14/07/2021
Building Materials
Steel
Unit weight = 490 lb/ft3
သံချောင်းဆိုဒ်များ၏ တစ်မီတာတွင်ရှိသော အလေးချိန် ပုံသေနည်း
d2/162 (kg/m), where d=diameter in mm
၁၂မီတာ(၄ဝပေ) အရှည်ရှိသံချောင်းဆိုဒ်များ၏ (၁)တန်တွင်ရှိသော အချောင်းရေ
25mm = 21 no
22mm = 27 no
20mm = 33 no
18mm = 41 no
16mm = 53 no
12mm = 88 no
10mm = 135 no
Ties & Stirrups အတွက်သုံးတဲ့ 6.5mm, 8mm စတာတွေက အချောင်းရေနဲ့မလာဘဲ coil နဲ့လာပါတယ်
8mm = 0.395 kg/m, 1ton=2531m, 1 viss = 13.35 = 13’4″
6.5mm = 0.26 kg/m, 1ton=3834m, 1 viss = 20.22 = 20’3″
Cement
1 bag = 50 kg = 112 lb (Including bag) = 1.2 cft
Brick
Brick wt = 6 lb>8lb
အုတ်ကောင်းအရည်အသွေးများ
အုတ်အရွယ်အစား နှင့် ပုံစံ ညီနေရမည်
အုတ်ချပ်ချင်း တီးခပ်လျှင် ကြည်လင်သော အသံလွင်ရမည်
ကျိုးနေသော အုတ်သားကိုကြည့်လျှင် ညီညာပြီး သမသော အသား ပေါ်နေရမည်
အုတ်များ အားကောင်းပြီး ဖိအားဒဏ်ကို 35MPa အထက် ခံနိုင်ရည်ရှိရမည်
အုတ်များသည် ကောင်းစွာမာကျောပြီး လက်သည်းဖြင့်ခြစ်ကြည့်လျှင် အုတ်၏မျက်နှာပြင်တွင် လက်သည်းရာ ထင်ကျန်ခြင်း မရှိစေရ။
အုတ်ကို ၂၄နာရီ ရေစိမ်ထားရင် ၄င်းအလေးချိန် ၂၀% ထက်ပိုသောရေကို မစုပ်ရပါ
အုတ်ချပ်တွင် အရည်ပျော်ဆား ပါဝင်စေခြင်းမရှိစေရ။ ဆားများပါဝင်ခဲ့လျှင် မျက်နှာပြင်ပေါ်တွင် မီးခိုးရောင် (သို့) အဖြူရောင် အဖတ်များကျန်နေမည်။
Sand & Stone
၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။
Wood
1 ton = 50 cft
အသား ၅ဝကုဗပေ ကို တစ်တန် ဟုတွက်သည်။
II Ready mixed concrete grade
Ready mixed concrete မှာ M20, M25, M30 စသဖြင့်ရှိပါတယ်။ အဲဒီမှာ ဥပမာ M20 ဆိုရာမှာ M က mix ကို ဆိုလိုပါတယ် 25 ကတော့ 28 days cube strength 25 MPa (N/mm2) လို့ ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။ (M အစား G ကို သုံးတာကိုလည်း တွေ့ရပါတယ်)
G 20 = 20 MPa = 2900 psi
G 25 = 25 MPa = 3625 psi
G 30 = 30 MPa = 4350 psi
G 35 = 35 MPa = 5075 psi
ဒီမှာသတိပြုရမှာက Structural Designer က 28 days မှာ ရှိတဲ့ concrete ရဲ့ cylinder strength (f’c )ကို ပြောပါတယ်။ Concrete ရောင်းတဲ့သူတွေကတော့ 28 days cube strength (f’c cube) ကို ပြောပါတယ်။ ဒီနှစ်ခုရဲ့ ဆက်သွယ်ချက်ကတော့
CQHP guidelines အရ
f’c ~ 0.78 f’c cube (f’c
f’c ~ 0.8 f’c cube (3500
f’c ~ 0.81 f’c cube (5000
f’c ~ 0.83 f’c cube (f’c >6000 psi) ဖြစ်ပါတယ်။
ဒါကြောင့် concrete မှာရာမှာ Structural Designer ကပေးတဲ့ f’c တန်ဖိုးကို f’c cube ပြောင်းကြည့်ပြီးမှ ကိုက်ညီတဲ့ grade ကို မှာရမှာပါ။
Grade နဲ့ concrete အရည်အသွေး သတ်မှတ်ချက်တွေကတော့
Ordinary concrete – M10, M15, M20
Standard Concrete – M25, M30, M35, M40, M45. M50, M55
High strength concrete – M60, M65, M70, M75, M80 ဖြစ်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Crd