Digitluxtechsolution
Digitluxtechsolution OUR BUSINESS IS MARKETING YOUR BUSINESS
30/08/2022
Casemiro is a RED 👊🔴
နှစ်သစ်ဆုတောင်း🎁=============နှစ်သစ် ၂၀၂၁ခုနှစ်မှာ မိဘပြည်သူများအားလုံး စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ကျန်းမာခြင်းများနှင့်ပ...
31/12/2020
နှစ်သစ်ဆုတောင်း🎁
=============
နှစ်သစ် ၂၀၂၁ခုနှစ်မှာ မိဘပြည်သူများအားလုံး စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ရောဂါဘယများ ကင်းဝေးကြပါစေကြောင်း Digitluxtechsolution မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်..
I Wish You A Year Rich With Love, Happiness, Prosperity And Wisdom. Happy Diwali to you and your family! Wishing that th...
14/11/2020
I Wish You A Year Rich With Love, Happiness, Prosperity And Wisdom. Happy Diwali to you and your family! Wishing that this Diwali brings prosperity to your business and more opportunities for us to work together.
10/11/2020
Typical responsibilities include:
Seeking out new opportunities for online marketing campaigns
Providing information to sales teams on how to market digital products
Contributing to global marketing strategies for products
Writing marketing copy for websites and maintaining activity on these websites
Liaising with software developers to enable search engine optimisation
Analysing web traffic to company websites and providing monthly reports
Liaising with web and graphic designers to create visually effective software
Creating and maintaining social networking channels
Writing copy for email marketing campaigns
Creating brochures and other printed materials to supplement online products
Communicating key information relating to digital products to non-digital marketing colleagues
Attending conferences, product launches and networking events
 #ကိုယ့်ကိုကိုယ်အားပေးပါ++++++++++++++++လူရယ်လို့ဖြစ်လာရင် စိတ် ခံစားမှုလည်း ဖြစ်ပေါ်တာ သဘာ၀ပါဘဲ။ အံ့သြမယ်၀မ်းနည်းမယ် ၀မ...
18/08/2020
#ကိုယ့်ကိုကိုယ်အားပေးပါ
++++++++++++++++
လူရယ်လို့ဖြစ်လာရင် စိတ် ခံစားမှုလည်း ဖြစ်ပေါ်တာ သဘာ၀ပါဘဲ။ အံ့သြမယ်၀မ်းနည်းမယ် ၀မ်းသာမယ် ပျော်ရွင်မယ် ကြည်နူးမယ် စိတ်ပျက်မယ်၊ ဒေါသထွက်မယ်၊ နာကျည်းမယ်၊ ခွင့်လွတ်မယ်..။ စိတ်ဆိုတာ ခံစားမှုမျိုးစုံအတွက်ပါဘဲ။တခုခုကို လိုချင်မက်မောလာတဲ့အခါ ရလာရင်၀မ်းသာမယ် မရရင် ၀မ်းနည်းမယ်ဒါကသဘာ၀ပါ။ ရပြီးတဲ့အရာကို ဆုံးရှုံးရမယ်ဆိုရင် ကြေကွဲ၀မ်းနည်းမှုက ဘယ်အရာနဲ့မှ လှဲလို့မရအောင်ဖြစ်တတ်ပါတယ်။မိတ်ဆွေရဲ့ ဘ၀မှာကော ဆုံးရှုံးဖူးပါသလား။
တကယ်လို့များ ကြုံဖူးခဲ့ရင် ကိုယ့်ကိုယ်ကို အားပေးတတ်အောင် ကြိုးစားပါ။အဖြစ်ပျက်တွေကို ပထမဆုံးနားလည်နိုင်အောင် ကြိုးစားပါ။ ငယ်ရွယ်ချိန်မှာ ချစ်သူရဲ့ကွေ့ကွင်းခြင်းကို ကြုံတဲ့အခါ အရွယ်ကငယ်သေးတော့ ထားသွားရက်သူကို စိတ်ဆိုးဒေါသထွက်မယ် မခံမရပ်နိင်အောင်ဖြစ်မယ် ရင်ထဲမှာဘဲခံစားပါ။ ဒေါသဆိုတာ အပြင်ကို ထွက်လာရင် အန္တရာယ်များပါတယ်။ကိုယ်မှာ ထားသွားလောက်မဲ့ အကြောင်းတစုံတရာရှိနေမှာပါ။ ဒါမှမဟုတ် သူ့အနေနဲ့ စိတ်ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ဘက်က ဖြည့်ဆည်းမှု တခုခုလိုအပ်နေခဲ့ရင်လဲ ဖြစ်နိုင်ပါတယ်။လူ့အကြိုက်နတ်မလိုက်နိုင် လို့စကားပုံတောင်ရှိသေးတာဘဲ။လိုအပ်ချက်ဆိုတာအမြဲလိုလို ရှိနေတတ်ပါတယ်။ တကယ်လို့များနေခဲ့ရတော့မယ် လို့သိလာရရင် သူ့အပေါ်မှာ နားလည်နိုင်အောင် ကြိုးစားပါလို့တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကို အားပေးပါ။ငါ့ရဲ့ လိုအပ်ချက်တွေကြောင့် ငါနေခဲ့ရတာပါလား ဆိုပြီး တပါးသူကိုအပြစ်မတင်ဘဲ နေကြည့်ပါ။ ရင်ထဲမှာ ၀မ်းနည်းဆိုနင့်ရပေမဲ့ သူ့အတွက်ကော အဖြစ်အပျက်တွေသိသူတွေအတွက်ကော ထပ်ဆင့်စိတ်မကောင်းမဖြစ်ရအောင် ကိုယ့်ရဲ့ခံစားမှု တွေကို မြိုသိပ်ပါ။
မြိုသိပ်တတ်ရင် ခံစားတတ်လာမယ် အလွမ်းတွေနဲ့ အသားကျလာမယ်။ အသားကျလာရင် ခံစားမှုတွေ အတွက် ကဗျာတွေစာတွေ ရေးဖြစ်လာမယ်။ သီချင်းတွေ ခံစားတတ်လာမယ်။နောက်ဆုံး အနုပညာဆန်လာမယ်။သီချင်း ကဗျာ ၀တ္ထု ရုပ်ရှင် စတဲ့ အနုပညာတွေဟာ ငိုခြင်းတွေပါ။ဘယ်လိုအရာဘဲဖြစ်ဖြစ် အလွမ်းတွေကသာ နေရာယူလေ့ရှိပါတယ်။
ဘ၀မှာ လွမ်းဖူးရင်တောင် အလွမ်းဆိုတာဘာလဲဆိုတာ သိရတာပေါ့။ ဒီလို ဆင်ခြင်မိတဲ့အခါ သူ့တပါးကိုလည်း အပြစ်မမြင်တတ်တော့ဘူး။ မိမိရဲ့စိတ်ကိုလည်း အားပေးပြီးသားဖြစ်မယ်။ကိုယ်တိုင်လည်း ရင့်ကျက်လာလိမ့်မယ်။ ဒါက အချစ်နဲ့ပတ်သက်တဲ့ခံစားမှုကို ဖြေလျော့ဖို့ပါ။
အလုပ်တွေလုပ်တဲ့အခါ သူများထက်နောက်ကောက်ကျနေမယ် အပြစ်တွေဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကို လူညံ့စာရင်းထဲကို ထည့်ရမှာ မကြောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက လျော့နည်းနေလို့ ဒီလိုနောက်ကောက်ကျရတာပါ။ အလုပ်မှာ စိတ်ပါ၀င်စားစွာ ကြိုးစားလုပ်ဆောင်ခဲ့မယ်ဆိုရင် အချိန်တွေ ရွေ့လျားလာတာနဲ့အမျှ ကိုယ်တိုင်လည်း နေရာရောက်လာမှာပါ။ အလုပ်ကို မညည်းမညူလုပ်ပါ အလုပ်ဘယ်လောက်များများ ဇွဲမလျော့ဘဲကြိုးစားကြည့်စမ်းပါ..။ အလုပ်ကို အစဉ်တစိုက်လုပ်လာတဲ့အခါ အလုပ်ကို ချစ်တတ်သွားမယ်။ အလုပ်ကို ချစ်တတ်သွားရင် ဘ၀အတွက် အကောင်းဆုံး အရင်းအနှီး ရသွားပြီ။ တိုးတက်ဖို့ဆိုတာလဲ လက်တကမ်းမှာဘဲ ရှိနေပြီ။ ဒါကြောင့် အလုပ်တွေပင်ပန်းတဲ့ အခါ ကိုယ့်ကိုယ်ကို အားပေးပါ။ လူက ကိုယ့်ကိုယ်ကိုမောင်းရတယ်။ ကိုယ့်ကိုယ်ကို မမောင်းရင် သူများမောင်းတာခံရမယ်။ သူများမောင်းတာကို မခံပါနဲ့ ရှက်စရာကောင်းပါတယ်။
ကိုယ်လုပ်နေတဲ့ အလုပ်တွေက အကျိုးခံစားခွင့်နည်းလည်းကိုယ့်ဘက်က ကြိုးစားမှုကို လျှော့ချပစ်လို့မဖြစ်ဘူး။ အလုပ်ကို ကြိုးစားလုပ်တဲ့ ၀သီ
လေးပါသွားအောင် အလုပ်ကို တန်ဖိုးထားပြီး လုပ်တတ်တဲ့ အကျင့်ကို မွေးမြူတတ်အောင်လို့ပါ။တခါတခါမှာ ကြိုးစားမှုတွေကို ဆန်းစစ်တတ်ပါတယ်။ ဘယ်သူ့အတွက်လဲဆိုပြီးတော့ပေါ့။ ကြိုးစားမှုတိုင်းဟာ ကိုယ့်အတွက်မဖြစ်ခဲ့ရင်တောင် ကိုယ့်မိသားစုအတွက် ဖြစ်လာမယ်။ ကိုယ့်ရဲ့ မသိစိတ်ကို ကောင်းသောအကျင့်မွေးမြူပြီးသား ဖြစ်မှာပါ။တကယ်တော့ လူရယ်လို့ဖြစ်လာကတဲကသူ့တပါးအတွက် ပေးဆပ်ရင်းကိုယ့်ကိုယ်ကိုအသက်ဆက်နေရတာပါ။ အဆင်မပြေဖြစ်လို့ ၀မ်းနည်းစရာကြုံလာရင်လဲ ဖြေသိမ့်တတ်အောင်ကြိုးစားပါ။ အားပေးပါ။တကယ်တော့ လောကကြီးက ကိုယ့်ကိုနေရာ အဆင်သင့်ပေးမထားဘူး။ ကိုယ်ကကြိုးစားပြီး နေရာယူရတာပါ။ လဲကျမသွားအောင် ထိန်းသိမ်းရင်း
ကိုယ့်ကိုယ်ကို အားပေးရင်း ကြိုးစားလို့လျှောက်လှမ်းကြပါလို့ တိုက်တွန်းချင်ပါတယ်။ ။
Credit to ကမ္ဘာသစ်
13/08/2020
🙏🙏မင်္ဂလာပါ Digitluxtechsolutionမှာ
မိတ်ဆွေတို့၏စီးပွားရေးလုပ်ငန်းများမှာအဓိကလိုအပ်လျှက်ရှိသော
👩‍💻👩‍💻 ဒစ်ဂျစ်တယ်မာကတ်တင်း ဆားဗစ်များကိုဆောင်ရွှက်ပေးလျှက်ရှိပါတယ်
💻💻1.Search Engine Optimization မိတ်ဆွေ
တို့၏စီပွားရေးလုပ်ငန်းများကိုGoogle Search engineတွင်သိသာထင်ရှားအောင်ပြုလုပ်ပေး
ခြင်း
⌨️⌨️2.Website strategy မိတ်ဆွေတို့စီးပွားရေးwebsiteများသိသိသာထင်ရှားစွာလာရောက်လေ့လာသူများရောက်ရှိနိုင်စေခြင်း
🖱️🖱️ 3.Pay per click advertising Onlineတွင်ကြော်ငြာသောကြော်ငြာအတွက်သာလျှင်ကြော်ငြာခပေးရခြင်း
📊📊4.Social media management
မိတ်ဆွေတို့pageကိုအဆင်မြင့်စွာစိီမံခန်ခွဲပေးခြင်း
🖥️🖥️ 5.Social Media Marketing
မိတ်ဆွေတို့၏စီးပွားရေးလုပ်ငန်းများကိုFacebookမှတဆင့်အရောင်းမြင့်တင်ပေးခြင်း ကုန်ပစ္စည်းများ ထုတ်ကုန်အသစ်များရောင်းအားကောင်းအောင်ဆွဲဆောင်နိုင်ခြင်း
📈📈6.Web Development
Websiteများရေးဆွဲပေး ခြင်း စီးပွားရေးတစ်ခုစတင်သည် ဖြစ်စေ
ရှိပြီးသာလုပ်ငန်းကိုလူသိစေရန်web Addressလိုအပ်တယ် Web addressအသစ်ရရှိပြီးကOnlineမှာတဆင့်customerများကိုလွယ်ကူအဆင်ပြေစွာဆက်သွယ်နိုင်လာပါတယ်။website‌များတစ်ခုတည်ဆောက်ထားခြင်းမှာများစွာကောင်းကျိုးရှိပါတယ်။
Websiteတစ်ခုဟာယ‌နေ့ခေတ်မှာမရှိမဖြစ်လိုအပ်တယ်။
🖲️🖲️ယနေ့ခေတ်မှာခေတ်နည်းပညာနှင့်အညီ
တိုးတက်တဲ့ဒစ်ဂျစ်တယ်မားကတ်တင်းနည်းပညာများဖြင့်၀န်ဆောင်မူပေးပါရစေ။
📝📝မိတ်ဆွေတို့၏လိုအပ်ချက်များကိုကျွန်တော်များDigitluxtech solutionမှာအသက်သာဆုံးနှုန်းထားများဖြင့်ဆောက်ရွှက်ပေးလျှက်ရှိပါတယ် ဆက်သွယ်ရန်
📱📲09791664726
[email protected]
🏢🏢လိပ်စာ Royal River View Condo, 628/636 Merchant Road, Between 29th and 30th
Coming Back With New Methodအလုပ်များပြန်လည်စတင်လိုက်ခံနေပါပြီးThank you with Us
10/06/2020
Coming Back With New Method
အလုပ်များပြန်လည်စတင်လိုက်ခံနေပါပြီး
Thank you with Us
1.ကိုယ်ကိုတာ၀န်ယူနိုင်တယ်သူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။2.အဓိကဦးစားပေးလုပ်ရမယ်အလုပ်နှင့်အခက်အခဲဆုံးအလုပ်ကိုပထမဦးစာပ...
19/02/2020
1.ကိုယ်ကိုတာ၀န်ယူနိုင်တယ်သူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။
2.အဓိကဦးစားပေးလုပ်ရမယ်အလုပ်နှင့်အခက်အခဲဆုံးအလုပ်ကိုပထမဦးစာပေးပြုလုပ်ပါ။
3.ကိုယ်ရဲကိုယ်ပိုင်မနက်ခင်လုပ်ဆောင်ချက်တစ်ခုထားပါ။
4.နေတိုင်းတရားထိုင်ပါဦးနှောက်အနားပေးဖို့ရ
ငြိမ်းချမ်းဖို့ရာ
5.ကျန်းမာရေးလိုက်စားမူနှင့်ကိုယ်လက်လှုပ်ရှားမူအမြဲပြုလုပ်ပေးပါ။
6.စာအုပ်များများဖတ်ပါ‌အဆက်မပြတ်လေ့လာသင်ယူပါ။
7.စည်းကမ်းနှင့်ကိုယ်ကိုမောင်းနှင်ပါ။
8.လူတိုင်းနှင့်လိုက်လျောညီထွေးစွာနေထိုင်တတ်ရန်ကြိုးစားပါ။
9.ထင်မြင်ချက်တွေ ယူဆချက် တွေမထားပါနဲ
လုပ်ဆောင်ချက်ဖြင့်ရှေးဆက်ပါ။
10.မဆုတ်မနစ်‌သောဇွဲလုံလ ဖြင့်
ကြိုးစားတတ်သူဖြစ်ပါစေ။
11.ကျရူံးမှာမကြောက်ပါနဲ
12.ဓားတစ်ချောင်းလိုထက်မြက်ပါစေ
13.ကိုယ်ကိုသတိဝီရိယရှိတတ်သူဖြစ်ပါစေ
14.ကျေးဇူးတင်ထိုက်သူကိုကျေးဇူးတင်ပါ
15.အကူအညီလိုအပ်နေသူကိုကူညီတတ်သူဖြစ်ပါစေ။
16.ကိုယ်ပတ်၀န်းကျင်မှာထက်မြက်အောင်မြင်သူများနှင့်ပေါင်းသင်းဆက်ဆံပါ။
17.ရည်မှန်းချက်ထားပါလုပ်ဆောင်မူတိုင်းကို
18.ဖန်တီးရယူပါပြောဆိုဆွေးနွေးပါ
19.ကိုယ်ရဲခံစားချက်ကိုစိမံခန်ခွဲတတ်ပါစေ
20.ပြောဆိုဆက်ဆံရာမှာရိုးရှင်းစွာပြောဆိုဆက်ဆံတတ်ပါစေ။
21.နားထောင်းကောင်းသူဖြစ်ပါစေ။
22.တစ်ယောက်တည်းရှိသောအချိန်ကိုအကျိုးရှိစွာအသုံးချပါ။
23.ရလဒ်တွေထက်အတွေအကြုံကိုတန်ဖိုးထားပါ။
အောင်မြင်သူကောင်းတစ်ယောက်ဖြစ်ကြပါစေဗျာ
အောင်မြင်ချင်တဲသူတစ်ယောက်ဖြစ်ဖို့=====================၁။ အချိန်မဖြုန်းပါနဲ့၂။ အပျော်ပါးလျော့ပါ၃။ ငွေကိုအလွယ်တကူမသုံးပါနဲ...
02/11/2019
အောင်မြင်ချင်တဲသူတစ်ယောက်ဖြစ်ဖို့
=====================
၁။ အချိန်မဖြုန်းပါနဲ့
၂။ အပျော်ပါးလျော့ပါ
၃။ ငွေကိုအလွယ်တကူမသုံးပါနဲ့(စုပါ)
၄။ အားလပ်တဲ့အခါစာဖတ်ပါ
၅။ ခံပြင်းစိတ်ထားပါ
၆။ အပြောအဆိုသိမ်မွေ့ပါ
၇။ အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့
၈။ လက်ရှိအလုပ်ကိုသစ္စာရှိပါ
၉။ အိပ်ယာထ မပျင်းပါနဲ့
၁၀။ ရည်မှန်းချက်ထားပါ
၁၁။ ကျန်းမားရေးဂရုစိုက်ပါ
***အချိန်မဖြုန်းပါနဲ့***
အချိန်မဖြုန်းပါနဲ့ဆိုသည်မှာ တစ်နာရီပဲသွားသင့်တဲ့ခရီးကို တစ်နာရီပဲအကုန်ခံပါ(ရန်သူမျိုးငါးပါး,အကြောင်းမျိုးမျိုးကြောင့်အချိန်လက်ဟင်းတာကိုမဆိုလိုပါ)အကယ်၍တစ်နာရီထက်ပိုအချိန်ကုန်သွားတဲ့အချိန်ဟာသင့်ရဲ့အောင်မြင်မှု့နဲ့အလှမ်းဝေးသွားကြမဲ့အချိန်တွေပါပဲ ဒါကြောင့်အချိန်ကိုမဖြုန်းပါနဲ့....။
***အပျော်ပါးလျော့ပါ***
ခေတ်လူငယ်ပဲအသောက်စားတော့ရှိမှာပဲ ထိုစကားဟာလုံးဝမှားပါတယ် လူငယ်ဆိုတိုင်းသောက်စားနေကြရင်လူငယ်တိုင်းအကုန်သောက်စားသမားတွေဖြစ်ကုန်မှာပေါ့ "အစရှိ တနောင်နောင်"တဲ့ အစမကောင်းရင်အနှောင်းမသေချာပါဘူး မိမိသူငယ်ချင်းဆေးသောက်တိုင်းမိမိကလိုက်သောက်စရာမလိုပါဘူး အတုခိုးသင့်,မသင့်စဉ်းစားပါ...။
***ငွေကိုအလွယ်တကူမသုံးပါနဲ့***
မိမိချေးနဲစာနဲ့ရလာတဲ့ငွေကိုပဲဖြစ်ဖြစ်အလွယ်တကူပဲရလာတဲ့ငွေပဲဖြစ်ဖြစ်တန်ဖိုးထားပါ သုံးပြီးလို့ပိုလာတာကိုမစုပါနဲ့မိမိသတ်မှတ်ထားတဲ့စီမံချက်တိုင်းစုလို့ပိုလာတဲ့ငွေကိုသုံးပါ
ပိုက်ဆံမရှိတဲ့အခါကျန်တာတွေအဝေးကြီးစဉ်းစားမနေနဲ့မိမိအမြဲတမ်းလိုလိုကျွေးမွေးခဲ့တဲ့သူဟာမိမိအဆင်မပြေတဲ့အခါသူဟာမိမိပေါ်ဘယ်လိုဆက်ဆံလဲ(သူငယ်ချင်းတိုင်းမဟုတ်ပါအများစုဖြစ်တတ်ကြပါတယ်)ကြုံဖူးသူတိုင်းသိကြမှာပါ နောက်တစ်ခုကမိမိရဲ့မိသားစုထဲမှာငွေမရှိတဲ့သားသမီးဟာ မောင်နှမ ညီအစ်ကိုတွေမိမိဘယ်လိုဆက်ဆံလဲ...?ဒါတွေကိုသိနေရင် မိမိငွေတစ်ခါသုံးဖို့ငွေစက္ကူတစ်ရွတ်ထုတ်တိုင်းအမှတ်ရပါ...။
***အားလပ်တဲ့ခါစာဖတ်ပါ***
"စာအုပ်စာပေ လူ့မိတ်ဆွေ"တဲ့ မိမိလမ်းမှားနေရင်စာအုပ်ဖတ်တဲ့အခါမိမိဖြစ်နေတဲ့ဖြစ်ရပ်နဲ့ကိုက်ညီသောစာသားတွေ့ခဲ့ရင်ရှေ့ကိုဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအဲဒီစာပေတွေကမိမိကိုပြန်လည်လမ်းပြပေးမှာပါ အတွေ့မရှိသော်လည်းစာပေရဲ့ဗဟုသုတကြောင့် လွယ်လင့်တကူပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ပါတယ် ဒါကြောင့် မိမိအားလပ်နေတဲ့အချိန်တွေကိုမဖြုန်းတီးပဲစာဖတ်ပါ...။
***ခံပြင်းစိတ်ထားပါ***
ခံပြင်းစိတ်ထားခြင်းဟာလဲမိမိလုပ်နေတဲ့အလုပ်တွက်အားအင်တစ်ခုပါပဲ မလုပ်တော့လို့စိတ်ဓာတ်ကျတဲ့အခါမိမိငွေမရှိတဲ့အခါ ပတ်ဝန်းကျင် သူငယ်ချင်း မိသားစုတွေကမိမိပေါ်ဘယ်လိုဆက်ဆံလဲ...??ပြန်အမှတ်ရပြီး ကျသွားသောစိတ်ဓာတ်ကိုပြန်လည်ထူထောင်စေတယ်ဒါကြောင့်ခံပြင်းစိတ်ထား၍မိမိအလုပ်ကိုအရင်ကထက်၂ဆပိုမိုလုပ်ပြီးကြိုးစားလိုက်ပါ...။
*** အပြောအဆိုသိမ်မွေ့ပါ ***
အပြောအဆိုသိမ်မွေ့ခြင်းဟာမိမိလုပ်ငန်းတွက်မိတ်ဆွေတိုးပွား၍လုပ်ငန်းကိုလဲပိုမိုဖြစ်မြောက်စေပါတယ် ဥပမာ=ငါ့ညီရေ...အကိုတို့ဒီပစ္စည်းလေးဝယ်တုန်းကဘယ်လောက်ပေးရတယ်အကိုတို့ကအမြတ်ကိုဘယ်လောက်လေးပဲတင်ထားတာပါဒီလိုအေးအေးဆေးဆေးလေးသိမ်မွေ့စွာရှင်းပြခြင်းအားဖြင့်မိမိပစ္စည်းဟာအမြန်ရောင်းရစေပါတယ် အဲလိုမဟုတ်ပဲ "ငါဝယ်တာတောင်ဘယ်လောက်ပေးရတာမင့်ကိုငါကဒီစျေးနဲ့ပေးရမယ် မင့်ကြိုက်ရင်ဝယ်မဝယ်ချင်နေ"ဒီလိုပြောတာနဲ့အင်မတန်မှကွာခြားလှပါတယ် ထို့ကြောင့် မိမိရဲ့အောင်မြင်မှုတွေအမြန်ပိုင်ဆိုင်ဖို့အတွက်အပြောအဆိုသိမ်မွေ့ခြင်းဟာလဲအရာရောက်ပါတယ်....။
*** အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့ ***
မိမိလုပ်စရာရှိတဲ့အလုပ်တဲ့ချက်ချင်းထလုပ်လိုက်ပါ တော်ကြာမှ...ခဏနေမှဆိုတဲ့ပုံစံကိုဘယ်တော့မှမလုပ်ပါနဲ့ အဲလိုလုပ်ခြင်းဟာ မိမိရဲ့ပန်းတိုင်ကို မြန်မြန်မလိုချင်ပါဘူးလို့ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ အလုပ်တစ်ခုဘယ်တော့မှအကြွေးမထားပါနဲ့ မိမိမလုပ်ပဲထိုင်နေတဲ့အချိန်တွေကဘယ်လိုတန်ဖိုးရှိလဲဆိုတာ တော်ကြာမှဆိုပြီးပြစ်ထားလိုက်တဲ့အလုပ်ကိုစိတ်ပါမှထလုပ်ရင်း အချိန်တွေမလောက်ငှပဲ နောက်အလုပ်တွေကိုနောက်နှေးစေပါတယ် လုပ်စရာရှိတဲ့အလုပ်မြန်မြန်သာထလုပ်လိုက်ပါ....။
***လက်ရှိအလုပ်ကိုသစ္စာပါ***
အလုပ်ရှင်ဟာလဲ အလုပ်သမား-အလုပ်သမားဟာလဲ အလုပ်ရှင်ပါပဲ ရောင်းဝယ်သူအသံတူနေမှသာ လုပ်နေတဲ့အလုပ်ဟာစည်းလုံးခြင်းကိုဖြစ်ပေါ်စေပါတယ် အလုပ်သမားဟာလဲမိမိအလုပ်နေတဲ့အလုပ်ကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ်စိတ်ထဲထင်မှတ်ကာသစ္စာရှိပါ အလုပ်ရှင်ဟာလဲ မိမိအလုပ်သမားတွေဟာ ငါရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်ခြင်းတွက်ထောက်ပံ့နေသောသူတွေပါလို့ တစ်ဦးမေတ္တာတစ်ဦးသိလို့လက်ရှိအလုပ်ကိုသစ္စာရှိပါ...။
***အိပ်ယာထမပျင်းပါနဲ့***
"ဝီရိယအကျိုး စောစောနိုး -သူခိုးတုတ်နဲ့ပြစ်လတ္တံ"တဲ့ရှေးဆိုရိုးစကားရှိပါတယ် စောစောအိပ်ယာထပြီးအလုပ်လုပ်ခြင်းဟာမိမိပြောမပြတတ်လောက်အောင်အကျိုးကြီးမားလှပါတယ် ဥပမာ၁နာရီနားရမဲ့ဟာ၁၀နာရီနဲ့နားရပါတယ် အချိန်တွေကိုပိုမိုရစေပါတယ် စောစောထပြီးအလုပ်လုပ်တော့
နောက်ဆုံးပြောရရင်တစ်ခြားသူတွေနေပူတာလောက်တောင်မခံရပါဘူး ထို့ကြောင့်အိပ်ယာစောစောထပြီးအလုပ်ကိုကြိုးစားကြပါ....။
***ရည်မှန်းချက်ထားပါ***
မိမိအောင်မြင်မှု့ရခြင်းတွက် ရည်းမှန်းချက်ထားပါ ဥပမာ-ငါခုအသက်၂၀ရှိပြီ ဒီနှစ်ကိုငါဆိုင်ကယ်တစ်စီးပိုင်ဆိုင်ရမယ် နောက်၂နှစ်နေရင် ငါ့မှာကိုယ်ပိုင်အလုပ်လေးတစ်ခုပိုင်ဆိုင်ရမယ် ၃နှစ်ကြာရင်ငါမြေကွက်တစ်ကွက်ပိုင်ရမယ် ဒီ၆နှစ်မှာငါ့ဘဝခုလက်ရှိဘဝနဲ့မတူပြောင်းလဲစေရမယ် လူ့လောကမှာအသက်၃၀ကျော်သွားရင်လုပ်ရကိုင်ရတာတွေသိပ်အဆင်မပြေတော့ပါဘူး ဒီလိုစီမံကိန်းချ ရည်မှန်းချက်ထားပါ ရည်မှန်းချက်မရှိရင်ဘာလုပ်လုပ်အလကားပါပဲ ရည်မှန်းချက်ရှိရှိအလုပ်ကိုလုပ်ကြပါ....။
***ကျန်းမာရေးဂရုစိုက်ပါ***
မြတ်စွာဘုရားဟောကြားခဲ့ပါတယ် "အာရောဂျံ ပရမံ လာဘံ"ကျန်းမာခြင်းသည်လာဘ်တစ်တစ်ပါးပါပဲ၊ မိမိကျန်းမာရေးကိုဂရုစိုက်ပါ မိမိနေမကောင်းရင်အလုပ်လုပ်ဖို့မပြောနဲ့အုံး မိမိမဟုတ်တဲ့အခြားတစ်ယောက်ချက်ထားတဲ့
ထမင်း.ဟင်းတောင်စားရတာအဆင်မပြေပါဘူး မိမိမှာဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါ ကျန်းမာရေးမကောင်းရင်အပြည့်အဝခံစားပိုင်ခွင့်မရှိပါဘူး မိမိလုပ်ချင်သောအလုပ် မိမိလိုချင်သောရည်ရွယ်ချက်တွေကို ဘာတစ်ခုမှလုပ်လို့မရပါဘူး မိမိမကျန်းမာခြင်းဟာလိုချင်ပန်းတိုင်ကိုဟန့်တားစေပါတယ် ဒါကြောင့်ကျန်းမာရေးဟာလဲ မိမိအောင်မြင်မှု့ရခြင်းတွက်အရေးပါလှပါတယ်....။
ဒီဟာကိုဖတ်မိသူတိုင်းအောင်မြင်သော
စီးပွားရေးပိုင်ရှင်တစ်ယောက်ဖြစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်...
ကျန်းမာချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ.....
စာပေချစ်သော်မိတ်ဆွေများအတွက်
ပြန်လည်မျှဝေပေးသည်။ ခွန်လပြည့်အောင်
ဘ၀မှာသိထားသင်တယ်အရာများ၁.လူတစ်ယောက်ရဲ ရုပ်ပိုင်းဆိုင်ရာ အသွင်အ ပြင်ဟာ အဲလူရဲဘ၀ အောင်မြင်မူ ၁ ရာခိုင်နှုန်းသာအရေး ပါ ပြီး...
01/11/2019
ဘ၀မှာသိထားသင်တယ်
အရာများ
၁.လူတစ်ယောက်ရဲ ရုပ်ပိုင်းဆိုင်ရာ အသွင်အ ပြင်ဟာ အဲလူရဲဘ၀ အောင်မြင်မူ ၁ ရာခိုင်နှုန်းသာ
အရေး ပါ ပြီး
ကျန်တယ် ၉၉ရာခိုင် နှုန်းကသူရဲ ကြိုးစားအားထုတ်မူနဲဆိုင်ပါတယ်
၂. အချိန်ဟာ ကုသသူ ဖြစ်သလို
သတ်ဖြတ် သူ ဖြစ်ပါတယ်
သင်ဟာအချိန်တွေ ဖြုန်းလေ အများကြီး ဆုံးရူံးလေ ပိုမိုထိခိုက်နာကျင်လေ
၃.လူတွေ‌ပြောတယ်စည်းကမ်းတွေလုပ်ထုံးလုပ်နည်းကြားသင်ဟာနေနေအုန်းမည်ဆိုလျှင်သင်ဟာ
ကျန်၉၉ရာခိုင်နှုန်းနဲအတူတူပါဘဲ
၄.ဘ၀မှာရရှိလာတယ်အချိန်တိုင်း မ ကြိုးစားဘူး
ရောက်ရှိလာမယ်ပြသာနာတွေကိုစိုးရိမ်စိတ်မရှိဘူး
သင်ဟာသင်ဖြတ်သန်းနေတယ်အချိန်စောနေပေမယ်
နောက်ကျတယ်အချိန်ရောက်ရင်သင်ဘ၀စိုးရမ်စရာပါ
၅.ဖြစ်နိုင်ရင်သင်အနီးအနားမှာရှိတယ်အနီးစပ်ဆုံးမိဘ မိသားစု သူငယ်ချင်း မိတ်ဆွေ တွေရဲ အ ကြံညဏ်ပေး မူတွေကိုလက်ခံတတ်ပြီး
စစ်မှန်တယ်လမ်းညွန်မူကိုရွှေးချယ်တတ်ပါစေ
၆.ပိုက်ဆံရဖို့အတွက်အလုပ်မလုပ်ပါနဲ
ဝါသနာပါရာစိတ်ဝင်းစာရာအတွက်အလုပ်လုပ်ပါ
၇.ပြသာနာ‌တွေညည်းညူးနေရုံဘာမှဖစ်လာမဟုတ်ပါ
ပြသာနာကို‌ဖြေးရှင်းတတ်ပြီး
ရင်ဆိုင်နိုင်သူ ဖြစ်ပါစေ
Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ====================================ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး....
30/10/2019
Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ
====================================
ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပူပါနဲ့ ..
ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်သူNick Vujicic ကပြောခဲ့ခြင်း
ဖြစ်ပါတယ်..သူ၏စကားကိုကြည့်ခြင်းဖြင့်မသန်ပေမဲ့စွမ်းတဲ့သူ့စိတ်ဓာတ်ကိုအားကျဖွယ် မြင်တွေ့ရပါတယ်..
သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့
ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘဝရဲ့ အဓိပ္ပာယ်ကို
ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။
အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး
စကားများစွာ ထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်….
၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့…အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။
၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့…ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့…သင့်မှာ
တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။
၃။ မှားမှာကို မကြောက်ပါနဲ့…တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘဝဆိုတာ
အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ…ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။
၄။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း
တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့
အစားထိုးပေးဖို့လိုပါတယ်။
၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ…မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော
… ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ဝမ်းနည်းမနေသင့်ပါဘူး။
၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်… မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ…
သိလိုက်ရတဲ့ အတွက် ဝမ်းသာပါ။
၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့
ကြိုးစားပါ…သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား … သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။
၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။
၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ… မူလသင်လုပ်နေကျ နေ့စဉ်ဘဝကို မဆုံးရှုံးပါစေနဲ့..
အချိန်မှန်စား… အချိန်မှန်အိပ်စက်ပါ။
၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ
မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။
၁၁။မှားသည်ဖြစ်စေ…မှန်သည်ဖြစ်စေ၊လမ်းကြောင်းဦးတည်ရာရှိပါစေ…ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘဝကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့တွေ့တွေ့ မုန်းတီးစရာ
မလိုပါဘူး…အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။
၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ
မှားယွင်းတဲ့အတွေးတစ်ခုဖြစ်ပါတယ်။
၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ
မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ…ဖြေရှင်းလို့မရနိုင်ရင်. ..စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။
၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။
၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့…ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့အမှားပါတတ်လို့ပါ။
၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့… အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်။
၁၇။နောင်တ မရပါစေနဲ့… နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။
၁၈။ဘာကိစ္စပဲ ကြုံကြုံ…ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ… ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။
အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။
၁၉။ဘဝမှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်ရမယ်ဆိုရင်… ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။
၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ…မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။
၂၁။တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ်….တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့… တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော
ထပ်ကြိုးစားမှာလား…လူ့စိတ်ဝိဉာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။
သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
credit-စာရေးသူအား လေးစားလျက်ပါ
credit.ပေးပါသည်။
သုတဂဝေသီ(ဗန်းမော်)
Zaw gyi text
====================================
ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို