲ့အားဝင်တယ် ဘယ်အပြားဆို ဘယ်battery အိုးနဲ့ သွင်း ဒီလောက်ပဲ ကိုယ်ဖြစ်ကိုယ်ခံ ဘာအာမခံချက်မှလဲမပေးဘူး ….
ဆိုတော့ကာ ရောင်းတဲ့သူတေဘက်ကလဲ ဒီလိုဘဲရောင်းခဲ့ကြတယ် ဘာtechnical မှကိုသေသေချာချာ ခုချိန်လိုမသိခဲ့ကြတာ အဲ့အချိန်ကနေစလိုက်တဲ့ပြဿနာတေဟာ ခုလိုအချိန် မျက်စိပွင့် နားပွင့် ပညာတတ်Engineer / technician များလာပီး social media အားကောင်းလာတဲ့အချိန်လဲကြတော့မှဘဲ အမှားတေကဘူးပေါ်သလိုပေါ်လာခဲ့တော့တာပါဘဲ … ဆက်သွယ်ရေးကောင်းမွန်အောင် လုပ်ကိုင်ပေးခဲ့သူတေရဲ့အကျိုးကျေးဇူးတေပေါ့ဗျာ …. 🙏

ဟိုးအရင်တုန်းက ကျေးရွာတေမှာ EPC မီးရဖို့အရမ်းခက်ခဲကြရပါတယ်…မြို့ပေါ်မှာနေတဲ့ကျွန်တော်တို့တောင်ဖယောင်းတိုင်မီးနဲ့စာကျက်ခဲ့ရတာပါ…မီးသွေးမီးဖိုနဲ့ ထမင်းဟင်းချက်ခဲ့ရတာပါ…. ဟိုးအရင်တုန်းက ကျေးလက်တောရွာတေက တောသူတောင်သားတေမှာ မီးရဖို့ နည်းအမျိုးမျိုးနဲ့စဉ်းစားပီး ပိုက်ဆံရှိတိုင်းမီးရဖို့မလွယ်တော့နည်းအမျိုးမျိုးနဲ့စဉ်းစားလာကြရပါတယ်…
အစကတော့ မီးစက်တေသုံးကြရတာပါ ဆိုလာတေလဲမပေါ်ခင်ကပေါ့ ….. မြို့တေ ရွာတေမှာ မီးစက်ရှိတဲ့အိမ်ဟာ
တကယ့်ဘောစိအိမ်တေပါဘဲ …. နှစ်နည်းနည်းကြာတော့
မှဘဲ ဆိုလာ ဆိုတဲ့အပြားကြီးစပေါ်လာတော့တာပေါ့ဗျာ 😅

ကျွန်တော်တို့ ဆိုလာပြား(Solar Pannel)တေစရောင်းတဲ့အချိန်တုန်းက marking အနေနဲ့ကြည့်ရင် အရမ်းခက်ခဲ ခဲ့တာအမှန်ပါ ဘုမသိဘမသိနဲ့ဆိုလာပြားအသေးလေးတေကနေစပီးဝယ်သူတေကို စမိတ်ဆက်ပေးခဲ့ရတာပါ…ဘာနဲ့တူသလဲဆိုတော့ “မျောက်က ဆင်ကို pizza သွားကျွေးနေသလိုပါဘဲ” အာပေါက်အောင်ပြောရောင်းခဲ့ရတာပါ 😅🙏 နောက်ပိုင်းကျတော့ တစတစနဲ့ ဒီအပြားကြီးနဲ့ battery အားသွားလို့ရတယ်ဆိုတဲ့အဆင့်ကို main customer (ကျေးလက်နေပြည်သူတေ)ဆီကိုရောက်အောင်ကျော်ဖြတ်နိုင်သွားခဲ့ပါတယ် ….
ဒါနဲ့ပြောရဦးမယ် battery ဆိုတာ ခင်ဗျားတို့ခုသိတဲ့ အမျိုးအစားတေမဟုတ်ပါဘူး …. 13ပြားအိုးတို့ 17ပြားအိုးတို့ ပြောရရင် မြန်မာပြည်ကထုတ်တဲ့အိုးမျိုးတေနဲ့စခဲကြရတာပါ… နောက်ပိုင်းကျမှသာbattery အိုးတေလဲရောင်းတဲ့companyမျိုးစုံ ဝင်လာတော့တာပါဘဲ ကားတေလဲစပီးဝယ်စီးနေနိုင်ကြတဲ့အချိန်မှဘဲ ခုခင်ဗျားတို့သိတဲ့ Toyo GS Panasonic 3K စတဲ့ Company တေအရင်ဝင်လာတာ Battery revolution ကအဲ့ကနေစတော့တာပါဘဲ ကျေးလက်နေဘောစိသူဌေးတေက အရင်လို 13ပြား 17ပြား မြန်မာဖြစ်အိုးတေ မသုံးချင်ကြတော့ဘူး နိုင်ငံခြားကလာတဲ့အိုးတေဘဲသုံးချင်ကြတော့တယ် အားပိုခံတယ်တော့ ကျွန်တော်တို့ ရောင်းတဲ့သူတေရာ သုံးတဲ့သူရောဒီအချက်တချက်ထဲနဲ့တင် ရောင်းကြဝယ်ကြတာပါအဲဒါရဲ့နောက်မှာ ဘာပြဿနာတေရှိမှန်း ဘယ်သူမှနားမည်ကြဘူး ရှင်းရှင်းပြောရရင် ကျွန်တော်တို့ဟာကိုယ်ရောင်းတဲ့ထုတ်ကုန်အကြောင်းသေချာနားမလည်ဘဲ ရောင်းကြဝယ်ခဲ့ကြရတာပါ …အဲ့အချိန်တုန်းကကျွန်တော်တို့ဟာဖွံဖြိုးဆဲနိုင်ငံဖြစ်သည့်အားလျော်စွာ social media လဲ အားမကောင်းခဲ့ပါဘူး ….

Battery အိုးrevolution ရဲ့effect ကနေ Solar ပြားအရောင်းပိုင်းကို ဘာတေဖြစ်လာလဲဆိုတော့ ဖြန့်ချီရေး company တေဟာ အရင်လို 20W 100w လောက်ကsize အကြီးဆုံးဆိုရင် 300W အထိလောက်ကို size အကြီးဆုံးအဖြစ်တင်သွင်းဖြန့်ချီရတော့တာပါဘဲ…အဲဒါရဲ့effectက
တဆင့်အရောင်းဆိုင်တေအနေနဲ့ Target ဆိုတဲ့ အရာကြီး
တနည်းအားဖြင့် push ဆိုတဲ့pressure ကြီးအပွတ်ခံရတော့တာပါဘဲ…😂

လွန်ခဲ့တဲ 10နှစ်ကျော်က ဆိုလာပြားရောင်းတာနဲ့ပက်သက်ပီးအမှတ်တရတေလဲအများကြီးရှိခဲ့ပါတယ်
တခါ တောကဦးလေးတယောက်ဆိုင်ကိုရူးရူးနဲ့အစောကြီးရောက်လာပီးဘာပြောလဲဆိုတော့ “ညီလေးရာ
အကိုယ့်ကို မင်းတို့ဆိုင်က Solarအကြီးဆုံးsizeပေးကွာတဲ့ ဒါနဲ့ကျွန်တော်က ဟုတ် 300wကအကြီးဆုံးပါလို့ ဒါနဲ့
Battery အိုးက Ah ဘယ်လောက်လဲဆိုပီးမေးတော့ 70ahလောက်ပါဘဲတဲ့” ဒါနဲ့ကျွန်တော်က လေးလေးရာ
လေးလေးရဲ့ အိုးနဲ့ solarပြားsizeက အဆင်မပြေဘူးနော်ဆိုတော့ ရိုးသားတဲ့တောရွာက ဦးလေးကဘာပြောတယ်မှတ်လဲ “ညီလေးရေ ဘေးကအိမ်က ကြီးကြီးကျယ်ကျယ်နဲ့ သူ့solar ပြားကိုကြွားတာမခံနိုင်လို့ပါတဲ့…battery ထပေါက်ပေါက်ကွာ ဝယ်မယ်တဲ့”ရယ်ရခက်ငိုရခက်ပါ။တောသူတောင်သားတေအရမ်းရိုးသားကြပါတယ်။ရောင်းတဲ့သူကျွန်တော်ကိုယ်တိုင်တကယ်ဆွံ့အသွားခဲ့ရတာပါ။

နောက်အပိုင်းတေ ဆက်ပါဦးမည်။

ကမ္ဘာလုံးစတိုး(ကိုတရုတ်ကြီး)
Electronic
09254297175

Address

No. (212), Sit Care Street, Hinthada City, Ayeyarwady Tsp
Hinthada

Telephone

09254297175

Website

Alerts

Be the first to know and let us send you an email when ကမာၻလံုး စတိုး - Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category