Himel Myanmar - Space Light Co.,Ltd.

Himel Myanmar - Space Light Co.,Ltd. Reliable Made Affordable

01/01/2023
တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။🙏🙏🙏🙏🙏အက...
18/11/2021

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။
🙏🙏🙏🙏🙏
အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
🙏🙏🙏🙏🙏
ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
📣📣📣📣📣

#ယနေ့ညဆေးပေါင်းခမည့်အချိန်

တန်ဆောင်မုန်း လပြည့်ည

ဆေးပေါင်းခမယ့် အချိန်

ည ၈ နာရီ ၄၆ မိနစ် ၃၅ စက္ကန့်ပါ

ဒေဝါလီနေ့(ခေါ်)ဒီပါဝလီနေ့အကြောင်းသိကောင်းစရာ=========မြန်မာနိုင်ငံတွင်ဒေဝါလီနေ့. (Diwali)ဟုလူသိများပြီး အချို့ နိုင်ငံမျ...
04/11/2021

ဒေဝါလီနေ့(ခေါ်)
ဒီပါဝလီနေ့အကြောင်းသိကောင်းစရာ
=========
မြန်မာနိုင်ငံတွင်ဒေဝါလီနေ့. (Diwali)ဟုလူသိများပြီး အချို့ နိုင်ငံများတွင်ဒီပါဝလီ (Deepavali)ဟုခေါ်ကြသည်။

ဒေဝါလီ သို့မဟုတ် ဒီပါ၀လီ သည် ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးအချိန်တွင် ကျင်းပသည်။ဒေ ပါ၀လီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်များထဲမှ အကျော်ကြားဆုံးတစ်ခု ဖြစ်သည်။

ပွဲတော်ကျင်းပသည့် ကာလတွင် ဘုရားကျောင်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများတွင် မီးတို့ကို လှပစွာ ထွန်းကြသည်။

ပွဲတော်သည် ငါးရက်ကြာမြင်သည့်။ ဂရီဂိုးရီးယန်းပြက္ခဒိန်အရ ပွဲတော်သည် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်တို့တွင် ကျင်းပလေ့ ရှိသည်။များသောအားဖြင့်သီတင်းကျွတ်လကွယ်နေ့တွင် ကျင်းပလေ့ရှိသည်။
ပွဲတော်အတွက် မိမိတို့၏ နေအိမ်များ၊ အလုပ်နေရာများကို အလှဆင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက်တွင် အကောင်းမွန်ဆုံး အဝတ်အစားတို့ကို ဝတ်ဆင်ကြသည်။ အိမ်အတွင်းအပြင်တွင် ဖယောင်းတိုင်များ၊ ဆီမီးအိမ်များ စသည်တို့ကို အလှဆင်ကြပြီး ပုဂျ နှင့် လက်ရှ်မီးမယ်တော်တို့ကို အရိုအသေပေး ကြသည်။

ဒေဝါလီပွဲတော်က ဟိန္ဒူဘာသာဝင်တို့ရဲ့ပွဲတော်တွေထဲမှာ အကျော်ကြားဆုံးပွဲတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အခေါ်အဝေါ်အနည်းငယ်ကွဲလွဲပေမဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော် တစ်ခုပါပဲ။ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာတော့ ဒီပါဝလီလို့ အသုံးများကြပါတယ်။ ဒီပါဝလီနေ့ကို မြန်မာနိုင်ငံနဲ့နိုင်ငံတော်တော်များများမှာ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

ဒီပ ဆိုတာ မီးအလင်းရောင်ကိုခေါ်ပြီး ဒီပါဝလီဆိုတာ ဆီမီးခွက်တွေ စီတန်းထွန်းညှိပူဇော်တဲ့ပွဲဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့ ကာလမှာ ဘုရားကျောင်းတွေ၊ လူနေအိမ်တွေ၊ ဈေးဆိုင်တွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံတွေမှာ မီးတွေကိုလှပစွာ ထွန်းညှိကြပါတယ်။ ပွဲတော်မတိုင်ခင်မှာလည်း မိမိတို့ရဲ့ နေအိမ်တွေ၊ အလုပ်နေရာတွေကို အလှဆင်တာ၊ သန့်ရှင်းရေးလုပ်တာတွေ ပြုလုပ်ကြပါတယ်။ အဲဒီနောက်မှ အကောင်းဆုံး အဝတ်အစားတွေကို ဝတ်ဆင်ကြပြီး အိမ်အတွင်းအပြင်မှာ ဖယောင်းတိုင်တွေ၊ ဆီမီးအိမ်တွေ စတာတွေနဲ့ အလှဆင်ကြပြီး ဘုရားတွေ၊ မယ်တော်တွေ၊ နတ်မင်းကြီးတွေကို ပူဇော်ရှိခိုးကြပါတယ်။

မီးပူဇော်ခြင်းဖြင့် အလင်းနဲ့ အမှောင်ကို ခွင်းနိုင်သလို အဆိုးအညံ့တွေရှိခဲ့ရင်လည်း ကောင်းတာတွေရောက်လာဖို့၊ လက်မှိုင်ချနေရတဲ့ အခြေအနေတွေမှာ မျှော်လင့်ချက်တွေရရှိလာစေဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ မီးပူဇော်ကြတာပဲ ဖြစ်ပါတယ်။ ကာလီမယ်တော်ပူဇော်ပွဲလို့လည်းခေါ်တဲ့အပြင် လက်ချ်မီးမယ်တော်ပူဇော်ပွဲလို့လည်း ခေါ်ကြပါတယ်။ တစ်နှစ်ပတ်လုံးမှာ အမှောင်ဆုံးနေ့ဖြစ်တဲ့ လကွယ်ညမှာ မကောင်းဆိုးဝါးနဲ့ ခရစ်ရှနဘုရင်ကို အောင်နိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ယူဆကာ ကာလီမယ်တော်ကို ပူဇော်ရှိခိုးကြပါတယ်။ လက်ချ်မီးမယ်တော်အတွက်ကတော့ အခင်းအနေနဲ့ ရွှေပြားငွေပြားတွေဖြန့်ခင်းက မီးထွန်းညှိပူဇော်ကြပါတယ်။ မယ်တော်ရဲ့တန်ခိုးကြောင့် ကျန်းမာချမ်းသာကာ ဘေးအန္တရာယ်ကင်းစေတယ်လို့ အယူရှိကြပါတယ်။ တချို့ကတော့ ရာမမင်းက ဒဿဂီရိဖြစ်တဲ့ ရာဝဏ ကို သတ်နိုင်ခဲ့လို့ ပျော်ပွဲရွှင်ပွဲလုပ်တာလို့လည်း ဆိုကြပါတယ်။

ဒီပါဝလီပွဲတော်နဲ့တွဲပြီးမြင်ရမှာက ရန်ဂိုလီတန်ဆာဆင်ခြင်းဖြစ်ပါတယ်။ ရောင်စုံအမှုန့်၊ သဲတွေအသုံးပြုပြီး တန်ဆာဆင်တဲ့ ရန်ဂိုလီက ဒီပါဝလီပွဲတော်အတွင်း ကျော်ကြားပါတယ်။ ရန်ဂိုလီဆိုတာ ဟိန္ဒူလူမျိုးတွေရဲ့ ကနုတ်လက်ရာတစ်မျိုးလည်းဖြစ်ပါတယ်။ ဒီပါဝလီက မီးထွန်းပွဲတော်တစ်ခုတည်းတင်မဟုတ်ပါဘူး။ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကြားမှာ ရိုးရာမုန့်တွေ၊ လက်ဆောင်တွေ အပြန်အလှန်ပေးကြတဲ့ ပျော်ပွဲရွှင်ပွဲ တစ်ခုလည်းဖြစ်ပါတယ်။

ကိုးကား/ Wikipedia

Credt. Kyaw Swar Min

သီတင်းကျွတ်'လအခါ ဘာလို့မီးထွန်းရတာလဲ"____________________________________သီတင်းကျွတ်လမီးထွန်းရခြင်း၏ ရည်ရွယ်ချက်     ငယ်...
19/10/2021

သီတင်းကျွတ်'လအခါ ဘာလို့မီးထွန်းရတာလဲ"
____________________________________

သီတင်းကျွတ်လမီးထွန်းရခြင်း၏ ရည်ရွယ်ချက်

ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်လအခါရောက်ရင်
အိမ်ပက်ပက်လယ်အနှံ့ လမ်းဘေးဝယ်ယာ အစရှိသော နေရာ
အသီးသီးကို ဖယောင်တိုင်းလေးတွေ ဆီမီးခွတ်လေးတွေ
လိုက်လံ ထွန်းညှို့ပြီး အဓိပ္ပါယ်မဲ့စွာနဲ့ ပျော်ရွှင်ခဲ့ဖူးပါတယ်။
မိရိုးဖလာ အဆင့်လောက်ပဲ့ရှိတဲ့ ပတ်ဝန်ကျင်အသိုင်းဝိုင်းကြားမှာ
သီးတင်းကျွတ်လခါသမယ အဘယ်ကြောင့်မီးထွန်းရသလဲဆိုသော
အကြောင်းကိုတော့ ဂဃနဏ မသိခဲ့ရတော့ အမှန်ပါပဲ။
မိမိလိုပဲ ယခုအခါ သီတင်းကျွတ်လအခါ မီးထွန်းညှို့ရတဲ့
အကြောင်းကို မသိရသေးသော ဗုဒ္ဓဘာသာဝင် လူငယ်လေးများ
အဓိပ္ပါယ်မဲ့စွာ ပျော်ရွှင်မှုအတွက်မဟုတ်ပဲ့ မီးထွန်းရခြင်း၏။
ရည်ရွယ်ချက် အလေ့အထကို အကျိုးရှိပုံကို နည်းနည်းလောက်
ရေးသားပေးလိုက်ပါတယ်။

တကယ့်တော့ သီတင်းကျွတ်လအခါ အိမ်းမှာဖြစ်ဖြစ်
လမ်းမှာပဲဖြစ်ဖြစ် စေတိဘုရား ကျောင်းကန်မှာပဲဖြစ်ဖြစ် မီးထွန်း
ကြတဲ့ အလေ့အထဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ရှေးယဉ်ကျေး
မှုအစဉ်အလာမှ အကျိုးတရား အင်မတန်းများတဲ့ဓလေ့ပါ။
မြတ်ဗုဒ္ဓဘုရားရှင်ကို ရည်မှန်လို့ ဆီမီးလှူဒါန်းသောဓလေ့ ဘဝင်
ကြည်အေးလို့ ပီတိဖြစ်ရ ရွှင်လန်းကြပါ၏။ ဘယ်လောက်အဓိပ္ပါယ်
ရှိလေးနက်သလဲဆိုရင်တော့ တွေကြည့်လေ ကြည်နူးလေပဲဆိုတာ
အကျိုးရှိတဲ့ ပျော်ရွှင်မှုပါ။
သင်္ကဿနဂိုရ် ရာဇဂြိုဟ်ပြန်လာတို့ဘုရား သဒ္ဓါတရားဖြင့်
ရွှင်လန်းလို့ဆီးကြို ပူဇော်မှုလှူဒါန်း ဤဆီမီးဇာက်လမ်းက ကြားရ
သမျှ ဘယ်ခါဖြစ်ဖြစ် နားဝင်ချိုလို့အေး တို့မမေ့အပ်ခဲ့သေးတာ
ဘာသာတရား၏ အဆုံးမဖြင့် ရလိုက်တဲ့ အဖိုးအနဂ္ဃပါ။
နှစ်စဉ်အခါ သီတင်းကျွတ်လရောက်တိုင်း ပျော်မြူးလို့လှူဒါန်းခဲ့တဲ့ သည်မီးထွန်းပွဲ တကယ့်တော့ အနုဂါမိကခေါ်နောင်သံသရာအရေးဖို့
ရိက္ခာဆောင် ရွှေအိုးမြှပ်လိုက်တဲ့ နေ့ထူးနေ့မြတ်ပါပဲ့။
မြတ်ဘုရားအား ရည်မှန်လို့ လှူဒါန်းရသော ဤဆီမီးလှူအကျိုး
(၁၁) မျိုးနှင့် ပူဇော်ရလာ အကျိုးတရား( ၆) ပါး မုချအားဖြင့်
မလွဲမသွေ ခံစားရပေမို့ပါ။

မြတ်စွာဘုရားအား ဆီမီးပူဇော်ရခြင်းအကျိုး ( ၆ )ပါး။
>

၁။ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်း၌ များစွာသော ဆီမီးတို့သည်
ကောင်းစွာတောက်ပခြင်း။
၂။နံရံတစ်ဖက်,ကျောက်တောင်တစ်ဖက်,တောင်စသည်တို့ကို
ကျော်လွန်၍ အလိုရှိအပ်သော အရာဝတ္ထုတို့ကို မြင်နိုင်ခြင်း။
၃။မျက်စိ အထူးစင်ကြယ်ခြင်း။
၄။အခြံတို့ဖြင့် တောက်ပခြင်း။
၅။သဒ္ဓါတရား တည်မြဲရှိသူဖြစ်ခြင်း။
၆။ပညာဉာဏ်ကြီးသူ ဖြစ်ခြင်း။
(အပ၊၂ ၊ ၂၅၁) (အပ၊မြန်၊၂။၂၄၃)
( ပိဋကသုံးပုံ သရုပ်စုံ အဘိဓာန် နှာ၁၃၂)

ရတနာသုံးပါးစေတီစသည်တို့၌ ဆီမီးလှူရကျိုး( ၁၁ ) ပါး။
_____________________________________________

၁။တာဝတိ ံသာနတ်ပြည်၌ အမြင့်ယူဇနာခြောက်ဆယ်,အကျယ်ယူ
ဇနာ သုံးဆယ်ရှိသော ဘုံဗိမ္မာန် ရရှိခြင်း။
၂။မရေမတွက်နိုင်သော ဆီမီးတိုင်များ ဝန်ရံလျက်နတ်ဘုံရှိသ
လောက် ထွန်းလင်းတောက်ပခြင်း။
၃။မျက်ကွယ်ဖြစ်လျက် အလိုရှိလျှင် အထက်အောက်ဖီလာ အရပ်
မျက်နှာအားလုံးကို မြင်နိုင်ခြင်း။
၄။သုဂတိဘဝ,ဒုဂ္ဂတိဘဝလာရောက်မည့် ပုဂ္ဂိုလ်တို့ကို အပိတ်
အပင်မရှိဘဲ ကြည့်ရှု့နိုင်ခြင်း။
၅။ရှစ်ကျိပ်သော နတ်မင်းကြီးတို့နှင့် တစ်ရာသော စကြာမင်းမင်တို့
၏ မိဖုရားဖြစ်ရခြင်း( အမျိုးသမီးများ ရသောအကျိုးဖြစ်မည်)
၆။လူ့ဘဝ နတ်ဘဝတို့၌ ဆီမီးတစ်သိန်း ဝန်းရံလျှက် တောက်ပခြင်း
၇။မွေးဖွားရာ အိမ်၌ ဆီမီးတစ်သိန်းတို့တောက်ပခြင်း။
၈။မဏ္ဍပ်,သစ်ပင်ရင်း,ဆိတ်ငြိမ်ရာကျောင်းတို့၌ နေစဉ် ဆီမီးများ
အမြဲတောက်ပခြင်း။
၉။ဒိဗ္ဗစက္ခုအဘိညာဉ်သည် အထူးစင်ကြယ်လျှက် စျာန်အဘိညာဉ်
တို့၌ အထွဋ်အထိပ်သို့ ရောက်ခြင်း။
၁၀။ဗောဓိပင်အား ဆီမီးလှူခဲ့သည့်အခါမှ စ၍ ကမ္ဘာတစ်သိန်းတိုင်
တိုင် ဒုဂ္ဂတိဘဝသို့ မလားခြင်း။
၁၁။နောက်ဆုံးဘဝ၌ ခုနစ်နှစ်အရွယ်တွင် ကိလေသာကုန်ခန်း၍
ရဟန္တာဖြစ်ခြင်း။
(ပိဋကသုံးပုံ သရုပ်စုံအဘိဓာန် နှာ-၁၃၃)

ထိုကြောင့် ရတနာ သုံးပါးအားလည်းကောင်း စေတီ ဘုရား
ပုထိုးတော် စသည့်တို့အား ဆီမီးပူဇော် လှူဒါန်ခွင့်ရရှိခြင်းသည်
ထူးကဲ့မွန်မြတ်ရခဲလှလေ၏ ဘုန်းကံရှိသူတို့သာလျှင် ပြုလုပ်ခွင့်
ရသည်ဟု မှတ်ယူသင့်ပေ၏။ သီတင်းကျွတ်သမယနှင့်
တန်ဆောင်မုန်းလကာလတို့၌လည်း မိမိတို့ထွန်းညှို့
လိုက်သော ဆီမီးတစ်တိုင် အလင်းတိုင် တစ်ချောင်းသည်
ပစ္စုပ္ပန်ဘဝပေါင်းများစွာအတွက် အကျိုးမျိုးမျိုးပေးလိမ့်မည်ဆိုတာ
မုချအားဖြင့် မှတ်သားလိုက်ပါ။ မြတ်ဗုဒ္ဓအား ရည်မြော်လှူဒါန်း
ပူဇော်မှန်ရသည့် ဒီဓလေ့ မမေ့သည့်တိုင် အကျိုးများစွာ
တိုးပွားတဲ့ အသိဖြင့် ပီတိဖြစ်နိုင်ကြပါစေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရှင်ဣန္ဒဝံသ( သာစည်)
သာဂရအရှင်။
မေတ္တာဖြင့်ပြန်လည်မျှဝေသည် 🙏

Address

Dagon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959265077744

Alerts

Be the first to know and let us send you an email when Himel Myanmar - Space Light Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Himel Myanmar - Space Light Co.,Ltd.:

Share