သားပိုက်ကောင် ဟင်္သာတ

သားပိုက်ကောင် ဟင်္သာတ Computer Training, Phone & Computer Service, Copy, Photo Studio, Phone Accessories Shop

26/11/2025

ဆိုင်အတွက် ဝန်ထမ်းခေါ်ပါမည်
ဖုန်း အပိုပစ္စည်းအတွက် ပြောကောင်း ဟောကောင်း မိန်းကလေး ၁ ဦး

ကွန်ပျူတာ မိတ္တူ ဓာတ်ပုံ အတွက် မိန်းကလေး ၁ ဦး

လူကိုယ်တိုင်လာရောက် လျှောက်ထားရပါမည်

21/04/2025

IELTS ရဲ့အဓိကပြဿနာက IELTS Misinformation တွေပြန့်နေတာပါ



-IELTS နဲ့ပတ်သတ်ပြီးမဟုတ်မမှန်တဲ့အချက်အလက်တွေကိုလေ့လာသူတွေယုံနေတာဟာ သူတို့ရဲ့ IELTS Journey ကို ရှုပ်ထွေးပြီးအချိန်ကုန်ငွေကုန်ဖြစ်စေပါတယ်

-အောက်ဖော်ပြပါ အချက်လေးတွေလုပ်လိုက်မယ်ဆို ဒီ misinformation တွေနဲ့ဝေးသွားမှာဖြစ်ပြီး ကိုယ့်ရဲ့ IELTS Journey ဟာအများကြီးဖြောင့်ဖြူးသွားပါလိမ့်မယ်

(1) networking among friends

-IELTS လုပ်တော့မယ်ဆိုရင်ပထမဆုံးနဲ့အရေးကြီးဆုံးကိုယ်လုပ်သင့်တာကတော့ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဘယ်သူ IELTS ဖြေဖူးလဲလိုက်မေးတာပါပဲ

-ဒါ common sense ဖြစ်ပြီးလုပ်သင့်တဲ့အရာတခုပါ

-ဖုန်းတခုဝယ်သလိုပေါ့ ဘယ်ဖုန်းကကိုယ်နဲ့ကိုက်မလဲဆိုတာ ကိုယ့်သူငယ်ချင်းကိုလှမ်းမေးကြည့်သလိုပေါ့

-သူငယ်ချင်းကိုအပြင်မှာဘာလို့မေးသင့်လဲဆိုတော့ ပထမအချက်ကတော့ online က information တွေဟာ reliable မဖြစ်တာတွေအများကြီးရှိပါတယ် ဥပမာ fake review တွေလိုပေါ့

-ဒုတိယပိုအရေးကြီးတဲ့အချက်ကတော့ ကိုယ်နဲ့ကိုယ့်သူငယ်ချင်းနဲ့က English Level တူနေတတ်ပါတယ်

-English Level တူနေတယ်ဆိုရင် IELTS မှာကြုံရတတ်တဲ့ပြဿနာ issue ကတူနေတတ်တယ်

-English Level မတူဘူးဆိုရင် IELTS မှာကြုံရတတ်တဲ့ပြဿနာ issue ကမတူပါဘူး

-ကိုယ့်သူငယ်ချင်းကိုမေးလိုက်ခြင်းအားဖြင့် ကိုယ် IELTS မလုပ်ခင် ကိုယ်ကြုံလာရနိုင်တဲ့ပြဿနာတွေကို ကြိုသိသွားမှာပါ

-ကိုယ့်သူငယ်ချင်းထဲကလဲ Exam ဖြေဖူးတဲ့သူကိုမေးပါ မဖြေဖူးတဲ့သူဆို မမေးပါနဲ့

-Online ကနေတခြားသူကိုမေးတာကဘယ်လိုလွဲတတ်လဲဆိုတော့ ကိုယ်ကအခုမှ Intermediate သူက Advanced level အဲ့တော့ကိုယ်မေးတော့သူကဘာပြောလဲဆိုတော့ ´IELTS ဆိုတာမခက်ဘူး ၂ လနဲ့အဆင်ပြေသွားတယ် ကိုယ်တွေဆို Band 7 ရတယ်´ ဆိုပြီးပြောတယ် ဒါမယ့်သူ ၂ လနဲ့ Band 7 ရတာက သူက Advanced Level ရှိနေလို့ ကိုယ်က ခုမှ Intermediate အဲ့မှာကိုယ်ကလဲ အဲ့စကားကြားပြီး ၂ လနဲ့ အဆင်ပြေမယ်ထင်သွားတယ်

(2) start your IELTS journey early

-Exam နီးမှကပ်မလေ့လာပါနဲ့

-Exam နီးမှကပ်လေ့လာပြီးအဆင်ပြေသွားတယ်ဆိုတာ လူအနည်းစုပဲဖြစ်တတ်တာပါ

-ကိုယ်က English Language အားနည်းတယ် Band လဲ မြင့်မြင့်လိုချင်တယ်ဆိုရင် စောစောစီးစီးထဲက IELTS လေ့လာပါ

-သင်တန်းတက်ရမယ်ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ဟာကိုယ် self study လုပ်လို့ရမယ့် နည်းလမ်းတွေအများကြီးရှိပါတယ်

-IELTS ဆိုတာ ကိုယ့်ဘဝအတွက်အရေးကြီးတဲ့ Exam တခုဖြစ်လာမှာပါ

-ကိုယ့်ဘဝရဲ့ direction ကိုတချိုးတကွေ့ပြောင်းလဲသွားတဲ့နေရာမှာ အရေးပါအရောရောက်တဲ့အရာတခုဖြစ်လာမှာပါ

-နောက်တခုကတော့ IELTS Exam ဆိုတာ တော်တော်များများမဖြေဖူးတဲ့ Exam တခုပါ ကိုယ်ငယ်ငယ်တုန်းကဖြေခဲ့ဖူးတဲ့ English Exam လိုမဟုတ်ပါဘူး

-တခုခုလွဲချော်သွားမယ်ဆိုရင် အခုလို desperate ဖြစ်နေတဲ့အချိန်မှာ ကျောင်းသားဟာ အများကြီးနစ်နာပါတယ်

-စောစောစီးစီးစလေ့လာထားခြင်းအားဖြင့် IELTS နဲ့ကိုယ်နဲ့ရင်းနှီးချိန်ပိုရမယ်ဆို အမှားပြင်ဖို့အချိန်ရှိပါလိမ့်မယ်

-IELTS အကြောင်းသိချင်တယ်လေ့လာချင်တယ်ဆိုရင် www.ielts.org မှာဝင်ဖတ်ကြည့်ပါ ဒီ web site ဟာ World Wide IELTS Organization အဖွဲ့ချုပ်ပါ

(3) only learn IELTS with ´Official IELTS Preparation Materials´

-IELTS တော့မယ်ဆိုရင် Official IELTS Materials တွေနဲ့ပဲလေ့လာပါ

-Official IELTS books တွေနဲ့လေ့လာတာအကောင်းဆုံးပါပဲ

-စာအုပ်နဲ့ကိုယ်ဘာလို့လေ့လာသင့်တာလဲဆိုတော့ ကိုယ်တခုချင်းစီလိုက်ရှာစရာမလိုတော့လို့ပါ

-ဖြတ်ညှပ်ကပ်စာအုပ်တွေ ဟိုတပိုင်းကဖြတ်ထား ဒီတပိုင်းကဖြတ်ထားစာအုပ်တွေနဲ့မလေ့လာပါနဲ့ ဘာမှန်းကိုယ်မသိလိုက်ပဲဖြစ်နေပါလိမ့်မယ်

-IELTS Exam Format, Strategy, Exam Tactic, Tips and Tricks တွေဟာ Official IELTS Materials တွေမှာ စုံအောင်ပါပြီးသားပါ ကိုယ်ဘာမှလိုက်ရှာနေစရာမလိုပါဘူး

-Official IELTS Books ဆိုတာမှာ ၂ မျိုးရှိပါတယ်

-ပထမတခုကတော့ IELTS Course Book ပါ

-ဒုတိယတခုကတော့ IELTS Past Paper Book ပါ

-IELTS Course Book တွေဟာ English Level အလိုက်ခွဲထားတဲ့ Course Book တွေရှိသလို Exam Tactic ပဲပါတဲ့ Course Book လဲရှိပါတယ်

-English Level အလိုက်ခွဲထားတဲ့ IELTS Course Book တွေဟာ သူ့ Course လေ့လာရင်းနဲ့ ကိုယ့်ရဲ့ English Level ကိုတက်လာစေမယ့် lessons လေးတွေပါပြီးသားဖြစ်ပါတယ်

-အများစုထင်နေသလို English Level ကောင်းတော့မှ IELTS စလေ့လာရမှာလဲမဟုတ်သလို IELTS လေ့လာနေရင်းနဲ့ General English တွဲလေ့လာစရာလဲမလိုပါဘူး

-Official IELTS Course Book တွေဆိုရင် ကိုယ်သိသင့်သိထိုက်တာကိုစာအုပ်ထဲမှာပါပြီးသားပါ

-ကိုယ်က English Level Advanced လောက်ရှိနေပြီ ကောင်းပြီးသား ကိုယ်က Exam Tactic ပဲလေ့လာချင်တယ်ဆိုရင် Cambridge Official IELTS Strategy and Tip ဆိုတဲ့စာအုပ်ကို ဆရာ recommend ပေးချင်ပါတယ်

-ကိုယ်က IELTS လေ့လာရင်းနဲ့ ကိုယ့် English Level လဲတက်လာချင်တယ်ဆိုရင် Collin IELTS Single Skill Books နဲ့ Mindset for IELTS series ကို recommend ပေးချင်ပါတယ်

-Collins နဲ့ Mindset က English Level နဲ့ခွဲထားတာဖြစ်ပြီး ကိုယ် IELTS လေ့လာရင်းနဲ့ပဲ သူ့ Course ထဲမှာ English Level တက်လာစေမယ့် lessons တွေပါပြီးသားပါ

-Mindset for IELTS series ဆိုရင် Basic, Pre Intermediate Level လောက်နေ IELTS စလေ့လာလို့ရအောင်စီစဥ်ထားပြီးတော့ Advanced ထိရှိပါတယ် series က English Level နဲ့ခွဲပေးထားတာဖြစ်ပြီး စာအုပ် ၄ အုပ်ရှိတယ် တအုပ်ပြီးတအုပ်လေ့လာသွားရင်း ကိုယ့်ရဲ့ Band Score တက်လာတာပါ

-IELTS Course Book တွေဟာမျိုးစုံရှိပြီး Experienced ရှိတဲ့ IELTS ဆရာ ဆရာမ တယောက်ဟာ IELTS Book မျိုးစုံနဲ့သင်ဖူးသူဖြစ်ပြီးတော့ ဘယ်ကျောင်းသားကဘယ်စာအုပ်နဲ့ကိုက်မလဲဆိုတာကို သူသိပါတယ်

-English Level ကောင်းမှ IELTS လေ့လာလို့ရတာမဟုတ်ပါဘူး

-IELTS လေ့လာနေရင်းနဲ့ General English တွဲမလေ့လာလဲရပါတယ်

-IELTS Course Book တွေဟာလဲ Exam Tactic ပဲသင်ပေးတာမဟုတ်ပါဘူး

-Upper Intermediate လောက်ရောက်တော့မှ IELTS စလေ့လာလိ့ရတာမဟုတ်ပါဘူး

-ကိုယ့်ရဲ့ IELTS Journey ဖြောင်ဖြူးဖို့အရေးကြီးဆုံး အချက်ကဒါပါပဲ

-ဘာလဲဆိုတော့

-ကိုယ့် English Level နဲ့သင့်တော်မယ့် IELTS Course Book ဖြစ်တော့မှသာ ကိုယ့်ရဲ့ IELTS Band Score တက်လာမှာပါ

-တချို့က IELTS Course Book တွေဟာ ဒီလိုမျိုးရှိတယ်ဆိုတာမသိကျပါဘူး သူတို့သိတဲ့ IELTS course book တွေဟာ Exam Tactic ပဲသင်ပေးတဲ့ Course Book ပဲသူတို့သိတဲ့အတွက် Upper Intermediate ရောက်မှ IELTS လေ့လာဆိုတဲ့စကားကိုပြောတာပါခင်ဗျာ

-IELTS Past Paper book တွေကတော့ တခြားမဟုတ် Cambridge IELTS Books တွေကိုပြောတာပါ

-အထက်ဖော်ပြစာအုပ်တွေအားလုံး ဆရာတို့ purple words telegram channel မှာရှိပါတယ်

-အထက်ဖော်ပြပါ ၃ ချက်ဟာ common sense အရ အရမ်းရိုးရှင်းပြီး လုပ်ရလွယ်တဲ့အရာလေးတွေဖြစ်ပါတယ်

-ကိုယ့်ရဲ့ IELTS Journey ဟာရှုပ်ထွေးစရာမလိုပါဘူး

-ကိုယ့် IELTS Journey ရှုပ်ထွေးနေတာဟာ မလိုလားအပ်တဲ့ IELTS Misinformation တွေကို ကိုယ်သွားယုံနေလို့ပါ

-IELTS လေ့လာတယ်ဆိုတာ simple process တခုပါပဲ

-ဒါကြောင့် IELTS misinformation တွေကိုရှောင်ပါ ဒီ IELTS Misinformation တွေကို​ဖြန့်နေတဲ့သူတွေကိုရှောင်ပါ

-အထက်ဖော်ပြပါ ၃ ချက်ကိုလုပ်လိုက်မယ်ဆိုရင် IELTS Misinformation တွေကိုအလွယ်တကူရှောင်ရှားလို့ရပါလိမ့်မယ်

Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်
https://www.facebook.com/100064687449473/posts/887465153419725

IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်
https://t.me/purplewordsyourdailyieltspartner

-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်

-ဆရာ့ရဲ့ Youtube channel link
https://m.youtube.com//videos

-Overall band score 8.0 ရဖူးသူဆရာသွင်ဦးညီ သင်ပါတယ်

ဆရာသွင်ဦးညီရဲ့ personal account
https://www.facebook.com/thwin.nyi

April Class timetable ကြည့်ရန်

https://www.facebook.com/100064687449473/posts/1099719645527607/

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

16/04/2025

သုတဓမ္မ (Level-1) ဖြေမည့်သူများအတွက်

လျှပ်စစ် အခက်အခဲကြောင့် လိုအပ်သူများ ကျွန်တော်တို့ဆိုင်မှာ လာရောက်ပြီး ဖုန်း၊ ကွန်ပျူတာ နှင့် အခြား လျှပ်စစ်ပစ္စည်းများ ...
28/03/2025

လျှပ်စစ် အခက်အခဲကြောင့် လိုအပ်သူများ ကျွန်တော်တို့ဆိုင်မှာ လာရောက်ပြီး ဖုန်း၊ ကွန်ပျူတာ နှင့် အခြား လျှပ်စစ်ပစ္စည်းများ အခမဲ့ အားသွင်းနိုင်ပါတယ်ခင်ဗျ

21/10/2024

Address

ဟင်္သာတ တက္ကသိုလ် ဂိတ် ၁/၂ ကြား၊ တက္ကသိုလ်လမ်းမကြီး၊ ဟင်္သာတမြို့
Hinthada

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 09:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when သားပိုက်ကောင် ဟင်္သာတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share